အဖွဲ့လိုက်ကြောက်သွားခြင်း
Vol. 008 Ch. 767
“အိမ်မက်လေးက သတ္တုတိုက်ခိုက်ခြင်းအမျိုးအား မိစ္ဆာလား” ကျူလန်သည် လျှောက်လာရင်းမေးလေ သည်။
“အဲလိုမျိုးပဲ” ရှီမာယူယူသည် ဝန်မခံ မငြင်းဆိုပဲ ပြောလိုက်သည် “အိမ်မက်လေးက စိတ်ကိုတိုက်ခိုက် တယ် ပြီးတော့စိတ်ကိုထိန်းချုပ်တယ်”
သို့သော် သူမလုပ်နိုင်သည်မှာ ဒါအကုန်မဟုတ်သေးပေ။
“ဝါး သတ္တုတိုက်ခိုက်မှုအမျိုးအစားမိစ္ဆာပဲ” ချီဝေ အိမ်မက်လေးအပေါ်အမြင်မှာ ချက်ချင်းပြောင်းသွား လေသည် “သူမက ဒီလိုပုံဖြစ်နေလို့ မူလပုံစံကိုမမြင်ရတာနှမြောစရာပဲ ဆရာ သူမက ဘယ်လိုမိစ္ဆာအမျိုးအစား လဲ”
“သိချင်လား သူမကိုသွားမေးလေ” ရှီမာယူယူ ပြောလိုက်သည် “သူမ အချိန်ထပ်လိုဦးမယ်၊ ခင်ဗျားတို့ ထိုင်ပြီး ကျင့်ကြံတာဖြစ်ဖြစ် တစ်ခုခုလုပ်နေလိုက်ပါလား”
ရှီမာယူယူသည် အိမ်မက်လေးအကြောင်း ပြောလိုစိတ်မရှိသည်ကို တွေ့သည်နှင့် သူတို့မတိုက်တွန်း တော့ပေ။ သူတို့သည် ကိုယ့်နေရာကိုယ်ရှာလိုက်ကြသည်။
ချီဝေနှင့် ရှန်မင်လန်တို့သည် မကျင့်ကြံပဲ အိမ်မက်လေး ထိုထိန်းချုပ်ခံထားရသော ဝိဉာဉ်မိစ္ဆာများကို သူမကိုယ်ပိုင်နည်းလမ်းဖြင့် ထိန်းချုပ်နေသည်ကို စောင့်ကြည့်နေကြသည်။
ရှီမာယူယူသည် စာအုပ်ဖတ်ခြင်းတွင် စိတ်ရောက်နေချိန်တွင် အိမ်မက်လေးသည် ရုတ်တရက် ပြောလာ သည် “ယူယူ ဒီကောင်က အရမ်းဆိုးတယ် သူ့ကိုမကြိုက်ဘူး သူ့ကိုမလိုချင်ဘူး”
“တကယ်လား” ရှီမာယူယူသည် မေးခွန်းမေးကာကြည့်လိုက်သည်။
“သူ့ကိုမလိုချင်ဘူး” အိမ်မက်လေး အတည်ပြုလေသည်။
“ကောင်းပြီလေ” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ မီးတောက်ဖန်တီးလိုက်သည်။ မီ်းတောက်သည် အတားအဆီးကိုဖြတ်သွားကာ ထိုဝိဉာဉ်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်ကျရောက်သွားပြီး ချက်ချင်းပင် မီးမြှိုက်ခံလိုက်ရ သည်။ ဝိဉာဉ်မိစ္ဆာသည် ချက်ချင်းပင် ပြာအဖြစ်လောင်ကျွမ်းသွားလေသည်။
လောင်ကျွမ်းပြီၤးနောက်တွင် မီ်းတောက်သည် မီးသွေးခဲအသွင်ပြောင်းကာ နဂါးထောင်ချောက် တည်ဆောက်မှုအတွင်းတွင် ပျံသန်းနေလေသည်။ ဝိဉာဉ်မိစ္ဆာများသည် အသိစိတ်ပျောက်နေကြသော်လည်း ထိုအရာအားမြင်သောအခါ ကြောက်ရွံ့မှုအပြည့်ဖြစ်နေကြသည်။
သူတို့ကို ထိန်းချုပ်ထားသူမှာ အမှောင်စွမ်းအင်ရှိနေသည်မှာတော့ ဆိုးလွန်းသည်။
