ညမင်းသမီး
Vol. 008 Ch. 769
အပြာရောင်ဓားသွားနှင့် တခြားသူများသည် သူတို့၏ ကိုယ်ကာယအားနှင့်အတူ ဝိဉာဉ်စွမ်းအားတို့ကို မှီခိုကာ ပြည့်စုံသောအရည်အချင်းများဖြင့်တိုက်ကြရာ သူတို့၏ ဝိဉာဉ်တိုက်ချက်များသည် မဆိုးလှကာ ကောင်းစွာ ထိရောက်သည်။ သူတို့သည် အတူတကွလုပ်ဆောင်မှုတွင်လည်း ရင်းနှီးနေလေပြီ။ သည်လိုနှင့် သူတို့သည် ပထမလှိုင်းတွင် မကျဆုံးသွားပေ။
သို့သော် နောက်နတ်ဆိုးတစ္ဆေတစ်ဖွဲ့ပျံလာသည်နှင့် အပြာရောင်ဓားသွားနှင့် တခြားသူများသည် ဖိအား များလာကာ ခေတ္တမျှလွှမ်းမိုးခံလိုက်ရသေည်။
ရှန်မင်လန်သည် အငယ်ဆုံးနှင့် အားအနည်းဆုံးဖြစ်သည်။ အပြာရောင်ဓားသွားနှင့် တခြားသူများသည် သူနှင့် ကူညီရန်ကြိုးစားသော်လည်း သူတို့လည်း လွှမ်းမိုးခံနေရသောကြောင့် နတ်ဆိုးတစ္ဆေများ၏ ဝန်းရံ ခြင်းကိုခံလိုက်ရလေသည်။
“မင်လန်” အပြာရောင်ဓားသွားသည် အော်ကာ သူ့အားသွားကယ်လိုသော်လည်း သူသည်လည်း နတ်ဆိုးတစ္ဆေများ၏ ဝန်းရံခြင်းကိုခံထားရသဖြင့် သွားချင်တိုင်းသွားမရဖြစ်နေသည်။
“ရွှီး”
မိုးကြိုးတစ်ချက်ကျလာကာ ရှန်မင်လန်အားဝိုင်းထားသော နတ်ဆိုးတစ္ဆေများသည် ပြာအဖြစ်ပြောင်း သွားလေသည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးများသည် တခြားနေရာများတွင်ပါ ကျရောက်လာကာ အပြာရောင်ဓားသွား နှင့် တခြားသူများကို ဝိုင်းထားသော နတ်ဆိုးတစ္ဆေများကိုပါ ရှင်းပြီးဖြစ်လေသည်။
ထို့နောက်တွင် ငှက်ပေါက်စသည် ဒေါသငရဲအသွင်ပြောင်းကာ ထိုနတ်ဆိုးတစ္ဆေများဆီသို့ သွားရာ သူတို့သည် အနားပင်မကပ်နိုင်ကြပေ။
ဟိန်းသံလေးသည်လည်း ထိုင်မနေနိုင်ပဲ ဝိဉာဉ်စေတီထဲမှ ထွက်လိုသည်ကို ပြောလေသည်။ သူထွက် လာသည်နှင့် သူ၏ သေးငယ်သောခန္ဓာကိုယ်လေးမှ ဖြူစင်ပြီး သန့်စင်သော အလင်းများထုတ်လွှတ်လိုက်ရာ ထိုနတ်ဆိုးတစ္ဆေများသည် ပျောက်ကွယ်သွားလေသည်။
“အဆင်ပြေကြရဲ့လား” ရှီမာယူယူ မေးလိုက်သည်။
“မင်း…” အပြာရောင်ဓားသွားနှင့် တခြားသူများသည် ရှီမာယူယူ ဘက်လှည့်လာသည်။ သူတို့သည် သူတို့ ခံစားနေရသည်ကို မည်သို့ပြောရမည်ကိုမသိတော့ပဲ နောက်ဆုံးမှ ပြောလေသည် “ထပ်ပြီးကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“အားနာတယ်လို့ထင်ရင် ဒါကိုမှတ်ထားပြီး နောက်ကို ပြန်ဆပ်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“မှတ်ထားပါမယ်” အပြာရောင်ဓားသွားပြောလိုက်သည်။
