မျက်စိတ်တစ်မှိတ်အတွင်းသတ်ပစ်ခြင်း
Vol. 008 Ch. 774
ရှီမာယူယူ နောက်ပြန်လှည့်သွားသည်ကို မြင်သောအခါ သူမကိုကြောက်သဖြင့် ထွက်ပြေးသွားပြီဟု ထိုအဘွားကြီးထင်လိုက်သည်။ သူမသည် ရှီမာယူယူ၏ ဝိဉာဉ်စွမ်းအင်တိုက်ချက်ကို ရှောင်လိုက်ရာ ခြစ်ရာပင် ထင်မသွားပေ။
သို့သော် ရှီမာယူယူ၏ တိုက်ခိုက်ခြင်းကိုခံရပြီးနောက်တွင် ဆာလောင်နေသော မီးတောက်သည် နွားနို့ တစ်ခွက်သောက်လိုက်ရသကဲ့သို့ ချက်ချင်းပင် အသက်ပြန်ဝင်လာသည်။
ထိုမီးတောက် အသက်ပြန်ဝင်လာသည်နှင့် တခြားမီးတောက်များ ပိုလှုပ်ရှားလာသည်။ ထိုမီးတောက် များ ပေါက်ကွဲလာသည်နှင့် များစွာသော နတ်ဆိုးတစ္ဆေများ လေထဲတွင် ပေါ်လာသည်။ သူတို့သည် အစွယ်များ ထုတ်ကာ လက်သည်းများ ရမ်းပြီး အားလုံးအားတိုက်ခိုက်လေသည်။
ထိုအဘွားကြီးအောက်မှ မီးတောက်သည် ပထမဆုံး ပြန်တောက်လာသည်ဖြစ်ရာ နတ်ဆိုးတစ္ဆေများ သည် သူမပတ်ပတ်လည်တွင် ချက်ချင်းပင် ပေါ်လာသည်။ နတ်ဆိုးတစ္ဆေများသည် ပေါ်လာသည်နှင့် သူမကို တိုက်ခိုက်ကြရာ သူမ အံ့သြသွားလေသည်။
အားလုံးသည် ထိုအချိန်တွင် ကြက်သေသေသွားကြကာ ဒီလိုအခြေအနေပေါ်လာမည်ဟု ဘယ်သူမှ မထင်မိကြပေ။
အကုန်လုံး အဆင်ပြေနေတာမလား။ ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်ရတာလဲ။
“သေစမ်း ဘိရွှီပင်း မင်းဘာလုပ်လိုက်တာလဲ” ဒေါသထွက်နေသော လူတစ်ယောက်သည် အော်လိုက် သည်။
သူတို့သည် နတ်ဆိုးတစ္ဆေများကို ကြာရှည်စွာတိုက်ခိုက်နေရသည်။ သေဆုံးခြင်းရောင်ဝါ၏ သက်ရောက်မှုကြောင့် သူတို့သည် ငုံ့ခံနေရသည်။ နောက်ဆုံးတွင် အဖြေရှာတွေ့ပြီးသော်လည်း ဒီလူသည် တစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်သည်။
တချို့လူများသည် သူမကို ကြိမ်းမောင်းရန် စိတ်ထဲမရှိနိုင်ပေ။ သူတို့သည် ရှီမာယူယူ အရင်နေခဲ့သော နေရာသို့ တိုက်ရိုက်သွားလိုက်ကြသည်။ ထိုအချိန်တွင် မီးတောက်၏ နေရာမှာ ပြောင်းသွားသည်ကို သူတို့ တွေ့ လိုက်ရသည်။ သူတို့သည် ရှီမာယူယူ တိုက်ခိုက်ခဲ့သော နေရာသို့တိုက်ခိုက်သော်လည်း မီးတောက်မှာ ကြံ့ကြံ့ ခိုင်နေသည်။
“အဘိုးကြီးဟွမ် တွေ့ကရာမတိုက်နဲ့ ၊ မှားတိုက်မိရင် ပိုပြီးထွက်လာတာ မတွေ့ဘူးလား” လူတစ်ယောက်က အော်လိုက်သည်။
