← Chapters

ထွက်မသွားနိုင်ဘူး

Vol. 008 Ch. 758

ထွက်မသွားနိုင်ဘူး

Vol. 008 Ch. 758

သူတို့အဖွဲ့သည် မြို့သို့ပြန်သွားချိန်တွင် လန်ကျန်းနှင့် တခြားသူများသည် ရေသွားရှာလေသည်။ ရှီမာယူယူ၊ အိမ်မက်လေးနှင့် ဟာစွန်တို့သည် မြို့ကိုကျပန်းလှည့်သွားပြီး စုံစမ်းလေသည်။

သူတို့နှင့်တွေ့သဖြင့် သူမ အလျင်စလိုထွက်မသွားတော့ပေ။ သူတို့သည် သူမထက်အရင်ရောက်နှင့် သူ များဖြစ်သောကြောင့် တစ်စုံတစ်ရာသိကောင်းသိနိုင်မည်။

“ယူယူ ဒီမြို့ကမသေးဘူး ဒါပေမဲ့ အသက်ရှင်ကျန်တဲ့သူမရှိဘူး၊ တစ္ဆေမျိုးနွယ်ဝင်က အဲလောက် အားကောင်းတာတော့ မဟုတ်လောက်ဘူး” အိမ်မက်လေး ပြောလိုက်သည်။

“မင်းလည်း ထူးဆန်းတယ်လို့ထင်ထား” ရှီမာယူယူ မေးလိုက်သည်။

“အိမ်မက်လေးတို့ ဖမ်းမိတဲ့ ၂ယောက်ဆီက ရတဲ့သတင်းအရ သူတို့က အဲလောက်အားမကောင်းကြဘူး တစ်မြို့လုံးကို ရှင်းပစ်တာ သူတို့မဖြစ်နိုင်ဘူး” အိမ်မက်လေးသည် သူမအတွေးများကို ရှင်းပြလေသည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည်။ “ငါလည်းအဲလိုခံစားရတယ်”

“အိမ်မက်လေးတို့မသိတာ တစ်ခုခုများရှိနေမလား” အိမ်မက်လေးသည် ခေါင်းကုပ်ရင်းပြောလေသည်။

“ဟာစွန် ဘယ်လိုထင်လဲ” ရှီမာယူယူသည် ဟာစွန်အားကြည့်လိုက်သည်။

“ငါထင်တာလည်း သူတို့က တစ်ဖွဲ့တည်းလူတွေမဟုတ်လောက်ဘူး” ဟာစွန်ပြောလိုက်သည်။

“တစ်ဖွဲ့တည်းမဟုတ်ဘူးဟုတ်လား”

“ထင်တာပြောတာပါ” ဟာစွန် ပြောလိုက်သည် “ငါတို့ အရင်က တစ်ဖွဲ့ကိုတွေ့ခဲ့တာပဲ ဒါပေမဲ့ သူတို့က အတူတူအလုပ်လုပ်တာ မဖြစ်နိုင်ဘူး”

ရှီမာယူယူသည် ဟာစွန်၏ အတွေးစနောက်လိုက်တွေါ်ကြည့်ရာ ရုတ်တရက် လက်ခုတ်ထတီးလေ သည် “မင်းပြောတာမှန်လောက်တယ်၊ ငါတို့အရင်ကတွေ့ခဲ့တာက ဝိဉာဉ်မိစ္ဆာတွေကို ထိန်းချုပ်တဲ့လူ၊ အခု နောက်တစ်မျိုးက နတ်ဆိုးတစ္ဆေတွေ၊ ဝိဉာဉ်မိစ္ဆာတွေက အားနည်းပြီး နတ်ဆိုးတစ္ဆေတွေကျ အားကောင်းကြ တယ်၊ သူတို့က ငါတို့ကို အတူတူတိုက်နေကြလို့ တစ်ဖွဲ့တည်းထင်နေတာ၊ သူတို့ အဖွဲ့မတူတာလည်းဖြစ်နိုင် တယ်”

“သူတို့က တစ်ဖွဲ့တည်းမဟုတ်ဘူးဆိုရင် နှစ်ဖွဲ့က တစ်ချိန်တည်းလာကြတာလား” အိမ်မက်လေး ပြော လိုက်သည် “ထူးဆန်းတယ်၊ ပုံမှန်ဆို နည်းနည်းပဲလာတာ အခုဒီတစ်ခါကို နှစ်ဖွဲ့တောင်လာကြတယ်၊ ပြီးတော့ သူတို့နှစ်ဖွဲ့လုံးက အနီရောင်တောင်ထိပ်မှာ လုပ်နေကြတာ၊ တခြားနေရာလည်း မသွားနိုင်ကြဘူး”

