ယူယူမေ့လဲခြင်း
Vol. 008 Ch. 775
ထိုအချိန်သည် အရေးကြီးသောအချိန်သာမဟုတ်ပါက ထိုလူများသည် မျက်စိတစ်မှိတ်အတွင်းကို ဘိရွှီပင်းသတိမထားမိချိန်ကို ဘယ်လို လေဟာပြင်ကို ထိန်းချုပ်လိုက်သလဲဟု ရှီမာယူယူကို ဆွဲကိုင်ကာ မေးချင် မိသည်။
“အာ.. ရှီမာယူယူ မင်းတကယ်ပဲ ငါ့ဆရာကိုသတ်လိုက်ပြီ” မိန်းကလေးတစ်ယောက်သည် ရှီမာယူယူ ဆီသို့ပြေးလာသည်။
ကံမကောင်းစွာပင် သူမသည် ရှီမာယူယူနှင့် အားတူသလောက်ဖြစ်သော်လည်း သူမ၏ တိုက်ခိုက်မှု စွမ်းအင်သည် သူမထက် ညံ့သည်။ သူ၏ ဉာဏ်မှာလည်း ရှီမာယူယူထက် ပိုနိမ့်နေသည်။
ရှီမာယူယူသည် သူမအတွက် လှုပ်ရှားမှုတစ်ခုပင် လုပ်ရန်မလိုပေ။ ရှီမာယူယူသည် သူမဘေးကို ဝိဉာဉ် စွမ်းအင် နောက်တစ်ချက်ပစ်လိုက်သည်နှင့် နတ်ဆိုးတစ္ဆေများ ပိုထွက်ပေါ်လာသည်။
“အာ…” ထိုမိန်းကလေးသည် နတ်ဆိုးတစ္ဆေများ၏ ဝန်းရံခြင်းကိုခံလိုက်ရလေသည်။ သူမခန္ဓာကိုယ်ကို ဖြတ်သွားမည်အထင်နျင့် ကြောက်ရွံ့စွာအော်လေသည်။ သူမသည် ဓားအားဝေ့ရမ်းနေရာ ဝိဉာဉ်စွမ်းအင်သည် ကျပန်း ပစ်လွှတ်နေလေသည်။
“မင်းက သတ္တိရှိနေတာပဲ၊ မင်းကများ တိမ်တိုက်ဂူက လူကိုသတ်ရဲတယ်၊ ငါတို့ပြန်ရောက်ရင် မင်းကို အပြစ်ပေးဖို့ ဂိုဏ်းသခင်တွေကို သေချာပေါက်ပြောရမယ်” မိန်းကလေးတစ်ယောက်သည် ရှီမာယူယူအားအော် လေသည်။
“ဘာလဲ ဒီနေ့ မင်းတို့တစ်ယောက်မှကို လွှတ်မပေးဖို့ ငါ့ကိုသတိပေးနေတာလား” ရှီမာယူယူသည် မျက်ခုံးပင့်ကာ သူတို့အား ကြည့်လိုက်သည်။
သူတို့အဖွဲ့သည် ဂိုဏ်းကိုသာ အားကိုးနိုင်ကြသည်။ သူတို့အပေါ် ထင်မြင်ချက်မကောင်းနိုင်ပေ။ သူမ သည် သူတို့ကိုဒီမှာတင် သတ်နိုင်မလားပဲ။
“မိတ်ဆွေလေး အခုက ဘယ်မီးတောက်ကို ပစ်မှတ်ထားတာလဲ” ဂျူနီယာများသည် အခက်အခဲများ ရင်ဆိုင်နေရသည်။ သူတို့သာ ဒီအတိုင်းဆက်သွားပါက အဆုံးမသတ်နိုင်သော နတ်ဆိုးတစ္ဆေများကြောင့် လူအများ ထိခိုက်မည်ကို စိုးရိမ်သည်။
ရှီမာယူယူသည် ဒီတစ်ကြိမ်တွင် မယဉ်ကျေးနိုင်တော့ပေ “ကျွန်တော်လည်း အဲမီးတောက်ကို ဘယ်လို ရှာရမလဲဆိုတာ မသိတော့ဘူး”
“မိတ်ဆွေလေး ကူညီပါ” နောက်လူတစ်ယောက်သည် နတ်ဆိုးတစ္ဆေများကို သတ်ရင်းနှင့် အသနားခံ လေသည်။
“နောက်တစ်ခေါက် နောက်ကျောကို ဓားနဲ့ထိုးခံရမှာကြောက်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်တော် အခုလေးတင်သေမလိုဖြစ်သွားတာ၊ နောက်တစ်ခါ ထပ်ဖြစ်ရင် လွတ်ပါ့မလားဆိုတာ မသိနိုင်ဘူး”