ရှီမာယူယူသည် ထိုမီးတောက်များကို မည်သို့ ဖြိုဖျက်ရမည်ကို သိကြောင်း တချို့လူများသည် ချက်ချင်း နားလည်လိုက်ကြသည်။
“မိတ်ဆွေလေးယူယူ အဲအဘွားကြီးကို ဂရုစိုက်မနေနဲ့ မီးတောက်ကိုဖျက်ဖို့ နည်းလမ်းစဉ်းစားပါဦး”
ရှီမာယူယူသည် ထိုလူများကို မကြည့်ပဲ ပြောလိုက်သည် “အားလုံးက အင်အားကြီးထဲက အင်အားကြီး တွေပဲ၊ နောက်ထပ် ၁နာရီခွဲလောက် တောင့်ခံလည်း ပြဿနာမရှိပါဘူး နတ်ဆိုးတစ္ဆေရဲ့ ကောင်းကင်ဝါးမျို တည်ဆောက်မှုက ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စရှင်းပြီးတဲ့အထိ စောင့်နိုင်မှာပါ”
ဒီဘိရွှီပင်းက သူမကို ချောင်းမြောင်းတိုက်ခိုက်ပြီး သေချင်နေမှတော့ သူမ ဒေါသနဲ့ လက်စားချေမှုကို လက်ခံပေးရမှာပေါ့။ ထိုလူသည် သူမထက် သန်မာသည်။ သူမသာ နတ်ဆိုးတစ္ဆေများပျောက်အောင်လုပ်ပေး လိုက်ပါကာ ဘယ်လိုလုပ်လက်စားချေရတော့မလဲ။
“ရွှီး”
သူမသည် မိုးကြိုးစုစည်းကာ ဘိရွှီပင်းဆီသို့ တိုက်ရိုက်ပစ်လိုက်သည်။ ထိုအဘွားကြီးသည် နတ်ဆိုး တစ္ဆေများအဝိုင်းခံထားရသော်လည်း အန္တရာယ်ကိုသတိပြုမိကာ ရှောင်လိုက်သည်။
သူမသည် ကံမကောင်းရှာပေ။ သူမသည် ပထမတစ်ချက်ကို ရှောင်လိုက်နိုင်သော်လည်း နောက်တစ်ခု ကိုမရှောင်နိုင်ပေ။ သူမ ခန္ဓာကိုယ်သည် မိုးကြိုးအပစ်ခံလိုက်ရကာ လျှပ်စီးများသည် သူမကိုယ်ပေါ်တွင် အသံ ထွက်နေသည်။
“မင်း အတင့်ရဲလိုက်တာ ငါ့ကိုများ ချောင်းတိုက်ရဲတယ်” ဘိရွှီပင်းသည် သူမအား စိတ်ဆိုးစွာ ကြည့်ကာ အပိုင်းပိုင်းဖြတ်ပစ်ချင်မိသည်။
ရှီမာယူယူသည် သူမ၏ ခြိမ်းခြောက်မှုကို မကြောက်ပေ။ သူမသည် လက်ထဲတွင် လျှပ်စီးအရည်အချင်း ဝိဉာဉ်စွမ်းအင်ကို ကိုင်ထားကာ ပြောလေသည် “အရှက်မရှိတဲ့ အဘွားကြီး ခင်ဗျားကပဲ ကျွန်တော့်ကို အရင် တိုက်တာလေ၊ ခင်ဗျားက ချောင်းတိုက်ခံရတယ်လို့ ပြောတာ မရှက်ဘူးလား၊ ပြီးတော့ ကျွန်တော် ခင်ဗျားကို ချောင်းတိုက်တယ်ဆိုရင်တောင် ခင်ဗျားဘာလုပ်နိုင်လို့လဲ ကျွန်တော့်ကို ကိုက်မှာလား”
“ငါ မင်းကို သတ်မယ်” ဘိရွှီပင်း အော်လိုက်သည်။
“ခင်ဗျားညီမကို သွားသတ်လိုက်” ရှီမာယူယူသည် အပြစ်တင်ကာ မိုးကြိုးကို ထပ်ထုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် လျင်မြန်စွာ မီးတောက်အရည်အချင်းစွမ်းအင်ကို စုစည်းပြီး အနီးနားမှ မီးတောက်ကို ပစ်လိုက်သည်။
“အာ….”
