← Chapters

သူတို့ကလူဆိုးတွေပဲ

Vol. 008 Ch. 759

သူတို့ကလူဆိုးတွေပဲ

Vol. 008 Ch. 759

“ထွက်သွားလို့မရဘူးဟုတ်လား ဘာအဓိပ္ပာယ်လဲ” ဟာစွန်သည် မျက်မှောင်ကြုတ်ပြီး တည်ငြိမ်စွာမေး လေသည်။

“ကျွန်မပြောတဲ့အတိုင်းပဲ ထွက်သွားလို့မရဘူး၊ အနီရောင်တောင်ထိပ်ကိုရောက်လာပြီးရင်တော့ ထွက်သွားတဲ့အခါမှာ အားကောင်းတဲ့တစ်ခုက ပိတ်ထားတယ်၊ ဒီကနေ ခြေတစ်လှမ်းတောင်ရွေ့လို့မရဘူး” ကျူလန် ပြောလိုက်သည် “ကျွန်မတို့လည်း ဒီနေရာရောက်မှ အခြေအနေကိုသိတာ၊ ကျွန်မတို့ ထွက်သွားမယ် လို့တွေးလိုက်ရင် ဖြတ်လမ်းတည်ဆောက်မှုကိုသုံးလို့မရဘူး၊ ကျွန်မတို့ နယ်နိမိတ်အစပ်ကိုလည်းသွားခဲ့ပြီးပြီ ဒါပေမဲ့ နယ်နိမိတ်က မျက်စိရှေ့တင်ရှိနေတာကို ခြေလှမ်းလှမ်းလို့မရဘူး”

“ဒါကလည်း တစ္ဆေလောကသားတွေ လုပ်ထားတယ်နေမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အရင်ကဒီလိုမဟုတ်ပါဘူး” အပြာရောင်ဓားသွားပြောလိုက်သည် “အရင်ကလည်း လူတွေသွားသွား လာလာလုပ်နေတာပဲမလား၊ ကျွန်တော်တို့ သတင်းအကုန်မရပေမယ့် ထွက်သွားလို့ရနေတာပဲ၊ ဒါပေမဲ့ အခုကျ ထွက်သွားလို့မရဘူး”

“ဖြတ်လမ်းတည်ဆောက်မှုကလည်း အလုပ်မလုပ်ဘူး၊ အဲတစ္ဆေလောကသားတွေကို ဖမ်းချင်တယ်ဆို ရင် ဘယ်နေရာကိုသွားရမယ်ဆိုတာ မသိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်တော့ အဲလိုမဖြစ်ရဘူး၊ အနီရောင်တောင်ထိပ်က တခြားနေရာထက်စာရင် သေးတယ်၊ အရှေ့ ကနေ အနောက်ထိကို တစ်လနဲ့ပျံလို့ရတယ်” အပြာရောင်ဓားသွားပြောလိုက်သည်။

ရှီမာယူယူသည် အံ့သြသဖြင့် မျက်တောင်ခတ်လေသည်။ အနီရောင်တောင်ထိပ်ကအဲလောက် သေး တာလား။ သူမသည် မုရွှန်မြို့တွင် နေခဲ့သည်မှာမကြာပေ။ သူမ ဒီနေရာကိုဘယ်လို အမြန်ရောက်လာသလဲ ဆိုသည်ကိုလည်း မတွေးပေ။ ထို့ကြောင့် ထိုအကြောင်းကို မတွေးခဲ့ပေ။

“နှစ်ဖက်လုံးက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတယ်လို့ ခုနကပြောတာ ဘာအဓိပ္ပာယ်လဲ”

“ကျွန်တော်တို့ ပျံလာတုန်းက နှစ်ဖက်လုံးက တစ်ဖက်နဲ့တစ်ဖက် တိုက်နေတာကိုတွေ့ခဲ့တယ်၊ သူတို့က ဝိဉာဉ်မိစ္ဆာတွေနဲ့ နတ်ဆိုးတစ္ဆေတွေပဲ သူတို့က လူသားတွေကို အမဲလိုက်နေတယ်လို့ ပြောနေတာကို ကျွန်တော်တို့ ကြားခဲ့တယ်၊ အဲဒါကြောင့် သူတို့က တစ်ဖွဲ့တည်းမဟုတ်ဘူးဆိုတာ သိခဲ့တာ”

