← Chapters

သူပြန်မလာဘူး

Vol. 008 Ch. 778

သူပြန်မလာဘူး

Vol. 008 Ch. 778

ရှီမာယူလင်းသည် ဖြတ်လမ်းတည်ဆောက်မှုမလုပ်ခင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ရသည်။

သို့သော် သူ့စိတ်ကို မထိန်းချုပ်နိုင်ပေ။ ရှီမာယူယူဒဏ်ရာရထားကာ ရှုဂျင်းသည် အကူအညီမဲ့နေသည် ဟူသောသတင်းကြောင့် သူသည် တည်ဆောက်မှုကို သေချာမလုပ်နိုင်ပေ။

ရှီမာယူလီ လျှောက်လာကာ သူ့ပခုံးကိုပုတ်ပြီး ပြောလေသည် “အကုန်လုံးစိုးရိမ်နေကြတာပဲ၊ မင်း တည်ဆောက်မှုကို သေချာမလုပ်နိုင်ရင် ငါတို့ပြန်လို့မရဘူး”

ရှီမာယူလင်းသည် ခေါင်းညိမ့်ကာ အသက်ဝဝရှုပြီးနောက် ဆက်လုပ်လေသည်။

“သူက ငယ်သေးတယ်၊ ပြီးတော့ ကောင်းကင်ဂိုဏ်းက ဝေးတယ်၊ ဒီလောက်ဝေးတဲ့အကွာအဝေးကို သူ ဖြတ်လမ်းတည်ဆောက်မှုလုပ်နိုင်ပါ့မလား” ရှန်မင်လန် မေးလိုက်သည်။

“ပြဿနာမရှိဘူး” ဝေကျိရွှီ ပြောလိုက်သည်။

“ဆရာ့ကို အသက်ငယ်တဲ့  တည်ဆောက်မှုပါရမီရှင်လို့ထင်ထားတာ၊ သူလည်း ဖြစ်နေမယ်လို့ ဘယ်သူ ထင်မိမှာလဲ” ချီဝေသည် ရှီမာယူလင်းအား လေးစားစွာကြည့်လေသည်။

“သူ့လက်ထဲက ပစ္စည်းက ပုံစံသေးတည်ဆောက်မှုမလား” ယုချင်းမေးလိုက်သည်။

“ဟုတ်တယ် ဒီတစ်ဝက်ပုံစံတည်ဆောက်မှုက သူနဲ့ ယူယူနဲ့အတူတူလုပ်ထားတာ၊ တည်ဆောက်မှု ကျောက်တုံးကို နေရာတကျထားလိုက်ရင် ကောင်းကင်မြို့ကို တိုက်ရိုက်သွားလို့ရတယ်” ဝေကျိရွှီ ရှင်းပြလေ သည် “အစတုန်းက ကျွန်တော်တို့်မစ်ရှင်ပြီးသွားမှ ဒါကိုသုံးမလို့ပဲ”

“တည်ဆောက်မှုသခင်တွေက တကယ်အားကောင်းတာပဲ” ချီဝေသည် ထပ်ပြီး အံ့သြပြန်သည်။

ဒီတစ်ကြိမ်တွင် ရှီမာယူလင်းသည် တည်ဆောက်မှုကို သေချာစွာ ပြုလုပ်သည်။ သူသည် အားလုံးကို အထဲတွင်ရပ်ခိုင်းပြီး အသက်သွင်းပြီးနောက်တွင် ကောင်းကင်မြို့သို့ပြန်ကြလေသည်။

တည်ဆောက်မှု၏ တစ်ဖက်မှာ ရှီမာအိမ်တော်၏ ခြံဝင်းအတွင်းဖြစ်သည်။ ရှီမာလိုင်နှင့် တခြားသူများ ခြံထဲမှ လှုပ်ရှားသံကြားသောအခါ လျှောက်လာကြသည်။

ရှီမာလိုင်သည် တစ်ချက်ကြည့်လိုက်သည်နှင့် ရှီမာယူယူ ပျောက်နေကာ သူစိမ်းများကို တွေ့လေသည်။ သူမျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ယူယူရော”

“ယူယူက ဆရာရှုနဲ့အတူတူပြန်သွားတယ်၊ ကျွန်တော်တို့ အတူသွားတာမဟုတ်ဘူး အဲဒါကြောင့် အတူ ပြန်မလာတာ” ရှီမာယူရန် ရှင်းပြလေသည်။

