ဆရာ့ရဲ့ထူးဆန်းတဲ့အကျင့်
Vol. 008 Ch. 771
ရှီမာယူယူသည် အပြာရောင်ဓားသွားသခင်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။ အကုန်လုံးက သူမ အကြောင်းသိနေပြီဟုတ်လား။
“အပြာရောင်ဓားသွားသခင် ရှင်းပြပေးဖို့ တောင်းဆိုပါတယ်”
“မင်းက တစ္ဆေမျိုးနွယ်အကြောင်းကို အရင်ဆုံးသိတဲ့လူပဲ ရှောင်ယိနဲ့ တခြားသူတွေက အခြေအနေတွေ ကို အကုန်လုံးကိုပြန်ပြောပြတယ်၊ အဲတော့ မင်းအကြောင်းကို အားလုံးသိနေကြတာပဲ” အပြာရောင်ဓားသွား သခင်ရှင်းပြလေသည်။
“မြို့ဝတ်ရှောင်ကတကယ်ပဲ… ကျွန်တော့်ကိုကြော်ညာပေးနေတာပဲ” ရှီမာယူယူသည် မျက်မှောင်ကြုတ် လိုက်သည်။ စဉ်းစားပြီးနောက်တွင် သူမသည် ကွဲပြားစွာပြောရန် ဆုံးဖြတ်လိုက်သည်။
“မင်းဆရာနဲ့ တခြားသူတွေဆီကလည်း သတင်းရတယ်၊ သူ မကြာခင်ရောက်လာလိမ့်မယ်”
“ကျွန်တော့်ဆရာဟုတ်လား ဘယ်တစ်ယောက်လဲ” ရှီမာယူယူသည် ရှုပ်ထွေးစွာ မျက်တောင်ခတ်ကာ ဘယ်ဆရာလာမည်ကို မသေချာဖြစ်နေသည်။
ရှုဂျင်းသည် အခုလေးတင်မှ ကောင်းကင်ဂိုဏ်းကိုပြန်သွားသည်။ အဘိုးနတ်ဆိုးသည် ဘယ်နေရာ ရောက်နေမှန်းမသိ။ ဖန်ကျိရှင်းသည်လည်း ထိုနေရာမှ ထွက်သွားသည်မှာ မကြာသေး။ ဘယ်သူဖြစ်မလဲဆို သည်ကို သူမ တကယ်ပင်မသိတော့ပေ။
“အဲဒါက…”
“သေချာပေါက် ငါပဲပေါ့”
အပြာရောင်ဓားသွားသခင် မပြောခင်မှာပင် ရှုဂျင်း ပေါ်လာလေသည်။
“ဆရာလား ဒီမှာဘာလုပ်နေတာလဲ” ရှီမာယူယူသည် ရှုဂျင်းအား မြင်သောအခါ အမှန်တကယ်ပင် အံ့သြသွားသည်။ သူက ပြန်သွားလိုက်ပြီမဟုတ်ဘူးလား။
ရှုဂျင်းသည် လေဟာပြင်အပေါက်မှပေါ်လာပြီး ကောင်းကင်ဂိုဏ်းမှ ဆရာတချို့အား ဦးဆောင်လာ သည်။
“ဝေကျိရွှီနဲ့ တခြားသူတွေက မင်းနဲ့အဆက်အသွယ်မရတာ ကြာနေပြီပြောတယ် သူတို့လည်း စိုးရိမ်နေ ကြတယ်၊ ပြီးတော့ တစ္ဆေမျိုးနွယ်ကလည်း တိုင်းပြည်မှာပေါ်လာတယ်၊ အဲဒါအရေးကြီးလို့ ကျောင်းကို သတင်းပို့ ပြီး အပြေးလာတာပဲ၊ အဘိုးကြီးယွမ်က အပျင်းကြီးတော့ တခြားသူတွေခေါ်ပြီး ငါ့ကိုလာခိုင်းလိုက်တာပဲ” ရှုဂျင်း သည် ရှေ့တိုးကာ သူမအား စစ်ဆေးပြီး ပြောလေသည် “မင်း ခြေတွေလက်တွေမပြတ်သေးပုံထောက်ရင်တော့ အဆင်ပြေနေသေးတာပဲ”
သူ၏ အပြုအမူမှာ အကဲပိုလွန်းသည်ဟု ရှီမာယူယူခံစားရသဖြင့် ရှင်းပြရန် စိတ်ထဲမထားတော့ပေ။
ထို့နောက်တွင် လေဟာပြင်တွင်လူများ ပိုပေါ်လာသည်။ သူတို့အားလုံးသည် ဂိုဏ်းမျိုးစုံမှ ဖြစ်ကြသည်။ အစပိုင်းက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် ချက်ချင်းပင် အသက်ဝင်သွားသည်။
“ယူယူ အဆင်ပြေရဲ့လား”