သူမ မကြိုက်သောအကောင်ကို ရှင်းပြီးနောက်တွင် အိမ်မက်လေးသည် ဆက်လက်ပြီးထိန်းကျောင်း လေသည်။ ထိုအချိန်တွင် ဘေးမှကြည့်နေကြသောလူများသည် အံ့သြသဖြင့် အချိန်အတော်ကြာ ကျောက်ရုပ် ဖြစ်နေကြသည်။
“အဲဒါ ဘာမီ်းတောက်အမျိုးအစားလဲ” ချီဝေသည် အသက်ရှုကြပ်သွားသလိုခံစားရကာ ငှက်ပေါက်စကို ဂြိုဟ်သားသကဲ့သို့ကြည့်နေလသည်။
“ကြောက်ဖို့..ကောင်းလိုက်တာ” ရှန်မင်လန်သည်လည်း နှလုံးခုန်နေသည်ကို ထိန်းချုပ်ရန် နည်းလမ်း မရှိတော့ပေ။ သူသည် ဒီနေ့တွင် အံ့သြမှုများစွာကြုံတွေ့ခဲ့ရပြီး မအောင့်နိုင်တော့ပေ။
အပြာရောင်ဓားသွား၊ ကျူလန်နှင့် ယုချင်းတို့သည်လည်း မျက်လုံးအပြူးသားဖြစ်ကာ ငှက်ပေါက်စကို မှင်တက်စွာကြည့်နေကြသည်။ သူတို့အကြည့်ထဲတွင် အံ့သြမှုနှင့်အတူ လေးနက်မှုကိုတွေ့ရလေသည်။
ရှီမာယူယူသည် သူတို့၏ တုန့်ပြန်မှုကိုလျစ်လျူရှုကာ ခေါင်းငုံ့ပြီး စာဆက်ဖတ်နေလေသည်။
အပြာရောင်ဓားသွားသည် သူမဘက်လှည့်ကြည့်ရာ မျက်စိများပင် လည်သွားသလိုပင်။ သူသည် သူ့ကိုယ်သူ ပါရမီရှင်ဟု အမြဲတမ်းတွေးထားခဲ့ရာ အခုတော့ သူ့ထက် ပိုတော်သောလူပေါ်လာသည်ကို သိလိုက် ရပြီ။ ထူးချွန်တဲ့လူဆိုတာ ပေါ်လာစမြဲပဲ…
“ဆက်ကြည့်နေမယ်ဆိုရင် ကျွန်တော်အပေါက်ဖြစ်တော့မယ်” ရှီမာယူယူသည် သူတို့အကြည့်များ အောက်တွင် စာဆက်မဖတ်နိုင်တော့ပဲ စာအုပ်ကိုသိမ်းလိုက်သည်။ သူမခေါင်းမော့ကာ သူတို့အားကြည့်ပြီး ပြော လိုက်သည် “တစ်ခုခုပြောစရာရှိရင် ပြောလိုက်ပါ”
ချီဝေနှင့် တခြားသူများသည် သူမအား အဆက်မပြတ်ကြည့်လေသည်။
“ဆရာ ကျွန်တော်တို့် ခင်ဗျားကိုသိတာကြာနေပြီ ဒါပေမဲ့ ခင်ဗျားဘယ်ကလာတာလဲဆိုတာ မသိရသေး ဘူး” အပြာရောင်ဓားသွားနှင့် တခြားသူများသည် သူတို့ စိတ်ထဲမှသိချင်နေသော မေးခွန်းကို မေးလိုက်သော ချီဝေအားကြည့်လိုက်ကြသည်။
“ကျွန်တော်ကလက်ရှိမှာ ကောင်းကင်ဂိုဏ်းမှာပညာသင်နေပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို အိမ်ကဘယ်မှာလဲ” ယုချင်းမေးလိုက်သည်။
“ကျွန်တော်က အောက်ပိုင်းတိုင်းပြည်ကလာတာ၊ ဒီမှာမျိုးနွယ်တောင်မရှိသေးဘူး” ရှီမာယူယူ ပြော လိုက်သည်။ သူတို့သိချင်နေသည်မှာ သူမ၏သရုပ်မှန်ဖြစ်ကြောင်းကို သိသည်။ သူမပြောလိုက်သည် “အိမ်ကို ပြောရမယ်ဆိုရင်တော့ တစ်အိမ်တော့ရှိတယ် ကောင်းကင်ဂိုဏ်းနဲ့သိပ်မဝေးဘူး ကျွန်တော်အဲဒီမှာ တစ်အိမ်ဝယ် ထားတယ်”
“ခင်ဗျားက မျိုးနွယ်မရှိဘူးလား”