“သြော် ပြီးတော့ ဒီလူတွေက…”

“အဘိုး သူတို့ကိုမိတ်ဆက်ပေးပါမယ် သူတို့က အလယ်ပိုင်းဒေသက ဂိုဏ်းတစ်ခုက တပည့်တွေပါ သူတို့ကို အပြင်မှာတွေ့လာတာ သူတို့လည်း ကောင်းကင်ဂိုဏ်းကို ကိစ္စတစ်ခုကြောင့်လာကြတာ အဲဒါကြောင့် အတူလာလိုက်တာ၊ ဒါက အပြာရောင်ဓားသွား၊ ဒါက ကျူလန်၊ ယုချင်း၊ ဒါကချီဝေနဲ့ ရှန်မင်လန်ပါ” ရှီမာယူရန် ပြောပြီးမှပင် အပြာရောင်ဓားသွားတို့ကိုမိတ်ဆက်ပေးလေသည် “ဒါက ကျွန်တော့်အဘိုး၊ အဒေါ်လန်၊ အဒေါ်ယု နဲ့ ဘေဂုံထန်ရဲ့ အောင်ဘေဂုံဟန်ပါ”

အပြာရောင်ဓားသွားနှင့် တခြားသူများသည်မိတ်ဆက်ပေးသည်နှင့် အရိုအသေပေးကြလေသည်။

“အဘိုး သူတို့ကိုအမှတ်တရစားသောက်ဆိုင်လိုက်ပို့လိုက်ဦးမယ်” ရှီမာယူမင် ပြောလိုက်သည်။

“သူတို့က သားတို့မိတ်ဆွေတွေဆိုမှတော့ အိမ်မှာပဲနေကြလေ” ရှီမာလိုင် ပြောလိုက်သည်။

“ကျွန်တော်တို့ ဒုက္ခမပေးချင်လို့ပါ” အပြာရောင်ဓားသွား ပြောလိုက်သည်။

“အဘိုး သူတို့လည်း လုပ်စရာရှိသေးလို့ပါ” ရှီမာယူရန် ပြောလိုက်သည် “ကျွန်တော်တို့ အရင်သွား လိုက်ဦးမယ် ခဏနေမှ ပြန်လာမယ်”

အပြာရောင်ဓားသွားနှင့် တခြားသူများသည် ရှီမာလိုင်တို့အား လက်အုပ်ချီနှုတ်ဆက်ကာ ရှီမာအိမ်တော် မှ လှည့်ထွက်လေသည်။

“အဘိုး၊ အဒေါ်လန်နဲ့ အဒေါ်ယု ကျွန်တော်တို့်ဂိုဏ်းကမစ်ရှင်ပြီးကို သတင်းပို့ပြီးတာနဲ့ ခွင့်ယူပြီး ပြန်လာ ခဲ့မယ်” ရှီမာယူမင်သည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။

သူတို့ လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို ရှီမာလိုင် မြင်သောအခါ ပြောလေသည် “သူတို့ ထူးဆန်းနေတယ် လို့မထင်ဘူးလား”

“အဲလိုပုံပဲ” ဆန်းမူယု ပြောလိုက်သည်။

“တစ်ခုခုဖြစ်နေပြီလို့ မထင်ဘူးလား” ရင်လန်သည် ရှီမာယူယူကို မတွေ့မိသောကြောင့် စိတ်လေးနေ သည်။

“ယူယူများတစ်ခုခုဖြစ်လို့လား” ရှီမာလိုင် ခန့်မှန်းလေသည်။

“အဲလိုတော့ မဟုတ်လောက်ဘူး” ရင်လန်သည် ပြုံးပြီး ပြောလေသည် “ယူယူတစ်ခုခုဖြစ်ရင် သူတို့ အားလုံးပြန်လာမှာမဟုတ်ဘူး တစ်ယောက်ယောက်တော့ သူမဘေးမှာနေမှာပဲ”

“အဲဒါတော့ဟုတ်တယ်၊ သူတို့ အပြုအမူတွေကထူးဆန်းနေတယ် ဒါပေမဲ့ သူတို့ ပျာယာတော့ခတ်မနေ ပါဘူး၊ သူမမှာသာ တစ်ခုခုဖြစ်လို့ကတော့ သူတို့အိမ်ပြန်လာချင်စိတ်ဖြစ်မှာမဟုတ်ဘူး” ဆန်မူယုသည် ပြုံးပြီး သဘောတူလိုက်သည်။