ချုံရှောင်ထန်သည် မြေပေါ်ဆင်းဆင်းချင်း ရှီမာယူယူအား ကြည့်ပြီး အပြေးလာကာ မေးလေသည်။
“ငါ့ ခြေတွေလက်တွေအကုန်ရှိနေတာကိုပဲကြည့်လိုက်၊ ငါတစ်ခုခုမဖြစ်ဘူးမလား” ရှီမာယူယူ ပြောလိုက် သည် “မုရွှန်မြို့မှာပဲ ဘာလို့မနေတာပဲ၊ ဒီအထိဘာလာလုပ်တာလဲ”
သူသည် သတ္တုအရည်အချင်းရှိသည်ကို ရှီမာယူယူ မှတ်မိသည်။ ထိုနေရာသို့လာရောက်သူများမှာ တခြားအရည်အချင်း ၃ခုသာဖြစ်သင့်သည်။
“ငါ့မှာ သစ်အရည်အချင်းနည်းနည်းရှိပါတယ်၊ မသုံးလို့သာရယ်” ချုံရှောင်ထန် ပြောလိုက်သည်။
“ဟိုမှာရော အခြေအနေဘယ်လိုရှိလဲ” လူတစ်ယောက်က မေးလိုက်သည်။
အပြာရောင်ဓားသွားသည် လက်ရှိအခြေအနေကို ပြန်ပြောပြရာ အနီရောင်တောင်ထိပ်၏ အဖြစ်အပျက် များကို ကြားသိရသောအခါ ဒေါသထွက်ကြသည်။
“တကယ်ပဲ ဒီအခြေအနေထိ ဖြစ်သွားတာပဲ အဲဒီ မကောင်းတဲ့ တစ္ဆေလောကသားတွေ”
“ငါတို့် သေချာပေါက် အဲဒီတစ္ဆေလောကသားတွေကို ရှင်းပစ်ရမယ်”
“ဟုတ်တယ်”
ထိုနေရာသို့ လာရောက်သူများမှာ ဂိုဏ်းကြီးများ၏ တပည့်များ၊ အကြံပေးများဖြစ်ကြသည်။ သည်လိုနှင့် သူတို့သည် ဒေါသထွက်လွန်းသဖြင့် ဆဲဆိုကြလေသည်။
“ဒါပေမဲ့ ဒီမှာရောက်နေတဲ့လူက အပြင်နဲ့ ဆက်သွယ်လို့မရဘူး၊ အပြင်ကလူတွေကလည်း ဒီကို ဖြတ်လမ်းတည်ဆောက်မှုသုံးလို့မရဘူး၊ ဒီနေ့ကျမှ ဘာလို့ထူးခြားနေတာလဲ” လူတစ်ယောက်က မေးလိုက် သည်။
အပြာရောင်ဓားသွားနှင့် တခြားသူများတွင် ထိုမေးခွန်းအတွက် အဖြေမရှိပေ။ ထို့ကြောင့် ဘယ်သူမှ မဖြေကြပေ။
မည်သည့်အကြောင်းကြောင့်ဖြစ်စေကာမူ သူတို့သည် ထိုနေရာသို့ရောက်ပြီးဖြစ်ကာ အနီရောင်တောင် ထိပ်မှလူများကို ဖမ်းဆီးရမည်။
“ပြောဖို့လိုသေးလား အဲကောင်တွေ ပြေးဖို့ ပြင်နေတာပဲ” ရှုဂျင်း ပြောလိုက်သည်။
“အဲဒါကိုဘယ်လိုသိလဲ”
“ဒီမှာ ဒီအတားအဆီးက တစ္ဆေလောကသားတွေလုပ်ထားတာ ပြီးတော့ အခုမရှိတော့ဘူး၊ ဆိုလိုတာက သူတို့ အတားအဆီးကိုမလိုတော့ဘူးပဲ၊ သူတို့ ပြေးမှာမဟုတ်ရင် ဘာလုပ်မှာလဲ” ရှုဂျင်း ပြောလိုက်သည်။
ရှီမာယူယူသည် ရှုဂျင်းပြောဆိုသော အချက်ကိုသဘောတူသည်။ ဖမ်းဆီးရန်လူသားမရှိတော့ပါက သူတို့ နေလျှင်လည်း ဒီနေရာတွင် ကျန်ရှိကာ လူသားများကို ရှုံးနိမ့်မည်ဖြစ်သည်။
“သူတို့ တကယ်ပဲထွက်ပြေးချင်တယ်ဆိုရင် ငါတို့အဲဒါကိုလက်မခံနိုင်ဘူး၊ ငါတို့လက်စားချေရမယ်”
“ဒါပေမဲ့ ဒါပေမဲ့ သူတို့ဘယ်မှာလဲဆိုတာ ငါတို့မသိရဘူး၊ အနီရောင်တောင်ထိပ်ကမကြီးပေမယ့် မသေးဘူး၊ သူတို့ကိုရှာဖို့ ခက်လိမ့်မယ်” ရှောင်ယိ ပြောလိုက်သည်။
“တိမ်တိုက်နီတောင်ထိပ် ကြံ့တောင်ကြား” ရှီမာယူယူပြောလိုက်သည်။
“ဘာ..”
