ရှောင်ရှားခြင်း
Vol. 008 Ch. 764
ရှီမာယူယူသည် ဝိဉာဉ်မိစ္ဆာအုပ်လိုက်ကိုတွေ့လိုက်ရသောအခါ အမူအရာပြောင်းသွားသည်။
ဝိဉာဉ်မိစ္ဆာတွေ ဝိုင်းတာခံလိုက်ရပြီ။
ဒီလောက်ဝိဉာဉ်မိစ္ဆာတွေအများကြီး ဘယ်လိုပေါ်လာတာလဲ။ အရင်က ကြိုက်တင်အချက်ပြတာတွေ လှုပ်ရှားမှုတွေမရှိပါဘူး…
“ဘာဖြစ်တာလဲ”
အပြာရောင်ဓားသွားနှင့် တခြားသူများလည်း မိုးပေါ်ပျံလာကြရာ ရုတ်တရက်ပေါ်လာသော ဝိဉာဉ်မိစ္ဆာ များကိုတွေ့သောအခါ မျက်နှာအမူအရာများပြောင်းသွားကြလေသည်။
“ဒီလောက်ဝိဉာဉ်မိစ္ဆာတွေအများကြီး ဘယ်လိုပေါ်လာတာလဲ” ကျူလန်သည် ဝိဉာဉ်မိစ္ဆာများကို ကြောက်ရွံ့စွာကြည့်ကာ အသံမှာတုန်ယင်နေသည်။
“ဝိဉာဉ်မိစ္ဆာတွေဘယ်ကရောက်လာတာလဲ သေစမ်း သူတို့အကုန်လုံး အားကောင်းကြတယ်၊ သူတို့ထဲ ကဘယ်ကောင်မဆို ငါ့ကိုသတ်လို့ရတယ်” ချီဝေ ကျိန်ဆဲလေသည်။
ယုချင်းနှင့် ဟန်မင်လန်တို့သည် သူတို့ရှေ့မှ မငြိမ်သက်သောမြင်ကွင်းကိုကြည့်ကာ မေ့မြောမတတ်ပင်။
“ချူမျိုးနွယ်ညီအစ်မဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ထွက်မလာကြသေးဘူး” အပြာရောင်ဓားသွားပြောလိုက်သည်။
“သူတို့ကို ထွက်မလာစေနဲ့ အောက်ထပ်မှာပုန်းနေတာ သူတို့အတွက်အဆင်ပြေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် နီရဲပျားတစ်ကောင်ထုတ်ကာ ချူမျိုးနွယ်ဝင်များကို သတိပေးရန် အမြန်လွှတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဟာစွန်ကိုခေါ်ထုတ်လိုက်သည်။ သူမ ဘာမှမပြောရသေးခင်မှာပင် အားလုံးတက် လိုက်ကြသည်။
ဟာစွန်သည် အတောင်ပံခတ်ပြီး ဆန့်ကျင်ဘက်သို့ပျံသွားလိုက်သည်။ သူ့အရှိန်နှင့် သူတို့သည်လျင်မြန် စွာပင် ထိုဝိဉာဉ်မိစ္ဆာများကို ချန်ကာထွက်လာနိုင်ခဲ့သည်။
လျှို့ဝှက်အခန်းတွင် ချူလျူနှင့် ချူရီတို့သည် သူတို့၏မောင်နှမများကို မှာကြားပြီးနောက် ထွက်မည်အပြု တွင် ရုတ်တရက် မြေကြီးတုန်ခါလောက်သော ဟိန်းသံကိုကြားလိုက်ရသည်။ ဘာဖြစ်သည်ကို မသိသောကြောင့် အတားအဆီးကိုဖွင့်ပြီး အပြင်သို့ထွက်ကြည့်မည်အလုပ်တွင် နီရဲပျားသည် ရုတ်တရက် ရောက်လာကာ သူတို့ကို တားလေသည်။
သူတို့ အချိန်ကြအောင်ပျံသန်းပြီးနောက်တွင် ယုချင်းနှင့်တခြားသူများသည် တုန်ယင်ဆဲဖြစ်နေ သော်လည်း အသိပြန်ဝင်လာသည်။
“သူတို့ အဆင်ပြေမှာပါနော်” ယုချင်း၏ အသံသည် ကြောက်ရွံ့သဖြင့် တိုးညင်းနေသည်။ သူမဆီမှလာ သောအသံမဟုတ်သလိုပင်။