“ဟုတ်တယ်” ရှီမာလိုင်သည် သူတို့ပြောစကားများကိုကြားသည်နှင့် သံသယနှင့် စိုးရိမ်မှုကို လွှတ်လိုက် သည်။

ရှီမာယူလီနှင့် တခြားသူများသည် ရှီမာအိမ်တော်မှထွက်လာချိန်တွင် သက်ပြင်းရှည်ချမိသည်။ ရှီမာလိုင် စိတ်ပူမည်စိုးသောကြောင့် ဘာမှမဖြစ်သလိုဟန်ဆောင်ခဲ့ကြသည်။ သူတို့အိမ်မှ ထွက်သည်နှင့် ဂိုဏ်းသို့အမြန် ပြေးကြသည်။

“အစ်ကိုကြီးအပြာရောင်၊ ပုံမှန်ဆိုရင် ဂိုဏ်းထဲကိုဝင်လို့မရဘူး ကျွန်တော် အမှတ်တရစားသောက်ဆိုင် ကိုပို့ပေးထားခဲ့မယ်၊ တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်တော်သတင်းပို့မယ်၊ တစ်ခုခုသိချင်တာရှိရင်လည်း သူတို့ကို ရှာပြောလို့ရတယ်”

“အမှတ်တရစားသောက်ဆိုင်က ခင်ဗျားတို့ဆိုင်လား” အပြာရောင်ဓားသွား မေးလိုက်သည်။

အမှတ်တရစားသောက်ဆိုင်က ရှင်းမိုရဲ့ဆိုင်လို့ သူမှတ်ထားတာပါ။

“အဲလိုပုံပါပဲ” ရှီမာယူမင် ပြောလိုက်သည် “သူငယ်ချင်းတစ်ယောက်ကဖွင့်ထားတာကို သူက ယူယူကို လက်ဆောင်ပေးထားတာ”

“ရှင်းမျိုးနွယ်နာမည်နဲ့ သူငယ်ချင်းဖြစ်မလား”

ရှီမာယူမင်သည် သူ့အားပြန်မဖြေပဲ “ခင်ဗျားတို့ အမှတ်တရစားသောက်ဆိုင်ကိုသွားရင် ဂရုစိုက်ပေးပါ အဘိုးက အဲဒီကအဖြစ်အပျက်တွေမှတ်သမျှကို စစ်ဆေးတယ်၊ ယူယူ့အခြေအနေ မသေချာသေးခင်တော့ သူ့ကို ပေးမသိချင်ဘူး အဲဒါကြောင့် အဲဒါလေး အကူအညီတောင်းပါတယ်”

အပြာရောင်ဓားသွားသည် ရှီမာယူမင်၏ အပြုအမူကိုမြင်သောအခါ သူ့ခန့်မှန်းချက်မှန်နေပြီဟု သိလိုက် သည်။

ရှင်းမိုက အမှတ်တရစားသောက်ဆိုင်ကို တစ်ယောက်ယောက်ကိုလက်ဆောင်ပေးမယ်လို့ ဘယ်သူ ထင်မိမှာလဲ။ ရှီမာယူယူနှင့် သူတို့ဆက်ဆံရေးမှာ ပွင့်လင်းသည့်ပုံပေါ်သည်။

“ကျွန်တော်တို့နားလည်ပါတယ် စိတ်ချပါ” ချီဝေပြောလေသည် “ဆရာ့အကြောင်းတစ်ခုခုသိရရင် ပြောပြ ပေးပါ”

“ကောင်းပါပြီ”

အပြာရောင်ဓားသွားနှင့် တခြားသူများကိစ္စရှင်းပြီးသောအခါ သူတို့သည် ချက်ချင်းပင်ဂိုဏ်းကို အပြေး သွားကာ အပြင်ဂိုဏ်းမှ အတွင်းဂိုဏ်းကိုပြန်လေသည်။

သူတို့သည် အဆောင်များသို့မပြန်တော့ပဲရှုဂျင်း၏ ခွဲခွာခြင်းဥယျာဉ်သို့ပြန်ကြလေသည်။ သူတို့သည် အပြင်တွင် ခေတ္တမျှရပ်ပြီးစောင့်ဆိုင်းပြီးနောက်တွင် ရှောင်ရှောင်သည် အိမ်ထဲမှထွက်လာသည်။