“မိတ်ဆွေလေး စိတ်ချပါ ငါတို့ မင်းလုံခြုံရေးကိုအာမခံပါတယ်”
“မိတ်ဆွေလေး မင်းက လူတစ်ယောက်သေသွားတာကို ဒီအတိုင်းရပ်မကြည့်ဘူးဆိုတာ ယုံပါတယ်၊ အားလုံးရဲ့ အသက်က မင်းလက်ထဲမှာပါ နောက်ဆိုရင် မင်းရဲ့ အသက်ကယ်ပေးတဲ့ကျေးဇူးကို ငါတို့အမှတ်ရနေ ပါ့မယ်” ရှောင်ယိသည် စိတ်ရင်းဖြင့်ပြောလေသည်။
ရှီမာယူယူသည် ရှောင်ယိအား ကြည့်လိုက်သည်။ ဒီလူက စကားပြောကောင်းတာပဲ။ သူမကို ပြောလို သော်လည်း တိုက်ရိုက်ပြောရန် မသင့်တော်ပေ။
“မြို့ဝန်ရှောင်ပြောတာမှန်ပါတယ် ငါတို့မိတ်ဆွေလေးရဲ့ ကြင်နာမှုကို ငါတို့သတိရနေပါမယ်” ဝမ်ရှီ အတည်ပြုလေသည်။
သူ ကတိပေးပြီးသဖြင့် သူမသည် တင်းခံမနေသင့်တော့ပေ။ လူများသည် သူတို့ကိုကယ်စေချင်ကြ သည်။ သူမ ဆက်ပြီး တင်းခံနေရန် မကောင်းတော့ပေ။
“ကျွန်တော်ရှာနိုင်မလား ကြိုးစားကြည့်မယ် ဒါပေမဲ့ အာမမခံနိုင်ဘူးနော်” သူမ ရှင်းပြလေသည်။
“မိတ်ဆွေလေး လုပ်သာလုပ်ပါ” ရှောင်ယိ ပြောလိုက်သည်။
ရှီမာယူယူသည် တောင်ကြားတစ်လျှောက် ဟိန်းသံလေးနှင့်အတူပျံသွားလိုက်သည်။ လူသေများကြား တွင် သွားလာရသည်မှာ သတ္တိရှိရန်လိုသေးသည်။ အလောင်းများမှာ ကြောက်စရာကောင်း၍မဟုတ်ပဲ အနံ့များ မှာ မခံနိုင်လောက်အောင် ဖြစ်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် မီးကျွမ်းထားသောအလောင်းများ၏ အနံ့မှာ ထူးဆန်းနေသည်။
ဟိန်းသံလေး၏ နှာခေါင်းသည် ခွေးများကဲ့သို့ အာရုံခံနိုင်စွမ်းရှိသော်လည်း ဒီလိုပတ်ဝန်းကျင်တွင် အလုပ်ဖြစ်ပါ့မလားကို သူမ မသေချာပေ။ သူသည် နေရာပြောင်းသွားသော မီးတောက်ကို ရှာတွေ့ရန် အနံ့ခံ ကြည့်သည်။
ရှီမာယူယူ မီးတောက်အရည်အချင်းဝိဉာဉ်စွမ်းအင်စုပြီး မီးတောက်အားတိုက်ခိုက်မည်အပြုတွင် တစ္ဆေလောကသား တစ်ယောက်သည် ရုတ်တရက် ထပြောလေသည် “သူမသာ လျှပ်စီးအရည်အချင်းသုံးရင် အဲမီးတောက်တွေကို တစ်စစီဖြစ်အောင်လုပ်လို့ရတယ်”
ဝိဉာဉ်လေးသည် သူ မညာသည်ကို အတည်ပြုပြီးနောက် ရှီမာယူယူကို ပြောလိုက်သည်။
ရှီမာယူယူသည် တွေဝေပြီးနောက် မီးတောက်အရည်အချင်းဝိဉာဉ်စွမ်းအင်ကို သိမ်းလိုက်သည်။ သူမ သည် မီးတောက်ကို တိုက်ခိုက်ရန် လျှပ်စီးအရည်အချင်းဝိဉာဉ်စွမ်းအင်ကို ထုတ်လိုက်သည်။ သက်ရောက်မှု ပြင်းစေရန် သူမသည် ထိပ်တန်းခရမ်းရောင်လျှပ်စီးကို အနည်းငယ်ထည့်လိုက်သည်။
