← Chapters

ခင်ဗျားက ကျွန်တော့်ဆရာပဲ

Vol. 008 Ch. 765

ခင်ဗျားက ကျွန်တော့်ဆရာပဲ

Vol. 008 Ch. 765

ဟာစွန်သည် နောက်ထပ်နေ့တစ်ဝက် ပျံသန်းသည်။ ဝိဉာဉ်မိစ္ဆာများနှင့် အတော်အသင့်ကွာဝေးသည်ကို ရှီမာယူယူသိသောအခါ တောင်ကြားတစ်ခုတွင်ရပ်ရန် ပြောလိုက်သည်။

ဟာစွန်သည် တစ်လမ်းလုံးတောက်လျှောက်ပျံသန်းလာရာ ပျံသန်းပြီးနာရီအနည်းငယ်အတွင်းတွင် ကံကောင်းစွာပင် တောင်ကြားတစ်ခုကိုတွေ့လေသည်။ ထို့အပြင် ထိုတောင်ကြားသည် ကျယ်ဝန်းသည်။

ရှီမာယူယူသည် သူ့နောက်ကျောကိုပုတ်ပြီး ကမ်းပါးတစ်ခုတွင် ချပေးရန်ပြောလိုက်သည်။

“ညီအစ်ကိုရှီမာ ဒီမှာဘာလို့ရပ်တာလဲ” ချီဝေနှင့် တခြားသူများသည် နားမလည်ကြပေ။

သူတို့သည် ဝိဉာဉ်မိစ္ဆာများနှင့် ဝေးနေသည်ကို အခွင့်ကောင်းယူကာ ပိုဝေးအောင် ထွက်ပြေးသင့်တာ မဟုတ်ဘူးလား။ ဘာလို့ရပ်လိုက်တာလဲ။ သူတို့က ဝိဉာဉ်မိစ္ဆာတွေမှီလာတာကို စောင့်ရမှာလား။

“တစ်သက်လုံးပြေးနေတာက နည်းဗျူဟာမဟုတ်ဘူး၊ ပြဿနာအရင်းအမြစ်ကို အရင်ရှင်းရမယ်” ရှီမာယူယူသည် ဟာစွန်ပေါ်မှဆင်းလိုက်သည်။ ကျန်သောလူများသည် တွေဝေနေသေးသော်လည်း ဆင်းလိုက် ကြသည်။

“ပြဿနာအရင်းအမြစ်ကိုရှင်းချင်တယ်ဆိုရင် ဝိဉာဉ်မိစ္ဆာတွေကို သတ်ရုံအပြင်မရှိတော့ဘူး” ကျူလန် ပြောလိုက်ရာ သူမ၏ ကလေးမျက်နှာလေးသည် လူသတ်မည့်အကြည့်ပြောင်းသွားသဖြင့် မျက်နှာနှင့် မလိုက်မဖက် ဖြစ်သွားသည်။

“ဟုတ်တယ် အဲဒီဝိဉာဉ်မိစ္ဆာတွေကို မရှင်းရင် ဘယ်လောက်ဝေးဝေးပြေးနိုင်မှာလဲ၊ သူတို့ကမှီလာမှာပဲ” ရှီမာယူယူသည် ပတ်ဝန်းကျင်အား အကဲခတ်ရင်းပြောလေသည် “တကယ်တော့ တိုက်ရိုက်အဖြစ်ဆုံးနည်းက သူတို့ကိုထိန်းချုပ်နေတဲ့လူကိုသတ်ဖို့ပဲ၊ ဒါပေမဲ့ အဲဒါကမဖြစ်နိုင်တဲ့ပုံပဲ”

“ဒါဆို ဘာလုပ်ကြမလဲ” ယုချင်း မေးလိုက်သည်။

“အောင်မြင်ဖို့အတွက် သော့ချက်က အခွင့်အရေး၊ နေရာနဲ့လူပဲ၊ အဲဒါတွေ… တစ်ခုမှမရှိဘူး” သူမ စပြောလိုက်သောစကားများကိုနားထောင်ပြီးနောက် အားတက်သွားသော်လည်း နောက်ပြောလိုက်သောစကား ကြောင့် မျက်နှာထားများပြောင်းသွားကြလေသည်။

ချီဝေသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူက တကယ်ပဲ ဘယ်လိုကသိကအောင့်ဖြစ်အောင်လုပ်ရမလဲ ဆိုတာကို သိတာပဲ။

