အနောက်မှချောင်းမြောင်းတိုက်ခံရခြင်း
Vol. 008 Ch. 773
“အရိုးတွေများလိုက်တာ” ယန်လင်းသည် ထိုအရိုးများကိုမြင်သောအခါ မတတ်သာတော့ပဲ ကျယ်လောင်စွာ အသံထွက်လာသည်။
ကြီးမားသော တောင်ကြားသည် အရိုးများဖြင့် ပြည့်နေသည်။ ရေတွက်လို့မရလောက်အောင်ပင် ပုံနေ သည်။ မြင်ကွင်းမှာ တုန်လှုပ်စရာပင်။
ကြီးမားသော မုန်တိုင်းများကိုအတွေ့အကြံရှိသော လူများအတွက် လက်ခံနိုင်စရာဖြစ်သော်လည်း ယန်လင်းကဲ့သို့ လူငယ်တစ်ယောက်အတွက်ကတော့ အမှန်တကယ်ပင် တုန်လှုပ်စရာပင်။
ရှီမာယူယူသည် အောက်မှမြင်ကွင်းကိုကြည့်လိုက်သည်။ သူမ အမှောင်တောတွင် လုပ်ခဲ့သည့် ပွဲထက်ပို ပြီး ကြီးကျယ်သည်ဟု သူမထင်သည်။
“တစ္ဆေမျိုးနွယ်တွေဘယ်မှာလဲ” ချုံရှောင်ထန် မေးလိုက်သည်။
“တစ်ကောင်မှမရှိပါဘူး နေရာများမှားနေသလား”
“မဖြစ်နိုင်ဘူး တစ္ဆေရောင်ဝါက သန်မာတယ်၊ ဒီမှာခုနလေးတင်ရှိသွားတာဖြစ်ရမယ်” ရှောင်ယိ ပြန်ဖြေ လေသည်။
“သူတို့ထွက်သွားတာများဖြစ်နေမလား” ချုံရှောင်ထန် မေးလေသည်။
“မဟုတ်ဘူး” ရှီမာယူယူ အောက်မှအလောင်းများကို ညွှန်ပြကာ “သူတို့ ဟိုမှာ”
“အလောင်းတွေထဲမှာလား” ယန်လန်းသည် ယုံနိုင်ေးကာ ဝိဉာဉ်စွမ်းအင်ကိုပစ်လိုက်လေသည်။
“မလုပ်နဲ့….”
ရှီမာယူယူသည် သူမကိုတားမည်လုပ်လိုက်သော်လည်း နောက်ကျသွားလေပြီ။ မီးတောက်များသည် အလောင်းများအပေါ်ကျသွားကာ မီတာအနည်းငယ်မြင့်သော မီးတောက်များသည် အလောင်းများအပေါ်တွင် ချက်ချင်းပင် တောင်လောက်သွားသည်။ အလောင်းများအားလုံးသည် မီးတောက်များအောက်တွင် လောင်ကျွမ်း နေသည်။ များပြားသော အနက်ရောင်အရိပ်များသည် အလောင်းများမှ ထွက်လာသည်။ တောင်ကြားတစ်ခုလုံး အား မည်းမှောင်ကာ အေးစိမ့်သော လေများလွှမ်းခြုံသွားသည်။ မရေတွက်နိုင်သော နတ်ဆိုးဝိဉာဉ်များသည် ကျယ်လောက်စွာ အော်နေရာ တစ္ဆေများ၏ အော်သံများသည် အားလုံးကို နားကွဲမတတ်ပင်။
အားလုံးသည် လျင်မြန်စွာပင် တိုက်ခိုက်ရန် ဝိဉာဉ်စွမ်းအားများထုတ်လိုက်ကြသည်။ ဝမ်ရှီကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်အတွက်ကတော့ တစ်ချက်ဝေ့လိုက်သည်နှင့် သူ့အနားမှ နတ်ဆိုးတစ္ဆေများကို ရှင်းပြီး ဖြစ်လေသည်။ ဒီတစ်ကြိမ်တွင် ကျွမ်းကျင်သူများပြားသော်လည်း နတ်ဆိုးတစ္ဆေများမှာလည်း အဆုံးမရှိဖြစ်နေ သည်။ တစ်သုတ်ပျောက်ကွယ်သွားသည်နှင့် နောက်တစ်သုတ်ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး ငါတို့ တည်ဆောက်မှုအမျိုးအစားတစ်ခုအောက်ရောက်နေပြီ” လူတစ်ယောက် အော်လိုက်သည်။