“ရှိပါတယ် ဒါပေမဲ့ မှီခိုကင်းတိုင်းပြည်မှာ၊ ကျွန်တော်တို့တက်လာတော့ လူအားလုံးကိုတော့ ခေါ်မလာခဲ့ ဘူး၊ ကျွန်တော့်အကိုတွေနဲ့ အဘိုးတွေလိုက်လာခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “သြော် သူငယ်ချင်းတချို့ လည်းပါလာကြတယ်”
“ဒါဆို ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာဘယ်လောက်ကြာနေပြီလဲ” ကျူလန် မေးလိုက်သည်။
“အင်း စဉ်းစားရဦးမယ် ၅နှစ် ၆နှစ်လောက်လားပဲ အချိန်ကုန်တာမြန်တယ်” ရှီမာယူယူ ပူဆွေးမိသည်။
ချီဝေသည် ရှီမာယူယူ၏ အပြုအမူကိုမြင်သောအခါ ကျိန်ဆဲချင်မိသည်။ ၅နှစ် ၆နှစ်လောက်ပဲလား။ ကျင့်ကြံသူတစ်ယောက်အတွက်တော့ အဲဒါက ဥယျာဉ်ထဲလမ်းဖြတ်လျှောက်သလောက် အချိန်ပဲ။ အဲလောက် ဝမ်းနည်းစရာလိုလို့လား။
ကျူလန် မေးလေသည် “ညီအစ်ကိုရှီမာ အသက်ဘယ်လောက်ရှိပြီလဲ”
“၃၀ပြည့်ပြီးသွားပြီ” ရှီမာယူယူ ပြောလုကိသည်။
“ခင်ဗျား အဟွတ် အဟွတ်” ချီဝေသည် ပြောနေရင်းရပ်သွားပြီးမှ “ခင်ဗျားက အသက်၃၀ကျော်ပဲရှိ သေးတာလား”
“အသက်၃၀ကျော်ဆိုတာ ဘာအဓိပ္ပာယ်လဲ အခုမှ ၃၀ပြည့်ပြီးတာ” ရှီမာယူယူ ပြောလိုက်သည်။
“ဒီမှာ ၅နှစ် ၆နှစ်ကျော်ဖြတ်တယ်ဆိုတာကို ဂျူနီယာရှီမာဘာလို့ ဝမ်းနည်းနေလဲ မထူးဆန်းတော့ပါ ဘူး အဲအချိန်က ခင်ဗျားအတွက် ကြာမှာပဲ” အပြာရောင်ဓားသွားသည် သူ့အား ညီအစ်ကိုရှီမာဟု အမည်မတပ်တော့ ပဲ ဂျူနီယာဟုသာ သုံးနှုန်းတော့သည်။
“အစ်ကိုလန် နောက်နေပါပြီ” ရှီမာယူယူ ပြုံးလိုက်သည်။
“မင်းက အသက်၂၀ကျော်နဲ့ ပင်မတိုင်းပြည်ကိုတက်လာခဲ့တယ်၊ ဘုရားရေ မင်းက သားရဲတစ်ကောင် များလား” ရှန်မင်လန်သည် ရှီမာယူယူအား တအံ့တသြကြည့်လေသည်။
“အဟွတ် အဟွတ်…” ရှီမာယူယူသည် သူ့စကားနှင့် ပြောပုံဆိုပုံကြောင့် ချောင်ဟန့်လိုက်သည်။
ဒီလူက ဘယ်လိုလုပ်ဒီစကားကိုပြောဖို့ ရွေးလိုက်တာလဲ။ သူမကို ဘယ်လိုလုပ် သားရဲတစ်ကောင်လို့ သုံးနှုန်းနိုင်ရတာလဲ။
သို့သော် သူမ မငြင်းဆန်သောကြောင့် ကျူလန်နှင့် တခြားသူများသည် ခေါင်းညိမ့်ကာ ပြောလေသည် “သတ္တဝါကြီးဆိုတဲ့ စကားလုံးက သူနဲ့မလိုက်တော့ဘူး သားရဲလို့သုံးနှုန်းရမယ် အဲဒါကွက်တိပဲ”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး တခြားသူတွေထက် တွေ့ကြုံရတာများတာလောက်ပဲ၊ ကျွန်တော့် လက်ရှိအင်အားက ဒီအတိုင်းကျင့်ကြံမှုကိုပဲ အခြေခံထားတာမဟုတ်ဘူး၊ အပြင်မှာရှိတုန်း ဟိုဟိုဒီဒီရထားတာ လည်းရှိလို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
