← Chapters

ရှီမာမျိုးနွယ်နှင့် သူမ၏ ပတ်သတ်မှု

Vol. 008 Ch. 768

ရှီမာမျိုးနွယ်နှင့် သူမ၏ ပတ်သတ်မှု

Vol. 008 Ch. 768

“ရှီမာမျိုးရိုးနာမည်နဲ့တော့အများကြီးပဲလေ၊ ဒါပေမဲ့ မင်းနဲ့ ဆက်စပ်တဲ့သူနည်းနည်းတော့ ရှိပါလိမ့်မယ်” ချီဝေသည် ပဟေဠိဆန်စွာပြောလေသည်။

“ကျွန်တော်နဲ့ဆက်စပ်တယ်ဟုတ်လား၊ သူတို့ကိုမှတစ်ခါမှမမြင်ဖူးတာ သူတို့က ဘယ်လိုလုပ် ကျွန်တော် နဲ့ဆက်စပ်ရမှာလဲ” ရှီမာယူယူသည် ချက်ချင်းပင်ငြင်းဆန်လေသည်။

“ငါတကယ်ပြောနေတာ” ချီဝေသည် လေးနက်စွာပြောလေသည် “မင်း မြေအောက်ထပ်မှာတုန်းကသုံး တဲ့ ဝိဉာဉ်အရည်အချင်းက မင်းရဲ့စာချုပ်မိစ္ဆာနဲ့ ပေါင်းစပ်လိုက်တာမလား”

ရှီမာယူယူသည် ချီဝေဘက်သို့ ခေါင်းစောင်းကာ မေးလိုက်သည် “အဲဒါကိုဘယ်လိုသိတာလဲ”

သူမအကြည့်ကို ချီဝေမြင်သောအခါ ချက်ချင်းပင် အော်လေသည် “ငါ့ကိုမကြည့်နဲ့ ငါတို့အရင်ကမြင်ဖူး လို့သိတာလေ၊ စပ်စုတာမဟုတ်ဘူး”

“အရင်ကမြင်ဖူးတယ်ဟုတ်လား” ရှီမာယူယူသည် မျက်လုံးများသည် နူးညံ့လာကာ မေးလေသည် “ဘယ်မှာမြင်ဖူးတာလဲ”

“ငါတို့ ဂိုဏ်းအပြင်မှာ” ချီဝေပြောလိုက်သည် “ပျောက်သွားတာ နှစ်တစ်ရာလောက်ရှိပြီဆိုပေမယ့်…”

“ရှီမာလျူယွမ်…” ရှီမာယူယူသည် စိတ်ထဲမှ သူ့နာမည်ကိုပြောမိသည် “ဒါဆို အခုရှီမာမျိုးနွယ်က ဘယ်လိုနေလဲ၊ သူတို့နဲ့ တစ်မျိုးနွယ်ထဲလို့ဘာလို့ပြောတာလဲ၊ မသေချာတဲ့ဝိဉာဉ်အရည်အချင်းကိုကြည့်ပြီး ပြောလိုက်တာလား”

“အစတုန်းကတော့ ငါတို့်လည်း အဲလောက်အများကြီးမစဉ်းစားဘူး၊ ဒါပေမဲ့ မင်းက ဝိဉာဉ်အရည်အချင်း တူတာသုံးလိုက်တာကို မြင်တော့မှန်းမိတာပဲ၊ မင်းတို့တကယ်ပဲ ဆက်စပ်မှုရှိမယ်လို့မထင်မိဘူး” ချီဝေသည် နောင်တရစွာပြောလေသည်။

“အဲလိုက နားလည်မှု အလွယ်တကူလွဲတတ်တာပဲ” ရှီမာယူယူ ပြုံးလိုက်သည်။

“တကယ်ပြောတာ” ရှန်မင်လန် ပြောလိုက်သည် “ငါတို့က မင်းကိုသူတို့မျိုးနွယ်ဝင်လို့ မှတ်ထားတာ၊ မင်းကို ဒီနေ့မမေးရင်တောင်မှ သေချာနေကြတာ”

“ဒါပေမဲ့ ယူယူ ရှင်ကဒီလောက်အားကောင်းတာ၊ ရှီမာမျိုးနွယ်ရဲ့ နောက်ပိုင်မျိုးဆက်တွေကတောင် ရှင့်ကိုမမှီဘူးမလား” ယုချင်းသည် သူမထက်ငယ်သူကို ရှက်ရွံ့ခြင်းမရှိပဲ လေးစားစွာဖြင့် ရှီမာယူယူအား ကြည့် လေသည်။