သူ ပြောပြီးသားလေ။ ဒါက တစ္ဆေရဲ့ အရိပ်တောင်မရှိဘူးလို့။ လူမပြောနှင့် တောင်ကြားတွင် ဟာလာဟင်းလင်း။ အခွင့်အရေးကောင်း၊ နေရာနှင့် လူရအောင် ဘယ်လိုလုပ်လို့ရမှာလဲ။

“ကျွန်တော်တို့မှာ အဲဒါတွေမရှိပေမယ့် ဖန်တီးလို့ရပါတယ်” ရှီမာယူယူ ဆက်ပြောလေသည်။

“ဖန်တီးမယ် ဘယ်လိုလဲ”

“ကျွန်တော့်နည်းလမ်းနဲ့ ကျွန်တော်ရှိတာပေါ့၊ ဒီမှာနေပြီး ကြည့်နေရုံပဲ” ရှီမာယူယူသည် ပြောပြီးနောက် မိုးပေါ်ပျံသွားပြီး တောင်ကြားအလယ်တွင်ရပ်လိုက်သည်။ သူမသည် အကွာအဝေးကို ဂရုတစိုက်တွက်ချက်လေ သည်။

“သူဘာလုပ်နေတာလဲ” ရှန်မင်လန် နားမလည်ပေ။

“ကြည့်ရင်သိမှာပဲ” ချီဝေနှင့် တခြားသူများလည်း နားမလည်ကြပေ။

“ဒါက… သူတည်ဆောက်မှုလုပ်မလို့မဟုတ်ဘူးမလား” ယုချင်းခန့်မှန်းလေသည်။

“တည်ဆောက်မှုလုပ်မယ်ဟုတ်လား”

“ပြီးခဲ့တဲ့တစ်ခေါက်က ငါဆရာဘူနဲ့ အပြင်သွားတော့ သူလည်းမိုးပေါ်ပျံကြည့်ပြီး တည်ဆောက်မှုလုပ်နေ တာပဲ” ယုချင်းသည် ယုံကြည်မှုမရှိစွာပြောလေသည်။

“ဆရာဘူက တော်တဲ့တည်ဆောက်မှုသခင်ပဲ၊ သူက ပတ်ပတ်လည်ကိုကြည့်ရုံကြည့်ပြီး တည်ဆောက်မှု လုပ်တယ်ဆိုတာ အကျိုးအကြောင်းသင့်တယ်၊ ဒါပေမဲ့ညီအစ်ကိုရှီမာက ငယ်သေးတယ်၊ သူက တည်ဆောက်မှု သခင်ဆိုရင်တောင် အဲလောက်မလုပ်နိုင်လောက်ဘူးမလား”

“သူသာ မြေပြင်အခြေအနေကိုပဲကြည့်ပြီး တည်ဆောက်မှုလုပ်နိုင်မယ်ဆိုရင် သူ့ကို အစ်ကိုကြီးလို့ခေါ်ပြီး ငါက သူ့ညီလေးလုပ်လိုက်မယ်” ချီဝေ အားရဝမ်းသာပြောလေသည်။

သူသည် ရှီမာယူယူ အမှန်တကယ်တည်ဆောက်မှုလုပ်နေသည်ကို မယုံကြည်ပေ။ သူမသည် တစ်စုံတစ်ရာကိုရှာဖွေနေခြင်းဖြစ်ရမည်။ မဟုတ်လျှင် ဝိဉာဉ်မိစ္ဆာတွေကို ပြန်တိုက်ဖို့အတွက် တစ်စုံတစ်ခု ရှာနေ ခြင်းဖြစ်ရမည်။

သူပြောလိုက်သည့်စကားကိုရှီမာယူယူ ကြားသောအခါ သူမ၏ မောင်လုပ်ရန် အရည်အချင်းပြည့်မှီမမှီ ဟူသည့်အနေနှင့် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင် အားလုံးအံ့သြသွားသည်မှာ သူမသည် တည်ဆောက်မှုကျောက်တုံးများထုတ်ပြီး နည်းစနစ်ကျကျနေရာချနေလေသည်။

“သူကတကယ်ပဲ ကြည့်ရုံနဲ့ပဲ တည်ဆောက်မှုလုပ်နိုင်တာလား” ရှန်မင်လန်သည် နေရာသစ်တစ်ခု ရောက်သွားသလိုခံစားရလေသည်။

ချီဝေသည် အားသုံးကာ မျက်လုံးပွတ်ကြည့်လေသည်။ နောက်ဆုံးတွင် တည်ဆောက်မှုအားမြင်လိုက် သောအခါ သူအော်လေသည် “သူ လှည့်စားတာဖြစ်မယ်….”

