← Chapters

ဇဝေဇဝါဖြစ်ခြင်း

Vol. 008 Ch. 766

ဇဝေဇဝါဖြစ်ခြင်း

Vol. 008 Ch. 766

ရှီမာယူယူ၏ စကားလုံးများသည် သူတို့ကို ဆွဲခေါ်သလိုဖြစ်ကာ သူတို့၏ပျော်ရွှင်မှုများမှာ လေးနက်မှု အဖြစ်ပြောင်းသွားစေသည်။ သူတို့သည် အပြုံးများကိုဘေးဖယ်လိုက်ပြီး ထိုဦးတည်ဘက်သို့ ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

“ဆရာ ဆရာ့ရဲ့တည်ဆောက်မှုက တကယ်အသုံးဝင်လား” ချီဝေ၏ လက်များသည် ရိတ်ထားသော မုတ်ဆိတ်ကိုပွတ်သတ်မည်လုပ်ပြီးမှ ရုတ်တရက်ရပ်သွားပြီး သံသယဖြင့်မေးလေသည်။

ရှီမာယူယူသည် သူ၏ တစ်ဝက်တစ်ပြတ်မုတ်ဆိတ်ကို ကြည့်ပြီး သူအမည်တပ်သည်ကို လက်ခံလိုက် သည်။

“ဘာတွေစိုးရိမ်နေတာလဲ၊ ခဏနေရင် အဖြေသိရမှာပဲ” ရှီမာယူယူ၏ အဖြေသည် တခြားကြောက်နေသူ များနှင့် မတူပဲတည်ငြိမ်နေသည်။

ချီဝေသည် စဉ်းစားကြည့်သည်။ စိုးရိမ်စရာမရှိဘူးဆိုရင် သူ့မုတ်ဆိတ်ကို အဆင်ပြေအောင်ဆက်ရိတ်ရ မယ်ထင်တယ်။

မိစ္ဆာများရောက်လာမည်မှာ မည်သည့်အချိန်ဖြစ်ပါစေကာမူ သူ့မုတ်ဆိတ်ကိစ္စကို ရှင်းနေရမှပင် သူ အပြည့်အဝ အာရုံစိုက်နိုင်ကာ အပြင်မှကိစ္စများကိုလျစ်လျူရှုနိုင်မည်။

သူ့အပြုအမူချက်ချင်းပြောင်းသွားသည်ကို ရှီမာယူယူကြည့်ပြီး ရင်နာမိသည်။ သူက တကယ်ပဲ လူချော တစ်ယောက်ဖြစ်ရဲ့သားနဲ့ ဘာလို့မုတ်ဆိတ်အရှည်ကြီးထားနေရတာလဲ။

အပြာရောင်ဓားသွားနှင့် တခြားသူများသည် စိုးရိမ်နေချိန်တွင် ရှီမာယူယူသည် တည်ငြိမ်ကာ ချီဝေသည် မုတ်ဆိတ်ရိတ်နေသည်။ ထိုအချိန်တွင် အနက်ရောင်အစက်အပြောက်သည် ကျယ်ပြန့်သောကောင်းကင်ပေါ် တွင် ရုတ်တရက်ပေါ်လာသည်။ ထို့နောက်တွင် အနက်ရောင်အပြောက်သည် ကြီးကြီးလာသည်မှာ ဝိဉာဉ် မိစ္ဆာများချောင်းမြောင်းတိုက်ခိုက်မည့်ပုံပင်။

“စီနီယာ ကျူ” ယုချင်းသည် ဝိဉာဉ်မိစ္ဆာများနီးလာသည်ကို မြင်သောအခါ ကျူလန်၏ လက်ကိုစိုးရိမ်စွာ ဖြင့် ကိုင်လေသည်။

