← Chapters

အရင်ကတစ္ဆေဘုရင်ကိုသတ်ဖူးခြင်း

Vol. 008 Ch. 762

အရင်ကတစ္ဆေဘုရင်ကိုသတ်ဖူးခြင်း

Vol. 008 Ch. 762

ချူမျိုးနွယ်ဝင်များ ငိုနေချိန်တွင် ရှီမာယူယူနှင့် တခြားသူများသည် ဒေါသထွက်နေကြသည်။ မြေအောက် ခန်းမှ အခြေအနေသည် ပြင်းထန်နေသည်။

“ပြန်တိုက်ကြမယ်” ရှီမာယူယူပြောလိုက်သောစကားသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ပြန်တိုက်မယ်ဟုတ်လား၊ ဘယ်လိုလုပ်လုပ်နိုင်မှာလဲ၊ အနီရောင်တောင်ထိပ်မှာ ဒီလောက်အများကြီး ပြန်တိုက်ပြီးပြီ ဒါပေမဲ့ မအောင်မြင်ခဲ့ကြဘူး၊ အခု ကျွန်မတို့ကလူနည်းနည်းလေး၊ ဘယ်လိုလုပ်မှာလဲ” ယုချင်း သည် နီရဲသောမျက်လုံးများဖြင့်ကြည့်ကာ ပြောလေသည်။

“သေချာအစီအစဉ်ဆွဲမယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ သိရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ရဲ့ မတူညီတဲ့အရည်ချင်းတွေနဲ့ဆိုရင် မတူတာတွေလုပ်နိုင်မှာပဲ၊ အချိန်ရောက်လာရင် တစ္ဆေမျိုးနွယ်ဝင်တွေကို သတ်ပြီး နောက်ထပ်လူသားလောကကို လာပြီးမရှုပ်ရဲအောင်ပြပေးရမယ်”

“အစီအစဉ်ကဘာလဲ” အပြာရောင်ဓားသွား ပြောလိုက်သည်။

သူ ဘာကြောင့်လဲတော့မသိပေ။ သူမအပြုအမူကိုမြင်လိုက်ချိန်တွင် မသိစိတ်မှ ယုံကြည်မိသည်။

“သေချာတွေးပြီး အစီအစဉ်ဆွဲဖို့တော့လိုမယ်” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့က အတားအဆီး ကိုဖွင့်ရမယ်၊ ဒီမှာ တစ်နှစ်ကျော်လောက်ရှိနေတဲ့ ဝိဉာဉ်ကျောက်တုံးတွေရှိတယ်”

“ကျွန်မလည်း ရှင်တို့နဲ့လိုက်ခဲ့မယ်” ချူလျူပြောလိုက်သည် “ကျွန်မမိဘတွေအတွက် လက်တုန့်ပြန်ချင် တယ်”

“ဒါပေမဲ့ မင်းမိဘတွေက မင်းတို့ကိုအသက်ရှင်စေချင်လို့ ဒီမှာနေခိုင်းခဲ့တာ၊ အပြင်မှာအရမ်းအန္တရာယ် များတယ်၊ တစ်ခုခုဖြစ်မယ်ဆိုရင်…” ရှီမာယူယူ ပြောလိုက်သည်။

“ကိစ္စမရှိဘူး ချူမျိုးနွယ်က တစ်ယောက်ယောက်အသက်ရှင်နေတယ်ဆိုရင် ကျွန်မတို့ သွေးသားမပြတ် ပါဘူး၊ ငါ အပြင်ထွက်မယ် ရီ နင်ဒီမှာနေပြီးမောင်လေးတို့ကို သေချာဂရုစိုက်” ချူလျူ ပြောလိုက်သည်။

“အစ်မ ငါသွားမယ် နင် ဒီမှာသူတို့နဲ့နေခဲ့” ချူရီ ပြောလေသည်။

“ငါနဲ့ မငြင်းနဲ့ နင်နေခဲ့” ချူလျူသည် ခိုင်မာစွာပြောလေသည်။

“အစ်မကြီး အစ်မ၂ သားတို့လည်းသွားချင်တယ်” ဖက်တီးလေးသည်မတ်တပ်ရပ်လေသည်။ သူ့ပုံစံ သည် အမှန်တကယ်ပဲ ဖက်တီးကျူ၏ အရင်ပုံစံနှင့်ဆင်သည်။

