← Chapters

အနက်ရောင်ကြိုး

Vol. 008 Ch. 772

အနက်ရောင်ကြိုး

Vol. 008 Ch. 772

ထိုအဘွားကြီးသည် ဒေါသများတိုးပွားလာကာ သူမ စကတ်ပင်ပျံတတ်မတ် ပေါက်ကွဲလုနီးပါးဖြစ်နေ သည်ကို ရှီမာယူယူတွေ့လိုက်ရသည်။

ထိုအမျိုးသမီးကြီး၏ စကတ်တွင် ကြိုးရှိနေသည်ကို သူမ နောက်ဆုံးတွင် သတိထားမိသွားသည်။

အနက်ရောင်ကြိုး…

သူမသည် အော့အန်မိတော့မလို အနည်းငယ်ခံစားလိုက်ရသည်။

အမျိုးသမီးကြီး၏ ဒေါသသည် အချိန်တိုအတွင်းမှာပင် ရှုဂျင်း၏ ဖိနှိပ်ခြင်းကိုခံလိုက်ရသည်။ ရှုဂျင်းသည် လဲကျအောင်မလုပ်ပေ။ သူသည် လက်ကိုဝေ့ရမ်းလိုက်သည်နှင့် အမျိုးသမီးကြီးနေရာမှန်ရောက်သွားသည်။

“မင်းအားက ဘယ်တုန်းကဒီလောက်မြင့်လာတာလဲ” အမျိုးသမီးကြီးသည် နောက်ကို ခြေလှမ်းနှစ်လှမ်း ဆုတ်ကာ ရှုဂျင်းအား ကြောက်ရွံ့စွာ ကြည့်လေသည်။

“ဘယ်အချိန်က မြင့်တာလဲဆိုတာ မင်းစိုးရိမ်စရာမလိုပါဘူး” ရှုဂျင်းသည် နှာမှုတ်လေသည်။

“အားလုံးပဲ အချိန်မရဘူး၊ အားလုံးပဲ သွားဖို့လုပ်ကြပါ” အပြာရောင်ဓားသွားသခင် ဒေါသထွက်လာ သည်။ ထိုသည်မှာ သွယ်ဝိုက်ကာ ကြားဝင်ဖြန်ဖြေခြင်းဖြစ်သည်။ ထိုစကားကြောင့် အဘွားကြီးသည် ခြေတစ်လှမ်းဆုတ်လိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် သွားရအောင် မဟုတ်ရင် တစ္ဆေမျိုးနွယ်က ထွက်သွားတော့မယ်” လူ တစ်ယောက်က သဘောတူလိုက်သည်။

“ဒါဆို ငါတို့အခုပဲသွားပြီ” ရှောင်ယိ ပြောလိုက်သည် “လူတစ်ဝက်က အနီရောင်တိမ်တိုက်တောင်ထိပ် ကိုသွားမယ် နောက်တစ်ဝက်က ကြံ့တောင်ကြားကိုသွားမယ် ဒီနေ့ကိစ္စကို အားလုံးကိုပဲယုံပြီးအပ်လိုက်ပါပြီ”

ရှီမာယူယူသည် လှည့်ကာ မှင်တက်နေကြသော ချူမိသားစုဝင်များကို ကြည့်လိုက်သည် “အရင်သွား ကြတော့ ကိစ္စတွေအကုန်ရှင်းပြီးသွားရင် မင်းတို့ကိုလာပြောလိုက်မယ်”

သူတို့ကို မလိုက်ခိုင်းသည်မှာ အကောင်းဆုံးဖြစ်သည်။ သူတို့သည် အားနည်းကြသည်။ သူတို့သာ လိုက်ခဲ့ပါက တိုက်ပွဲ၏ သက်ရောက်မှုသည် သူတို့ကိုအဆုံးသတ်သွားစေမည်။

ချူလျူနှင့် ချူရီတို့သည် လက်ရှိအခြေအနေကို နားလည်ကြသည်။ “ဒါဆို ကျွန်မတို့ အရင်သွားနှင့်ပါ မယ်”

“လာခဲ့ ကြံ့တောင်ကြားကိုသွားမယ်” ရှုဂျင်း ပြောလိုက်သည်။

“ဆရာ ကျွန်တော် တိမ်တိုက်နီတောင်ထိပ်ကိုသွားချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

တိမ်တိုက်နီတောင်ထိပ်သည် နယ်နိမိတ်မဟုတ်ပဲ တောင်တန်း၏ နာမည်ဖြစ်သည်။ အနီရောင် တောင်ထိပ်နှင့် နာမည်ဆင်တူသည်။ သို့သော် ကွဲပြားမှုများသည်။

