← Chapters

သူမခန္ဓာကိုယ်အကြောင်းအား သိရှိခြင်း

Vol. 008 Ch. 779

သူမခန္ဓာကိုယ်အကြောင်းအား သိရှိခြင်း

Vol. 008 Ch. 779

ကျန်းကျူကျိ ကြည့်ကောင်းနေသည်မှာ ရှားသဖြင့် စုရှောင်ရှောင်မေးလိုက်သည် “အစ်ကိုက ဘယ်လို သိတာလဲ”

“ဆရာောတင်မဖြေရှင်းနိုင်ဘူးဆိုတော့ သူအရင်ဆုံးလုပ်မှာက ကျောင်းအုပ်ကြီးယွမ်ကိုရှာမှာပဲ” ကျန်းကျူကျိ ပြောလိုက်သည် “အဲဒီတစ္ဆေရောင်ဝါက ဘယ်လိုလဲ”

“အဲတုန်းက ကျွန်တော်တို့မရှိကြဘူး အဲဒါကြောင့် ကိုယ်တိုင်မတွေ့လိုက်ရဘူး” ရှီမာယူရန် ပြောလိုက် သည် “အဲဒီတစ္ဆေရောင်ဝါက ကျွမ်းကျင်သူအများကြီးကိုဖြတ်ကျော်ပြီး သူ့ခန္ဓာကိုယ်ထဲဝင်သွားတယ်လို့ ကြား တယ်၊ အဲဒီတစ္ဆေရောင်ဝါက ယူယူ့ကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ထင်တယ်”

“ရည်ရွယ်ချက်ရှိရှိဟုတ်လား” စုရှောင်ရှောင်သည် မျက်မှောင်ကြုတ်လိုက်သည် “တစ္ဆေလောကက အရာတွေက အမြဲတမ်း မေးခွန်းထုတ်စရာဖြစ်ခဲ့တာ၊ အဲဒါသာ တကယ်ပဲယူယူ့ကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ် ဆိုရင် ပြဿနာရှိတယ်”

“ဆရာက ကျောင်းအုပ်ကြီးနဲ့ရှိနေတယ်ဆိုတော့ ငါတို့လည်းသွားကြတာပေါ့” ဟန့်မြောင်ရွှမန် ပြော လိုက်သည်။

“ကျွန်တော်တို့လည်းလိုက်ခဲ့မယ်” ဖက်တီးကျူသည် ရှေ့တိုးကာ ပြောလိုက်သည်။

သည်လိုနှင့် သူတို့အဖွဲ့သည် ကျောင်းအုပ်ကြီးနေရာ ခြံဝန်းသို့သွားလိုက်သည်။ ထိုခြံဝန်းသည် တောင်ခြေတွင် ရှိသည်။

သူတို့နီးလာသည်နှင့် အပြင်မှ အတားအဆီးစွမ်းအင်လှိုင်းတစ်ခုကို ခံစားမိသည်။ သူတို့သည် ခြံဝန်း အနီးအနားပင် သွားမရပေ။

“ကြည့်လိုက်” စုရှောင်ရှောင်သည် ပြောရင်းနှင့် ယွမ်ရှောင်ဂျီ၏ အိမ်ခေါင်မိုးပေါ်သို့ ညွှန်ပြလေသည်။

အားလုံးကြည့်လိုက်ရာ အမှောင်စွမ်းအင်လှိုင်းများသည် ခေါင်းမိုးအပေါ်တွင် လွန့်လူးနေသည်။ ထို စွမ်းအင်သည် ထွက်ချင်သော်လည်း အတားအဆီးကပိတ်ထားသည်။

“ဒီမှာ သေဆုံးခြင်းရောင်ဝါ ဘာလို့အဲလောက်ထူနေတာလဲ” ကျန်းကျူကျိသည် ထိုသေဆုံးခြင်းရောင်ဝါ ကို မြင်သောအခါ သူ့မျက်စိသူမယုံနိုင်လောက်အောင် တုန်လှုပ်နေသည်။

အိမ်ထဲတွင်ရှိနေသော ရှုဂျင်းသည် သေဆုံးခြင်းရောင်ဝါ ဝါးမျိုခြင်းခံနေရသော တစ်ယောက်အား ကြည့်နေပြီး ယွမ်ရှောင်ဂျီသည် တစ်ချိန်လုံးတိတ်နေသည်။ သူ့ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံး နှစ်ထားသည်။

“သူတို့ကို ပြန်သွားခိုင်းလိုက်၊ သူတို့လာတယ်ဆိုရင်တောင် အကူအညီမဖြစ်ဘူး၊ ကြောက်သွားရုံပဲရှိ မယ်” ယွမ်ရှောင်ဂျီ ပြောလိုက်သည်။

ရှုဂျင်းသည် အပြင်ထွက်ပြီး အတားအဆီးအပြင်ဘက်တွင် ရှိနေသော လူတစ်စုကို ပြောလိုက်သည် “အကြောင်းမရှိပဲ ဒီကိုမလာနဲ့ ပြန်သွားလိုက်ကြ”

“ဆရာရှု ညီ၅ ဘယ်လိုနေလဲ” ရှီမာယူရန် မေးလိုက်သည်။

“ငါတို့လည်း မသိသေးဘူး” ရှုဂျင်း ပြောလိုက်သည် “အဘိုးကြီးယွမ်ရှိတယ်ဆိုတော့ သူအဆင်ပြေမှာပါ ဒီမှာ နေမနေနဲ့ ပြန်လိုက်”