ဘိရွှီပင်းဘေးမှ မိန်းကလေးများသည် သူတို့ပတ်လည်တွင် နတ်ဆိုးတစ္ဆေများ ရုတ်တရက်ပေါ်လာ သည်ကို မြင်သည်နှင့် အော်ကြလေသည်။
“သွားသေလိုက်” ဘိရွှီပင်းသည် မိုးကြိုးနှင့် နတ်ဆိုးတစ္ဆေများဆီသို့ ဒေါသဖြင့် ပျံလာလေသည်။ သူမ သည် ရှီမာယူယူ ရှိနေရာသို့ အကြိမ်များစွာ တိုက်လေသည်။
တိုက်ခိုက်မှုများသည် ရှီမာယူယူရှိရာသို့ ဘက်ပေါင်းစုံမှ ဝင်လာရာ ထွက်ပြေးရန်လမ်းမရှိတော့ပဲ သူမကို ပိတ်မိစေသည်။
ဟင် မိမဆုံးမဖမဆုံးမ ကလေးကများ သူမကို တိုက်ခိုက်ရဲသေးတယ်။ သူမသေကိုသေရမယ်။
“ဘိရွှီပင်း မင်းရူးနေလား သူ့ကိုသတ်မယ်ဆိုရင် ဒီတည်ဆောက်မှုကို ဘယ်သူဖျက်မှာလဲ” လူ တစ်ယောက်သည် ပြောလေသည်။
ဝမ်ရှီသည် သိပ်မဝေးသောနေရာတွင် ရှိနေသည်။ သူ သတိထားမိချိန်တွင် ဘိရွှီပင်း၏ တိုက်ချက်သည် ရှီမာယူယူအနားသို့ ကပ်နေပြီဖြစ်သည်။
“ယူယူ” ဘက်ပေါင်းစုံမှ ဝိဉာဉ်စွမ်းအင်များ ရှီမာယူယူဆီသို့ ပျံသွားသည်ကို မြင်သောအခါ ချုံရှောင်ထန် အော်လိုက်သည်။ သူသည် ရှေ့မှ နတ်ဆိုးတစ္ဆေများကို တိုက်ခိုက်နေရာမှ ထိုဝိဉာဉ်စွမ်းအင်များကို တိုက်လေ သည်။
ကံမကောင်းစွာပင် သူသည် ဘိရွှီပင်း၏ ပြိုင်ဘက်မဟုတ်သဖြင့် တိုက်ချက် တစ်ခုကိုသာ ကာကွယ်နိုင် လိုက်သည်။ ကျန်သော တိုက်ချက်များသည် ရှီမာယူယူဆီသို့ ပြေးဝင်သွားကြသည်။
ရှီမာယူယူသည် မရွေ့လျားပဲ လက်ရှိနေရာတွင်သာ ရပ်နေကာ သူမကိုယ်သူမ ကာကွယ်ရန်လည်း မလုပ်ပေ။ အဝေးမှကြည့်နေသူများသည် သူမ ကြောက်ရွံနေပြီဟု ထင်ကြသည်။
“ယူယူ ပြေး” ချုံရှောင်ထန်သည် သူ့တိုက်ချက်မှာ အသုံးမဝင်သည်ကို သိပြီး ရှီမာယူယူ ရပ်နေသည်ကို မြင်သောအခါ အော်လိုက်သည်။
“ရွှီး…”
အနောက်မှ ဝမ်ရှီသည် နောက်ထပ် ဝိဉာဉ်စွမ်းအင်တစ်ခုကို ဖျက်လိုက်သော်လည်း ကံမကောင်းစွာပင် နောက်မှပင် ပျက်သွားလေသည်။
နောက်ဆုံးတွင် ဘိရွှီပင်း၏ ဝိဉာဉ်စွမ်းအင်တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်းတွင် ရှီမာယူယူအား ထိမှန်သွားလေသည်။ လူအများသည် တုန့်ပြန်ရန်အချိန်မရှိတော့ပဲ ရှီမာယူယူ ထိမှန်ခံရသည်ကိုပင် ကြည့်နေရ သည်။
ထို့နောက်တွင် ဝိဉာဉ်စွမ်းအင် ရှီမာယူယူအား ထိမှတ်သည်နှင့် သူမသည် ပျောက်ကွယ်သွားပြီး သိပ်မဝေးသောနေရာတွင် ခန္ဓာကိုယ်အား စူးရှသောလက်နက် စိုက်ဝင်သွားသောအသံ ထွက်လာသည်။