“ဘာလို့လဲ” ရှုဂျင်းသည် ရှီမာယူယူအား မရှင်းလင်းစွာကြည့်လိုက်သည်။ အဲလူတွေနဲ့ အသွားချင်ဘူး ဆိုတာ အခုလေးတင်ပြောလိုက်တာမလား။

“ဆရာ ကျွန်တော့အရည်အချင်းက တစ္ဆေတွေနဲ့ တိုက်နိုင်ပါတယ်၊ ကျွန်တော်တိမ်တိုက်နီတောင်ထိပ်ကို သွားမယ်ဆိုရင် ပိုအသုံးဝင်ပါလိမ့်မယ်” ရှီမာယူယူသည် ရှုဂျင်းအား မျက်စိမှိတ်ပြလိုက်သည်။

သူမသည် တစ္ဆေတစ်ရာအောင်လံတော်လိုချင်သည်ဟု ဝန်မခံလိုပေ။

သူမ ပုံစံကို ရှုဂျင်းမြင်သောအခါ သူမတွင် သတ္တိရှိသည်ကို သူသိသည်။ သူ့အမူအရာသည် ရှုပ်ထွေးသွား သည်။ ခေတ္တမျှတိတ်ဆိတ်ပြီးနောက် သူ ပြောလိုက်သည် “ဒါဆိုလည်း ဂရုစိုက်”

“ဆရာရှု သူ တစ်ယောက်တည်းသွားလို့ဖြစ်ပါ့မလား” ဆရာတစ်ယောက်သည် သဘောမတူပေ။

တခြားအဖွဲ့မှ အဘိုးကြီးများသည် ရှုဂျင်းကြောင့် ဒေါသထွက်နေကြပြီဖြစ်သည်။ အခု သူ့ကျောင်းသား က နောက်တစ်ဖက်ကိုတစ်ယောက်တည်းသွားဦးမယ်။ အဲအဘွားကြီးက သူမကို ထိခိုက်အောင်မလုပ်ပါဘူးလို့ အာမခံဖို့ကခက်နေပြီ။

“ကြောက်လို့လား” ရှုဂျင်း ပြောလေသည် “အဲဒီရုပ်ဆိုးတဲ့အဘွားကြီးရဲ့ အရည်အချင်းနဲ့ဆိုရင် ယူယူ့ကို ထိခိုက်အောင်လုပ်လို့မရဘူး တော်ပြီ သွားကြမယ်”

သူသည် ရှီမာယူယူအား လက်ဝေ့ရမ်းပြလိုက်သည်။

ရှုဂျင်းသည် ထိုအဘွားကြီးအား ဘာကြောင့်ဒီလောက်ဆန့်ကျင်နေသလဲဆိုသညိကို ရှီမာယူယူ မေးချင် မိသည်။ သူ့ကိုနောက်မှပင် မေးရမည့်ပုံပင်။

“ဒါဆို တပည့်ကိုသွားခွင့်ပြုပါဦး” ရှီမာယူယူသည် ဂိုဏ်းအဖွဲ့ဝင်များကို အရိုအသေပေးကာ တစ်ဖက်သို့ သွားလိုက်သည်။

ထိုအမျိုးသမီးကြီးသည် ရှီမာယူယူ လျှောက်လာသည်ကို စူးရှသောအကြည့်ဖြင့် ကြည့်နေလေသည်။

ဒီကလေးက ဒီဘက်ကိုတစ်ယောက်တည်းလာရဲတာပဲ… ပြီးမှ သူမကိုဘာအပြစ်မတင်နဲ့။

ရှီမာယူယူသည် ထိုအမျိုးသမီးကြီးဆီမှ စူးရှသောအကြည့်ကိုအာရုံခံမိသည်။ သူမသည် ထိုအမျိုးသမီး ကြီးအား ကျောပေးလိုက်သည်။

“ရှုဂျင်းလာမှတော့ တခြားကျောင်းသားတစ်ယောက်ကို ဘာလို့ခေါ်မလာတာလဲ” သူမဘေးမှ တစ်ယောက်သည် တခြားသူများကိုပြောလိုက်သည်။

“မင်းပြောတာ မိုးကြိုးဘေးသင့်မှုကို ဆင့်ခေါ်ပြီး ကျွမ်းကျင်သူ တစ်ရာလောက်ကိုသတ်ပစ်တဲ့ ကျောင်းသားလား”

“ဟုတ်တယ် အဲကျောင်းသားရဲ့ မိုးကြိုးဘေးသင့်မှုက အရမ်းအားကောင်းတယ် သူ့ကိုသာခေါ်လာရင် အဲလူတွေကို ရှင်းပစ်ဖို့ မိုးကြိုးဘေးသင့်မှုသုံးလို့ရတယ် အဲလိုဆို အားလုံးအဆင်ချောသွားမှာပဲ”