“နီရဲပျားတွေကို ပြောခိုင်းထားပြီးပြီပဲ၊ ချူမျိုးနွယ်ဝင်တွေ ထွက်မလာဖို့ သူတို့ပြောမှာပါ၊ ဒီလောက် ပြင်းထန်တဲ့လှုပ်ရှားမှုနဲ့ဆိုရင် လျှို့ဝှက်အခန်းတံခါးပိတ်ထားရင်တောင် သူတို့အာရုံခံနိုင်လောက်တယ်၊ ဒီအချိန် ကို ထွက်မလာလောက်ပါဘူး”
“အဲဒီဝိဉာဉ်မိစ္ဆာတွေက အရမ်းအားကောင်းကြတယ်၊ သူတို့က ငါတို့ဘက်ကိုလာနေတာ ငါ့ရင်ထဲ အေးစိမ့်သွားပြီး ခြေထောက်တွေတောင် ခွေယိုင်သွားတယ်” အဖြစ်အပျက်များကို ဒီလောက်ကြောက်သွားသည် မှာ ယုချင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့အရင်က တခြားသောဝိဉာဉ်မိစ္ဆာများ၏ လိုက်ခြင်းခံရ သော်လည်း သူတပြန်ကိုယ်တပြန်ဖြစ်ခဲ့သဖြင့် ဒီနေ့လို မခံစားရခဲ့ပေ။
“ညီအစ်ကိုရှီမာမှာ အလင်းလိုမြန်တဲ့ဟာစွန်ရှိလို့သာမဟုတ်ရင် သူတို့အုပ်ထဲကျသွားလောက်ပြီ၊ ညီအစ်ကိုရှီမာ ကျွန်တော်တို့ကို ကယ်တဲ့အတွက်ကျေးဇူးတင်ပါတယ်” အပြာရောင်ဓားသွားသည် ရှီမာယူယူ အား ကျေးဇူးတင်စွာကြည်ေ့လသည်။
“ကယ်တယ်လို့ပြောရအောင်က စောပါသေးတယ်၊ အဲကောင်တွေက အနောက်မှာရှိနေသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်လား” ယုချင်းသည် ကြောက်သွားသဖြင့်လှည့်ကြည့်သော်လည်း ဘာမှမမြင်မိပေ။
“သူတို့က အနံ့ခံကောင်းတဲ့မိစ္ဆာတွေဖြစ်ရမယ်၊ သူတို့က ကျွန်တော်တို့အနံ့ခံပြီး လိုက်လာတာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီမိစ္ဆာပျံတွေက ကုန်းနေမိစ္ဆာတွေကိုခေါ်လာတာပဲ နီရဲပျားတွေက အဲလိုပြော တယ်”
“အဲဒီနီရဲပျားတွေနဲ့ စာချုပ်ချုပ်တာ အသုံးမဝင်ဘူးလို့ အစကထင်ခဲ့တာ အခုတော့ သူတို့က အသုံးဝင် နေတယ်” ချီဝေသည် အားကျသောအသံဖြင့်ပြောလေသည် “ငါတို့ပြန်သွားတဲ့အချိန်ကျရင်တော့ ငါလည်း စာချုပ်ချုပ်ဖို့ ပျားတစ်အုပ်လောက်ရှာဦးမယ်”
“ပျားတွေနဲ့ စာချုပ်ချုပ်တော့ ဘာလုပ်မှာလဲ ပျားဘုရင်မနဲ့စာချုပ်ချုပ်ရမှာပေါ့၊ အဲဒါမှ ပျားတွေ ထုတ်ပေး နိုင်မှာ ဟုတ်တယ်မလား ညီအစ်ကိုရှီမာ” ရှန်မင်လန်သည် ရှီမာယူယူအား အားကျသောမျက်လုံးများဖြင့် ကြည့် လေသည်။
“ဟုတ်တယ် ပျားဘုရင်မနဲ့မှ အဆုံးမရှိတဲ့ပျားတွေရမှာ၊ ပြီးတော့ သူတို့ထဲက ဘယ်သူနဲ့မဆို ဆက်သွယ် လို့ရတယ် ဘယ်လောက်တောင် အဆင်ပြေလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ရှင်က ပျားဘုရင်မတစ်ကောင်နဲ့ပဲ စာချုပ်ချုပ်လိုက်တာလား” ယုချင်းသည်သိချင်စိတ်ဖြင့် မေး လေသည်။