“စီနီယာစု ညီ၅ ဘယ်လိုအခြေအနေရှိလဲ” ရှီမာယူရန်မေးလိုက်သည်။

“ဂျူနီယာညီလေးလား” စုရှောင်ရှောင်သည် သူတို့အား နားမလည်စွာကြည့်လေသည် “သူက မင်းတို့နဲ့ ထွက်သွားတာမဟုတ်ဘူးလား ဘာလဲ အတူတူပြန်မလာကြဘူးလား”

“ယူယူ ပြန်မလာဘူးလား” ဖက်တီးကျူသည် တအံ့တသြမေးလေသည်။

စုရှောင်ရှောင်သည် ခေါင်းရမ်းလေသည်။

“ဒါဆိုရင် စီနီယာတို့ဆရာပြန်လာပြီလား” ရှီမာယူလင်း မေးလိုက်သည်။

“ဆရာတစ်ခါပြန်လာပြီးထပ်ထွက်သွားတယ်လေ၊ အခုတော့ မရှိဘူး” စုရှောင်ရှောင်ပြောလေသည် “တစ်ခုခုဖြစ်လို့လား၊ ဂျူနီယာညီလေး ဘာဖြစ်လို့လဲ”

“ဂျူနီယာမောင်လေးဘာဖြစ်လို့လဲ သူပြန်လာပြီလား ရှောင်ရှောင်” ဟန့်မြောင်ရွှမ်သည် ဝိုင်ပုလင်းကိုင် ထားသည်။ သူမသည် စားသောက်ပြီးပြန်လာသည်ကို တစ်ချက်တည်းကြည့်ပြီးပြောနိုင်သည်။

“ဘာတွေဖြစ်လဲ ကျွန်တော်လည်းမသိဘူး” စုရှောင်ရှောင်ပြောလိုက်သည် “သူတို့ပြန်လာတော့ ဂျူနီယာ ညီလေးဘယ်လိုနေလဲမေးတယ် ပြီးတော့ ဆရာရှိလားမေးတယ်၊ ဘာဖြစ်လဲဆိုတာ သူတို့မပြောဘူး”

ဟန့်မြောင်ရွှမ်သည် တစ်ခုခုဖြစ်နေပြီဟု ခန့်မှန်းကာ ဝိုင်ပုလင်းကိုသိမ်းပြီး မေးလိုက်သည် “ဘာဖြစ်လာ တာလဲ”

ဝေကျိရွှီနှင့် တခြားသူများသည် သူတို့အပြုအမူများကိုမြင်သောအခါ ရှီမာယူယူ ခွဲခွာခြင်းဥယျာဉ်တွင် မရှိသည်ကို သိလိုက်သည်။ သူမ အဆင်ပြေရဲ့လားဆိုသည်ကို သိရန်အတွက် အရင်ဆုံး ရှုဂျင်ကိုရှာရမည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့..”

စုရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် အဖြစ်အပျက်ကိုနားထောင်ပြီးနောက် ပြောလေသည် “ဆရာက အိမ်ကိုလာပြီး ခဏကြာတော့ ပြန်ထွက်သွားတာပဲ၊ သူ လုပ်စရာတွေရှိလို့ပြန်သွားတာလို့ ပြောတယ် သူ ဂျူနီယာမောင်လေးကို ပြန်ခေါ်မလာဘူးဆိုတော့ သူ့အခြေအနေက မတိုးတက်ဘူးဆိုတဲ့သဘောပဲ”

“ဒါပေမဲ့ အခုဂျူနီယာညီလေးက ဘယ်မှာလဲ” စုရှောင်ရှောင်ပြောလိုက်သည် “ငါတို စောစောကသိရင် ဆရာ့ကိုမေးလိုက်ပါတယ်”

“ဂျူနီယာမောင်လေးအခု ဘာဖြစ်လဲဆိုတာ မသိတာလည်းမဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ငါတို့ဆရာ့ကိုရှာမှဖြစ်မယ်”

“ဆရာက ကျောင်းအုပ်ကြီးနဲ့ဖြစ်လောက်တယ်” ကျန်းကျူကျိသည် ထွက်လာသည်။ သို့သော် သူသည် ခါတိုင်းလိုအိပ်ချင်မူးတူးပုံမဟုတ်ပေ။

***

All Chapters