လျှပ်စီးသည်မီးတောက်အပေါ်ကျရောက်သောအခါ အလောင်းများဆီသို့ ပျံ့သွားပြီး အလောင်းများမှ တစ်ဆင့် လှည့်နေလေသည်။
လျှပ်စီးသည် လှည့်ပတ်ပြီးနောက်တွင် ထိုမီးတောက်သည် တဖြည်းဖြည်းလျော့နည်းသွားပြီး ပျက်စီး သွားလေသည်။ ထိုနတ်ဆိုးတစ္ဆေများသည် မီးတောက်နှင့်အတူ ပျောက်ကွယ်သွားလေသည်။
တချို့လူများသည် နတ်ဆိုးတစ္ဆေများနှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ သူတို့ ဝိဉာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်ရာ ပစ်မှတ်များပျောက်သွားသဖြင့် အချင်းချင်းပင် ထိခိုက်လုနီးပါးဖြစ်သွားလေသည်။
ရှီမာယူယူသည် မီးမြှိုက်ခံထားရသော တောင်ကြားကိုကြည့်ပြီး သက်ပြင်းချမိသည်။
“ဒီမှာ” လူတစ်ယောက်သည် အော်လိုက်လေသည်။ အားလုံးသည် သူ့အကြည့်နောက်လိုက်ကြည့်ကြ ရာ တစ္ဆေမျိုးနွယ်ဝင် တစ်စုသည် ဝေးကွာသော ကမ်းပါးတစ်ခုတွင် ရပ်နေကြလေသည်။
ရှီမာယူယူ ကြည့်လိုက်ရာ အလယ်တွင်ရပ်နေသော ဒီဇီအားတွေ့လိုက်သည်။ သူတို့ မျက်လုံးချင်းဆုံ သောအခါ စိတ်ထဲမှ ထူးဆန်းသော အာရုံဖြစ်လာသည်။
သူ့အနောက်တွင် သူမအားသတ်ရန်လာခဲ့သော တစ္ဆေတစ်ရာအောင်လံတော်ကိုင်ထားသူကို တွေ့လိုက်သည်။ ဆိုလိုသည်မှာ တစ္ဆေတစ်ရာအောင်လံတော်သည် သူတို့လက်ထဲတွင်ရှိသည်။
ရှီမာယူယူသည် ပျံသွားကာ ထိုလူများကိုသတ်ပြီး တစ္ဆေတစ်ရာအောင်လံတော်ကို လုယူချင်မိသည်။ သို့သော် သူမမလှုပ်ရှားခင်တွင် ထိုလူများ၏ ပုံရိပ်သည်ရုတ်တရက် ဖျော့သွားသည်။
ထိုအချိန်တွင် ဒီဇီဘေးမှ တစ္ဆေသခင်သည် ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ဝမ်ရှီနှင့် တခြားသူများ သည် ထိုအရာအားတိုက်ခိုက်ရန် ဝိဉာဉ်စွမ်းအင်များပစ်လိုက်သော်လည်း ထိုမသိနိုင်သောအရာသည် သူတို့၏ ဝိဉာဉ်စွမ်းအင်များကို ဖြတ်ကာ ရှီမာယူယူဆီသို့ တိုက်ရိုက်ပျံသွားလေသည်။ ထိုအချိန်တွင် သူမ ခန္ဓာကိုယ်ထဲ သို့ ဝင်သွားလေသည်။
ရှီမာယူယူသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ရေခဲအခန်းသို့ ကျသွား သလားဟု ခံစားရသည်။ ထိုရောင်ဝါသည် သူမခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို အေးခဲစေသည်။ သူမခန္ဓာကိုယ် တောင့်တင်းလာပြီး ဝိဉာဉ်စွမ်းအင်သုံးမရတော့သည်ကို ခံစားရသည်။ သူမ ခန္ဓာကိုယ်သည် လေ ပေါ်မှ ကျသွားလေသည်။