“နတ်ဆိုးတစ္ဆေလက်အောက်ကနေ တိုက်နေတဲ့သူတွေက သေချာတဲ့အကြောင်းအရင်းတွေကြောင့် အဲနေရာကနေ ထွက်မသွားနိုင်ကြဘူး၊ သူတို့က အနီရောင်တောင်ထိပ်မှာပဲ လှုပ်ရှားနိုင်ကြတယ်၊ တခြားတစ်ဖွဲ့ ကတော့ အဲလူတွေကိုသတ်ဖို့လာတာပဲ” အပြာရောင်ဓားသွားသည် အိမ်ထဲမှထွက်လာကာ ရှင်းပြလေသည်။

ထိုအခါမှပင် သူတို့သည် အပြာရောင်ဓားသွားနှင့် တခြားသူများ ဆေးကြောနေသည့်နေရာကို သွား နေခြင်းဖြစ်သည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။

“အဲဒါကိုဘယ်လိုသိတာလဲ” ရှီမာယူယူသည် သူ့အားခေါင်းညိမ့်ပြပြီး မေးလိုက်သည်။

“ကျွန်တော်တို့ သူရဲကောင်းဓားသွားဂိုဏ်းက လူတစ်ရာကျော်လာကြတာ ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော် တို့ပဲကျန်တယ်၊ ကျွန်တော်တို့ ဒီလောက်ကိုတောင် ရှာမတွေ့နိုင်ရင် ကျွန်တော့်နောက်လိုက် တပည့်တွေ သေသွားတာ အလကားဖြစ်သွားမှာပေါ့” အပြာရောင်ဓားသွားပြောလိုက်သည်။

“တောင်းပန်ပါတယ် ကျွန်တော်မသိလို့…”

“ညီအစ်ကိုရှီမာ တောင်းပန်စရာမလိုပါဘူး၊ သူတို့သေတာ ခင်ဗျားကြောင့်မှမဟုတ်တာ” အပြာရောင် ဓားသွားပြောလိုက်သည် “ကျွန်တော်တို့ ဒီနေရာကိုမလာခင်ကို ဒီလိုမျိုးစွန့်စားရမယ်လို့ မထင်ထားဘူး၊ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့ ဂိုဏ်းပြန်ရင် အခက်တွေ့မှာစိုးရတယ်”

“သခင်လေးလန် ခင်ဗျားက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဂိုဏ်းရဲ့အပြာရောင်ဓားသွားဖြစ်လာတာ ဂိုဏ်းကလည်းခင်ဗျားတို့ အများကြီးအပြစ်တင်မှာမဟုတ်ပါဘူး” ရှီမာယူယူ သူ့ကိုနှစ်သိမ့်လေသည်။

“ကျွန်တော်တို့အကြောင်း ခင်ဗျားသိတာလား” အပြာရောင်ဓားသွားသည် အံ့သြစွာမေးလေသည်။

“သိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “သူရဲကောင်းဓားသွားဂိုဏ်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ကျင့်စဉ် တွေမှာ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ခုပဲ၊ ခင်ဗျားတို့မှာ အဖွဲ့၂ခုခွဲထားတယ်၊ တစ်ခုက ခန္ဓာကိုယ်ကြံ့ခိုင်မှု မလုပ်ခင်ကို ကျင့်စဉ်ကိုအာရုံစိုက်တယ်၊ နောက်တစ်ခုက ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အရင်အာရုံစိုက်ပြီးမှ ကျင့်စဉ် ကျင့်ကြတယ်၊ အဲဒါကိုမှ နယ်မြေတွေကို ကိုယ်စားပြုတဲ့ အရောင်တွေဖြစ်တဲ့ အနီ၊လိမ္မော်၊ အဝါ၊ အစိမ်း၊ မဲနယ်၊ အပြာနဲ့ ခရမ်းရောင်ဆိုပြီးထပ်ခွဲတယ်၊ တခြားပင်မတပည့်တွေက သူတို့အရောင်နဲ့နာမည်ရှိကြတယ်၊ ခင်ဗျား ကတော့ အပြာရောင်နယ်မြေက ထိပ်တန်းတပည့်ဖြစ်ရမယ် ကျွန်တော်ပြောတာဟုတ်လား”

“သခင်လေးရှီမာက ရှင်းရှင်းလင်းလင်းသိထားတာပဲ” အပြာရောင်ဓားသွားသည် ပြုံးပြီးပြောလိုက်သည်။

