← Chapters

မျှော်လင့်ချက်မဲ့ခြင်းနှင့် ဒေါသများ

Vol. 008 Ch. 761

မျှော်လင့်ချက်မဲ့ခြင်းနှင့် ဒေါသများ

Vol. 008 Ch. 761

“ဘာတိုက်ပွဲလဲ၊ ဘာလို့ငါက မကြားဖူးရတာလဲ” ရှန်မင်လန်သည် စပြောလေသည်။

“အဲတုန်းက မင်းကဂိုဏ်းကိုမရောက်သေးဘူး မင်းရောက်တော့ အပြင်ကကိစ္စတွေကို ဂရုစိုက်ခဲ့တာမှ မဟုတ်တာ၊ မသိတာပုံမှန်ပါပဲ” အပြာရောင်ဓားသွား ပြန်ဖြေလေသည်။

“မင်လန် အဲတိုက်ပွဲကိုမင်းမမြင်လိုက်ရဘူးပဲ၊ တကယ့်ကို ပွဲကြီးပွဲကောင်းပဲ” ချီဝေသည် ရှန်မင်လန်၏ လည်ပင်းကို သိုင်းဖက်ပြီး ထိုတိုက်ပွဲအကြောင်းကို စိတ်လှုပ်ရှားစွာပြောပြလေသည်။

“မင်းမြင်လိုက်တာလား” ရှန်မင်လန် မေးလေသည်။

“ဒါပေါ့” ချီဝေသည် နောက်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်ကိုပွတ်ရင်းနှင့် ပြောလေသည် “အဲတုန်းက ငါကပင်မတပည့်မဖြစ်သေးဘူး၊ ငါ့ကျင့်စဉ်ကလည်း ထိပ်အဆင့်ကိုနီးနေတုန်းပဲရှိသေးတယ်၊ တိုက်ပွဲကို ကိုယ်တိုင်မြင်လိုက်ရတာ၊ ငါ့အိမ်တောင် ပျံသွားသေးတယ်”

“အဲလောက် ကြီးတဲ့တိုက်ပွဲအကြောင်း မင်းတို့ပြောတာ ဘာလို့မကြားဖူးရတာလဲ” ရှန်မင်လန် ပြောလိုက် သည်။

“ဂိုဏ်းက ပြောဖို့ကိုတားမြစ်ထားလို့လေ” ချီဝေရှင်ပြလေသည် “အနီရောင်ဓားသွားတပည့်က ဘာလုပ် လိုက်လို့ အဲလောက်ပြင်းထန်တာကိုဖြစ်စေတာလဲတော့ ငါလည်းမသိဘူး၊ နောက်တော့ ဆရာတွေက အဲ အကြောင်းမပြောဖို့ အမိန့်ပေးခဲ့တယ်၊ အဲဒါကြောင့် ဘယ်သူမှမပြောကြဘူး၊ ဒီနှစ်တွေအားလုံးမှာ အကြီးဆုံး စီနီယာအစ်ကိုလည်း မပြောတာနဲ့ အကုန်လုံးမေ့မေ့ပျောက်ပျောက်ဖြစ်နေကြတာပဲ”

“အဲတိုက်ပွဲက တကယ်ပဲ ကမ္ဘာကို အုံကြွသွားစေတာလား”

“ဟတု်တယ် အထူးသဖြင့် အဲလူသုံးသွားတဲ့ နောက်ဆုံးအကွက်ပဲ၊ တိုက်ခိုက်မှုစွမ်းအင်က နှစ်ဆတိုး သွားတာ၊ အနီရောင်ဓားသွားသခင်က နိုင်တော့မယ့်အချိန်မှာ နောက်ဆုံးကျ ရှုံးသွားတယ်လေ” ကျူလန် ပြော လေသည်။

“သူ့နာမည်က ရှီမာလျူယွမ်၊ ပြီးတော့ သူနာမည်ကလည်း ရှီမာယူယူ၊ သူကလည်း အဲမိသားစုကပဲ ဖြစ်မလားပဲ” ယုချင်းသည် တွက်ချက်ကြည့်နေလေသည်။ သူမ ပါးစပ်ကိုလက်ဖြင့် ကာလိုက်သည်။