စကားလက်ဆုံကျပြီးနောက်တွင် သူတို့သည် သူမကို နာမည်တိုက်ရိုက်ခေါ်နေလေပြီ။ တကယ်တော့ ယူယူသည်လည်း ညီအစ်ကို သို့မဟုတ် သခင်လေးဟု အမည်တပ်သည်ကိုအသားမကျပေ။

“ငါလည်းအဲလိုထင်တယ်” ရှန်မင်လန် ပြောလိုက်သည် “ရှီမာမျိုးနွယ်ရဲ့ နောက်ပိုင်းမျိုးဆက်တွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ ငါသိချင်နေတာ”

“ယူယူက ရှီမာမျိုးနွယ်ဝင်မဟုတ်တောင် တစ်ခုခုတော့ ပတ်သတ်မှုရှိလိမ့်မယ်လို့ငါထင်တယ်” အပြာရောင်ဓားသွားပြောလိုက်သည်။

“အဲဒီဝိဉာဉ်အရည်အချင်းကြောင့်လား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” အပြာရောင်ဓားသွား ပေါ့ပါးစွာပြောလိုက်သည် “အဲဒီ ရှီမာမျိုးနွယ်ရဲ့ လျှို့ဝှက်ကျမ်း အကြောင်းကို ဆရာပြောတာ တစ်ခါကြားဖူးတယ်၊ အပြင်ကဘယ်မျိုးနွယ်ဝင်ကမှ မသိကြဘူး၊ ပြီးတော့ ယူယူ အဲဒီကျမ်းက မင်းတို့မျိုးနွယ်ကဆင်းသက်လာတာလို့ ပြောတယ်၊ ဆိုလိုတာက ပတ်သတ်မှုတော့ရှိတယ်”

“ရှိတယ်ဆိုလည်း ရှိတယ်ပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကလည်း ကျွန်တော့်ကို မသိသလို ကျွန်တော်ကလည်း သူတို့ကိုမသိဘူး၊ သူတို့ကိုတွေ့ချင်နေတာလည်းမဟုတ်ဘူး”

“ရှာမကြည့်ချင်ဘူးလား” ကျူလန် မေးလိုက်သည်။

“ဘာအတွက်လဲ” ရှီမာယူယူသည် ပျင်းရိစွာပြုံးကာ ပခုံးတွန့်လိုက်သည် “သူတို့ကိုမှီခိုပြီး အကူအညီ မတောင်းချင်ဘူး၊ အခုလက်ရှိဘဝကလည်း အဆင်ပြေနေတာပဲ၊ ဘာလို့လက်ရှိအခြေအနေကို ဖျက်ဆီးနေမှာလဲ”

“ဒါပေမဲ့ ရှီမာမျိုးနွယ်ကလည်း အားကောင်းတဲ့မျိုးနွယ်တစ်ခုပဲ၊ ရှင် သူတို့နဲ့သွားတွေ့မယ်ဆိုရင် ပိုပြီး တောင်အားကောင်းလာနိုင်တယ်” ယုချင်းပြောလိုက်သည်။

“အဲလိုမျိုးနွယ်တွေမှာက ပါရမီရှင်တွေ ဒါဇင်နဲ့ချီပြီးရှိကြတာ၊ အဲလိုဘဝကပိုကောင်းတာလို့လည်း မဆိုလိုဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အခုလည်းအဆင်ပြေနေတာပဲ” ရှီမာယူယူပြောလိုက်သည်။

“အမှန်ပဲ ဆရာ့ရဲ့အပြင်မှာနေတဲ့ဘဝက မဆိုးဘူးလေ” ချီဝေ သဘောတူလေသည်။

သူတို့စကားပြောနေရင်းနှင့် အချိန်သည်လျင်မြန်စွာကုန်ဆုံးသွားလေသည်။ သူတို့သည် တစ်ယောက် အကြောင်း တစ်ယောက်ပိုသိလာသည်။ သူတို့သည် ရင်းနှီးလာသည်နှင့်အမျှ အတွဲညီလာသလိုခံစားရသည်။

“ယူယူ ပြီးသွားပြီ” အိမ်မက်လေးသည် မိုးပေါ်မှ ရှီမာယူယူဆီသို့ လက်ရမ်းပြလေသည်။

ရှီမာယူယူသည် သူမဆီသို့ပျံသန်းသွားပြီး ပြောလိုက်သည် “အကုန်လုံးကို ထိန်းချုပ်လိုက်ပြီလား”

အိမ်မက်လေးသည် ခေါင်းညိမ့်ကာ ဂုဏ်ယူစွာဖြင့် ပြောလေသည် “ပြီးသွားပြီ အတားအဆီးဖြုတ်လို့ရပြီ”