“သူတို့က တိမ်တိုက်နီတောင်ထိပ်နဲ့ ကြံ့တောင်ကြားမှာလို့ပြောတာ၊ ဒါပေမဲ့ အဲနေရာတွေက ဘယ်မှာ လဲဆိုတာ ကျွန်တော်တို့မသိဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းဘယ်လိုသိတာလဲ”
“ကျွန်တော် အပြာရောင်ဓားသွားနဲ့ တခြားသူတွေကိုမတွေ့ခင်တုန်းက တစ္ဆေလောကသားတစ်ယောက် ကိုဖမ်းမိပြီး မေးလိုက်တာ၊ အဲနှစ်နေရာက ဘယ်နေရာတွေလဲဆိုတာ မသိလို့ မသွားရတာ” ရှီမာယူယူသည် ဝေခွဲမရစွာပြောလေသည်။
“အဲဒီတစ္ဆေလောကသားရော” အမျိုးသမီးကြီးတစ်ဦးက မေးလိုက်သည်။
“သတ်လိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။
“သူ့ကိုဘာလို့ ဒီအတိုင်းသတ်ပစ်လိုက်တာလဲ” အမျိုးသမီးကြီး၏ အသံတွင် အပြစ်တင်သံပါလေသည်။
သူမအသံထဲမှ ရွဲ့စောင်းသံပါသည်ကို ရှီမာယူယူကြားလိုက်သောအခါ ဒေါသထွက်ပြီး ပြောလိုက် သည် “သူတို့မကောင်းတာတွေ အများကြီးလုပ်ထားတာ တွေ့လိုက်လို့ပဲ၊ အဲတော့ သူတို့ကို ကျွေးမွေးပြီး ပြန်လွှတ်ရမှာ လား၊ မေးခွန်းတွေမေးပြီးတာနဲ့ သတ်လိုက်ပြီပေါ့”
“မင်း”
“အဘွားကြီး မင်းကများ ငါ့ကျောင်းသားကို မေးရဲသေးတယ်” ရှုဂျင်းသည် ရှီမာယူယူအရှေ့ တွင်ရပ်ကာ အဘွားကြီးကိုစိုက်ကြည့်လေသည်။
“ငါ့လို အမျိုးသမီးကြီးကို ကျိန်ဆဲနေတာ ဘယ်သူလဲ”
“မင်း ဦးနှောက်ကအသက်ကြီးလာလို့ အလုပ်မလုပ်တော့ဘူးပဲ၊ ငါ ကျိန်ဆဲနေတာက မင်းဆိုတာကို သေချာသိနေတာကိုပဲ…” ရှုဂျင်းသည် ခေါင်းရမ်းရင်းပြောလေသည်။
“ဟား”
ရှီမာယူယူသည် မအောင့်နိုင်တော့ပဲ ရှုဂျင်းအနောက်တွင်ရပ်ကာ ကျယ်လောင်စွာရယ်မောလေသည်။
ဆရာက အကောင်းဆုံးပဲ။
“မင်းတို့နှစ်ယောက်လုံး ရန်ဖြစ်ဖို့အချိန်မဟုတ်သေးဘူး၊ နှစ်ယောက်လုံး အဓိကကိစ္စကိုပဲ အာရုံစိုက်ပေး ကြပါလို့ တောင်းဆိုပါတယ်၊ အရင်ဆုံး တစ္ဆေလောကကိစ္စကိုဖြေရှင်းသင့်တယ် သူတို့ အခွင့်အရေးယူပြီး ထွက်ပြေးသွားမယ်ဆိုရင် ငါတို့အကုန်လုံး နောင်တရကျန်နေခဲ့လိမ့်မယ်” ရှောင်ယိသည် ဖြန်ဖြေသူအနေနှင့် ရှေ့တိုးလာသည်။
