← Chapters

လျှို့ဝှက်လမ်းကြောင်းရှာတွေ့ခြင်း

Vol. 008 Ch. 760

လျှို့ဝှက်လမ်းကြောင်းရှာတွေ့ခြင်း

Vol. 008 Ch. 760

အားလုံးသည် ခြံအနောက်ဘက်သို့ပြေးသွားကြပြီး ကျူလန်သည် အိမ်ထဲသို့တိုက်ရိုက်ပြေးဝင်သွား သည်။ လန်ကျန်းနှင့် ချီဝေတို့သည် ဝင်မသွားပဲ အိမ်အပြင်တွင်နေခဲ့သည်။

“ယုချင်း ဘာဖြစ်တာလဲ” အပြာရောင်ဓားသွားသည် အပြင်မှမေးလေသည်။

အဖြူရောင်ဝတ်ထားသာ လူငယ်သည် အိမ်အပြင်သို့ တဟုန်ထိုးပြေးလာပြီးမှ အပေါ်ဝတ်ကို သေချာ ပြင်လေသည်။ သူထွက်လာသည်နှင့် အလောတကြီးမေးလေသည် “ဘာလဲ ဘာဖြစ်တာလဲ”

“ဘာမှမဟုတ်ဘူး” ကျူလန်၏ အသံသည် ဟာသနှောကာအပြင်မှထွက်လာလေသည်။

“တကယ်လား” ချီဝေသည် မသေချာစွာမေးလေသည်။

“ဟုတ်တယ် အပြင်မှာသာစောင့်နေ” ကျူလန် ပြောလိုက်သည်။

“ဒါဆိုလည်း စောင့်ကြတာပေါ့” အပြာရောင်လန်သည် ချီဝေနှင့် ရှီမာယူယူကို ပြောလေသည်။ သူ့အဝတ် များ သေချာစွာဝတ်ဆင်ထားခြင်းမရှိသည်ကို တွေ့သောအခါ သူပြောလိုက်သည် “မင်လန် မင်းကိုယ့်အဝတ် ကိုယ်တောင် သေချာမဝတ်ဘူးလား”

ရှန်မင်လန်သည် နှုတ်ခမ်းဆူကာ အဝတ်များကို အလျင်စလိုဝတ်လေသည်။ ထိုအချိန်တွင် ကျူလန် အသံထွက်လာသည် “ဝင်ခဲ့”

အားလုံးဝင်လိုက်ချိန်တွင် ကြီးမားသော ရေချိုးကန်ကိုတွေ့လိုက်ရသည်။ ယုချင်းနှင့် ကျူလန်တို့သည် ကန်ဘေးတွင်ရပ်နေသည်။

“ဘာဖြစ်သွားတာလဲ” အပြာရောင်ဓားသွားမေးလိုက်သည်။

“တကယ်တော့ တကယ်တော့ ဘာမှမဖြစ်ဘူး” ယုချင်းသည် နီရဲနေဆဲဖြစ်ကာ ပြောလေသည် “ကြွက် တွေ့ပြီးလန့်သွားလို့”

“ဟား” ချီဝေသည် ချက်ချင်းပင်ရယ်မောကာ ပြောလေသည် “ကြွက်ဟုတ်လား ယုချင်း ငါက မင်းကို ရယ်တာမဟုတ်ဘူး ဒါပေမဲ့ မင်းကဝိဉာဉ်သခင်လေ၊ ဘယ်လိုဖြစ်ပြီးကြွက်လိုအကောင်ကိုတောင်ကြောက်ရတာ လဲ”

ယုချင်းသည် ပိုရှက်လာကာ ရှင်းပြန်ရန် ကြိုးစားလေသည် “အဲဒါက အဲဒါက…”

“ကောင်းပြီ ချီဝေ၊ သူမကိုမရယ်နဲ့တော့၊ ယုချင်းက ငယ်ငယ်ကတည်းက အမြဲကြောက်တတ်တာကို၊ ဒါကို မသိတာလည်းမဟုတ်ပဲနဲ့” အပြာရောင်ဓားသွားသည် သူမအပြုအမူကိုမြင်သောအခါ နူးညံ့စွာပြောလေ သည်။ သူသည် သူမကိုကယ်ထုတ်ပေးနေခြင်းဖြစ်သည်။