“အရင်က မိတ်ဆွေတစ်ယောက်ပြောတာကြားဖူးတာပါ” ရှီမာယူယူ ပြောလိုက်သည်။

အရင်က သူမ ရှင်းမိုနှင့် စားရင်းသောက်ရင်း စကားပြောခဲ့စဉ်က ရှင်းမိုသည် အလယ်ပိုင်းဒေသမှ ဂိုဏ်း အကြောင်းပြောပြခဲ့သည်။ သူတို့၏ နည်းစနစ်မှာ ထိုအတိုင်းပင်။ သူသည် ဂိုဏ်းထဲမှ လူတော်တော်များများနှင့် မိတ်ဆွေဖွဲ့ခဲ့သည်။ သူတို့သည် မိမိကိုယ်ကိုလွန်ကျူးစွာဂုဏ်ဖော်တတ်သော ပညာရှိဂိုဏ်းများထက် များစွာပို ကောင်းသည်။

“ဘယ်မိတ်ဆွေကိုပြောတာလဲဗျ” အပြာရောင်ဓားသွားပြောလိုက်သည်။ ရှီမာယူယူ၏ မျက်လုံးတွင် တွေဝေမှုကို ဖြတ်ခနဲတွေ့လိုက်သောအခါ မသင့်တော်သောမေးခွန်းကိုမေးမိပြီဟု ခံစားရသဖြင့် ရှင်းပြလေ သည် “ကျွန်တော် အပြာရောင်က နည်းနည်းတော့စပ်စုတယ်ဗျ၊ ကျွန်တော်တို့သူရဲကောင်းဓားသွားဂိုဏ်းကို သိတဲ့အပြင်လူဆိုတာ အများကြီးမရှိဘူး၊ ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိတဲ့လူတွေကလည်း ကျွန်တော်တို့ ဂိုဏ်းနဲ့ သာမန်ဆက်ဆံရေးထက်ပိုတယ်၊ ညီအစ်ကိုရှီမာ သူ့အကြောင်းပြောဖို့ အဆင်မပြေဘူး ဆိုရင်လည်း ပြောဖို့မလိုပါဘူး”

“သြော်” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “တကယ်တော့ ဘာမှမဟုတ်ပါဘူး ကျွန်တော့်ကိုပြောတာ ရှင်းမိုပါ”

“သခင်လေးရှင်းလား” ရှင်းမို နာမည်ကြားသောအခါ အပြာရောင်ဓားသွားသည် ခေတ္တမျှ မှင်တက်သွား ပြီး “ရှီမာယူယူက သခင်လေးရှင်းရဲ့မိတ်ဆွေဖြစ်မယ်လို့ မထင်ထားဘူး၊ ကျွန်တော် လေးစားမှုနည်းသွားပါတယ်”

“သူနဲ့ ကျွန်တော်နဲ့က တွေ့ဖူးရုံတွေ့ဖူးပြီး စိတ်ဝင်စားတာတွေတူသွားလို့ ရင်းနှီးသွားတာပါ” ရှီမာယူယူ သည် သူတို့ မည်သို့ရင်းနှီးခဲ့သည်ကို မပြောပြပဲ ရိုးရှင်းစွာရှင်းပြလေသည်။

“စီနီယာ ဘာတွေပြောနေတာလဲ” ကလေးမျက်နှာမိန်းကလေးသည် အိမ်ထဲမှ ထွက်လာပြီး ရှီမာယူယူ နှင့် ဟာစွန်ကိုအရိုအသေပေးပြီးနောက် ပြောလိုက်သည် “ဒီနေ့ ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်၊ စကားနဲ့ကတော့ အလုပ်မဖြစ်ဘူး ကျွန်မကျူလန်ရဲ့ အကူအညီလိုတယ်ဆိုရင် ပြောသာပြောပေးပါ”

ရှီမာယူယူသည် တည့်တိုးပြောတတ်သော မိန်းကလေး၏ ကောင်းမွန်သော တုန့်ပြန်မှုကိုကြည့်ပြီး ပြုံး လိုက်သည် “ညွှန်ကြားစရာတော့ မရှိပါဘူး၊ ကျွန်တော်တို့ကယ်တယ်ဆိုတာကလည်း ကံတရားကြောင့်ပါ၊ အနီရောင်တောင်ထိပ်က အကြီးကြီးပဲ ဒါပေမဲ့ တွေ့ကံပါလို့ပါလေ”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒါကိုအမှတ်ရနေမှာပါ” ကျူလန်သည် တိကျစွာပြောရင်းနှင့် ရှီမာယူယူ၏ အပြုအမူကို စိတ်ထဲတွင် သိမ်းထားလိုက်သည်။