“မှန်မယ်ထင်တာပဲ” အပြာရောင်ဓားသွားပြောလိုက်သည် “တကယ်တော့ မင်းတို့သာမသိတာ ဆရာ တွေကဘာလို့အဲအကြောင်းမပြောခိုင်းတာလဲဆိုတာ ငါသိတယ်၊ အဲမိသားစုက တောင်းဆိုထားလို့ပဲ ဒီအကြောင်း ပြန့်သွားလို့မဖြစ်ဘူးဆိုပြီး ပြောခဲ့တာ ဂိုဏ်းကလည်း ဖိအားပေးခံရတော့ တပည့်တွေကို နှှုတ်ပိတ် နေဖို့ အမိန့်ပေးခဲ့တာ”

“အဲမိသားစုက တကယ်ပဲအဲလောက်အားကောင်းတာလား”

“ငါတို့်ထက်အားကောင်းတယ်” အပြာရောင်ဓားသွားသည် သူ့မေးခွန်းကို တိုက်ရိုက်မဖြေပေ “အဲမိသားစု ဝင်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး…”

“ယိဂေါင်ရန်က သတ္တိရှိတာပဲ သူ ဘာလို့ဒီကိုတစ်ယောက်တည်းလာလဲလို့ထင်နေတာ၊ အခုတော့ အံ့သြစရာမရှိပါဘူး” ကျူလန် ပြောလိုက်သည်။

သည်လိုနှင့် သူတို့သည် ရှီမာယူယူကို ထိုမိသားစုမှလူဖြစ်သည်ဟု ကောက်ချက်ချကြလေသည်။

ထိုအချိန်တွင် သူတို့ရှေ့တွင် ဝိဉာဉ်အကာအကွယ်ပေါ်လာသည်။ ရှီမာယူယူ၏ အသံသည် အထဲမှ ထွက်လာသည် “ဝင်ခဲ့လိုက်”

သူမ အထဲမှ ဝိဉာဉ်အကာအကွယ်ကို ပိတ်လိုက်သည်ဟု အပြာရောင်ဓားသွားနှင့် တခြားသူများ ထင် လိုက်ကြသည်။ သို့သော် သေးငယ်သော မြေအောက်ခန်းထဲတွင် တစ်ဒါဇင်လောက်ရှိသော လူများရှိနေလိမ့် မည်ဟု မထင်ထားကြပေ။ အများစုမှာ ကလေးငယ်များနှင့် မိန်းကလေးငယ်များဖြစ်ကြသည်။

“သခင်လေးရှီမာ ဘာတွေဖြစ်သွားတာလဲ”

ရှီမာယူယူ ပခုံးတွန့်လိုက်သည် “သူတို့ကဒီကလူတွေပဲ အထူးတလည်တော့ မမေးရသေးဘူး” ထို့နောက်တွင် သူမသည် ထိုနေရာရှိ အကြီးဆုံးမိန်းကလေးကို မေးလိုက်သည် “မင်းနာမည် ဘယ်လိုခေါ်လဲ”

“ချူလျူ” မိန်းကလေး ပြန်ဖြေလေသည် “သူက ကျွန်မညီမလေး ချူရီ ကျန်တဲ့သူတွေလည်း ကျွန်မတို့ မောင်နှမတွေပဲ”

ချူလျူနှင့် ချူရီတို့သည် ရုပ်တူကြသည်။ သူတို့သည် အမွှာညီအစ်မများဖြစ်ကြသည်။

“အပြင်ကအခြေအနေ ဘယ်လိုလဲ” ချူရီ မေးလိုက်သည်။

“ဘာမှမရှိတော့ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဘာ” ချူလျူနှင့် ချူရီတို့ အော်လိုက်ကြသည်။ “ကျွန်မတို့မိသားစု…”

“မြို့ထဲမှာ အသက်ရှင်ကျန်တဲ့သူမရှိဘူး၊ ဒါပေမဲ့ အလောင်းတွေကိုလည်း မတွေ့ရဘူး” အပြာရောင် ဓားသွားပြောလိုက်သည် “မင်းတို့ဒီကိုဘယ်တုန်းကရောက်တာလဲ”

“၆လရှိပြီ” ချူလျူသည် ပိုတည်ငြိမ်သည် “အဲတုန်းက အဖေတို့က အနီရောင်တောင်ထိပ်ကနေထွက် မသွားပဲ ဒီနေရာကိုပြင်ထားခဲ့ကြတာ နောက်တော့ ကျွန်မတို့်ဒီမှာလာပြီးပုန်းကြတာပဲ၊ အဲတုန်းကတည်းက အပြင် ကအကြောင်းတွေ ဘာမှမကြားတော့ဘူး”