“ငှက်ပေါက်စ မင်းကမသွားဘူးလား” ရှီမာယူယူသည် ငှက်ပေါက်စအားအော်လိုက်သည်။

ငှက်ပေါက်စသည် သူ၏ နာမည်ပြောင်အား မကျေမနပ်ဖြင့် လေထဲတွင် ပျံဝဲနေသည်။ သက်ရှိအရာ မဟုတ်သောကြောင့် စကားမပြောနိုင်သည်မှာတော့ နှမြောစရာကောင်းသည်။ ငှက်ပေါက်စ၏ အတွေးကို ရှီမာယူယူ သိသော်လည်း ထိုအကြောင်းအားမဆွေးနွေးပေးပေ။

ပြီးနောက် သူမ၏ ဆက်သွယ်မှုထဲတွင် ကြက်သွေးရောင်မီးတောက်သည် ထိုကဲ့သို့ကိစ္စများကို ဂရုမစိုက် တတ်ပေ။ သူ့ကိုယ်ပိုင်အတွေးမှာ အထောက်အကူမဖြစ်ကြောင်း ထင်ရှားနေသည်။

ငှက်ပေါက်စသည် အကြိမ်ပေါင်းများစွာမျှော်လင့်ထားသော်လည်း ရှီမာယူယူ လျစ်လျူရှုထား သောကြောင့် တောင်ကြားထဲရှိ တည်ဆောက်မှုကျောက်တုံးများဆီသို့ မကျေနပ်စွာပျံလာလေသည်။ သူသည် ကျောက်တုံးတစ်တုံးကို ပတ်ရံကာ မီးရှို့လိုက်သည်။

ထိုတည်ဆောက်မှုကျောက်တုံး ပျောက်ကွယ်သွားသည်နှင့် တည်ဆောက်မှုသည် ငြိမ်သွားလေသည်။ ရှီမာယူယူသည် လက်တစ်ချက်ဝေ့လိုက်သည်နှင့် ကျန်ရှိနေသော တည်ဆောက်မှုကျောက်တုံးများကို သိမ်းပြီး ဖြစ်လေသည်။

“ဆရာ ဒီတည်ဆောက်မှုက အထဲကနေပဲ ဖျက်လို့ရတာလား” ယုချင်းသည် ပျံလာကာ မေးလေသည်။

“ဟုတ်တယ် ဒီတည်ဆောက်မှုထဲမှာပဲ အကုန်ရှိနေတော့ အထဲကနေပဲဖျက်လို့ရတယ်” ရှီမာယူယူ ပြော လိုက်လေသည် “အပြင်ကလူတွေက အထဲကိုဝင်မရသလို အထဲကလူတွေလည်း အပြင်ထွက်လာလို့မရဘူး၊ အပြင်ကနေလည်း ဖျက်မရဘူး အိမ်မက်လေး မင်းရဲ့ တပ်သားတွေကိုသိမ်းလာခဲ့တော့”

“အိုခေ” အိမ်မက်လေးသည် လက်ဝေ့ရမ်းရာ ဝိဉာဉ်မိစ္ဆာများသည် ပျောက်ကွယ်သွားလေသည်။ မြင်ရ သည်မှာ အိမ်မက်လေးသိမ်းလိုက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ ရှီမာယူယူသည် ဝိဉာဉ်စေတီ အတွင်းထည့်လိုက်ခြင်းဖြစ်သည်။

“ဝါး ဝိဉာဉ်မိစ္ဆာတွေဘယ်ရောက်သွားတာလဲ” ချီဝေသည် စပ်စုစွာဖြင့်မေးလေသည်။

“အိမ်မက်လေးလို့ မိစ္ဆာအမျိုးအစားတွေက ကိုယ်ပိုင် သိုလှောင်စရာနေရာရှိတယ်” ရှီမာယူယူသည် ပုံမှန် သာပြောလိုက်သည်။

ဝိဉာဉ်မိစ္ဆာအများစုတွင် ကိုယ်ပိုင်သိုလှောင်ရာနေရာများရှိကြသည်။ တချို့မှာ အနည်းငယ်သာထည့်နိုင် သော်လည်း တချို့မှာ များပြားစွာထည့်နိုင်သည်။ သူတို့သည် အိမ်မက်လေးအား ထိုခေါင်းစဉ်အောက်တွင် ထည့် သွင်းလိုက်ကြသည်။

“ယူယူ အိမ်မက်လေးပင်ပန်းနေပြီ၊ သွားနားတော့မယ် လိုတာရှိရင် ခေါ်လိုက်နော်” အိမ်မက်လေးသည် မျက်ခွံလေးလာသလိုခံစားရကာ အိပ်ချင်လာသည်။

