← Chapters

သံမဏိလုံးလေး၏ စွမ်းအား

Vol. 008 Ch. 776

သံမဏိလုံးလေး၏ စွမ်းအား

Vol. 008 Ch. 776

“သူ့ဆီက ဘာလို့အမှောင်ရောင်ဝါထွက်နေတာလဲ” ချူလျူသည် ရှီမာယူယူ၏ လက်ရှိပုံစံကိုမြင် သောအခါ အံ့သြတုန်လှုပ်နေသည်။

“သူက တစ္ဆေလောကသားတွေတိုက်တာကို ခံလိုက်ရတာ” ချုံရှောင်ထန် ပြန်ဖြေလိုက်သည်။

“အတိုက်ခံရတယ်ဟုတ်လား အခုဘယ်လိုဖြစ်သွားလဲ” ချူရီ အော်လေသည်။

တကယ်တော့ အဖြေမှာ ဖြေရန်ပင်မလိုတော့ပေ။ အေးခဲနေသော အိပ်ယာပေါ်တွင် ခန္ဓာကိုယ်မှ အမှောင်ရောင်ဝါထွက်နေခြင်းသည် အဖြေဖြစ်သည်။ သူမ အခြေအနေသည် သူမအပေါ်မူတည်နေသည်။

ချုံရှောင်ထန်သည် ရှီမာယူယူအား စိုးရိမ်စွာကြည့်ပြီး ရှုဂျင်းမလာသေးသည်ကိုလည်း တစ်ချက်ချက် ကြည့်နေသည်။

တစ်ဖက်ရှိ ကြံ့တောင်ကြားတွင် ရှုဂျင်းနှင့်အဖွဲ့သည် ဝိဉာဉ်မိစ္ဆာများနှင့် တိုက်ခိုက်နေသည်။ သူတို့ အခြေအနေသည် တိမ်တိုက်နီတောင်ထိပ်ထက်ပင် ဆိုးဝါးနေသည်။ လူအများသည် ထိခိုက်ဒဏ်ရာရထားကြ ကာ ဝိဉာဉ်မိစ္ဆာများနှင့် တိုက်ခိုက်ရသည်ကို ခြေကုန်လက်ပမ်းကျနေလေပြီ။

ကံကောင်းစွာပင် ဝမ်ရှီနှင့် တခြားသူများရောက်လာသောအခါ ဖိအားများလျော့သွားလေသည်။ တိုက်ခိုက်မှုသည် အကောင်းဘက်သို့ဦးတည်သွားသည်။

ရှုဂျင်းသည် သူ့ရှေ့မှ ဝိဉာဉ်မိစ္ဆာကိုသတ်လိုက်သည်။ ဝမ်ရှီနှင့် တခြားသူများရောက်လာသောအခါ သူသည် ပတ်ပတ်လည်အားကြည့်ကာ ဝမ်ရှီဘေးပျံသွားလိုက်သည် “ယူယူရော”

“ငါ မင်းကိုရှာနေတာ၊ တစ္ဆေလောကသားတွေက လူသားလောကကနေထွက်သွားကြပြီ၊ သူတို့ ထွက် မသွားခင်ကို မိတ်ဆွေလေးရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့ရောင်ဝါထည့်သွားတယ်၊ သူ အခု သတိမေ့နေတယ် သူ့ကို ချုံရှောင်ထန်ကို ပြန်ခေါ်သွားခိုင်းထားတယ် မင်းပြန်ပြီး သူ့ကိုသွားကြည့်လိုက်ဦး” ဝမ်ရှီ ပြောလိုက်သည်။

ရှုဂျင်းဒဏ်ရာရသည့်အချိန်နှင့် သတိမေ့သည့်အခြေအနေများတွင် ကိစ္စရပ်များကို လက်လွှဲရန် ဂိုဏ်းမှ ဆရာတစ်ယောက်ထားရှိထားသည်။ သူသည် လျင်မြန်စွာပင် ရှောင်ရှားကာ ပြန်သွားလေသည်။

ထိုဆရာသည် လက်ထဲမှ ပစ္စည်းများကို ဂိုဏ်းမှတခြားလူများကို ဝေပေးလိုက်သည်။ သူသည် ထိုပစ္စည်း ထဲသို့ ဝိဉာဉ်စွမ်းအင်ထည့်ပြီး ဝိဉာဉ်မိစ္ဆာများစုဝေးနေသော နေရာသို့ ပစ်လိုက်သည်။