“ဒါဆို အပြင်ကကိစ္စတွေဘာမှမမြင်လိုက်ရဘူးလား” ရှီမာယူယူ မေးလိုက်သည်။

ချူလျူနှင့် ချူရီတို့သည် မျက်ရည်များဝဲကာ ခေါင်းညိမ့်ကြလေသည်။

“အပြင်မှာ…. ကျွန်မပြောတာ တခြားမြို့က အခြေနေတွေရောဘယ်လိုလဲ” ချူလျူမေးလိုက်သည်။

“ဒီမှာနဲ့အတူတူလောက်ပဲ ဒီထက်တောင်ပိုဆိုးတယ်” အပြာရောင်ဓားသွား ပြန်ဖြေလိုက်သည် “ဒီမှာ အလောင်းတွေမများဘူး၊ တခြားမြို့တွေမှာတော့ တောင်လိုပုံနေတာ”

ချူလျူနှင့် ချူရီတို့သည် တစ်ယောက်နှင့်တစ်ယောက် ဝမ်းနည်းစွာဖက်ထားလေသည်။ တခြားသော ကလေးများလည်း ငိုကြလေသည်။

အပြင်မှ အခြေအနေသည် ကြောက်မက်ဖွယ်ဖြစ်ကာ သူတို့မိသားစုသည် ထွက်မသွားခဲ့ပေ။ ကိုယ့် ဘာသာကိုယ်ရပ်တည်ကြသည်။

“ကြွက်တွေက မင်းတို့ဟာလား” ရှီမာယူယူသည် သူတို့ငိုပြီးနောက် ပြောလိုက်သည်။

“ဟုတ်တယ်” ချူလျူသည် မျက်ရည်များကိုသုတ်လေသည် “ကျွန်မတို့ ကစားဖို့ ဝိဉာဉ်ကြွက်တွေကို မွေးခဲ့တာ၊ ကျွန်မတို့ အပြင်ကိုလျှောက်မသွားရဲလို့ အခြေအနေစုံစမ်းဖို့ ကြွက်တွေကိုလွှတ်လိုက်တာ၊ ပြီးခဲ့တဲ့ တစ်ခေါက်က ဘာသတင်းမှမရပဲပြန်လာခဲ့ကြတယ်၊ အခုတစ်ခေါက် ထွက်သွားတော့ သေသွားကြတယ်”

သေဆုံးသွားသော ဝိဉာဉ်ကြွက်အကြောင်းပြောရာတွင် သူတို့မျက်နှာတွင် ရှက်ယောင်သန်းသွားကြ သည်။ ကျူလန်သည် ရှေ့ထွက်ကာ လက်အုပ်ချီပြီး “ငါတို့ မင်းတို့ရဲ့ဝိဉာဉ်ကြွက်ကို မတော်တဆသတ်မိသွား တယ် တောင်းပန်ပါတယ်”

“အဲလိုထင်ပါတယ်” ချူလျူ ပြောလိုက်သည် “ဝိဉာဉ်ကြွက်ကိုရှာတွေ့လို့ ဒီနေရာမှာလူရှိတယ်လို့တွေး ပြီး ဒီမှာရှာတွေ့တာဖြစ်မယ်”

“အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အနီရောင်တောင်ထိပ်မှာ ဖြစ်တာက ဘာလို့အဲလိုတွေဖြစ်တာလဲ” ချူရီသည် မုန်းတီးစွာပြောလေ သည် “အဖေတို့မရှိကြတော့ဘူး မြို့ထဲကလူအားလုံးလဲ မရှိကြဘူး၊ အနီရောင်တောင်ထိပ်ကလူအားလုံး သေသွားကြပြီ လွန်ခဲ့တဲ့၂နှစ်က အကုန်အဆင်ပြေတယ်၊ ဘယ်လိုဖြစ်ပြီး အခုလိုဖြစ်သွားတာလဲ”

“၂နှစ်ဟုတ်လား၊ လွန်ခဲ့တဲ့၂နှစ်ကတည်းက တစ်ခုခုဖြစ်နေတယ်ဆိုတာကို သိရဲ့သားနဲ့ ဘာလို့ စောစော ထွက်သွားပြီး အပြင်မှာအကူအညီမတောင်းတာလဲ” အပြာရောင်ဓားသွားမေးလိုက်သည်။