“ဒါဆို မင်းတို့ကိုလိုက်တဲ့လူတွေက လူဆိုးတွေလား” အိမ်မက်လေး မေးလိုက်သည်။

အပြာရောင်ဓားသွား ခေါင်းရမ်းလိုက်သည် “ကျွန်တော်တို့ တစ္ဆေလောကသားတွေအကြောင်းပြောရရင် ကောင်းတယ် ဆိုးတယ်ဆိုတာ မရှိဘူး၊ သူတို့မျက်လုံးထဲမှာတော့ မျိုးနွယ်တွေအကုန်လုံးက သူတို့ရန်သူပဲ၊ မဟုတ်ရင် သူတို့က အနီရောင်တောင်ထိပ်ကလူတွေ အကုန်လုံးကိုရှင်းပစ်မှာမဟုတ်ဘူး”

“အမှန်ပဲ” ထိုဝိဉာဉ်မိစ္ဆာများနှင့် နတ်ဆိုးတစ္ဆေများ သူမကိုအရင်က တိုက်ခိုက်ဖူးခဲ့ပုံကို ရှီမာယူယူ တွေး လိုက်သည်။ သူတို့မျက်လုံးထဲတွင် လူသားများအားလုံးကို သတ်မည်။

တစ်ခုကွာခြားမှုရှိသည်။ နတ်ဆိုးတစ္ဆေများကို ထိန်းချုပ်သူမှာ ပိုယုတ်ညံ့သည်။ သူတို့သည် ပိုရက်စက် သည်။

“ကျွန်တော်တို့ နှစ်ဖက်လုံးလိုက်တာခံရပြီးပြီး၊ ပြီးတော့ အချိန်တိုင်းမှာ တပည့်တွေဆုံးရှုံးရပြီးပြီ”

“ဒီနေရာကနေထွက်သွားချင်ရင် နှစ်ဖက်လုံးကိုရှင်းပစ်မယ့်ပုံပဲ” ရှီမာယူယူ ပြောလိုက်သည်။ တစ်ချိန် တည်းမှာပင် သူမ သက်ပြင်းရှည်ချမိသည်။ သူမသည် အစပိုင်းက မိုရှား အားကောင်းလာရန် ဝိဉာဉ်အနည်းငယ် ရှာပေးမည်ဟု လာခဲ့သော်လည်း အခုတော့ ဒီနေရာတွင် ပိတ်မိနေပြီ။

“ယူယူ အိမ်မက်လေးတို့ ထွက်သွားလို့မရတာက အဲဒီနတ်ဆိုးတစ္ဆေတွေကြောင့်ဖြစ်မယ်လို့ ထင်တယ်” အိမ်မက်လေးသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။

“ဘာလို့လဲ” ကျူလန်သည် ယုံကြည်မှုအပြည့်ဖြစ်နေသော အိမ်မက်လေးကိုကြည့်ကာ သူတို့တစ်ခုခု သိရမည်ဟု သေချာနေသည်။

“ကျွန်တော်တို့ အနီရောင်တောင်ထိပ်ကိုမဝင်ခင်ကို တစ္ဆေတချို့နဲ့တွေ့ခဲ့တယ်” ရှီမာယူယူ ပြောလိုက် သည် “သူတို့က တစ္ဆေခန္ဓာကိုယ်ကနေထွက်ခဲ့တဲ့အတွက်ကြောင့် နယ်နိမိတ်တွေက သူတို့အပေါ်သက်ရောက် မှုမရှိဘူး၊ ပုံမှန်ဆိုရင် ဝိဉာဉ်မိစ္ဆာအုပ်နဲ့တွေ့ဖို့ တည်ဆောက်ထားတာဖြစ်နိုင်တယ်”

“ဘာလို့ဒီကို တစ်ယောက်တည်းလာတာလဲ အန္တရာယ်များလွန်းတယ်” ကျူလန် ပြောလိုက်သည်။

“တစ္ဆေလောကသားတွေက အပြင်မှာရှုပ်ယှက်ခတ်နေအောင်လုပ်ထားတယ်ဆိုတာ သိတယ်၊ ပြီးတော့ မြို့အပြင်တွေမှာလည်း အကြမ်းဖက်ထားပြီးကြပြီ၊ အဲတော့ ဘာမှမလုပ်ပဲနေလို့ရမလဲ တစ္ဆေမျိုးနွယ်ကို ရှင်းဖို့ နည်းလမ်းရှိတာနဲ့ လာလိုက်တာ” ရှီမာယူယူသည် သူမကိုယ်သူမနှိမ့်ချပြီးပြောပြီး ဝိဉာဉ်စေတီထဲမှ ဝိဉာဉ်မိစ္ဆာ များသည် မျက်လုံးများလှန်မိကြသည်။