ထိုပစ္စည်းမှာ ဖက်တီးကျူ၏ အဆင့်မြင့်ထားသော သံမဏီလုံးဖြစ်သည်။ စွမ်းအားမှာ အရင်ကထက် များစွာပိုကောင်းလာကာ ထည့်လိုက်သောဝိဉာဉ်စွမ်းအင်အဆင့်ပေါ်မူတည်ပြီး အားမှာလည်း ပြောင်းလဲသွား သည်။

“ဘုန်း…”

သံမဏိလုံးမြေပေါ်တွင် ပေါက်ကွဲသွားသည်နှင့် ဝိဉာဉ်မိစ္ဆာများ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ ရှိနေသော လူအားလုံးသည် တုန်လှုပ်သွားကြသည်။

“သေစမ်း ဒီပစ္စည်းက သုံးဖို့လွယ်လိုက်တာ” ထိုဆရာသည် တည့်တိုးပြောတတ်သူဖြစ်သည်။ သူသည် အားပါပါဖြင့် အော်လေသည်။

“ငါလည်းစမ်းကြည့်မယ်” နောက်ဆရာတစ်ယောက်သည် ဝိဉာဉ်စွမ်းအင်ထည့်ပြီး ဝိဉာဉ်မိစ္ဆာများရှိရာ နေရာသို့ ပစ်လုကိသည်။

သိပ်မဝေးသောနေရာတွင် ရှိနေသော လူများသည် သံမဏိလုံးကျလာသည်ကိုတွေ့သည်နှင့် အလျင်စလိုပျံပြေးကြသည်။ သူတို့သည် သံမဏိလုံးမြေပေါ်ကျပြီး လှပသော အနီရောင်ပန်းသဖွယ်ပေါက်ကွဲ သွားသည်ကို စောင့်ကြည့်နေကြသည်။

“သေစမ်း ဒါဘာပစ္စည်းလဲ အားကောင်းလိုက်တာ၊ သာမန်ဝိဉာဉ်လက်နက်နဲ့တော့မတူဘူး” ချီဝေ အော် လေသည်။

“ဟားဟား ဒီပစ္စည်းက မိုက်တာပဲ၊ ဝိဉာဉ်စွမ်းအင် နည်းနည်းနဲ့ ဒီလောက်အားကောင်းတာထုတ်နိုင်တယ်” ထိုဆရာကြီးသည် ရယ်မောကာ ထိုပစ္စည်းကိုလွန်စွာနှစ်သက်နေလေသည် “လာခဲ့ ငါ့ကိုထပ်ပေးဦး”

“ငါလည်းစမ်းကြည့်မယ်” နောက်တဆရာများသည်လည်း ပစ်ကြည့်ရာ ဝိဉာဉ်မိစ္ဆာများသည် အသေ အကြေပျက်စီးကြလေသည်။

တခြားသူများသည် ကောင်းကင်ဂိုဏ်းမှဆရာများ၏ အပြုအမူများကြောင့် မှင်တက်နေကြသည်။ လူတစ်ယောက် အော်လိုက်သည် “အဘိုးကြီးတစ်သိုက်ကတော့ ဒီလောက်ကောင်းတဲ့ပစ္စည်းရှိနေတာကို စောစောမသုံးဘူး”

“ဒါကိုသုံးဖို့ရှိလားဆိုတာ မေးမှမမေးကြတာ” ဆရာတစ်ယောက် ပြန်ချေပလေသည် “ငါတို့လည်း မင်းတို့နဲ့ အတူတူတိုက်နေကြတာပဲမလား ငါတို့လည်းမပျင်းပါဘူး၊ ဘာတွေပူညံပူညံလုပ်နေတာလဲ မင်းလည်း စမ်းကြည့်ချင်လို့လား”

“ဒါဆိုရင် ဘာလို့အခုမှထုတ်သုံးတာလဲ သုံးဖို့အစီအစဉ်ရှိတယ်ဆိုရင် အစောကြီးကတည်းကထုတ်သုံး ပါ့လား၊ ငါခြေကုန်လက်ပမ်းကျနေတာ ကြာပြီ၊ ဝိဉာဉ်မိစ္ဆာတွေကိုက်တာတောင်ခံရတော့မလို့”

“ဟားဟား အကိုက်ခံရခါနီးဖြစ်သွားတယ်၊ တကယ်လို့အကိုက်ခံလိုက်ရတယ်ဆိုရင်တော့ ပူညံပူညံလုပ် ဖို့ အားရှိမှာတောင်မဟုတ်ဘူး”

“ဂရုစိုက်ဘူး၊ ငါ့ကို တစ်ခုလောက်စမ်းပေးသုံးကြည့်”