“အခွင့်အရေးကောင်းရသွားလို့ စာချုပ်ချုပ်လိုက်နိုင်သွားတယ်” ရှီမာယူယူ ပြုံးလေသည်။
“လူတော်တော်များများက အဲလိုအမျိုးအစားတွေရှာတွေ့ရင် အလကားဖြစ်တယ်ဆိုပြီး သူတို့ စိတ်စွမ်းအင်ကို မသုံးကြဘူး၊ အဲဒါကြောင့် အများစုကမလုပ်ကြဘူး၊ သူတို့က တခြားအသုံးဝင်မယ့် မိစ္ဆာတွေကို စာချုပ်ချုပ်ဖို့ ပဲ စိတ်စွမ်းအင်သုံးလိုက်ကြတယ်၊ ခင်ဗျား သူတို့ပျားဘုရင်မကို စာချုပ်ချုပ်တဲ့အချိန်မှာလည်း အဲလိုပဲတွေးလား”
“ဘာလို့တွေးနေမှာလဲ ကျွန်တော့်ပျားတွေက အရမ်းအသုံးဝင်ပြီး အကူအညီအများကြီးပေးတယ်၊ သူတို့ ကကျွန်တော့်ရဲ့ အရည်အချင်းရှိတဲ့လက်ထောက်တွေပဲ” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ပါလား အခု အခြေအနေအကြောင်းကို သူတို့ပဲပြောတာမလား၊ မဟုတ်ရင် ကျွန်တော်တို့နောက်ကို ဒီလောက်အများကြီး ဘာလို့လိုက်တာလဲဆိုတာ ဘယ်လိုသိမှာလဲ”
အလဟသဖြစ်တယ်ဟုတ်လား။ သူမ၏ နီရဲပျားများသည် အသုံးမဝင်ဟု တစ်ခါမှမတွေးခဲ့ပေ။ ထိုအစား သူမသာ သူတို့ကိုစာချုပ်ချုပ်ပြီး သူမဘဝထဲဆွဲသွင်းခဲ့တာမလား။
“ငါပြန်တာနဲ့ ပျားဘုရင်မရှာပြီး စာချုပ်ချုပ်ရမယ်” ချီဝေသည် စိတ်ဝင်စားသွားသည်။ သူသာ အသက်ရှင် ကျန်နိုင်ပါက သေချာပေါက် ပျားဘုရင်မရှာပြီး စာချုပ်ချုပ်မည်။
“အခုတွေ့တာကို စဉ်းစားရမယ်” ကျူလန် ပြောလိုက်သည် “အဲဝိဉာဉ်မိစ္ဆာတွေက တစ်ယောက်ယောက် ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာကို သူ့အမိန့်မရှိပဲ ကျွန်မတို့ကိုလိုက်နေတာ၊ ဒီမိစ္ဆာပျံသာ ပင်ပန်းသွားလို့ သူတို့လိုက်မှီသွားရင် ကျွန်မတို့သေပြီပဲ”
“ဟုတ်တယ် တစ်ခုခုတော့စဉ်းစားဖို့လိုနေပြီ” ရှန်မင်လန် ပြောလိုက်သည် “ဒီအတိုင်းထိုင်နေလို့မရဘူး”
“ကျွန်တော်တို့ ထွက်လို့လည်းမရဘူး သူတို့ကိုသွားထိလို့လည်းမရဘူး၊ သူတို့ကိုဘယ်လိုရှင်းချင်လဲ” ရှီမာယူယူသည် တည်ငြိမ်စွာမေးလေသည်။
ရှန်မင်လန်နှင့် တခြားသူများသည် အတွေးထဲနှစ်မြောသွားလေသည်။ သူတို့သည် ပြီးခဲ့သည့် ၃လ အတွင်းတွင် အသက်မသေအောင်နေခဲ့ပြီးပြီ။ အခု သူတို့ဒီလိုအဖြစ်နှင့်တွေ့သောအခါ သူတို့၏ ဝိဉာဉ်စွမ်းအင် နှင့် ဝိဉာဉ်လက်နက်များသုံးသည်မှလွဲပြီး တခြားထင်မြင်ချက်မရှိတော့ပေ။