“သခင်လေးရှီမာက သဘောထားကြီးတာပဲ၊ ဒီလိုမျိုးပုံစံက တိုင်းပြည်တစ်ခုလုံးမှာတောင် ရှာဖို့ခက် တယ်” အပြာရောင်ဓားသွားသည် ရှီမာယူယူ၏ ပခုံးကိုရိုက်ကာ စိတ်လှုပ်ရှားစွာ အော်လေသည် “ကျွန်တော်တို့ အသက်ရှင်နိုင်ရင် ကျွန်တော် မိုက သခင်လေးရှီမာနဲ့ သေချာပေါက် တစ်ခွက်လောက်သောက်ချင်ပါတယ်”

ရှီမာယူယူသည် တိုးတိတ်စွာနှုတ်ခမ်းတွန့်မိသည်။ ဒီလူကတော့ တကယ်ပဲ… တုံးပြီးချစ်စရာကောင်းတာ ပဲ။ သူမ ကြုံရာအကြောင်းပြချက်ပေးလိုက်တာကို မသိဘူးလား။

“ခင်ဗျားသူငယ်ချင်းတွေ သန့်ရှင်းပြီးကြပြီမလား” သူမသည် ဒီလောက်အရေထူသောလူနှင့် စကားဆက် မပြောလိုသဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

သူမ၏ မိစ္ဆာများသည် သူမအား အထင်သေးမိပြန်ပြီ။ သူမ ဘယ်လောက်အရေထူလဲဆိုတာ သိနေတာ ပဲ။

ရှီမာယူယူသည် တိတ်ဆိတ်စွာ ပြန်ကြည့်မိသည်။ သူမတွင် အကြံသေးတစ်ခုရှိသော်လည်း သာမန်သာ ဖြစ်သည်။ သူမသာ အမှန်တကယ် မိုရှားကို ထိုမိစ္တာများကို စုပ်ယူစေလိုပါက လမ်းတစ်လျှောက် အနီရောင် တောင်ထိပ်မှ အခြေအနေများကို ကိုင်တွယ်သွားရုံပင်။

ပင်မအကြောင်းအရင်းမှာ မတူညီသော်လည်း အဖြေကတော့အတူတူပင်။ ကိစ္စသေးသေးလေးများ အတွက် ချွေးထွက်ခံရန်မလိုပေ။

ကျူလန်နှင့် တခြားသူများသည် သူမစိတ်ထဲမှ ထောင်ပေါင်းများစွာသော အတွေးများကို မသိပဲ ပြုံးပြီး ပြန်ဖြေလေသည် “သူတို့လား၊ သူတို့က ဟိုဟိုဒီဒီ သန့်ရှင်းရေးလုပ်နေတုန်း၊ ကျွန်မတို့က အစောပိုင်းက တစ်လျှောက်လုံးပြေးလာတာလေ၊ သန့်ရှင်းရေးလုပ်ဖို့အချိန်မရှိခဲ့ဘူး၊ အခု ရတောင့်ရခဲလေး ၂နာရီ ၃နာရီ လောက် သန့်ရှင်းရေးလုပ်နေတဲ့လူတွေ ၃ယောက်လောက်ရှိတယ်”

“သူတို့၂ယောက်ပဲ ငါမပါဘူး” အသံတစ်သံသည် ခြံအနောက်မှထွက်လာသည်။ ထိုမုတ်ဆိတ်အပြည့်နှင့် လူကို ရှီမာယူယူ သတိထားမိသည်။

“မုတ်ဆိတ်ကြီး မင်းက သူတို့ထက်မြန်တယ်ဆိုပေမယ့် ငါတို့ထက် နှေးနေတာပဲ၊ မင်းမုတ်ဆိတ်တွေကို မဆေးဘူးလား၊ မင်းမုတ်ဆိတ်တွေရိတ်ပါလို့ ငါဘယ်နခါပြောရမှာလဲ” ကျူလန် ပူညံပူညံလုပ်လေသည်။

“ဟင်း ငါလည်းရိတ်ချင်တာပဲ ယောကျ်ားတစ်ယောက်က မုတ်ဆိတ်နဲ့မှ သြဇာရှိတာ၊ ငါ့မုတ်ဆိတ်နဲ့မှ ပိုကြည့်ကောင်းတယ်လို့မထင်ဘူးလား” မုတ်ဆိတ်ကြီးသည် သူ့မုတ်ဆိတ်ကို ကိုင်ရင်း ပြောလေသည်။