“ယူယူ” ချုံရှောင်ထန်သည် တုန်လှုပ်သွားကာ ပျံသန်းပြီး သူမကိုဖမ်းလေသည်။ “ယူယူ ဘယ်လိုနေလဲ”
ရှီမာယူယူသည် သူ့အား မျက်တောင်ခတ်ပြပြိးနောက် မျက်လုံးမှိတ်ကာ မေ့မြောသွားလေသည်။
သူမ မေ့မြောသွားသည်ကိုကြည့်ပြီး တစ္ဆေသခင်သည် အံ့သြသွားလေသည်။ သူသည် တစ်စုံတစ်ခုကို လုပ်ချင်သော်လည်း သူ့အိမ်အပြန်လမ်းဖြစ်သဖြင့် တောင်ထိပ်မှပျောက်ကွယ်သွားလေသည်။
“ယူယူ ထပါဦး” ချုံရှောင်ထန်သည် ရှမီမာယူယူအား ဖက်ထားကာ ကမ်းပါးသို့ဆင်းသက်လိုက်ပြီး သူမ နာမည်အား စိုးရိမ်တကြီးခေါ်မိသည်။
“ကြည့်ကြည့်မယ်” ဝမ်ရှီသည် ရောက်လာကာ သူမ လက်ကိုဆုပ်ကိုင်ကာ အခြေအနေကို စမ်းစစ်ကြည့် လေသည်။ သူမ ဝိဉာဉ်စွမ်းအင်သည် အပြင်မှ ဖိအားကြောင့် ပိတ်သွားပြီး ခန္ဓာကိုယ်အတွင်း မလည်ပတ်သည်ကို တွေ့လိုက်ရသည်။
“သူ့ကို အရင်ခေါ်သွားလိုက် ငါတို့ ကြံ့တောင်ကြားကိုသွားပြီး အဲဒီက အခြေအနေကို ကြည့်လိုက်ဦး မယ်၊ အဲဒီက ကောင်းတယ်ဆိုရင် သူမဆရာကို ပြန်ခေါ်လာမယ်” ဝမ်ရှီ အမိန့်ပေးလေသည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းသခင်”
ဝမ်ရှီသည် လေဟာပြင်ဝင်ပေါက်ကိုဖွင့်လိုက်ရာ ချုံရှောင်ထန်သည် ရှီမာယူယူအား သယ်ပြီးဝင်သွား လိုက်သည်။
“အဲဒီကလေးတွေ ဒီတိုက်ပွဲပြီးတော့ ပင်ပန်းသွားကြပြီ သူတို့ကိုပြန်နားခိုင်းပြီး အားဖြည့်ခိုင်းတာ ကောင်းမယ်၊ ငါတို့ဟိုကိုသွားကြည့်ကြမယ်” ဝမ်ရှီသည် အဘိုးကြီးများကို ပြောလိုက်သည်။
“ကောင်းတယ်”
ဂျူနီယာများသည် ဝမ်ရှီတို့သာ သွားပြီး သူတို့သွားရန်မလိုကြောင်းကြားသောအခါ စိတ်အေးသွားကြ လေသည်။ တစ်ယောက်ပြီးတစ်ယောက် လေဟာပြင်ဝင်ပေါက်မှ ဖြတ်ပြီးပြန်ကြလေသည်။
ချုံရှောင်ထန်သည် ရှီမာယူယူအား ချူမိသားစုအိမ်တော်သို့ခေါ်သွားလိုက်သည်။ ချူညီအစ်မသည် ခြံဝန်းထဲတွင် စောင့်နေကြသည်။ ရှီမာယူယူကို ပြန်သယ်လာသည်ကို မြင်သောအခါ သူတို့ ပြေးလာကြသည် “သခင်လေးရှီမာ ဘာဖြစ်တာလဲ”
“သူမေ့လဲသွားတယ် ဒီမှာအခန်းရှိလား” ချုံရှောင်ထန် မေးလိုက်သည်။
“ရှိတယ် ရှိတယ် ဒီဘက်” ချူရီသည် ပြောရင်းနှင့် အိပ်ခန်းတံခါးကိုဖွင့်လိုက်သည်။
ချုံရှောင်ထန်သည် ရှီမာယူယူအား သယ်ပြီး အိပ်ယာပေါ်တင်လိုက်ရာ အိပ်ယာသည် ချက်ချင်းပင် ရေခဲတုံးအဖြစ်ပြောင်းသွားလေသည်။
***