ယုချင်းသည် ဘာမှမပြောပေ။ တကယ်တော့ အမှန်ပြောရန်ခက်သည်။ သူမရင်သားကို ဝိဉာဉ်မိစ္ဆာ တစ်ကောင်က ထိပါးသည်ဟု ယောကျ်ားလေးတစ်သိုက်ကို ပြောရန်နည်းလမ်းမရှိပေ။

“ဒီနေရာက တော်တော်တိတ်ဆိတ်တယ်၊ ပြီးတော့ ကြွက်ရုတ်တရက်ပေါ်လာရင်လည်း လန့်သွားမှာပဲ အထူးသဖြင့် ဒီကြွက်က သာမန်အရွယ်အစားမဟုတ်ဘူး၊ သာမန်ဝိဉာဉ်ယုန်ထက်တောင် ကြီးသေးတယ်” ကျူလန် ပြောလိုက်သည်။

“ဟုတ်တယ် အရမ်းကြောက်ဖို့ကောင်းတယ် ရုတ်တရက်မြင်လိုက်ရင် မင်းတို့လည်း ကြောက်သွားမှာပဲ” ယုချင်း ပြောလိုက်သည်။

“ဟင်း ငါကမင်းမှမဟုတ်တာ” ချီဝေသည် နှာမှုတ်ကာ လက်ပိုက်လေသည်။

“ချီဝေသာဆိုရင်တော့ သေချာပေါက် အနိုင်ရပြီး ငါတို့ရှေ့မှာကတောင် ကနိုင်တယ်” ကျူလန် ပြော လိုက်သည်။

“စီနီယာကျူ ငါ့ကိုတော်တော်နားလည်တာပဲ” ချီဝေ ပြုံးလေသည်။

“အဲဒါက…” ရှီမာယူယူသည် သူတို့နောက်ပြောင်နေသည်ကို နှောင့်ယှက်လေသည် “ကျွန်တော်တို့ ပြဿနာရှိနေတယ်”

“သခင်လေးရှီမာ ပြောပါ” အပြာရောင်ဓားသွား ပြောလိုက်သည်။

“အဲဒါက” ရှီမာယူယူသည် အရိုက်ခံထားရပြီး အကြောသေနေသော ကြွက်ကိုညွန်ပြပြီး မေးလေသည် “တစ်မြို့လုံးမှာ ဝိဉာဉ်မိစ္ဆာရော လူတွေရောမရှိဘူးလေ၊ အခု ကြွက်တစ်ကောင်ပေါ်လာတယ်၊ သူဘယ်ကလာ တာလဲ”

“ဟုတ်သားပဲ” အပြာရောင်ဓားသွားသည် မျက်မှောင်ကြုတ်လိုက်သည် “ကျွန်တော်တို့ ဒီနေရာကို ဝင် လာတော့ သက်ရှိမရှိပါဘူး၊ ဒီကြွက်ကဘယ်ကလာတာလဲ”

ကျူလန်နှင့် တခြားသူများလည်း သေချာအာရုံစိုက်ထားသည်။ ကြွက်ကတစ်ကောင်သည် ဗလာကျင်း နေသော မြို့ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ထိုသည်မှာ မည်မျှပင်စဉ်းစားစေကာမူ ထူးဆန်းနေသည်။

“ဟာစွန်” ရှီမာယူယူ ခေါ်ထုတ်လိုက်သည်။

ဟာစွန်သည် သူမအနောက်မှပေါ်လာပြီး မျက်စိမှိတ်ကာ အိမ်ကိုတစ်ပတ်ပတ်ကြည့်ပြီး အာရုံခံလေ သည်။

“သူဘာလုပ်နေတာလဲ” ချီဝေသည် သိချင်စိတ်ဖြင့် သူ့ကိုကြည့်ပြီးမေးလေသည်။

“စကားမပြောနဲ့” အပြာရောင်ဓားသွားသည် သူ့ကိုကြည့်ပြီး ပြောမည့်စကားများကို မျိုသိပ်ထားလိုက် သည်။

ဟာစွန်သည် ပတ်ဝန်းကျင်ကိုအာရုံခံပြီးသည်နှင့် နံရံတစ်ခုသို့လာလိုက်သည်။ သူသည် နံရံကိုစမ်းကြည့် ရာ အုတ်တစ်ချပ်ကို ခံစားမိပြီး ဖိကြည့်လိုက်သည်။ ထို့နောက်တွင် နံရံသည် ဘေးသို့ကွဲသွားပြီး လမ်းပေါ်လာ သည်။