ကျူလန်၏ လက်ဖဝါးမှာ ချွေးထွက်နေသော်လည်း ယုချင်း၏ လက်ကိုကိုင်ထားဆဲဖြစ်ကာ တုန်ယင်စွာ ပြောလေသည် “အဆင်ပြေမှာပါ အဆင်ပြေသွားမှာပါ”

ချီဝေ၏ မုတ်ဆိတ်မှာ အားလုံးရိတ်ပြီးဖြစ်ကာ ဓားကိုသိမ်းပြီး နီးကပ်လာသော ဝိဉာဉ်မိစ္ဆာများကို ကြည့် လိုက်သည်။ သူ အော်လုနီးပါးဖြစ်သွားချိန်တွင် ရှီမာယူယူသည် သူ့ပါးစပ်ကိုပိတ်လိုက်သည်။

“မအော်နဲ့” ရှီမာယူယူသည် သူ့အားကြည့်ပြီး တိုးညင်းသောအသံဖြင့် ပြောလေသည်။

ချီဝေသည် ခေါင်းညိမ့်ကာ သူမလက်ဖယ်သည်အထိ စောင့်ပြီး တိုးညင်းစွာပြောလေသည် “အဲဒီဝိဉာဉ် မိစ္ဆာတွေက တစ်ခုခုပဲလို့ဘာလို့ခံစားမိနေတာလဲ”

အပြာရောင်ဓားသွားနှင့် တခြားသူများလည်း ထိုအတိုင်းအာရုံခံမိသည်။ ထိုဝိဉာဉ်မိစ္ဆာများသည် သူတို့ ဆီသို့ပျံလာခြင်းမဟုတ်ပဲ တောင်ကြားဘက်သို့ပျံသွားခြင်းဖြစ်သည်။

ချီဝေသည် ရှီမာယူယူဘက်လှည့်ကာ သူမ နားနားတွင် တိုးညင်းစွာမေးလေသည် “ဆရာ ဘယ်လိုဖြစ် တာလဲ”

အားလုံးလည်း လှည့်ကြည့်ကြသည်။

ရှီမာယူယူသည် လက်ဆန့်ကာ သူ့ခေါင်းကိုတွန်းပစ်ပြီး ပြောလိုက်သည် “ဘာလဲ”

“အဲဒီဝိဉာဉ်မိစ္ဆာတွေလေ၊ ဘာလို့ဟိုဘက်ကိုပျံသွားကြတာလဲ ကျွန်တော်တို့ဒီမှာရှိနေတာကို” ချီဝေ ပြောလိုက်သည်။

“သူတို့မျက်လုံးထဲမှာ ငါတို့က ဟိုဘက်ရောက်နေတာ” ရှီမာယူယူသည် တောင်ကြားဘက်သို့ ညွှန်ပြ လိုက်သည်။

“ဘာလို့လဲ”

“ငါတည်ဆောက်မှုလုပ်လိုက်တာလေ၊ အဲတစ်ခုနဲ့ ငါတို့ရပ်နေတာနဲ့ ချိတ်ဆက်လိုက်တာ၊ ငါတို့ အရိပ်နဲ့ ရောင်ဝါတွေက ဖြတ်လမ်းတည်ဆောက်မှုရှိတဲ့ဘက်ရောက်သွားတာ၊ အဲဒါကြောင့် ဝိဉာဉ်မိစ္ဆာတွေက ငါတို့ကို တောင်ကြားမှာရှိတယ်ထင်နေတာ” ရှီမာယူယူ ရှင်းပြလိုက်သည်။

“အဲဒါက သတင်းပဲကြားဖူးတဲ့ သားအမိတည်ဆောက်မှုလား” ယုချင်းမေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် “မင်းက သားအမိတည်ဆောက်မှုကိုသိတာလား၊ မိန်းကလေးယုချင်း မင်းလည်း တည်ဆောက်မှုသခင်လား”