“ဒီလူကတော့…” အပြာရောင်ဓားသွားပင်လျှင် အံ့သြမှုကို မဖုံးကွယ်နိုင်ပေ။

ယုချင်းသည် ပထမဆုံးသတိပြန်ဝင်လာသူဖြစ်ကာ ရှီမာယူယူကို ကြည့်သော သူမမျက်လုံးမှ အားကျမှု များကို ဖုံးကွယ်မရပေ။

“ချီဝေ မင်းသေပြီ” သူမ၏ တည်ငြိမ်သောအသံသည် အားလုံးကို အသိစိတ်ပြန်ဝင်စေသည်။

“ဘာပြောချင်တာလဲ” ချီဝေ၏ ဦးနှောက်မှာ မလည်ပတ်နိုင်ဆဲဖြစ်ကာ သူမ ဆိုလိုသည့်အကြောင်းအရာ ကို မသိသေးပေ။

“သခင်သခင့်လေးချီက သူ့ညီလုပ်မယ်ဆိုတော့ မင်းအစ်ကိုကြီးက သိရင် မင်းကိုဘယ်လိုအပြစ်ပေးမလဲ သိချင်လို့” ယုချင်းသည် ရယ်မောလေသည်။

“အာ” ချီဝေသည် အစောကစနောက်ပြောခဲ့သော စကားများကို တွေးမိပြီး နားလည်သွားကာ ရယ်မော လေသည် “ငါသာ ညီအစ်ကိုရှီမာရဲ့ ညီဖြစ်မယ်ဆိုရင် သူတို့ငါ့ကို အပြစ်မပေးပါဘူး၊ သူတို့က ဒီလောက် မိုက်တဲ့ လူဖြစ်နေလို့ ချီးတောင်ချီးကျူးဦးမယ်”

“အဲလိုဖြစ်ပါစေလို့” ကျူလန်သည် သူမမောင်အဖြစ်ကိုတွေးကာ ချီတုံချတုံပြုံးလေသည်။

“ဒီလောက်ငယ်တဲ့ တည်ဆောက်မှုသခင်… ဘယ်မျိုးနွယ်ကများ ဒီလိုလူကို မွေးထုတ်လိုက်တာလဲ မသိဘူး” အပြာရောင်ဓားသွား၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများအပြည့်ဖြင့် ရှီမာယူယူအား ကြည့် လေသည်။

ရှီမာယူယူသည် တည်ဆောက်မှုလုပ်ရာတွင် အာရုံနှစ်ထားသည်။ သူမသည် ဝိဉာဉ်မိစ္ဆာများထိုနေရာသို့ ရောက်မလာခင် ပြီးအောင်သေချာလုပ်ရမည်။ မဟုတ်လျှင် အားလုံးသည် အပြောသက်သက်ဖြစ်သွားမည်။ သည်လိုနှင့် သူမသည် သူတို့၏ စိတ်အားထက်သန်သောအကြည့်များကို တုန့်ပြန်ရန်အချိန်မရှိပေ။

ထိုအချိန်တွင် သူမသည် နဂါးထောင်ချောက်တည်ဆောက်မှုကို လုပ်နေလေသည်။ သို့သော် တည်ဆောက်မှုအပေါ်တွင် တည်ဆောက်မှုထပ်လုပ်ရသဖြင့် အရင်ကထက် အချိန်ပိုသုံးရသည်။ သို့သော် အပြင် မှကြည့်လျှင် သူမသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့်လုပ်လိုက်ခြင်းဖြစ်သည်။

သူမ တည်ဆောက်မှုလပ်ပြီးသောအခါ နောက်မြေပြန့်တစ်နေရာသို့သွားပြီး နောက်တစ်ခုဆောက်လုပ် လေသည်။ ထို့နောက်တွင် သူမ သူတို့အားလက်ပြရာ အားလုံးပျံလာကြလေသည်။

“ဆရာ တည်ဆောက်မှုလုပ်ပြီးသွားပြီလား” အားလုံးသည် ပျံလာကြရာ ချီဝေသည် ရှီမာယူယူဘေးတွင် ဆင်းသက်လိုက်သည်။ သူသည် သူမကို ဆရာဟု ကျယ်လောင်စွာခေါ်ရသည်ကို မရှက်ပေ။

ရှီမာယူယူသည် သူ့အားမျက်စောင်းထိုးပြီး စနောက်ကာ ပြောလေသည် “ကျွန်တော်က ခင်ဗျား ရဲ့ဆရာမဟုတ်ဘူး ကျွန်တော့်ကို တွေ့ကရာမခေါ်နဲ့”