“ငါတို့ဘာလုပ်ကြမလဲ”
“ငါတို့်မှ တစ္ဆေမျိုးနွယ်တွေရဲ့ တည်ဆောက်မှုကိုနားမလည်တာ၊ ဘာလုပ်ရမယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ”
“အဲဒီနတ်ဆိုးတစ္ဆေတွေက အဆုံးမရှိဘူး ဒါပေမဲ့ ငါတို့စွမ်းအင်တွေက အကန့်အသတ်မရှိတာမဟုတ်ဘူး”
ရှီမာယူယူသည် ဒေါသမီးတောက်ကိုထုတ်လွှတ်ရာ ထိုနတ်ဆိုးတစ္ဆေများသည် သူမအနားသို့မလာနိုင် ကြပေ။ ထို့ကြောင့် သူမသည် ထိုနတ်ဆိုးတစ္ဆေများကို တကူးတကရှင်းရန်မလိုပေ။
သိပ်မကွာဝေးသောနေရာတွင် ယန်လင်းသည် ကြောက်သဖြင့် ကျောက်ရုပ်ဖြစ်နေသည်။ သူမအဖေ ချုံရှောင်ထန်၏ ဆရာသည် သူမဘေးတွင်စောင့်ကြပ်ပေးနေသည်။ သူမ ကြောင်နေသည်ကို မြင်သောအခါ သူမအား အော်ပြီး သတိပြန်ဝင်လာအောင်လုပ်ကာ အားလုံးနှင့်အတူ အလုပ်လုပ်စေသည်။
သူတို့မည်မျှပင် သတ်စေကာမူ ထိုနတ်ဆိုးတစ္ဆေများသည် မသေသွားပေ။ သူတို့အရေအတွက်မှာ လျော့နည်းသွားခြင်းမရှိပေ။
သူတို့တွင် အင်အားအဆုံးမဲ့ရှိနေသော်လည်း အဖြေလည်းရှိရမည်။ ထိုလူများသည် ပုံမှန်အချိန်များတွင် အကြားအမြင်များကြသည်။ သို့သော် နတ်ဆိုးတစ္ဆေမျိုးနွယ်၏ တည်ဆောက်မှုကို ဆန့်ကျင်ရန် ဘာလုပ်ရမည် ကို သူတို့မသိကြပေ။
ချုံရှောင်ထန်သည် ရှီမာယူယူနားတွင်နေသည်။ သူ မခံနိုင်သောအချိန်တွင် သူမသ် သူ့အား ကူညီပြီး ရှင်းပေးသည်။
“ယူယူ ကျေးဇူးပဲ” ချုံရှောင်ထန်သည် ကျေးဇူးတင်စွာ ရှီမာယူယူအား ပြုံးပြသည်။
“မင်းရှေ့ကို အာရုံစိုက်ထား” ရှီမာယူယူ သတိပေးလိုက်သည်။
“အာ…”
အင်အားမကြီးသော လူတစ်ယောက်သည် များစွာသောနတ်ဆိုးတစ္ဆေများ၏ တိုက်ခိုက်မှုကိုခံရလေ သည်။ နတ်ဆိုးတစ္ဆေများသည် သူ့ခန္ဓာကိုယ် နောက်ကျောမှ အရှေ့သို့ဖြတ်သွားသည်။ သူသည် ရုတ်တရက် အော်ကာ လေထဲမှကျသွားပြီး အသက်ရှုရပ်သွားလေသည်။
“အာ….” ယန်လင်းသည် နတ်ဆိုးတစ္ဆေများ ပိုပိုပြီး သူမကိုတိုက်ခိုက်သောအခါ အော်လေသည်။
ဝမ်ရှီသည် သူမဘေးတွင်ရှိနေသည်။ သူ လက်တစ်ချက်ဝေ့လိုက်သည်နှင့် သူ၏ ဝိဉာဉ်စွမ်းအင်သည် သူမ ပတ်ပတ်လည်မှ တစ္ဆေများကို ပျောက်ကွယ်သွားစေသည်။ ထို့နောက်တွင် နူးညံ့သော အင်အားတစ်ခုသည် သူမကို သူ့ဘေးသို့ ဆွဲခေါ်လိုက်သောကြောင့် တစ်ချက်တစ်ချက် သူမကို သူ ကြည့်နိုင်သည်။
“ဒါ မဖြစ်သေးဘူး” ချုံရှောင်ထန်သည် နတ်ဆိုးတစ္ဆေအဖွဲ့ကို ပြိုကွဲအောင်လုပ်လိုက်ပြီးနောက် ဆေး သောက်လိုက်သည်။
ရှီမာယူယူ၏ အကြည့်ကို နစ်မြှုပ်ထားသည်။ သူမသည် ဝိဉာဉ်လေးကို တစ္ဆေမျိုးနွယ်မှ နှစ်ယောက်ကို စစ်ဆေးခိုင်းလိုက်သည်။