“အာ မဖြစ်သေးဘူး” ချီဝေ ရုတ်တရက် ထအော်လေသည်။
“ဘာဖြစ်လို့လဲ” အားလုံးသည် သူလန့်သွားသည်ကို မြင်ပြီးနောက် တစ်စုံတစ်ရာဖြစ်ပြီးဟု ထင်လိုက်ကြ သည်။
“မင်းက ငါ့ထက်ငယ်တယ်ဆိုတာတော့သိတယ်၊ ဒါပေမဲ့ အဲလောက်မထင်ထားဘူး၊ မင်းက ငါ့လက်ချောင်းထိပ်လောက်တောင် မရှိဘူး” ချီဝေ ပူဆွေးလေသည် “ငါ့ထက်ငယ်တဲ့ ဆရာငါ့မှာရှိတယ်ဆိုတာ တခြားလူတွေသိရင် ရှက်စရာမကောင်းဘူးလား”
“မကောင်းပါဘူး” ရှန်မင်လန်သည် သူ့ပခုံးအားပုတ်ပြီး ပြောလိုက်သည် “စဉ်းစားကြည့်လေ၊ မင်းက ဒီလောက် ငယ်တဲ့ပါရမီရှင်ကို ဆရာတင်ထားတာ ဘယ်လောက်တောင်ကျက်သရေရှိလဲ တခြားလူတွေ ဖြစ်ချင် ရင်တောင် မဖြစ်ရဘူး”
ချီဝေစဉ်းစားကြည့်ကာ သဘောတူလိုက်သည်။ သူသည် သူ့မုတ်ဆိတ်များကို ပွတ်သတ်ရသည်မှာ အကျင့်ပါနေသဖြင့် ရှင်းလင်းနေသော မေးစေ့ကိုပွတ်မည်လုပ်ပြီးမှ မုတ်ဆိတ်မရှိတော့သည်ကို သတိရသွား သည်။
“မင်လန် ပြောတာမှန်တယ်၊ တခြားလူတွေက စဉ်းတောင်စဉ်းစားနိုင်မှာမဟုတ်ဘူး၊ ငါနှစ်ပေါင်းများစွာ မရိတ်ပဲထားခဲ့တဲ့ မုတ်ဆိတ်တောင် ဘာမှမဟုတ်တော့ဘူး” သူသည် မေးစေ့ကိုပွတ်ကာ ဝမ်းသာအားရပြောလေ သည်။
အစပိုင်းတွင် သူမအား သူ့ဆရာအဖြစ်တင်မည်ဟုပြောခဲ့သည်မှာ သူမ တည်ဆောက်မှုလုပ်နိုင်သည်ကို မယုံကြည်သောကြောင့်ပင်။
နောက်တော့ သူ့စကားကိုပြန်မရုတ်သိမ်းချင်သဖြင့် သူမ အသိအမှတ်ပြုရန်မုတ်ဆိတ်ရိတ်ကာ အလောင်းအစားလုပ်ခဲ့သည်။
သို့သော် သူမ၏ တည်ဆောက်မှုအရည်အချင်း အားကောင်းပုံကိုမြင်ပြီး သူမ ပြောစကားများကို ကြား ပြီးနောက် သူ့စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲလေးစားကာ သူ၏ ဆရာအဖြစ် အပြည့်အဝလက်ခံသွားသည်။
သူသည် မုတ်ဆိတ်ရိတ်လိုက်ရသည့် ကိစ္စကိုပင်မေ့သွားသည်။
နောက်တော့ သူတို့သည် တခြားကိစ္စများကိုဆက်ပြောကြရာ အားလုံးသည် ပျော်ရွှင်စွာ ရယ်မောကြ လေသည်။ ထိုအချိန်တွင် ချီဝေသည် ရုတ်တရက်မေးလေသည် “ဆရာ ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာ နောက်ထပ် ရှီမာမျိုးနွယ်ရှိတယ်ဆိုတာ ကြားဖူးလား”
သူပြောလိုက်သောစကားကိုကြားသောအခါ ရှီမာယူယူ ရင်ခုန်သွားသော်လည်း ပုံမှန်အတိုင်း လက်ထဲမှ စာရွက်ကိုလှန်ကာ ပြောလိုက်သည် “ရှေးဟောင်းကမ္ဘာဦးနယ်မြေက ဒီလောက်ကြီးတာ၊ ရှီမာ မျိုးရိုးနာမည်နဲ့က အများကြီးရှိမှာပေါ့”
***