“ခင်ဗျားက ဘယ်လိုလုပ်ကျွန်တော့်ဆရာမဟုတ်ရမှာလဲ၊ လှည့်ပတ်ကြည့်ရုံနဲ့ တည်ဆောက်မှုလုပ်နိုင် တယ်ဆိုရင် ကျွန်တော်က ခင်ဗျားညီလုပ်မယ်လို့ ပြောခဲ့တာပဲ အခု ကျွန်တော်က ခင်ဗျားကို ဆရာလို့ခေါ်နေတာ လေ၊ ကျွန်တော့်ကို ပစ်သွားလို့မရဘူး၊ ပြီ်းတော့ ကိုယ့်စကားကိုယ်မတည်တဲ့လူဖြစ်အောင် မလုပ်နဲ့” ချီဝေသည် သူမလည်ပင်းအား သိုင်းဖက်ရင်းပြောလေသည်။

သူ့ကိုယ်ပိုင်အမှန်တရားနှင့် ပြောနေသည်ကို ရှီမာယူယူမြင်သောအခါ သူနှင့်ပတ်သတ်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ဒီလူသည် ထူးဆန်းသည်ဟု သူမ ခံစားရသည်။

သူမ သူ့အားဆွဲပြီး ပြောလိုက်သည် “ခင်ဗျား မုတ်ဆိတ်ရိတ်မယ်ဆိုရင် ကျွန်တော့်ညီအဖြစ်အသိအမှတ် ပြုမယ်”

“ဟား”

ယုချင်းနှင့် တခြားသူများသည် ရယ်မောကြလေသည်။ ဒီလူသည် သူ့မုတ်ဆိတ်ကို မည်မျှတန်ဖိုးထား သည်ကို သူတို့သိကြသည်။ အခု သူမသည် သူ့ကိုရိတ်ပစ်ရန် တောင်းဆိုနေသည်။ ဒါက သူ့ကို အိမ်ပြန်တဲ့ တစ်လမ်းလုံး ငိုသွားအောင်လုပ်တာပဲ။

သူသည် သူ့မုတ်ဆိတ်ကို ရတနာတစ်ပါးလိုသဘောထားသည်ကို ရှီမာယူယူ ခန့်မှန်းမိသောကြောင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ သူ၏ အမူအရာကို သူမမြင်သောအခါ နောက်ကျောကို ပုတ်ပြီး ပြောလိုက် သည် “မရိတ်နိုင်လည်း အဆင်ပြေပါတယ်၊ အကြီးကြီးတောင်းဆိုတာက ကျွန်တော်ပါ ဘယ်သူမှ ခင်ဗျားကို မကောင်းမပြောဘူးရယ်”

“မရိတ်နိုင်ဘူးလို့ဘယ်သူပြောလဲ” ချီဝေသည် ဓားထုတ်ကာ ချက်ချင်းပင် မုတ်ဆိတ်ကို ဖြတ်လိုက် လေသည်။

“ခင်ဗျား…” သူဒီလောက်လုပ်မည်ဟု ရှီမာယူယူထင်များသဖြင့် သူ့အပြုအမူကိုမြင်လိုက်သည်နှင့် တုန့်ပြန်မှုဖြစ်သွားသည်။

ချီဝေ၏ မုတ်ဆိတ်သည် ကြုံသလိုညှပ်လိုက်သဖြင့် ရယ်စရာကောင်းနေလသည်။ ကျန်ရှိနေသော မုတ်ဆိတ်ကိုသာ မရိတ်ပါက သူအပြင်ကိုသွားရဲမည်မဟုတ်ပေ။

ရှီမာယူယူသည် အပြစ်ရှိသည်ဟု ခံစားရသော်လည်း သူ့အကျင့်မှာမဆိုးလှဟု ခံစားရသည်။ သူမ ဆက်ရယ်မောနေချိန်တွင် အပြာရောင်ဓားသွားနှင့် တခြားသူများသည် တမင်သက်သက်ရယ်မောကြလေသည်။

“ချီဝေ မင်းတကယ်ပဲ မုတ်ဆိတ်ရိတ်လိုက်တာပဲ မင်းပြန်သွားရင်တော့ ကျန်တဲ့လူတွေ သေချာပေါက် အံ့သြကြမှာပဲ” ရှန်မင်လန်သည် ဗိုက်ကိုဖိကာ ဟားတိုက်ရယ်လေသည်။

ရုတ်တရက်ပင် ရှီမာယူယူ၏ အမူအရာပြောင်းသွားကာ သူတို့နောက်ပြောင်နေသည်ကို စကားဖြတ်ပြော ကာ သတိပေးလိုက်သည် “ဝိဉာဉ်မိစ္ဆာတွေရောက်လာပြီ”

***

All Chapters