“မရဘူး” ချူလျူနှင့် ချူရီတို့သည် တစ်ချိန်တည်းပြောလိုက်ကြသည်။

“သားသွားချင်တယ်” ဖက်တီးလေးသည် ခြေဆောင့်ရာ ခန္ဓာကိုယ်မှအဆီများသည် လှုပ်ရမ်းသွားလေ သည်။

“သားလည်းသွားမယ်”

“သမီးရောပဲ”

ထိုနေသော ကလေးများထလာပြီး ချူလျူနှင့် ချူရီတို့ကို ဝိုင်းလိုက်ကြသည်။

“နင်လို့ မရှုပ်ကြနဲ့ အပြင်မှာ အရမ်းအန္တရာယ်များတယ်၊ ဒီမှာနေပြီး ငါ့ကိုစောင့်တာပိုကောင်းတယ်” ချူလျူ ပြောလိုက်သည်။

“အစ်မကြီး”

“လိမ္မာကြနော်၊ ချူမျိုးနွယ်ကို မျိုးဆက်ပြတ်ပြီး မသေစေချင်ကြဘူးမလား” ချူလျူ ကြိမ်းမောင်းလေ သည်။

သူမ ထိုကဲ့သို့ပြောလိုက်သောအခါ ထိုကလေးများသည် ခေါင်းငုံ့ပြီး ငြိမ်သွားကြလေသည်။

“အစ်မကြီး သူတို့က အစ်မစကားကိုနားထောင်တယ်၊ နင်ဒီမှာနေတာပိုကောင်းမယ်” ချူရီ ပြောလေ သည်။

“ငါ…”

ရှီမာယူယူသည် အကြောင်းအရင်းများကို စဉ်းစားနေရာ သူတို့အော်ဟစ်နေကြသည်များကို ခေါင်းကိုက်လာသည် “ကောင်ပြီ မင်းတို့နှစ်ယောက် စကားမများကြနဲ့တော့၊ မင်းတို့သွားချင်ရင် နှစ်ယောက်လုံး အတူသွားမယ်၊ ဒီမှာ ကလေးတွေထားခဲ့လဲ သူတို့ကိုထိခိုက်အောင်လုပ်မယ့်သူ ဘယ်သူမှမရှိဘူး၊ သူတို့ကို စားစရာလုံလောက်အောင် ပေးခဲ့ရင်ဖြစ်တယ်”

သူတို့သည် ငယ်ရွယ်သူများစြဖ်ကြသဖြင့် စားချင်စိတ်များရှိတတ်ကာ စားစရာရှာရန်ထွက်သွားရမည် ဖြစ်သည်။

“ကျွန်မတို ဒီနေရာကိုဝင်မယ်ဆိုတော့ ၁နှစ်စာ အစားအစာတွေပြင်ထားခဲ့ပါတယ်” ချူလျူသည် မှော်ဝင် လက်စွပ်ထုတ်ပြီး ဖက်တီးလေးအားပေးကာ ပြောလေသည် “မင်းတို့ ဒီမှာလိမ်လိမ်မာမာနေခဲ့ကြ၊ ငါတို့ အောင်မြင်ရင် မင်းတို့အားလုံးကိုပြန်လာခေါ်မယ် နားလည်လား.. မင်းတို့ အစားအစာတွေကုန်လို့မှ ငါတို့ပြန် မလာခဲ့ဘူးဆိုရင် အစာရှာဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက်၊ ကိုယ့်ဘာသာမသွားနဲ့ကြားလား”

ဖက်တီးလေးသည် လက်ထဲမှ မှော်ဝင်လက်စွပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ လက်ဖဝါးတွင် အရာပင်ထင်နေလေသည်။ မျက်ရည်များသည် မျက်လုံးမျ စီးကျလာသည်။

“အစ်မကြီး အစ်မ၂ နားလည်ပါပြီ” ဖက်တီးလေးပြောလိုက်သည် “သားတို့ဒီမှာ လိမ်လိမ်မာမာနေခဲ့ပါ မယ်”

“ငါတို့အရင်သွားမယ်” အပြာရောင်ဓားသွားတို့ ထွက်သွားရန်ပြင်နေသည်ကို ရှီမာယူယူမြင်လိုက်သည်။

ထိုကဲ့သို့မြင်ကွင်းသည် ရင်ထဲတွင်ကောင်းစေသည်မဟုတ်။ မကြည့်သည်မှာ ပိုကောင်းသည်။

“ငါတို့အရင်သွားနှင့်မယ်၊ ဒီနေ့တော့ မထွက်သေးဘူး၊ မင်းတို့ပြီးသွားရင် လှေကားအတိုင်းတက်လာခဲ့ လိုက်” အပြာရောင်ဓားသွားသည် ချူလျူနှင့် ချူရီတို့ကိုပြောလိုက်သည်။