အားလုံးကြည့်လိုက်ရာ မြင်ကွင်းကြောင့် မှင်တက်သွားလေသည်။
အသတ်ခံရမည့် ရှီမာယူယူသည် ဘိရွှီပင်းအနောက်တွင်ပေါ်လာကာ ဓားဖြင့် နှလုံးတည့်တည့်စိုက်လိုက် သည်။
“မျက်စိတစ်မှိတ်…” လူတစ်ယောက်သည် ရှီမာယူယူအား ယုံကြည်ရခက်စွာကြည့်လိုက်သည်။ သူမက မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားနိုင်တာပဲ။
“ရွှီး”
ရှီမာယူယူ ဓားအားဆွဲနှုတ်လိုက်ရာ သွေးများပန်းထွက်လာပြီး အားလုံး၏ မြင်ကွင်းတွင် အနီရောင်လွှမ်း သွားသည်။ သူမ ဓားနှုတ်ပြီးနောက်တွင် ဘိရွှီပင်းအနားမှ လူများ တိုက်ခိုက်ခြင်းကို ရှောင်ရန် ပြန်ဆုတ်လာ လိုက်သည်။
“ဆရာ ဆရာ ဘယ်လိုနေလဲ” သူမဘေးမှ တပည့်မိန်းကလေးတစ်ယောက်သည် လဲကျနေသော သူမ၏ ခန္ဓာကိုယ်အား မကာ ကြောက်လန့်တကြားအော်လေသည်။
“ငါ” ဘိရွှီပင်းသည် စကားတစ်လုံးပင်မပြောနိုင်ပဲ သူမမျက်လုံးများသည် ချောက်ချားနေသည်။
“ဆရာ ဆေးမြန်မြန်သောက်လိုက်” နောက်တပည့်တစ်ယောက်ရောက်လာကာ သူမကို ဆေးပေးလေ သည်။
“ဟုတ်တယ် ဟုတ်တယ် ဆရာ ဆေးသောက်လိုက် ဆေးသောက်လိုက်ရင် အဆင်ပြေသွားမှာပါ”
ရှီမာယူယူသည် အဝေးမှကြည့်နေပြီး သူတို့ကို တားရန်မကြိုးစားပေ။ သူမ ဆေးသောက်လိုက်လျှင် တောင် မကယ်နိုင်ဟု သူမသိသည်။ သူမသည် အသက်မရှင်နိုင်ပေ။
သူမလက်ထဲမှ လင်းလုံသည် စိတ်လှုပ်ရှားစွာ လှုပ်ရမ်းနေသည်။ အဲလူရဲ့ နှလုံးသားကို ထိုးစိုက်လိုက်ပါ တယ်ဆိုမှ သာမန်ဆေးလောက်က သူမအသက်ကို ဘယ်လိုလုပ်ကယ်နိုင်မှာလဲ။
ဘိရွှီပင်း၏ တပည့်သည် သူမ ဆေးသောက်သည်ကို မျှော်လင့်တကြီးကြည့်နေသော်လည်း သူမ အခြေအနေမှာ တိုးတက်လာခြင်းမရှိပေ။ သူမခန္ဓာကိုယ်၏ လုပ်နိုင်စွမ်းမှာ ဆက်လက်ကျဆင်းနေသည်။ ထို နတ်ဆိုးတစ္ဆေများသည် အသက်ရောင်ဝါကို အနံ့ခံမိသည်နှင့် ပြေးလာကြပြီး သူမ ခန္ဓာကိုယ်မှ ဒဏ်ရာဆီသို့ ပြေးကြလေသည်။
သူမအား မ ထားသော တပည့်များသည် နတ်ဆိုးတစ္ဆေများ၏ တိုက်ခိုက်ခြင်းကိုခံရလေသည်။ သူတို့ သည် မသိစိတ်မှ ပြန်လည်ခုခံရန်လုပ်သောအခါတွင် လက်လွတ်သွားလေသည်။ သည်လိုနှင့် သူမသည် တောင်ကြားရှိ အလောင်းများကြားသို့ ကျသွားလေသည်။
နတ်ဆိုးတစ္ဆေများသည် သူမခန္ဓာကိုယ်မှ ဖြတ်လတ်မှုကိုစားသောက်ပြီး သူမခန္ဓာကိုယ်မှ ထွက်ခွာကြ လေသည်။ တစ်ချိန်တည်းမှာပင် မီးတောက်များသည် သူမဆီဝင်လာကာ လောင်ကျွမ်းစေလေသည်။
သူမသည် ဘိရွှီပင်းကို သတ်လိုက်လေပြီ။
***