“ဖယ် ဒါက ကောင်းကင်ဂိုဏ်းကပစ္စည်းပဲ”

“တစ်ခုပေးမှာလား မပေးဘူးလား၊ မပေးးရင် မင်း ဂိုဏ်းအပြင်က မိန်းကလေးတစ်ယောက်နဲ့ ငြိနေတာ ကို ငါအားလုံးကို ပြောပြလိုက်တော့မယ်၊ အဲမိန်းကလေးက…”

“ပါးစပ်ပိတ်”

သံမဏ်လုံးသည် ထိုလူ၏ ပါးစပ်ဆီသို့ပျံလာရာ သူဖမ်းလိုက်သည်။

ထိုလူနှစ်ယောက် ရန်ဖြစ်နေကြသည်ဟု ချီဝေနှင့် တခြားသူများထင်ကြသော်လည်း အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။ သူတို့နှစ်ယောက်သည် သူငယ်ချင်းများဖြစ်ကြသည်။

သံမဏိလုံးရသွားသော လူသည် အလွန်ပျော်နေလေသည်။ သူသည် ချက်ချင်းပင် ဝိဉာဉ်စွမ်းအင် ထည့်ပြီး မြေပေါ်သို့ပစ်လိုက်သည်။

“ဟားဟား ပစ္စည်းကောင်းပဲ အဘိုးကြီး ငါ့ကိုထပ်ပေးဦး” သူသည် ကျယ်လောင်စွာ အော်လေသည်။

“ဖမ်းစမ်း ဒါက ငါတို့ကောင်းကင်ဂိုဏ်းရဲ့ ထူးခြားတဲ့ပစ္စည်းပဲ၊ မင်းလိုချင်တယ်ဆိုရင် တစ်ခုကို ကျောက် ၁သောင်းပေး” ဂိုဏ်းဆရာ ပြောလေသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က မင်းအတွက် ငါလုပေးခဲ့တဲ့ပစ္စည်းက ၁သိန်း…”

သံမဏိလုံး ၅လုံးပျံလာရာ သွားကြိတ်သောအသံဖြင့် အဆုံးသတ်လေသည် “သံမဏိလုံးရဲ့ ဈေးက တစ်လုံးကို ၂သောင်းဖြစ်သွားပြီ”

“ဟီးဟီး…” ထိုလူသည်သံမဏိလုံးရသွားသည်နှင့် ထိုကိစ္စကိုထပ်မပြောတော့ပေ။ သူမသည် ဝိဉာဉ် မိစ္ဆာများဆီသို့ပစ်လေသည်။

သည်လိုနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲသည် ပြောင်းပြန်ဖြစ်သွားလေသည်။

သေးငယ်သောသံမဏိလုံး၏ အကူအညီဖြင့် တိုက်ပွဲမှာ များစွာလွယ်ကူသွားပြီး ခက်ခဲခဲ့သော တိုက်ပွဲ မှာအဆုံးသတ်သွားလေသည်။

ထိုအချိန်တွင် လူအများသည် ထိုသေးငယ်သော ပစ္စည်းအကြာင်းကို စဉ်းစားနေကြဆဲဖြစ်သည်။ ဝိဉာဉ် စွမ်းအင်အနည်းငယ်ထည့်လိုက်ရုံနှင့် ထိုမျှလောက် အားကောင်းမှုကိုထုတ်ပေးနိုင်သည်။ အဲဒါကို သူတို့ဂိုဏ်းကို သာပြန်ယူသွားလိုက်လို့ကတော့….

“သွားကြမယ် ယူယူဘယ်လိုနေလဲသွားကြည့်သင့်တယ်” ဂိုဏ်းဆရာသည် လက်မှပေနေသော သွေး များကို ရှင်းရန် ဝိဉာဉ်စွမ်းအင်သုံးပြီး သန့်ရှင်းလိုက်သည်။

“အဘိုးကြီးရှု စိုးရိမ်တာကိုကြည့်လိုက်တာ ပြင်းထန်တဲ့ပုံပဲ”

သူတို့သာ် ရှီမာယူယူ၏ အခြေအနေကို စိတ်မပူပါက တိုက်ပွဲ စောစီးစွာ အဆုံးသတ်ရန်အတွက် သံမဏိလုံးများကို ထုတ်သုံးမည်မဟုတ်ပေ။ သူတို့သည် စောစောပြန်နိုင်ရန်အတွက် သုံးခဲ့ခြင်းဖြစ်သည်။