“ရှုဂျင်းက အဲကျောင်းသားကို ခေါ်ထုတ်ရဲပါ့မလား၊ အဲကျောင်းသားကိုမြင်တာနဲ့ အင်အားကြီးတွေက သေချာပေါက်သတ်ကြမှာပဲ၊ ကောင်းကင်ဂိုဏ်းက ကျောင်းသားတွေကိုကာကွယ်ပေးတယ်ဆိုပေမယ့် အဲဒါက ကျောင်းအပြင်မှာဖြစ်သွားတာလေ၊ ဂိုဏ်းထဲမှာနေတာပဲပိုကောင်းပါတယ်”

“အဲလူတွေလည်း တန်ပါတယ် သူတို့ကပဲ ဂိုဏ်းရဲ့ မင်္ဂလာသားရဲကိုလုချင်ကြတာ၊ နောက်ဆုံးတော့ အသတ်ပဲခံလိုက်ရပြီး၊ ကလေးကိုပဲအပြစ်တင်နေကြတာ”

“အေးလေ သူတို့ကို အဲလိုသဘောထားသေးဖို့ ဘယ်သူပြောလဲ၊ ငါ့အမြင်တော့ သူတို့ မင်္ဂလာသားရဲကို လုနိုင်သွားရင် မင်္ဂလာသားရဲကိုရော ကလေးရဲ့အသက်ကိုပါ ချမ်းသာပေးမှာမဟုတ်ဘူး”

“ဟူး အဲကလေးမလာနိုင်တာတော့ နှမြောဖို့ကောင်းတယ် မဟုတ်ရင် ကောင်းကင်မိုးကြိုးနဲ့ဆိုရင် ဒီ တစ္ဆေမျိုးနွယ်တော့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး”

ရှီမာယူယူသည် မျက်ခုံးပင့်မိသည်။ ဒီနေရာရှိလူတိုင်းကတော့ ထိုလူများအတိုင်းမဟုတ်သည့်ပုံပင်။ သူတို့သည် လူသားဆန်သေးသည်။

ထိုအချိန်တွင် အဖွဲ့များခွဲပြီးသွားလေပြီ။ အားနည်းသောလူများကို အဖွဲ့နှစ်ဖွဲ့တွင် မျှထည့်လိုက်ပြီး အားကောင်းသူများသည် ပန်းတိုင်နေရာသို့ ဦးတည်သွားကြမည်။

“ယူယူ ငါတို့နဲ့လိုက်ခဲ့၊ အဲအဘွားကြီး မင်းကိုထိခိုက်အောင်လုပ်လို့မရပါဘူး” ချုံရှောင်ထန်သည် ရှီမာယူယူဘေးလာပြီး ပြုံးပြလေသည်။

ကျန်းယန်ဂိုဏ်းသည် တိမ်တိုက်နီတောင်ထိပ်သွားမည့်အဖွဲ့ကိုဦးဆောင်သည်။ သူတို့သည် အတူသွား ကြမည်ဖြစ်သည်။

ရှုဂျင်းနှင့် ထိုအမျိုးသမီးကြီးကြားမှ အဖြစ်အပျက်ကို ချုံရှောင်ထန် မအံ့သြသည်ကို ရှီမာယူယူ သတိ ထားမိသည်။ သူမ မေးလိုက်သည် “ငါ့ဆရာက ဘာလို့သူမနဲ့ ဆန့်ကျင်နေတာလဲသိလား”

ချုံရှောင်ထန်သည် သူမအား အံ့သြစွာ ကြည့်လိုက်ပြီး “မင်းမသိဘူးလား”

ရှီမာယူယူသည် ခေါင်းရမ်းကာ “ငါ့ဆရာကို သူမ တွန်းလိုက်လို့ ငါ့ဆရာဒဏ်ရာရသွားဖူးလို့လား”

“ဟုတ်တည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး၊ မင်းက သူ့တပည့်အနေနဲ့ မသိဘူးလို့ မထင်မိဘူး၊ ဒါပေမဲ့ အဲဒါက မင်းဆရာဘဝရဲ့ အဓိကဖြစ်ရပ်ပဲ” ချုံရှောင်ထန် ပြန်ဖြေလိုက်သည်။

“ဟုတ်တည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ၊ မြန်မြန်ပြောပြ” ရှီမာယူယူသည် သူ့လက်မောင်းကိုပုတ်လိုက်သည်။