တိုက်ပွဲတွင် ဟိန်းသံလေးနှင့် ငှက်ပေါက်စရှိနေသဖြင့် နတ်ဆိုးတစ္ဆေများစွာရှိသော်လည်း သူတို့၏ ပြိုင်ဘက်မဖြစ်နိုင်သဖြင့် လျင်မြန်စွာပင် ရှင်းထုတ်ခံလိုက်ရလေသည်။
ရှီမာယူယူသည် လှည့်ပတ်ကြည့်ရာ တစ္ဆေတစ်ရာအောင်လံတော်နှင့် လူကိုမတွေ့ပေ။ ထိုတစ္ဆေများ မည်သည့်နေရာမှ ရောက်လာသည်ကို မသိတော့ပေ။
အနီရောင်တောင်ထိပ်နှင့် ဝေးကွာသော ကမ်းပါးတစ်ခုတွင် နူးညံ့သောပုံစံနှင့်အမျိုးသားတစ်ယောက် သည် တစ္ဆေတစ်ရာအောင်လံတော်ကို သိမ်းလိုက်ပြီး သူ့မျက်နှာမှာ တင်းမာနေသည်။
“တကယ်ပဲ ရှုံးသွားတာပဲ” သူ့အသံသည် အေးစက်နေရာ ကြားလိုက်သူအဖို့ ကြက်သီးများပင်ထသွား လောက်သည်။
“သခင် ဒီလောက်နတ်ဆိုးတစ္ဆေတွေ လွှတ်လိုက်တာကို ရှုံးသွားတာလား” အနက်ရောင် မျက်နှာဖုံးဝတ် ထားသော အမျိုးသားသည် ကွဲအက်သောအသံဖြင့်မေးလေသည်။
“သူတို့က လူသားပဲကို ဒါမေပဲ့ ဒီလောက်ငါ့လူတွေအများကြီးလွှတ်တာကို သူတို့ကိုမသတ်နိုင်ဘူး ငါကိုယ်တိုင် ဝင်ပါဖို့လိုတာလား၊ တခြားသူတွေကျဘာလုပ်မှာလဲ” ထိုချောမောသော အမျိုးသား ဒီဇီသည် မျက်လုံးတွင် လူသတ်မည့်အကြည့်ဖြင့်ကြည့်ကာ ပြောလေသည်။
“သခင်ကို ပြန်ဖြေပါတယ်၊ အဲလူတွေဆီကို ကျွန်တော်တို့ တစ်ချိန်တည်းမှာပဲ ဝိဉာဉ်မိစ္ဆာတွေ လွှတ်လိုက်ပါတယ်၊ အဖြေကတော့ မသိရသေးပါဘူး” နောက်အစေခံတစ်ယောက်က ပြန်ဖြေလေသည်။
“ဒီတစ်ခေါက်ကို သူတို့နဲ့အတူအလုပ်လုပ်လို့ရမယ်လို့မထင်ဘူး” ကလန်ကလားဒီဇီသည် လက်ချောင်း များချိုးရင်းပြောလေသည်။
“သခင်ကြီး” ထိုမျက်နှာမမြင်ရသော အစေခံသည် ဖြေးညင်းစွာ အရိုအသေပေးလေသည်။
“တစ္ဆေသခင် စိတ်ထဲရှိတာသာပြောပါ” ဒီဇီသည် လှည့်ပြီးတစ္ဆေသခင်အား မျက်နှာချင်းဆိုင်လိုက်သည်။
“သခင်ကြီး ငါ့အမြင်တော့ အဲလူကို လျစ်လျူရှုလိုက်လို့ရတယ်” တစ္ဆေသခင် ပြောလေသည်။
“အဲလူတွေက ငါ့နတ်ဆိုးတစ္ဆေတွေအများကြီးကိုသတ်ထားတာ၊ ဘယ်လိုလုပ်လွှတ်ပေးရမှာလဲ” ဒီဇီ၏ မျက်လုံးများသည် မကျေနပ်မှုများပြည့်နေသော်လည်း တစ္ဆေသခင်၏ ထင်မြင်ချက်ကို လုံးလုံးလျားလျား ငြင်းဆန်ခြင်းမပြုပေ။
“သခင်ကြီး ဒီကိုလာတဲ့ငါတို့မစ်ရှင်က ဝိဉာဉ်တွေဆုပြီး တစ္ဆေတစ်ရာအောင်လံတော်ကို ဖြည့်ရမှာပဲ၊ အခု ငါတို့မစ်ရှင်က ပြည့်နေပြီ ပြန်လို့ရနေပြီ” တစ္ဆေသခင်ကပြောလိုက်သည် “အဲလူသားတွေကတော့ သူတို့က ဝိုင်းထားတဲ့လူတွေကို အများအပြားသတ်နိုင်တယ်ဆိုတာက တခြားသူတွေကိုဖိနှိပ်နိုင်တယ်ဆိုတာ ပြနေတာပဲ အခုက အမှားမခံတဲ့အချိန်နော် သူနဲ့ တိုက်ဖို့စွမ်းအင်တွေသုံးလိုက်မယ်ဆိုရင် မတန်ဘူး”