ထိုအချိန်တွင် အားလုံးသည် သိလိုက်ရသည်။ ထိုနေရာအောက်တွင် မြေအောက်ခန်းရှိလိမ့်မည်ဟု ဘယ်သူမှမထင်မိပေ။

“အောက်ဆင်းပြီး ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ”

လှေကားမှာမမြင့်ပဲ အောက်ရောက်ရန် အဆင့်၂၀လောက်သာ ရှိသည်။ အောက်ပိုင်းလမ်းကြောင်းတွင် ဆီမီးအိမ်များ ဘေးတွင်စီထားသည်။

ရှီမာယူယူသည် လက်ချောင်းများကစားလိုက်ရာ မီးတောက်လုံးထွက်လာပြီး ဆီမီးအိမ်များကို မီးညှိ လိုက်သည်။ တစ်လမ်းလုံးမီးလင်းသွားသည်။

အားလုံးသည် အောက်သို့လိုက်ဆင်းပြီး အရှေ့တွင်ရှိသော ချီဝေသည် ပြောလိုက်သည် “အရှေ့မှာ အတားအဆီးရှိတယ် ငါဝင်လို့မရဘူး”

“ကြည့်ကြည့်မယ်” ချီဝေနောက်တွင်ရှိသော ကျူလန်သည် အရှေ့သို့ထွက်လိုက်သည်။ သူမ လက်ဆန့် လိုက်ရာ အမှန်တကယ်ပင် မမြင်ရသော ကာကွယ်ရေးဖန်သားပြင်သည် လမ်းကိုပိတ်ထားသည်။

“ဒီမှာ အတားအဆီးကဘာလုပ်နေတာလဲ” ယုချင်းသည် သိချင်စိတ်ဖြင့်မေးလေသည်။

“ပုံမှန်ဆိုရင် ပိုင်ရှင်ကချန်ထားခဲ့တာပဲ” အပြာရောင်ဓားသွား ပြောလိုက်သည် “ဒီဟာကြောင့်သာမဟုတ် ရင် ငါတို့လျှို့ဝှက်မြေအောက်ခန်းရှိတာ သိမှာပဲ”

ရှီမာယူယူ အရှေ့သို့လျှောက်သွားပြီး အတားအဆီးကိုထိကာ ပြောလိုက်သည် “ဒါကတကယ်ပဲ အထဲ ကို သီးသန့်ခွဲထားတဲ့အတားအဆီးပဲ ဒါပေမဲ့ဒါမျိုးအတားအဆီးက ထိန်းသိမ်းဖို့အများကြီးလိုတယ်၊ အကြာကြီး မခံဘူး”

“ရှင်က အတားအဆီးတွေကို သိတာပဲ၊ ကျွန်မတို့တောင် ဘာကွာလဲဆိုတာ မသိဘူး” ကျူလန် ချီးကျူး လေသည်။

“ဟုတ်တယ် ရှင်က တကယ်အားကောင်းတာပဲ” ယုချင်းသည် ရှီမာယူယူအား အားကျစွာကြည့်လေ သည်။

“ဒီလိုပါပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

ထိုအရာတွေအားလုံးသည် ဟိန်းသံလေး ဝိဉာဉ်စေတီအတွင်းတွင်ရှိစဉ်က ပြောခဲ့ခြင်းဖြစ်သည်။ သူမ မသိစရာအကြောင်းမရှိပေ။

“စီနီယာ ဒါကိုဖျက်နိုင်မလား” ချီဝေ မေးလိုက်သည်။

“စမ်းကြည့်မယ်” အပြာရောင်လန်သည် ဓားရှည်ထုတ်လိုက်သည်။

“အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲ”

“ဒီလိုအတားအဆီးအမျိုးအစားက အပြင်ကတိုက်ခိုက်မှုအကုန်လုံးကို စုပ်ယူနိုင်တယ်၊ မဟုတ်ရင် အပြင်ကလူတွေက ဒါရှိနေတာ ဘယ်သိမလဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို ဘာလုပ်ကြမလဲ”

“ဒီလိုအမျိုးအစားတွေ့ရင် ရွေးချယ်စရာမရှိ အတားအဆီးရဲ့လုပ်နိုင်စွမ်းကုန်ပြီး သူ့ဘာသာသူပွင့်အောင် စောင့်ရမယ် မဟုတ်ရင် အထဲကလူ သူ့ဘာသာသူထွက်လာတဲ့အထိ စောင့်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“တခြားနည်းလမ်းမရှိတော့ဘူးလား” ကျူလန်သည် လမ်းထောင့်ကို စိတ်ပျက်လက်ပျက်ကြည့်ပြီး မေး လေသည်။