“သြော် ဟုတ်သားပဲ ခင်ဗျားတို့ ခုနက တစ္ဆေမျိုးနွယ်အကြောင်းကို နည်းနည်းသိတယ်လို့ ပြောခဲ့တယ် မလား၊ ကျွန်တော့်ကို တစ်ခုနှစ်ခုလောက် ပြောပြလို့ရမလား၊ ကျွန်တော် ယူယူက ဒီကိုရောက်တာခဏလေးပဲ ရှိသေးလို့၊ ဘယ်သူနဲ့မှတွေ့ပြီး စကားမပြောရသေးပါဘူး၊ ကျွန်တော်တို့ တွေ့တာလည်းမရှိသေးလို့ပါ” ရှီမာယူယူ ပြောလိုကသည်။

ဝိဉာဉ်စေတီထဲမှ နှစ်ယောက်သည် ချက်ချင်းပင် လျစ်လျူရှုခံလိုက်ရလေသည်။

“ဘယ်လိုသိတာလဲဆိုတော့” အပြာရောင်ဓားသွားပြောလိုက်သည် “တကယ်တော့ ကျွန်တော်တို့လည်း ကိုယ့်ဘာသာ စဉ်းစားပြီးမှသိတာပါ၊ အကုန်လုံးမှန်တယ်လို့တော့ သခင်လေးစိတ်ထဲမှာ ထည့်မထားစေချင်ပါဘူး”

“ခင်ဗျားတို့က အဖွဲ့သားတွေအများကြီးဆုံးရှုံးရပြီးမှ သတင်းရခဲ့တာပဲ ကျွန်တော် ရှင်းရှင်းလင်းလင်းသိ ပါတယ် ဘယ်လိုလုပ်စိတ်ထဲထားရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“စီနီယာ သခင်လေးရှီမာ၊ ဒီမှာစကားပြောလို့မကောင်းဘူး၊ အထဲသွားရအောင်လေ” ကျူလန် အကြံပြု လေသည်။

မြို့ထဲတွင် တစ်စုံတစ်ယောက်မှမရှိသော်လည်း အဝင်ပေါက်တွင် နေကာ စကားပြောရန် မသင့်တော် ပေ။ သည်လိုနှင့် သူတို့အဖွဲ့သည် ခြံဝန်းအသစ်ကိုရှာတွေ့ပြီး ဝင်လိုက်သည်။

ယူူယူသည် အသစ်နီးပါးဖြစ်နေသောအိမ်ကိုကြည့်ပြီး ပြောလေသည် “ဒီအိမ်ကအခုမှဆောက်ထားတာ ဒါပေမဲ့လူကတော့မရှိတော့ဘူး”

“အကုန်လုံးတော့မဟုတ်ဘူး” ကျူလန် ပြောလေသည် “ကျွန်မတို့ ဒီအနီရောင်တောင်ထိပ်ကို လူ ကိုယ်တိုင်သာမလာခဲ့ရင် ဒီလောက်အချိန်တိုအတွင်းကို ဒီတောင်မှာ ဗလာကျင်းနေတဲ့မြို့ကိုတွေ့ရမယ်လို့ တွေးတောင်တွေးရဲမှာမဟုတ်ဘူး၊ နေရာတိုင်းမှာ ဒီလိုညက်ညက်ကြေနေတဲ့မြင်ကွင်းကိုမြင်လိုက်တိုင်းကို ဒေါသ ထွက်လို့ ခေါင်းမွေးပါထောင်တယ်”

“တခြားနေရာတွေလည်းဘယ်လိုလဲ၊ ဘယ်နနေရာလောက်သွားပြီးကြပြီလဲ” ရှီမာယူယူ မေးလိုက် သည်။

သူတို့သည် အိမ်စုများကိုဖြတ်လျှောက်ခဲ့ပြီးနောက် အဆောင်ငယ်တစ်ခုကိုတွေ့လေသည်။ သူတို့သည် အဆောင်ငယ်ထဲလျှောက်သွားကာ ထိုင်ပြီးစကားပြောကြလေသည်။

“ကျွန်တော်တို့ ဒီကိုရောက်တာ ၃လရှိပြီ၊ ပြီးတော့ ၃လအတွင်းကို ဒါတွေမြင်ခဲ့ရတယ်၊ ကျွန်တော်တို့ မြင်ဖူးသမျှထဲမှာ ဒီလောက်မျှော်လင့်ချက်မရှိတာ မရှိတော့ဘူး၊ ကျွန်တော်တိုပကတော့ ဒီနေရာကိုဝင်ပြီးရင် ပြန်ထွက်လို့မရတော့ဘူးဆိုတာ သိခဲ့ရတယ်….”

***

All Chapters