ဝိဉာဉ်စေတီအတွင်းမှ တစ္ဆေနှစ်ကောင်သည် ညှင်းပန်းနှိပ်စက်ခံထားရသည်။ ဝိဉာဉ်လေး သူတို့ကိုမေး လိုက်သည်နှင့် အမှန်ကိုဖြေကြသည်။
“အဲဒါက နတ်ဆိုးတစ္ဆေတွေရဲ့ ကောင်းကင်ဝါးမျိုတည်ဆောက်မှုပဲ၊ အဲဒါက တစ္ဆေမျိုးနွယ်ရဲ့ တည်ဆောက်မှုကြီးတစ်ခုပဲ၊ ဒီလိုတည်ဆောက်မှုမျိုးလုပ်နိုင်တာက တစ္ဆေမျိုးနွယ်ရဲ့ တန်ခိုးအကြီးဆုံးသူပဲဖြစ် ရမယ်” တစ္ဆေတစ်ကောင်က ပြောလေသည်။
“တန်ခိုးကြီးတယ်” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ စဉ်းစားကြည့်ရာ တန်ခိုးကြီးသူသာ မဟုတ်လျှင် ဘယ်လိုလုပ် အနီရောင်တောင်ထိပ်ကို လူမရှိတဲ့နယ်မြေဖြစ်အောင် ဘယ်လိုလုပ် လုပ်လို့ရမလဲ။
“အဲဒါကိုဖျက်လို့ရမယ့် နည်းလမ်းရှိလား” ဝိဉာဉ်လေး မေးလေသည်။
“မသိဘူး” ထိုလူသည် ခေါင်းကိုရမ်းလေသည်။
“ငါသိတယ် အဲဒါကိုကြားဖူးတယ်၊ အဲဒါကို မီးတောက်တစ်မျိုးကပဲ အလယ်ကနေဖြိုဖျက်လို့ရမယ်”
“ဘယ်မီးတောက်လဲ”
“ဘယ်ဟာလဲတော့ မသိဘူး”
ရှီမာယူယူသည်တောင်ကြားထဲမှ မီးတောက်များကိုကြည့်လိုက်သည်။ မီးတောက်အမျိုးအား ထောင်ချီ ရှိသည်။ တစ်ခုကိုရှာသည်ထက် ဖန်တီးလိုက်သည်မှာ ပိုလွယ်မည်။ ထို့အပြင် ဦးတည်ရာမရှိပေ။
“ယူယူ ငါအာရုံခံလို့ရတယ်” ဟိန်းသံလေး ပြောလိုက်သည်။
ရှီမာယူယူသည် ဟိန်းသံလေးအား ခေါ်ထုတ်လိုက်သည်။ သူမသည် သူ့အားဖက်ကာ တောင်ကြား တွင် ပျံသန်းလိုက်သည်။ ထို့နောက်တွင် သူသည် မီးတောက်အားညွှန်ပြကာ ပြောလိုက်သည် “ဒါဖြစ်လောက်တယ်”
“သေချာလား” ရှီမာယူယူသည် လေးလံစွာမေးလိုက်သည်။
ထိုမီးတောက်များသည် အလွန်ထူးဆန်းကာ ရေနံဆီသုံးထားသော မီးတောက်ကဲ့သို့ဖြစ်နေသည်။ သူမ သာ တစ်ခုကိုမှားယွင်းဖြိုဖျက်မိပါကာ တခြားသက်ရောက်မှုဖြစ်လာမလားကို မသိနိုင်ပေ။
“ငါတို့က တစ္ဆေလောကက ပစ္စည်းတွေကို အာရုံအခံနိုင်ဆုံးပဲ၊ နည်းနည်းလောက် အပြောင်းအလဲ ဖြစ် တာနဲ့ ငါသိတယ်” ဟိန်းသံလေး ပြန်ဖြေလိုက်သည် “ဒီမှာ မီးတောက်တွေအများကြီးရှိပေမယ့် ဒီမီးတောက်က တခြားဟာတွေထက် ပိုသန်မာတယ်”
“ဒါဆိုလည်း စမ်းကြည့်ရအောင်” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
သူမသည် အစပိုင်းက တစ္ဆေတစ်ရာအောင်လံတော်ကို လုယူရန်စဉ်းစားထားသည်။ မမျှော်လင့်ထားပဲ သူတို့ရောက်သည်နှင့် ယန်လင်းသည် တည်ဆောက်မှုအား အသက်သွင်းလိုက်သည်။ လက်ရှိတွင် တစ္ဆေတစ်ရာ အောင်လံတော်နှင့် လူကိုရှာတွေ့ရမည့်အစား များစွာသော နတ်ဆိုးတစ္ဆေများနှင့်သာ တွေ့နေရသည်။