ယုချင်းသည် ခေါင်းရမ်းကာ ပြောလေသည် “မဟုတ်ပါဘူး၊ ဆရာဘူနဲ့ လိုက်သွားတုန်းက သားအမိ တည်ဆောက်မှုအကြောင်း သူပြောတာကြားဖူးလို့ပါ၊ ပျောက်ဆုံးနေတဲ့ တည်ဆောက်မှုအမျိုးအစားတွေ အများကြီးရှိတယ်ဆိုပြီး အဲတုန်းက သူယူကြုံးမရပြောခဲ့သေးတယ်၊ သားအမိတည်ဆောက်မှုက တည်ဆောက်မှု နှစ်ခုဆက်သွယ်ပြီးမှ အသက်ဝင်တာဆိုတော့ ထူးခြားနေတယ် ကျွန်မမှတ်မိတယ်”

“ဆရာဘူဟုတ်လား သူက သူရဲကောင်းဓားသွားဂိုဏ်းက တည်ဆောက်မှုသခင်လား” ရှီမာယူယူ မေး လိုက်သည်။

“ဟုတ်တယ် သူက တော်တယ်၊ အတွင်းပိုင်းဒေသတွေက အများစု သူ့ကိုလေးစားကြတယ်” ယုချင်း၏ မျက်နှာသည်လည်း လေးစားမှုကိုပြနေကာ ပြောလေသည် “ရှင်သာ သားအမိတည်ဆောက်မှုကိုလုပ်နိုင်တယ် ဆိုတာ သူသိရင် စိတ်လှုပ်ရှားပြီးရူးတောင်သွားမယ်၊ သူက ရှင့်ကိုလာတောင်လာရှာနိုင်တယ်”

“အာ.. သူ့ကိုမပြောတာကောင်းပါလိမ့်မယ်” ရှီမာယူယူသည် ထိုသိချင်စိတ်များသောလူများကို ပြန်ပြော ပြချင်စိတ်မရှိပေ။ အထူးသဖြင့် ဒီလိုမျိုးအလုပ်များနေချိန်တွင်ဖြစ်သည်။

ထိုဝိဉာဉ်မိစ္ဆာများသည် တောင်ကြားသို့ပျံပြီးနောက်တွင် ရပ်သွားကြကာ အထဲကိုမြင်သောအခါ ကြောက်မက်ဖွယ်အကြည့်များဖြင့် ကြည့်ကြလေသည်။

“ရွှီး”

ပြင်းထန်သော တိုက်ချက်တစ်ခုသည် တောင်ကြားရှိလူများကို တိုက်ခိုက်ပြီး မီးလုံးထွက်လာသည်။ မီးလုံးပျံကျော်သွားသည်နှင့် သူတို့၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ရှီမာယူယူနှင့် တခြားသူများရှိနေသော တည်ဆောက်မှုမှာပြိုကွဲသွားပြီး ဝိဉာဉ် မိစ္ဆာများမြင်ကွင်းရှေ့တွင် ပေါ်လာသည်။

“အတုလား”

ဝိဉာဉ်မိစ္ဆာများသည် လှည့်စားခံရသည်ကို သိပြီးနောက် ပိုပြီးကြမ်းတမ်းလာသည်။ သူတို့ထောင်ချောက် မိနေသည်ဟု သိသည်နှင့် သူတို့ကိုဆွဲဖြဲပစ်ချင်နေမိသည်။ တစ်ကောင်ချင်းဆီသည် ဟိန်းမာန်နေကြပြီး နဂါး ထောင်ချောက်တည်ဆောက်မှုအတွင်းတွင် တည်ဆောက်မှုကိုပြင်းထန်စွာရိုက်နှက်နေကြသည်။