ထိုလူသည် ချောမောပြီးနှစ်လိုဖွယ်ကောင်းသော ပုံစံရှိသည်ကို ရှီမာယူယူ သတိထားမိသည်။ မြင့်သော နှာတံ၊ ဖြူစွတ်သောအသားအရည်နှင့် အရပ်ရှည်သည်မှာ ကြည့်ကောင်းသည်။ သူ့တွင်သာ ရှုပ်ထွေးနေသော မုတ်ဆိတ်မရှိပါက ချောမောသော လူတစ်ယောက်ပင်။

မုတ်ဆိတ်ကြီးသည် ရှီမာယူယူ သူ့ကိုအကဲခတ်နေသည်ကို သတိထားမိသဖြင့် ပြောလေသည် “မုတ်ဆိတ်နဲ့မှ ပိုကြည့်ကောင်းတယ်လို့ မထင်ဘူးလား”

“ကျွန်တော်က ခင်ဗျား မုတ်ဆိတ်မပါတဲ့ပုံနဲ့ မတွေ့ဖူးတော့ ယှဉ်ပြစရာမရှိဘူးဖြစ်နေတယ် ဒါပေမဲ့…” ရှီမာယူယူသည် သူ၏ ကြည်လင်သောအကြည့်ကိုမြင်သောအခါ ရိုးသားစွာပြန်ဖြေလေသည် “ခင်ဗျား မုတ်ဆိတ် မပါရင် ပိုကြည့်ကောင်းမယ်လို့ထင်တယ်”

“မုတ်ဆိတ်မပါတာပိုကောင်းတယ်ဟုတ်လား” မုတ်ဆိတ်ကြီး ပြောလိုက်သည် “ဘယ်လောက် တန်ဖိုးရှိ လဲဆိုတာ ခင်ဗျားမသိလို့၊ ဒါက ဆွဲဆောင်မှုရှိတဲ့ ပြယုဒ်ပဲ၊ မုတ်ဆိတ်နဲ့ဆိုရင် ယောက်ျားပီသတယ်၊ ခင်ဗျားလို မုတ်ဆိတ်မရှိတဲ့လူကတော့ နူးညံ့တဲ့ပုံပေါက်တယ်၊ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုမရှိဘူး”

ထိုစကားများသည် သူမကို အိုးမဲသုတ်လိုက်သလိုပင်။ ဒီအကြောင်းမှာ သူမကိုဘာလို့ဆွဲထည့်ရတာလဲ။ ပြီးတော့ သူ အလှကိုတန်ဖိုးထားတဲ့နည်းလမ်းကလည်း တခြားတွေနဲ့မတူဘူး။

ရှီမာယူယူ ထိုအတိုင်းပြုမူသည်ကို တွေ့သောအခါ အပြာရောင်ဓားသွားရှင်းပြလေသည် “ချီဝေရဲ့ လူတစ်ယောက်ရဲ့ အလှအပေ၊ ချောမောတာကို တန်ဖိုးဖြတ်တာက တခြားလူတွေနဲ့မတူဘူး၊ အဲဒါကြောင့် အဟွတ် အဟွတ် စိတ်ထဲမထားပါနဲ့”

“မထားပါဘူး” ရှီမာယူယူ ပြုံးလိုက်သည်။

“အခုပြောနေတာ ဘာအကြောင်းတွေလဲ” ချီဝေ မေးလိုက်သည်။

“အခုဖြစ်သွားတဲ့အဖြစ်အပျက် တွေကိုပြောနေကြတာ” ကျူလန် ပြောလိုက်သည် “ငါတို့တော့ ကျားဂူထဲ ပိတ်မိနေပြီ၊ အပြင်မှာ အမဲလိုက်နေတဲ့ တစ္ဆေလောကသားတွေရှိတယ်၊ ဒီမှာပုန်းနေလဲ အသုံးမဝင်ဘူး နည်းလမ်း တစ်ခုတော့ စဉ်းစားမှရမယ်”

“ကိစ္စမရှိဘူး ငါတို့”

“အာ…”

ခြံအနောက်ဘက်မှ စူးရှသော အသံတစ်သံထွက်လာရာ ကျူလန်နှင့် တခြားသူများ ချက်ချင်းမတ်တပ် ရပ်ကာ ပြောလိုက်သည်။ “ဒါ ယုချင်းအသံပဲ ဘာဖြစ်လဲသွားကြည့်ရအောင်”

ကျူလန်နှင့် တခြားသူများ အလျင်စလိုပြေးသွားလိုက်ကြသည်။ ရှီမာယူယူ၊ အိမ်မက်လေးနှင့် ဟာစွန် တို့သည် သူတို့လောက်စိုးရိမ်မှုမရှိသဖြင့် အနောက်မှ ဖြည်းညင်းစွာလိုက်သွားလိုက်သည်။

***

All Chapters