သူမသည် သူမ၏ မီးအရည်အချင်းဝိဉာဉ်စွမ်းအင်ကို စုစည်းပြီး မီးတောက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက် လိုက်သည်။ သူမ တိုက်ခိုက်ပြီးနောက်တွင် နတ်ဆိုးတစ္ဆေများသည် ရုတ်တရက် လျော့နည်းသွားသည်။
“ဝူး…”
ကျန်ရှိသော နတ်ဆိုးတစ္ဆေများသည် ကြောက်ရွံ့မှုကို ခံစားရလေသည်။ ရှီမာယူယူသည် မီ်းတောက်ကို တိုက်ခိုက်နေရာမှ နီးကပ်လာသော တစ္ဆေများကို ပြန်တိုက်ခိုက်ရသည်။
ထိုရုတ်တရက် နတ်ဆိုးတစ္ဆေများပျောက်သွားသည်ကို လူများအာရုံခံမိလိုက်ကြသည်။ သူမ ထိုမီးတောက်အား တိုက်ခိုက်နေကာ နတ်ဆိုးတစ္ဆေများသည် သူမအား တိုက်ခိုက်နေသည်ကိုမြင်သောအခါ သူမ သည် တည်ဆောက်မှုကို ဖြိုဖျက်နေခြင်းဖြစ်သည်ဟု အားလုံးနားလည်လိုက်ကြသည်။
“သူမကို သွားကာကွယ်လိုက်” ဝမ်ရှီ အော်လိုက်သည်။ နတ်ဆိုးများနည်းလာကာ နတ်ဆိုးတစ္ဆေများ ထွက်လာမှုရပ်သွားသည်နှင့် ကျွမ်းကျင်သူများသည် ရှီမာယူယူအား ကူညီကြသည်။
ရှီမာယူယူသည် ထိုလူများရှေ့တွင် ဟာစွန်ရှိသည်ကို မထုတ်ဖော်လိုသဖြင့် သူမကိုယ်ပိုင်မီးတောက်ကို သုံးသည်။ သူမ မီးတောက်ကိုသုံးပြီး ရှင်းရသည်မှာ ရလဒ်တော့မကောင်းပေ။ သို့သော် ကံကောင်းစွာပင် ထိုတစ္ဆေများသည် သူမကိုမထိခိုက်စေပေ။ အမှန်မှာ ဝမ်ရှီသည် သူမကို ကူညီရန်မလိုပေ။
ထိုအချိန်တွင် သူမအနောက်မှ လူသတ်မည့်အရိပ်အယောင်ကို ခံစားမိကာ သူမ၏ အလိုလိုသိစိတ် သည် အနောက်တွင် အန္တရာယ်ရှိသည်ဟု ပြောနေသည်။
တစ်ချိန်တည်းမှာပင် ဝိဉာဉ်စွမ်းအင် မီးတောက်မျှားသည် သူမ ရပ်နေသောနေရာသို့ ဖြတ်ဝင်လာသည်။
သူမကြည့်လိုက်ရာ ထိုအဘွားကြီးဖြစ်နေသည်။
“ရုတ်ဆိုးတဲ့အဘွားကြီး ငါ့ကိုချောင်းတိုက်ရဲသေးတယ်၊ သေချင်နေပြီ” သူမသည် ဒေါသထွက်သဖြင့် ကျိန်ဆဲပြီး မီးတောက်အား ရရန်မကြိုးစားတော့ပဲ အဘွားကြီးရှိရာသို့ ပျံသွားလိုက်သည်။
ဝမ်ရှီနှင့် တခြားသူများသည် ရှီမာယူယူ တိုက်ခိုက်ခံရသည်ကို မြင်လိုက်ကြသည်။ အားလုံးသည် စိတ်မချမ်းသာကြပေ။
ရှီမာယူယူ သတိရှိကာ သူမ တိုက်ခိုက်မှုကို ရှောင်နိုင်လိုက်မည်ဟု ထိုအဘွားကြီးမထင်မိပေ။ သူမ ပျံလာသည်ကိုမြင်သောအခါ နှာမှုတ်ပြီး ဝိဉာဉ်စွမ်းအင်စုစည်းကာ သူမအား တိုက်ခိုက်လေသည်။
ရှီမာယူယူသည် လမ်းတစ်ဝက်တွင် ရပ်ပြီးလှည့်ထွက်ကာ နောက်တစ်ဖက်သို့ပျံသွားလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် အဘွားကြီးအောက်မှ မီးတောက်ကို တိုက်ရန် ဝိဉာဉ်စွမ်းအင်လွှတ်လိုက်လေ သည်။
***