သူမသည် ဝိဉာဉ်မိစ္ဆာများစွာကို ထိန်းချုပ်ရန် ဝိဉာဉ်စွမ်းအင်အများပြားသုံးလိုက်ရသည်ကို ရှီမာယူယူ သိသည်။ ထို့ကြောင့် သူမသည် အခုနားရန်လိုသည်။ သူမ ခေါင်းအားပွတ်ပေးလိုက်ကာ ပြောလိုက်သည် “သွားနားလိုက်တော့”

အိမ်မက်လေးဝင်သွားသည်နှင့် ကျူလန် ပြောလိုက်သည် “ပြန်ရအောင် ချူမျိုးနွယ်တွေကြောက်နေ လောက်ပြီထင်တယ်”

“ကောင်းပြီ”

ဟာစွန်သည် သူ၏ မူလအသွင်ပြောင်းကာ အားလုံးအားခေါ်သွားလေသည်။ သို့သော် သူ ပျံသည်မှာ အဝေးသို့မရောက်ခင်တွင် တိမ်တိုက်မည်းများသည် သူတို့နောက်သို့ လိုက်လာသည်။

“အဲဒီတိမ်တိုက်မည်းတွေက မြန်လိုက်တာ” ရှန်မင်လန်သည် ထိုတိမ်တိုက်မည်းများကို ညွှန်ပြရင်းပြော လေသည်။

အပြာရောင်ဓားသွားနှင့် ကျူလန်၏ အမူအရာများသည် ချက်ချင်းပင်ပြောင်းသွားပြီး ချက်ချင်းပင် ရှန်မင်လန်ခေါင်းအား ရိုက်ကာ ငေါက်လေသည် “အရူး အဲဒါတွေက ဘယ်လိုလုပ်တိမ်တိုက်မည်းတွေဖြစ်ရမှာလဲ အဲဒါနတ်ဆိုးတစ္ဆေတွေ”

ရှန်မင်လန်သည် ချက်ချင်းကြည့်လိုက်ရာ ထိုလျင်မြန်စွာချည်းကပ်လာသော နတ်ဆိုးတစ္ဆေများကို တုန်ယင်သော လက်ဖြင့်ညွှန်ပြကာ ပြောလေသည် “သေစမ်း ဘယ်လိုတွေတောင်ကံဆိုးနေတာလဲ၊ ငါတို့ အခုပဲ နတ်ဆိုးတစ္ဆေတွေထိန်းချုပ်ထားတဲ့ အဖွဲ့ကိုရှင်းပြီးထားတာ အခုနတ်ဆိုးတစ္ဆေတွေအများကြီးနဲ့လာတိုးနေတယ် ဒီလောက်များတဲ့ နတ်ဆိုးတစ္ဆေနဲ့ ဝိဉာဉ်မိစ္ဆာတွေလာတိုက်တာကို မမြင်ဖူးဘူး”

“အားလုံးပဲ အသင့်ပြင်ထားကြ” အပြာရောင်ဓားသွား ညွှန်ကြားလေသည်။

“ဒါကအတွက် ပြင်ဆင်စရာရောလိုသေးလို့လား” ချီဝေနှင့် တခြားသူများသည် အပြာရောင်ဓားသွားအား နားလည်ကြသည်။

ရှီမာယူယူသည် ဒီတစ်ကြိမ်တွင် အရှေ့တွင်ရပ်မနေတော့ပေ။ သူမသည်သာ အမြဲတမ်းအားထုတ်နေ သူမဖြစ်သင့်ပေ။ ထိုသည်မှာ သူတို့ကိုယ့်အားကိုယ်ကိုးတတ်မှုကို ထိခိုက်စေမည်။ သူတို့ကို ကြံရမရဖြစ်စေ သည်မှာ အကောင်းဆုံးဖြစ်သည်။ သူတို့ နတ်ဆိုးတစ္ဆေများကို မည်သို့အကောင်းဆုံးဖြစ်အောင် တိုက်မလဲဆို သည်ကို သူမ ကြည့်ချင်သည်။

နတ်ဆိုးတစ္ဆေများ နီးလာသည်နှင့် အပြာရောင်ဓားသွားနှင့် တခြားသူများသည် ဝိဉာဉ်တိုက်ခိုက်မှု စတင် လေသည်။ ယူယူ ခန့်မှန်းသည်မှာ မှန်ကန်သည်။ သူတို့၏ ဝိဉာဉ်စွမ်းအင်များမှာ မီးနှင့် သစ်အရည်အချင်းများ ဖြစ်ကြသည်။ သူတို့သည် ထိုတစ္ဆေလောကသားများ၏ ရန်သူများဖြစ်ကြသည်။

***

All Chapters