မိစ္ဆာပျံများသည် တည်ဆောက်မှုအတွင်းတွင် ရှုပ်ယှက်ခတ်နေအောင် ပျံသန်းနေကြပြီးနောက် တချို့ ဝိဉာဉ်မိစ္ဆာများသည် မြေပေါ်သို့နောက်ပြန်လန်ကျသွားလေသည်။ သူတို့သည် အရေထူ၍သာတော်သေးသည်။ ထို့ကြောင့် ကျရုံနှင့်မသေခြင်းဖြစ်သည်။

အပြာရောင်ဓားသွားနှင့် တခြားသူများသည် ဝိဉာဉ်မိစ္ဆာများ သူတို့ကိုတွေ့သွားချိန်တွင် တည်ဆောက်မှု ကျဆုံးပြီဟုတွေးထားကြကာ ကြောက်သွားကြသဖြင့် ပျံပြေးမည်လုပ်သည်။ နောက်ဆုံးတွင် ဂယက်ထကာ ရိုက်နှက်နေကြသော အုပ်စုကို စောင့်ကြည့်လိုက်ရတော့သည်။

“ဟားဟား အဲဒီဝိဉာဉ်မိစ္တာတွေက တကယ်ပဲ ရယ်ရတာပဲ” ရှန်မင်လန်သည် ပေါင်ကိုရိုက်ရင်းရယ်မော လေသည်။

“တကယ်ပဲ” အပြာရောင်ဓားသွားသည်လည်း ရယ်မောလေသည်။

တခြားသူများသည် စိတ်ချနေပုံပေါ်သည်။ အစောပိုင်းက ထွက်ခဲ့သောချွေးများသည် အတွင်းပိုင်းအဝတ် များတွင် စိုရွဲနေဆဲဖြစ်သည်မှာတော့ ကောင်းကင်ကသာသိမည်။

“အခုဘာလုပ်ကြမလဲ” ချီဝေမေးလိုက်သည်။

သူ၏ ရိတ်ထားသောမုတ်ဆိတ်များမှာ စိမ်းဖန့်ပြီး သန့်ရှင်းနေရာ သူ၏ချောမောသော ပုံစံမှာပေါ်လွင်နေ သည်။ သူသည် ဆွဲဆောင်မှုတစ်မျိုးရှိသည်။

“သူတို့ကိုရှင်းပစ်ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

ရှင်းပစ်မယ်ဟုတ်လား။ သူတို့ကိုရှင်းပစ်မှာ သေချာရဲ့လား။

သူတို့သည် ရှီမာယူယူနောက်လိုက်ကာ ပျံသန်းလိုက်ကြပြီး လေထဲတွင်ရပ်ကာ ထိုဝိဉာဉ်မိစ္ဆာများကို ကြည့်လိုက်ကြသည်။

“အဲဒီဝိဉာဉ်မိစ္ဆာတွေကသန်မာတယ် ဒါပေမဲ့ သူတို့ကို တစ္ဆေလောကသားတွေက ထိန်းချုပ်ထားတဲ့ အတွက် စဉ်းစားဉာဏ်ပျောက်နေတယ်၊ နှမြောစရာပဲ” ကျူလန် ပြေလိုက်သည်။

“ဟုတ်တယ် တကယ်ပဲနှမြောစရာပဲ” ယုချင်းသည် စိတ်မကောင်းစွာပြောလေသည်။

သူတို့အမြင်တွင် ထိုအကောင်များသည်တစ္ဆေလောကသားများ၏ ထိန်းချုပ်မှုကိုခံစားရသဖြင့် သေရုံ အပြင်မရှိတော့ဟု…. သူတို့ကိုလွှတ်လိုက်ပါက နောက်ဆုံးတွင် အရှုံးနှင့် ရင်ဆိုင်ရမည်ဟု တွေးသောကြောင့် ဖြစ်သည်။