“ဟုတ်တယ် မြန်မြန်လုပ်သင့်တယ်” လူတစ်ယောက်က ပြောလိုက်သည်။
“နှစ်နေရာဆိုတော့ ငါတို့်လူခွဲသွားသင့်တယ်” အပြာရောင်ဓားသွားသခင် ပြောလိုက်သည်။
“ငါကတော့ အဲဒီအဘွားကြီးနဲ့ တစ်ဖွဲ့တည်းမကျချင်ဘူး” အရင်ဆုံးဆန္ဒမရှိမှုကို ထုတ်ဖော်ပြောသည်မှာ ရှုဂျင်းဖြစ်သည်။
“ငါလည်း မင်းနဲ့အတူတူမကျချင်ပါဘူး” တစ်ဖက်လူသည်လည်း ရှုဂျင်းမှ ထိုးဆွသလိုခံစားရကာ “ရှုဂျင်း မင်းအသက်ကို ကောင်းကောင်းဂရုစိုက်ထားတာကောင်းမယ် မဟုတ်ရင်…”
အဘွားကြီးသည် ရှီမာယူယူနှင့် ရှုဂျင်းတို့အား လူသတ်မည့် အကြည့်ဖြင့်ကြည့်လေသည်။ သူမသည် ထိုအခြေအနေပြီးဆုံးသွားပါက သူတို့အားသတ်မည့်ပုံပင်။
ရှုဂျင်းသည် ပျင်းရိသလိုဖြင့် နှာခေါင်းနှိုက်ကာ အဘွားကြီးအကြည့်အားမြင်သောအခါ ရှီမာယူယူသည် နှုှတ်ခမ်းတွန့်လိုက်သည်။ ဒီလိုအဘွားကြီးတွေကဘာလို့ ဒီလောက်လှနေတာလဲ။
သူမသည် ရှုဂျင်းအား တိုးတိုးလေးမေးလိုက်သည်။
ရှုဂျင်းသည် ရှီမာယူယူ၏ ပခုံးကိုပုတ်ပြီး ကျယ်လောင်စွာပြောလေသည် “မင်းမေးတာကောင်းတယ်၊ မင်းဆရာပြောပြမယ်၊ အဲလိုလူူစားမျိုးက လှချင်တဲ့အတွက် ကျင့်ကြံမှုကို သုံးတာမဟုတ်ရင် တခြားတစ်ခုခုကို သုံးကြတယ်၊ သူတို့အလှကို ဆက်မထိန်းသိမ်းနိုင်ဘူးဆိုရင် တဖြည်းဖြည်းသေးသိမ်လာပြီးတော့ တစ်ကိုယ်လုံး ကွေ့ကောက်သွားတော့မှာ၊ မင်းကယောက်ျားလေးဖြစ်လို့တော်သေးတယ်၊ အဲလိုမျိုး ရုပ်ရည်အပေါ်မှာ ဂရုစိုက် စရာမလိုဘူး၊ မင်းအိုသွားရင်တောင်မှ အဲလိုဖြစ်မသွားဘူး”
ရှီမာယူယူသည် မတတ်သာတော့ပဲ နှှုတ်ခမ်းတွန့်လိုက်သည်။ ဆရာ ဘာလို့အဲလောက်ကျယ်ကျယ် ပြောရတာလဲ။
သူမသည် မေးခွန်းအားကြားသာလောက်အောင် မေးသည်မှာ တိုးတိတ်လိုခြင်းကြောင့်ဖြစ်သည်။ ဒီလူကြီးက သူ့လောက်မကောင်းပေ။ ကျယ်လောင်စွာပြောသည်။ နောက်ဆုံးတော့ သူပဲအရှက်ရတာမဟုတ်ဘူး လား။
ဆရာက ဘာလို့အဲအဘွားကြီးကို အဲလောက်မုန်းနေရတာလဲ။ တခြားသူတွေအပေါ် သူအဲလိုလုပ်တာ မမြင်ဖူးပါဘူး။
ဒီအဘွားကြီးက သူ့ရည်းစားဟောင်းများဖြစ်နေမလားပဲ။
***