“ရှိတယ် ဒါပေမဲ့ လိုအပ်ချက်မပြည့်မှီလောက်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာနည်းလမ်းလဲ”

“ခင်ဗျားတို့ အတားအဆီးတွေကို ကင်းလွတ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အာ အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှန်မင်လန်သည် နှုတ်ခမ်းတွန့်ရင်းပြောလေသည်။

“ဘာလို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာစောင့်နေ ကျွန်တော်အထဲသွားပြီးကြည့်လိုက်မယ်”

ရှီမာယူယူသည် ပြောပြီးသည်နှင့် ဟာစွန်နှင့် အိမ်မက်လေးကိုပြန်သိမ်းပြီး ဟိန်းသံလေးကိုခေါ်ထုတ်ကာ ပေါင်းစပ်လိုက်သည်။ ထို့နောက်တွင် သူမသည် အတားအဆီးထဲသို့ဝင်သွားလေသည်။

“သူတကယ်ပဲဝင်သွားတာလား” ရှန်မင်လန်သည် ရှီမာယူယူအား မျက်လုံးပြူးကာကြည့်ပြီး သူမ ထောင့်ဘက်သို့ လှည့်ပတ်သွားလာပြီးနောက် ပြန်လာသည်ကို စောင့်ကြည့်နေလိုက်သည်။

“ကျွန်တော်အခုပဲလုပ်ကြည့်ခဲ့တယ် ခင်ဗျားတို့ အတားအဆီးကိုဝင်လို့မရဘူး သူတကယ်ဝင်သွားလို့ရ တယ်လို့ မထင်ဘူး” ချီဝေပြောလိုက်သည်။

“သူ ခုနကပြောသွားတာ အတားအဆီးတွေကို လွတ်ကင်းတဲ့လူလို့ပြောသွားတယ်၊ သူကအဲလိုလူမျိုး ဖြစ်နိုင်လား”

“သူမဟုတ်ဘူး သူ့ဝိဉာဉ်မိစ္ဆာကဖြစ်လောက်တယ်” အပြာရောင်ဓားသွားပြောလိုက်သည်။

“ဒါပေမဲ့ သူ့ဝိဉာဉ်မိစ္ဆာက ဟုတ်နေတယ်ဆိုရင်တောင် သူဝင်သွားလို့မရဘူးလေ” ယုချင်း ပြောလိုက် သည်။

“မင်းတို့မှတ်မိကြသေးလား လွန်ခဲ့တဲ့ နှစ်၁၀၀က အနီရောင်ဓားသွားသခင်က လူတစ်ယောက်နဲ့ တိုက်ပွဲ ကြီးဖြစ်ခဲ့တာ” အပြာရောင်ဓားသွား မေးလိုက်သ်ည။

“မှတ်မိတာပေါ့၊ အနီရောင်ဓားသွားရဲ့ တပည့်တစ်ယောက်က အဓိကစည်းမျဉ်းကိုချိုးဖောက်ပြီး မကောင်းတာလုပ်ခဲ့လို့လေ၊ အနီရောင်ဓားသွားကို အမှောင်တောထဲမှာထားပြီး သူမကိုကာကွယ်လို့ တောင်ပေါ် မှာ တိုက်ပွဲကြီးဖြစ်ခဲ့တာ၊ နောက်တော့ အနီရောင်ဓားသွားက အပြင်းအထန်ဒဏ်ရာရခဲ့တယ် နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး သူငယ်ချင်းကောင်းတွေဖြစ်သွားကြတာ” ချီဝေပြောလေသည်။

“အဲတုန်းက အဲလူက အနီရောင်ဓားသွားသခင်လောက် အင်အားမကြီးဘူး၊ ဒါပေမဲ့ သူ့ကိုနိုင်ခဲ့တယ် ဘာလို့လဲဆိုတော့ အဲလူက ငါတို့မသိတဲ့ ပေါင်းစပ်ခြင်းမန္တာန်သုံးခဲ့တာ” အပြာရောင်ဓားသွား ပြောလိုက်သည် “ပြီးတော့ အဲလူက ရှီမာလျူယွမ်လို့ခေါ်တယ်”

***

All Chapters