“အိမ်မက်လေး အဲဒီဝိဉာဉ်မိစ္ဆာတွေလိုချင်လား” ရှီမာယူယူ မေးလိုက်သည်။

အိမ်မက်လေးသည် အားလုံးရှေ့တွင်ပေါ်လာပြီး ထောင်ချောက်ထဲမှ ဝိဉာဉ်မိစ္ဆာများကိုကြည့်လိုက် သည်။ သူမသည် အရောင်တောက်သော မျက်လုံးများဖြင့် ပြေးသွားပြီး ဂရုဏာသက်စွာအော်လေသည် “ယူယူ ဒီဝိဉာဉ်မိစ္ဆာတွေက အားကောင်းကြတယ် လိုချင်တယ် လိုချင်တယ်”

“သူတို့က မဆိုးဘူးပဲ တကယ်လိုချင်လား” ရှီမာယူယူ မေးလိုက်သည်။

“အင်း အင်း လိုချင်တယ်” အိမ်မက်လေး ခေါင်းညိမ့်လေသည်။

“သူတို့ကို ထိန်းချုပ်နိုင်လား”

“အချိန်နည်းနည်းလိုမယ်” အိမ်မက်လေး ပြောလိုက်သည် “ဒါပေမဲ့ ပြဿနာမဖြစ်နိုင်ပါဘူး”

“ဒါဆို ဂရုစိုက်” ရှီမာယူယူ လှုံ့ဆော်လိုက်သည်။

“အင်း အင်း” အိမ်မက်လေးသည် သဘောတူကာ စိတ်လှုပ်ရှားကာ ပျံသွားလေသည်။

အိမ်မက်လေး အလုပ်လုပ်ရန်သွားသည်ကို ရှီမာယူယူကြည့်ပြီးနောက် အောက်ဆင်းမည်ဟု ပြောကာ မြေပြင်သို့ပျံလာလိုက်သည်။ သူမသည် ခုံတစ်ခုံနှင့် စာအုပ်တစ်အုပ်ထုတ်ကာ စာဖတ်ရင်းအချိန်ကုန်မည်ဟု စီစဉ်ထားသည်။

“ဆရာ ကျွန်တော်တို့က ဘာမှမလုပ်ရဘူးလား” ချီဝေသည် ရှီမာယူယူ သာယာနေသည်ကို မြင် သောအခါ မေးလေသည်။

“အင်း ဘာမှလုပ်စရာမလိုဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒီဝိဉာဉ်မိစ္ဆာတွေကို ဘာလုပ်ကြမှာလဲ”

“အိမ်မက်လေး ဖြေရှင်းလိမ့်မယ်”

ချီဝေသည် ခေါင်းငုံ့ကာ နဂါးထောင်ချောက်တည်ဆောက်မှုနား လှည့်ပတ်သွားနေသော အိမ်မက်လေး အားကြည့်လိုက်သည်။ သူမသည် ကလေးငယ်ပုံပေါက်နေသဖြင့် ရှီမာယူယူ မှားများပြောသလားဟု သူ့စိတ်ထဲ တွင် တွေးနေမိသည်။

“ဆရာ သူမလုပ်နိုင်ပါ့မလား၊ ဝိဉာဉ်မိစ္ဆာတွေများလွန်းတယ်” ချီဝေသည် စိတ်ပူစွာပြောလေသည်။

“အိမ်မက်လေးရဲ့ စွမ်းရည်ကို သံသယဖြစ်နေရင် မင်းသတိထားတော့ နောက်ကျရင် မင်းကို ပြဿနာ လာရှာလိမ့်မယ်” သူမသည် သူ့အားကြည့်ပြီးပြောလိုက်သည်။

“အဲလိုလား”

“စမ်းကြည့်လေ” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူယူ သေချာသလောက်ပြောနေသဖြင့် ချီဝေသည် မသိစိတ်မှ ချွေးအေးများ ပျံလာကာ “ထားလိုက်တော့ ဒါပေမဲ့ သူမက ဘယ်လိုမျိုးဝိဉာဉ်မိစ္ဆာတွေကို ဖြေရှင်းမှာလဲ”

***

All Chapters