ကျူလန်နှင့် တခြားသူများသည် သူတို့နှစ်ယောက်ကို ခေါင်းညိမ့်ပြပြီး လှည့်ထွက်လေသည်။

သူတို့ မြေပြန့်သို့ရောက်သောအခါ ကြွက်သေတချို့ကိုတွေ့သဖြင့် ရှီမာယူယူသည် မီးရှို့လိုက်သည်။

“ညီအစ်ကိုရှီမာ” အပြာရောင်ဓားသွားသည် အနောက်မှထွက်လာပြီး ရှီမာယူယူအားခေါ်လိုက်သည် “တစ်ခုခုလိုတာရှိရင် ညွှန်ကြားလိုက်ပါ”

“အင်း” ရှီမာယူယူသည် ပြန်ဖြေပြီးနောက် လှည့်ပြီးအိမ်မှထွက်လိုက်သည်။ သူမသည် အပြင်သို့သွားပြီး တစ်ယောက်တည်း ရည်ရွယ်ချက်မရှိ လမ်းလျှောက်နေမိသည်။

“အဲဒီတစ္ဆေတစ်ရာအောင်လံတော်… အဲဒါသာရှိရင် ဒီကပြဿနာတစ်ဝက်လောက်ကို ဖြေရှင်းနိုင်တယ်” မိုရှား၏ အသံရုတ်တရက်ထွက်လာသည်။

ရှီမာယူယူသည် စိတ်ထဲတွင်ပျော်ရွှင်မှုများပြည့်သွားလေသည် “မိုရှား နိုးလာပြီလား”

“အင်း” မိုရှားသည် ပေါ့ပါးစွာဖြေလေသည်။ သို့သော် အရင်ကကဲ့သို့ အေးစက်ဆဲဖြစ်ကာ “ငါနိုးလာတာ နဲ့ မင်းရဲ့ စိတ်ပျက်လက်ပျက်မျက်နှာကြီးမြင်နေရတယ် အသုံးမဝင်လိုက်တာ”

အမှန်တကယ်မှာ သူ နိုးလာသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။ သူသည် သူတို့၏ ဆက်သွယ်မှုကို ပိတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမ မသိခြင်းဖြစ်သည်။

ရှီမာယူယူသည် သူနိုးလာသည်ဟု သိသည်နှင့် စိုးရိမ်စွာမေးလေသည် “အခု ဘယ်လိုနေလဲ”

“မဆိုးပါဘူး”

တကယ်တော့ သူခံစားရသည်မှာ ဆိုးရွားလွန်းသည်။

“တစ္ဆေတစ်ရာအောင်လံတော်အကြောင်းပြောခတယ်မလား၊ အဲတုန်းက သတိမရသေးဘူးမလား တစ္ဆေ တစ်ရာအောင်လံတော်အကြောင်းဘယ်လိုသိတာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းရဲ့ မှတ်ဉာဏ်ထဲက” မိုရှားပြောလိုက်သည်။

“သြော် တစ္ဆေတစ်ရာအောင်လံတော်အကြောင်း မင်းသိတာရှိလား” မိုရှားနိုးလာသည်ကို တွေ့သည်နှင့် အထောက်အကူရပြီဟု တွေးလိုက်သည်။ သူမ၏ ဒေါသထွက်ကာ စိုးရိမ်နေသော စိတ်များသည် ချက်ချင်းပင် ငြိမ်ကျသွားသည်။

“ရှေးဟောင်းစာအုပ်တွေမှာ တွေ့ဖူးတယ်” မိုရှားပြောလိုက်သည်။

“တစ္ဆေလောကကစာအုပ်တွေ နတ်ဆိုးလောကမှာရှိတယ်ပေါ့”

“ငါအရင်ဘဝတုန်းက တစ္ဆေလောကကိုသွားဖူးတယ်” မိုရှားပြောလိုက်သည် “စကားဖြတ်မပြောနဲ့”

“အင်း ဆက်ပြော” ရှီမာယူယူသည် အနည်းငယ်ဖားသော အပြုံးပြုံးလိုက်သည်။

“တစ္ဆေတစ်ရာယပ်တောင်က နတ်ဆိုးအရှင်ဝိဉာဉ်လက်နက်ပဲ၊ အဲဒါနဲ့ဆိုရင် တစ္ဆေလောကမှ ပြိုင်ဘက် ကင်းပဲ၊ တစ္ဆေလောကသားတွေ အသေရရ အရှင်ရရလိုချင်နေတဲ့ ရတနာပဲ” မိုရှားရှင်းပြလေသည်။