“အဲလူကြောင့် လူတစ်ယောက်ဒဏ်ရာရဖူးတာတော့ဟုတ်တယ်၊ ဒါပေမဲ့ မင်းဆရာတော့မဟုတ်ဘူး မင်း ဆရာရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ နောက်တော့ အဲလူသေသွားတယ်၊ ပြောပုံအရတော့ သူမနဲ့ ပတ်သတ်တယ်ဆို ပဲ၊ မင်းဆရာက ဂိုဏ်းကိုသွားပြီး သူမကိုသွားရှာတယ်၊ ဒါပေမဲ့ ဂိုဏ်းက သူမကိုကာကွယ်ပေးထားတာ၊ ဒါပေမဲ့ အဲအချိန်တုန်းကလည်း အဲဒါက အဖြစ်အပျက်ကြီးပဲ အဲတော့အားလုံးသိကြတယ်” ချုံရှောင်ထန် ပြောလိုက် သည်။

ထိုအခါမှပင် ထိုလူများ ရှုဂျင်း ထိုအမျိုးသမီးကြီးနှင့် မကျေမလည်ဖြစ်သည်ကို တွေ့သော်လည်း မအံံသြသည်ကို ရှီမာယူယူနားလည်သွားသည်။

“သွားရအောင်” ဝမ်ရှီသည် ချုံရှောင်ထန်နှင့် တခြားသူများကို ပြောလိုက်သည်။

ရှီမာယူယူ မော့ကြည့်လိုက်ရာ အားလုံးသွားနေပြီကို တွေ့လိုက်ရသည်။ ကျန်းယန်ဂိုဏ်းတစ်ခုသာ ကျန် နေကာ ဝမ်ရှီသည် သူတို့အား ကြည့်လျက်ရှိသည်။

ဝမ်ရှီသည် သူတို့နှစ်ယောက်စကားပြောပြီးသည်အထိ စောင့်နေသည့်ပုံပင်။

ဂိုဏ်းသခင်ကို စောင့်ခိုင်းရသည်ကို စဉ်းစားလိုက်သောအခါ ရှီမာယူယူ ရှက်ရွံ့စွာပြုံးမိသည်။ အကြိမ် တိုင်းတွင် သူ့အပေါ်ထားရှိသည့် သဘောထားမှာ ဘယ်လောက်ကောင်းမွန်လာသည်ကိုမသိတော့ပေ။

ဝမ်ရှီသည် ဝင်ပေါက်ဖွင့်လိုက်ရာ ကျန်းယန်ဂိုဏ်းဝင်များ ဝင်လိုက်ကြသည်။ ရှီမာယူယူနှင့် ချုံရှောင်ထန် တို့သည် နောက်ဆုံးမှဝင်လိုက်ကြသည်။ ယန်လင်းဝင်ချိန်တွင် သူမအား မကျေနပ်စွာဖြင့် ပြန်ကြည့်လေသည်။

“စိတ်ထဲမထားနဲ့ ဂျူနီယာညီမလေးက တစ္ဆေမျိုးနွယ်ကလူတွေကိုမုန်းပြီး မြန်မြန်သွားချင်နေလို့” ချုံရှောင်ထန် ပြောလိုက်သည်။

“ငါနားလည်ပါတယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ မုန်းစရာကောင်းသော ကောင်မလေး၏ တိုက်ခိုက်မှုကို ရလိုက်သည်မှာ ဘာမှတော့မဟုတ်ပေ။

ယန်လင်း ချုံရှောင်ထန်ကို နှစ်သက်သည်မှာ သူ့အတွက်ပြဿနာများစွာဖြစ်စေသည်ဟု ပြောလို့ရ သည်။ ထိုဂျူနီယာအစ်မနှင့် စီနီယာအစ်မများသည် သူနှင့် ဝေးရာတွင်နေကြပြီး စီနီယာအစ်ကိုများသည် သူ့အား ပြဿနာရှာကြသည်။ သို့သော် လက်ရှိတွင် သူမသည် ယောကျ်ားလေးဝတ်စုံဝတ်ထားသည်။ သူမကို အချစ်လုဖက်လို့တော့ ထည့်မတွက်လောက်ပါဘူးနော်။

သူတို့ လေဟာပြင်ဝင်ပေါက်ထွက်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်သည်မှာ မျှော်လင့်ထားသလို နတ်ဆိုးတစ္ဆေများမဟုတ်ပဲ တောင်ကြားရှိပုံနေသော အရိုးများဖြစ်သည်။ အရိုးများသည် တောင်ကြားတစ်ခုလုံး ပြည့်လုနီးပါပင်။ ပုပ်စော်နံသော အနံ့များသည်လည်း အပြည့်ပင်။

***

All Chapters