“ဒါပေမဲ့ ငါ ဒီအရှုပ်ထုတ်ကို မရှင်းရဘူးဆိုရင် နေရခက်တယ်၊ လူသားလောကကို လာရတာ ခက်ကခက် နဲ့၊ ပြန်သွားမယ်ဆိုရင် ဘယ်တော့ပြန်လာရမလဲဆိုတာ မသိဘူး၊ အဲလူတွေကိုလွှတ်ပေးလိုက်ရင် ဘယ်တော့ အခွင့်အရေးပြန်ရမလဲဆိုတာမသိဘူး…” ဒီဇီသည် မုန်းတီးစွာပြောလေသည်။
“သခင်ကြီး အဓိကမစ်ရှင်ကိုပဲအာရုံစိုက်ပါ” တစ္ဆေသခင်သည် အဓိပ္ပာယ်ပြည့်ဝစွာပြောလိုက်သည် “ဒါက အခုအစီအစဉ်အတွက် အဖုအထစ်လေးတစ်ခုပါပဲ၊ အဓိကမစ်ရှင်ကသာ ပထမဦးစားပေးပဲ၊ သခင်ကြီးသာ ဒါကိုလက်မခံနိုင်ဘူးဆိုရင် သူ့ဝိဉာဉ်ကိုထွက်သွားအောင်လုပ်လို့ရတယ်၊ သူသေသွားလို့ တစ္ဆေလောကို ရောက် သွားမယ်ဆိုရင် ငါတို့အာရုံခံလို့ရမှာပဲ အဲအချိန်ကျမှ သူ့ကိုနေရာချဖို့က နောက်မကျသေးပါဘူး”
သူ အဓိကကိစ္စကိုပြောလိုက်မှပင် ဒီဇီသည် ငြိမ်သွားကာ ပြောလေသည် “တစ္ဆေသခင်ပြောတာ မှန် တယ် တစ္ဆေတစ်ရာအောင်လံတော်ထဲမှာ ဝိဉာဉ်တွေပြည့်နေပြီ၊ အဲလူတွေက နာကျည်းမှုနဲ့သေတာဆိုတော့ ပို ကြောက်ဖို့ကောင်းတယ်၊ ငါတို့ပြန်သွားပြီး သူတို့ကို ပေါင်းစပ်လိုက်ရင် ငါတို့ိပိုအားကောင်းလာမှာပဲ”
“ငါတို့လူသားလောကကိုလာပြီး လုပ်ရတဲ့နည်းလမ်းက ကန့်သတ်ချက်တွေများတာတော့ နှမြောစရာပဲ ငါတို့ ဝင်ပေါက်နားမှာပဲ အလုပ်လုပ်လို့ရတယ်၊ မဟုတ်ရင် ဒီထက်ပိုပြီး ဝိဉာဉ်တွေပိုရမှာ” တစ္ဆေသခင်သည် ဝမ်းနည်းစွာပြောလေသည်။
“ငါတို့လာလိုက်တာကိုက အကြံကောင်းဖြစ်သွားတယ်” ဒီဇီပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက် မရီး လူသားလောကကိုလာတုန်းက ဘယ်လိုလဲမသိဘူး”
“အမှောင်မင်းသမီး ယုခိလောင်…” တစ္ဆေသခင်သည် ဖြေးညင်းစွာပြောလေသည် “အဲနှစ်က သူမက တစ္ဆေလောကကနေထွက်သွားလို့ရအောင် အမှောင်ဝိဉာဉ်ပုလဲကိုပဲသုံးသွားတာ၊ သူမကို ဖမ်းမိတော့ အမှောင် ဝိဉာဉ်ပုလဲ အရိပ်အယောင်တောင်ရှာမတွေ့တာတော့နှမြောစရာကောင်းတယ်”
“ဒါဆို ငါတို့ ဝိဉာဉ်ကမ္ဘာကိုပြန်ဖို့ ပြင်ရအောင်…”
ထိုအချိန်တွင် တစ္ဆေအစေခံနှစ်ကောင်သည် မတူညီသောနေရာမှရောက်လာကာ သူတို့ရှေ့သို့ ရောက် လာကြသည်။
“ဘယ်လိုအခြေအနေရှိလဲ” တစ္ဆေသခင်သည် သူတို့နှစ်ယောက်အားမေးလိုက်သည်။