“တစ္ဆေတစ်ရာအောင်လံတော်က ဘာအသုံးဝင်တာလဲ”

“တစ္ဆေအကောင်တစ်ရာပါတယ်”

“တစ်ရာလုံးကို သိမ်းထားနိုင်တာလား”

“တစ္ဆေတစ်ရာဆိုတာ အသုံးအနှုန်းပဲ ကြိုက်သလောက်ထည့်လို့ရတယ်” မိုရှားသည် အထင်သေးစွာ ပြောလေသည် “တစ္ဆေဧကရာဇ်ဆိုရင် ခန္ဓာကိုယ်ထုထည်မရှိရင်တောင် အထဲမှာနေနိုင်တယ်၊ ပိုပြီးအဆင့်မြင့်တဲ့ တစ္ဆေတစ်ရာအောင်လံတော်တွေဆိုရင် တစ္ဆေပိုထည့်လို့ရတယ်၊ တစ္ဆေလောကမှပေါ်လာတဲ့ တစ္ဆေတစ်ရာ အောင်လံတော်တွေဆိုရင် အနည်းဆုံး နတ်ဆိုးတစ္ဆေတွေ သန်းနဲ့ချီထည့်လို့ရတယ်”

“ခန္ဓာကိုယ်ထုထည်လုပ်မယ်ဟုတ်လား အဲဒါဘာလဲ ပြီးတော့ တစ္ဆေတစ်ရာအောင်လံတော်ရဲ့ အဆင့် ဆိုတာ ဘာပြောတာလဲ” ရှီမာယူယူသည် နားထောင်လေလေ မေးခွန်းများထွက်လာရာ စုထားပြီးတစ်ခါတည်း မေးလေသည်။

“လူသားတွေသေသွားရင် သဘာဝအရ တစ္ဆေလောကကိုအပို့ခံရတယ်၊ ပြီးတော့ အဲဝိဉာဉ်တွေကလည်း အဲဒီမှာ ကျင့်ကြံလို့ရတယ်၊ သူတို့အဆင့်တွေမြင့်လာတယ်ဆိုရင် ခန္ဓာကိုယ်ထုထည်လုပ်နိုင်တယ်”

“ဒါဆိုရင် မင်းကဘာလို့ တစ္ဆေလောကကို သွားပြီးခန္ဓာကိုယ်ထုထည်ပေါ်အောင် မလုပ်ပဲ၊ ဝိဉာဉ်ကို နှစ်ခုကွဲအောင်လုပ်ပြီး ပြဿနာရှာတာလဲ”

မိုရှားသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလေသည် “ငါ တစ္ဆေလောကကိုသွားမယ်ဆိုရင် တစ္ဆေလောကတစ်ခုလုံး ငါ့ကို အမဲလိုက်တော့မယ်လို့ထင်လို့”

သူ၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက်ရှီမာယူယူသည် မျက်လုံးပြူးလာသည် “တစ္ဆေလောကတစ်ခု လုံးက မင်းကိုအမဲလိုက်မယ်ဟုတ်လား မင်းက သူတို့ဘုရင်ကိုမသတ်ခဲ့ဘူးမလား”

သူမသည် ပုံမှန်ပြောရုံသာပြောလိုက်သော်လည်း မိုရှားသည် အတည်ပြုလေသည်။

ရှီမာယူယူသည် ပိုအံ့သြသွားကာ ပြောလိုက်သည် “တစ္ဆေကိုဘယ်လိုသတ်လိုက်တာလဲ၊ ငါတို့ပြောတာ တစ္ဆေဘုရင်အကြောင်းနော်၊ မင်းတကယ်ပဲ တစ္ဆေဘုရင်ကိုသတ်လိုက်တယ်ဆိုရင်တော့ သူတို့အမဲလိုက်မယ် ဆိုတာ မအံ့သြတော့ဘူး”

“တစ္ဆေဘုရင်ဆိုတော့လည်း ဘာဖြစ်လဲ၊ ငါလည်း နတ်ဆိုးဘုရင်ပဲ အဲတော့ ငါက တစ္ဆေဘုရင်ကိုသတ် တာ ဘာအံ့သြစရာရှိလဲ” မိုရှားသည် ပေါ့ပါးစွာပြောသော်လည်း သူ့အသံသည် ဘဝင်မြင့်သောလေသံပေါက်နေ သည်။

All Chapters