“ငါတို့ကိုယ့်ဘာသာ ပေါက်ကွဲမှုကိုရွေးလိုက်ရင်တောင် သူတို့ကို ဘယ်လောက်မှ ထိခိုက်အောင် လုပ်လို့ ရမှာမဟုတ်ဘူး” ယုချင်းသည် စိတ်ပျက်စွာပြောလေသည်။
သူတို့ ဒီနေရာကနေ ထွက်ပြေးနိုင်ရင်တောင် သေခြင်းကနေ မလွတ်နိုင်ဘူးမလား။
“အဲလိုဖြစ်လာရင်တော့ ငါတို့ ကိုယ့်ဘာသာပေါက်ကွဲတဲ့နည်းကိုပဲ ရွေးရမှာပဲ” အပြာရောင်ဓားသွား ပြော လိုက်သည် “သူတို့ ငါတို့ကိုသတ်လိုက်ရင် ငါတို့ဝိဉာဉ်တွေတောင် ငြိမ်းချမ်းမှာမဟုတ်ဘူး”
“ကိုယ့်ဘာသာပေါက်ကွဲအောင်လုပ်တဲ့လူက ကိုယ့်ဝိဉာဉ်တောင် ပျက်စီးသွားနိုင်တယ်၊ ခင်ဗျားတို့ အဲလိုလုပ်ချင်လို့လား” ရှီမာယူယူ မေးလိုက်သည်။
“ဒီကမ္ဘာကြီးကပျောက်ကွယ်သွားမယ်ဆိုရင်တောင် ကျွန်ဖြစ်တာထက် အဲဒါကပိုကောင်းဦးမယ်” အပြာရောင်ဓားသွား ပြောလိုက်သည်။
“ကျွန်ဟုတ်လား” ရှီမာယူယူသည် အပြာရောင်ဓားသွားအား နားမလည်သလိုကြည့်လိုက်သည်။
“ကျွန်တော် ကျသွားတဲ့ ကျွန်တော့်ရဲဘော်ရဲဘက်တွေကို တွေ့ခဲ့တယ်၊ သူတို့က နတ်ဆိုးတစ္ဆေအဖြစ် ပြောင်းပြီး ကျွန်တော်တို့ကိုတိုက်တယ်” အပြာရောင်ဓားသွား ပြောလိုက်သည် “သူတို့လူသားစိတ်ပျောက်သွား ကြပြီး နတ်ဆိုးတစ္ဆေစိတ်ဝင်သွားတယ်”
“ဟုတ်တယ် အဲအဆင့်မရောက်ခင် ကိုယ့်ဘာသာပေါက်ကွဲတဲ့နည်းကိုပဲရွေးမှာပဲ” ယုချင်းသည် ခိုင်မာ စွာပြောလေသည်။ သူမ၏ ဖျော့တော့သော မျက်နှာလေးသည် အလွန်ကြောက်ရွံ့သောပုံပေါက်နေသည်။
“ညီအစ်ကိုရှီမာ သူတို့တကယ်ပဲလိုက်မှီလာရင် ခင်ဗျားလည်း အဲလိုပဲလုပ်သင့်တယ်၊ သေရင်တောင် အဲလိုဘဝမျိုးရောက်စရာမလိုဘူး၊ အဲဒါကသေတာထက်တောင်ဆိုးသေးတယ်” ချီဝေသည် ရှီမာယူယူကို နှစ်သိမ့် နေသေးသည်။
ရှန်မင်လန်သည်လည်း ဘေးမှခေါင်းညိမ့်လေသည်။
ရှီမာယူယူသည် ရယ်မောလေသည်။ ဒီလူတွေက တကယ်ပဲစိတ်ဝင်စားစရာပဲ။ သူတို့ချစ်စရာကောင်း သောပုံစံကိုကြည့်ပြီး သူတို့ကို တစ်ခါတည်းကယ်ချင်စိတ်ပေါက်လာသည်။
“စိတ်ချပါ ကျွန်တော်နဲ့ရှိနေရင် ခင်ဗျားတို့ မသေပါဘူး”
သူမ ယုံကြည်ချက်အပြည့်ဖြင့်ပြောသော်လည်း အပြာရောင်ဓားသွားတို့သည် မယုံကြသေးပေ။ သူတို့၏ အမြင်တွင် ထိုအရာသည် လုံးဝမဖြစ်နိုင်သောကြောင့်ပင်။
ရှီမာယူယူသည် များများစားစားမပြောပေ။ သူမသည် ပြုံးသာပြုံးကာ ဟာစွန်ကို ကျယ်ကာဗလာကျင်း သော ချောက်ကိုပို့ခိုင်းလိုက်သည်။
***