“သခင်ကြီးကို ပြန်ဖြေပါတယ် အဖြစ်အပျက်တွေကို ဒီမှာမှတ်တမ်းတင်ထားပါတယ်” သူတို့ထဲမှ တစ်ယောက်သည် အနက်ရောင်ပုလဲကဲ့သို့ တောက်ပသော ပုလဲတစ်လုံးကိုထုတ်လိုက်သည်။
တစ္ဆေသခင်၏ လက်ဝေ့လိုက်သည်နှင့် ပုလဲနက်သည် သူ့လက်ထဲရောက်လာသည်။ သူသည် အမှောင် ရောင်ဝါအနည်းငယ်ထည့်လိုက်ရာ ရှီမာယူယူ ထိုနတ်ဆိုးတစ္ဆေများကို ချေမှုန်းသည့်မြင်ကွင်းသည် အားလုံးရှေ့ တွင်ပေါ်လာသည်။
အသားအရည်အချင်း၊ လျှပ်စီးအရည်အချင်းနှင့် မီးအရည်အချင်း… နတ်ဆိုးတစ္ဆေများသည် သူမရှေ့ တွင် အရိပ်အယောင်ပင်မရှိတော့ပေ။
“အဲဒီမီးတောက်” တစ္ဆေသခင်သည် ငှက်ပေါက်စအားတွေ့သောအခါ အော်လေသည်။
ထိုအချိန်တွင် မြင်ကွင်းမှာပျောက်ကွယ်သွားပြီး သူသည် တုန်လှုပ်နေသဖြင့် တုန့်ပြန်မှုကိုပင်မလုပ်နိုင် ပေ။
တစ္ဆေသခင် ဒီလောက်တုန်လှုပ်သည်ကိုမြင်ဖူးသည်မှာ ဒီဇီအတွက် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူပါ တုန်လှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“တစ္ဆေသခင် အဲဒီမီးတောက်က ဘာဖြစ်လို့လဲ”
သူ့အပေါ် အမြဲတမ်းတလေးတစားရှိခဲ့သော တစ္ဆေသခင်သည် သူ့အားလျစ်လျူရှုထားသည်။ ထိုအစား သူသည် ပုလဲနက်ထဲသို့ အမှောင်စွမ်းအင်နောက်တစ်ခေါက် ထည့်လိုက်သည်။
မြင်ကွင်းမှာ နောက်တစ်ကြိမ်ပေါ်လာရာ တစ္ဆေသခင်သည် မီးတောက်ကို အပြည့်အဝအာရုံစိုက်ထား သည်။ အစပိုင်းတွင် ငှက်ပေါက်စ၏ ခန္ဓာကိုယ်သည် ဒေါသငရဲကဲ့သို့ဖြစ်ရာ ထိုမီးတောက်သည် နေရာများကို လှိုင်းပင်ထစေသည်။ နောက်ဆုံးတွင် ငှက်ပေါက်စသည် ပုံစံငယ်တစ်ုခုအဖြစ်ပြောင်းသွားလေသည်။ ထိုအချိန်မှ ပင် မြင်ကွင်းမှာ ပြီးဆုံးသွားလေသည်။
ဒီဇီသည် တစ္ဆေသခင် ငှက်ပေါက်စအား အာရုံစိုက်ပြီးကြည့်နေသည်ကို မြင်သောအခါ ထပ်မေးလေ သည် “တစ္ဆေသခင်၊ အဲဒီမီးတောက်က တစ်ခုခုထူးခြားတာရှိလို့လား”
“ငါမှန်းတာမမှားရင် အဲဒါက ပျောက်နေတာကြာပြီဖြစ်တဲ့နိဗ္ဗာန်မီး ဖြစ်လောက်တယ်” တစ္ဆေသခင်သည် သံသယဖြင့်ပြောလေသည်။
“နိဗ္ဗာန်မီးဟုတ်လား အဲမီးတောက်က ထိပ်တန်းမီးတောက် ၁၀ခုထဲမှာမရှိဘူး ဘယ်လိုမီးတောက်မျိုးလဲ”
တစ္ဆေသခင် သက်ပြင်းချလိုက်သည် “မင်းကတော့ သေချာပေါက်မသိဘူးလေ၊ အဲမီးတောက်က ဒီကမ္ဘာ မှာပျောက်ကွယ်နေပြီ၊ နိဗ္ဗာန်မီးက ကောင်းကင်နဲ့မြေကြီးအပြင် သက်ရှိအားလုံးကို လောင်ကျွမ်းစေတယ်၊ ငါတို့ တစ္ဆေမျိုးနွယ်ရဲ့ ပြေးမလွတ်တဲ့ လက်နက်ပဲ…”
***