ချီဝေသည် သိပ်မဝေးသောနေရာတွင် ရပ်နေသည်။ သူတို့စကားများကို ကြားသောအခါ ပြေးပြီး မေး လိုက်သည် “ဘာဖြစ်လို့လဲ ကျွန်တော့်ဆရာ ဒဏ်ရာရထားတာလား”

ဂိုဏ်းဆရာများသည် သူ့အား အထူးတဆန်းကြည့်လေသည်။

အပြာရောင်ဓားသွားသည် ရှေ့တိုးကာ ဆရာနှစ်ယောက်ကို အရိုအသေပေးလိုက်သည် “ချီဝေက ယူယူ့ ကို အစ်ကိုကြီးအနေနဲ့ အသိအမှတ်ပြုထားတာပါ၊ ယူယူ ဘာဖြစ်တာလဲ သိချင်လို့ပါ”

“ယူယူက တစ္ဆေမျိုးနွယ်ရဲ့ အမည်မသိတဲ့ရောင်ဝါ အပစ်ခံ လိုက်ရတယ်လို့ အခုလေးတင်ပဲ ဂိုဏ်းခေါင်းဆောင်ဝမ်က အဘိုးကြီးရှုကိုပြောနေတာ” ဆရာတစ်ယောက် ပြန်ဖြေလေသည်။

“ဗျာ” ချီဝေသည် အော်ကာ တိုက်တွန်းလိုက်သည် “မြန်မြန်ပြန်သွားကြည့်ရအောင်”

ထိုဆရာများသည်လည်း ရှီမာယူယူ၏ အခြေအနေကို စိုးရိမ်နေကြသည်ဖြစ်ရာ လေဟာပြင်ဝင်ပေါက် ဖွင့်ပြီး ပြန်သွားလိုက်သည်။

ဝမ်ရှီနှင့် ဖြောင့်မတ်မှုနေမင်းဂိုဏ်းသားများသည် နောက်တွင်ချန်မနေခဲ့ပေ။ သူတို့သည် ချက်ချင်းပင် အနောက်မှ ထွက်ခွာကြလေသည်။

ချီဝေနှင့် အဖွဲ့သည် ချူမိသားစုအိမ်သို့ရောက်သည်နှင့် ရှီမာယူယူအား တွေ့ရန် ချက်ချင်းပြေးဝင်လိုက် ကြသည်။ သို့သော် သူတို့ခြံဝန်းသို့မဝင်မှီတွင် ရှုဂျင်းသည် သတိမေ့နေသောရှီမာယူယူကို သယ်ပြီး အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ရှီမာယူယူ၏ ခန္ဓာကိုယ်မှ အမှောင်ရောင်ဝါသည် အရင်ကထက်သန်မာနေကာ သူမကို ဝါးမျိုသွားမလို ပင်။

“ဘာဖြစ်လို့လဲ အဘိုးကြီးရှု”

ရှုဂျင်းသည် ရှီမာယူယူကို ကိုင်ထားစဉ်အတွင်းတွင် သူ့ခန္ဓာကိုယ်ထဲသို့ တစ္ဆေရောင်ဝါဝင်မသွားစေရန် ဝိဉာဉ်စွမ်းအင်သုံးပြီး ခုခံထားသည်။ ဂိုဏ်းဆရာများပြန်လာသည်ကို တွေ့သောအခါ သူပြောလိုက်သည် “မင်းတို့ ပြန်လာတာကောင်းတယ်၊ ဒီကကိစ္စတွေကိုရှင်းပေးရမယ် ယူယူရဲ့ အခြေအနေကထူးဆန်းတယ် ငါ အဲဒါကို ဘာမှမလုပ်နိုင်ဘူး၊ သူ့ကို အဘိုးကြီးယွမ်ဆီ ပြန်ပို့ရမယ်”

အကူအညီမဲ့နေတယ်လို့ ပြေလာိုက်တာလား။ သူမအခြေအနေက ဘယ်လောက်တောင် ပြင်းထန်နေ တာလဲ။

“ကောင်းပြီ မင်းအရင်ပြန်နှင့်လိုက် ဒီကအခြေအနေတွေကို ငါတို့ရှင်းလိုက်မယ်၊ ပြီးတော့ ကလေးတွေ ကို မုရွှန်မြို့ကိုခေါ်သွားလိုက်”

ရှုဂျင်းသည် ခေါင်းညိမ့်ကာ ဝင်ပေါက်ဖွင့်ကာ ရှီမာယူယူနှင့်အတူဝင်သွားလေသည်။

***

All Chapters