ထိုလူများသည် သူတို့အတွက် အနီရောင်တောင်ထိပ်တွင် ပထမဆုံးတွေ့ရသော အသက်ရှင်သူများ ဖြစ် ကြသည်။ သူတို့တွင် မေးရန် မေးခွန်းများစွာရှိနေသည်။

“ဘာလို့မကြိုးစားကြည့်ရမှာလဲ” ချူလျူ ပြန်ပြောလေသည် “အစတုန်းကတော့ အခြေအနေက မတင်းမာသေးဘူး တချို့နေရာမှာ အရူးတွေပေါ်လာပြီး ဝိဉာဉ်မိစ္ဆာတချို့သေဆုံးခဲ့တယ်၊ ဒါပေမဲ့ ကြီးကြီးမားမား မဟုတ်ခဲ့ဘူး၊ အားလုံးကလည်း မိသားစုမျိုးနွယ်တွေကို မစွန့်ခွာချင်ကြဘူး၊ ဒီမှာအခြေခိုင်နေပြီဆိုတော့ မျိုးဆက် တွေအားလုံးလည်း ဒီမှာနေကြတယ်၊ ပြဿနာကို အဖြေရှာပြီးကိုယ့်ဘာသာ ဖြေရှင်းမယ်လို့ တွေးခဲ့ကြတယ်၊ ဒါပေမဲ့ အခြေအနေက ဒီလောက်မြန်မြန်ကြီး အရှိန်မြင့်လာမယ်လို့ မထင်ထားကြဘူး၊ နောက်မှသွားမယ်လုပ် တော့ ထွက်သွားလို့မရတော့ဘူး၊ မိသားစုမျိုးနွယ်တွေကလည်း အကူအညီတောင်းဖို့ ပြောချင်ကြတယ်၊ ဒါပေမဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေပြီ၊ သတင်းလည်း ပို့မရသလို လူတွေလည်း အပြင်ထွက်လို့မရဘူး၊ ဒီမှာပဲ ပိတ်မိနေတာ”

“အဲတုန်းက အားလုံးကကြောက်စိတ်ဝင်နေကြပြီ၊ အင်အားကြီးတွေက ဇစ်မြစ်ရှာဖို့သွားတာလည်း ဘယ်သူမှပြန်မလာခဲ့ဘူးနောက်တော့ ကျွန်မတို့ဒီကိုရောက်လာကြတာပဲ” ချူရီ ရှင်းပြလေသည်။

အစကတည်းက အိုးပစ်အိမ်ပစ်မသွားချင်ကြသော လိုလူများ၏ ခေါင်းမာမှုကို ရှီမာယူယူ စဉ်းစားကြည့် လို့ရသည်။ သူတို့သည်လည်း ထိုနေရာတွင်ပိတ်မိပြီး၊ လူရာပေါင်း ထောင်ပေါင်းများစွာ ပိတ်မိခြင်း၊ အသတ်ခံရ ခြင်းများကိုလည်း သူမ တွေးမိသည်။ ထပ်ပြောရလျှင် ထိုဝိဉာဉ်မိစ္ဆာများသည် ဒီနေရာတွင် ကောင်းကောင်းနေ နေကြသည်။ သို့သော် တစ္ဆေလောကမှလူများကြောင့် သူတို့သည် စိတ်လွတ်သွားကာ မသေကြပေ။

“တစ္ဆေမျိုးနွယ်” ကြောက်မက်ဖွယ်အဖြစ်အပျက်များကို တစ်ဆက်တည်းစဉ်းစားကြည့်ရာ ရင်ထဲမှ ဒေါသများပေါက်ကွဲလာသည်။  ထိုလူများအတွက် တစ်စုံတစ်ရာလုပ်ပေးချင်စိတ်များ ပြင်းထန်သည်မှာ ပထမ ဆုံးအကြိမ်ဖြစ်သည်။

အပြာရောင်ဓားသွားနှင့် တခြားသူများ၏ မျက်နှာများမှာ ရုပ်ပျက်နေကြသည်။ သူတို့သည် ကိုယ့်ကို မထိန်းချုပ်နိုင်လောက်အောင် ဒေါသထွက်နေကြသော်လည်း ချက်ချင်း ပြေးသွားပြီး တစ္ဆေမျိုးနွယ်ကို လက်စား ချေရန်မှာ လောမရပေ။

***

All Chapters