“ဆရာလည်း မသေချာဘူးဆိုတော့ ကျောင်းအုပ်ကြီးတောင် ဂျူနီယာလေးကို ဘယ်လိုကယ်ရမလဲဆို တာ မသိဘူးလား” ကျန်းကျူကျိ ပြောလိုက်သည်။

ရှုဂျင်း၏ အမူအရာတင်းသွားပြီး ပြောလိုက်သည် “သူ့ကိုကယ်ဖို့ ငါတို့မှာနည်းလမ်းမရှိတာမဟုတ်ဘူး၊ သူ့လက်ရှိအခြေအနေကို ငါတို့မသိသေးတာ”

“ကျောင်းအုပ်ကြီးယွမ်တောင် မလုပ်နိုင်ဘူးလား”

“မလုပ်နိုင်ဘူး” ရှုဂျင်း ပြောလိုက်သည် “တစ္ဆေရောင်ဝါက သူ့ခန္ဓာကိုယ်ထဲကို ထိခိုက်စေတာက အတွင်းပိုင်းခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးနည်းစနစ်ကို အသက်သွင်းလိုက်သလိုပဲ၊ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထား သရွေ့ ဝင်လို့မရဘူး”

“ကျောင်းအုပ်ကြီးယွမ်တောင် မလုပ်နိုင်ဘူးလား”

“မရဘူး ဒါပေမဲ့ ငါတို့ နည်းလမ်းစဉ်းစားနေတယ်” ရှုှဂျင်း ပြောလိုက်သည် “တော်ပြီ ငါမင်းတို့ကို အများ ကြီးပြောပြီးပြီ ပြန်သွားကြတော့”

သို့သော် တစ်ယောက်မှ ထွက်ခွာခြင်းမရှိပေ။

“ဆရာရှု ကျွန်တော်တို့ ညီ၅ကို ကြည့်ခွင့်မရဘူးလား” ရှီမာယူရှင်း မေးလေသည်။

“အတားအဆီးအတွင်းမှာ စွမ်းအင်တွေပရမ်းပတာ လှည့်ပတ်နေတာ မတွေ့ဘူးလား” ရှုဂျင်း သူ့ကို ကြည့်လိုက်သည် “မင်းတို့က အားနည်းသေးတယ်၊ မင်းတို့ဝင်လာရင်တောင် တစ္ဆေရောင်ဝါကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး၊ သူတောင်မကုရသေးဘူး မင်းတို့ကျသွားတယ်ဆိုရင် ပိုပြီးတောင် ဆိုးသွားဦးမယ်၊ ပြန်လိုက်ကြ တော့”

“ဆရာရှု ကျွန်တော်တို့ဝင်လို့မရတာကိုက ဆိုးနေပြီ၊ ဒီမှာနေပြီး စောင့်ပါရစေ” ရှီမာယူလီ ပြောလိုက် သည်။

ရှုဂျင်းသည် သူတို့အားကြည့်လိုက်ရာ သူတို့မျက်နှာအမူအရာမှာ အားလုံးတညီတညွှတ်တည်းရှိနေ သည်ကိုတွေ့လိုက်ရသည်။ သူ ပြောရင်းနှင့် ထွက်သွားလေသည် “မင်းတို့လုပ်ချင်ရာသာလုပ်တော့”

အိမ်ထဲတွင် ယွမ်ရှောင်ဂျီနှင့် ဟော်လန်တို့သည် ရှီမာယူယူ၏ အိပ်ယာဘေးတွင် လေးနက်သော အမူအရာများဖြင့် ရပ်နေကြသည်။

“ဘယ်လိုထင်လဲ” ယွမ်ရှောင်ဂျီသည် ဟော်လန်အားမေးလိုက်သည်။

ဟော်လန်သည် ယွမ်ရှောင်ဂျီ၏ မေးခွန်းကို ကြားသောအခါ ရှီမာယူယူ၏ သွေးကြောကိုစမ်းလိုက်သည်။ သူခေါင်းရမ်းကာ “စမ်းသပ်လို့မရဘူး”

“မင်းလည်း သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို ဝင်လို့မရဘူးလား” ယွမ်ရှောင်ဂျီ မေးလိုက်သည်။

“ဆရာတောင်မရတာ ကျွန်တော်က ဘယ်လိုရမှာလဲ” ဟော်လန် ပြောလိုက်သည် “ဒါပေမဲ့ သူ့ခန္ဓာကိုယ် အတွင်းပိုင်းကို ဝင်လို့မရပေမယ့် ခန့်မှန်းလို့ရတယ်”

“ဘာလို့စောစောကမပြောတာလဲ” ရှုဂျင်းသည် ဝင်လာရင်းနှင့် မေးလိုက်သည်။

“သူ့ခန္ဓာကိုယ်တည်ဆောက်ပုံ” ဟော်လန် ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်တည်ဆောက်ပုံဟုတ်လား”

“အဲနှစ်က လူသားလောကကို ချိုးဖောက်ဝင်လာတဲ့ နတ်ဆိုးတွေကို ဦးဆောင်တဲ့ နတ်ဆိုးဘုရင်ကို မှတ်မိလား” ဟော်လန် မေးလိုက်သည်။

“မိုရှားလား သိတာပေါ့၊ သူက နှစ်ပေါင်း သန်းချီကြာမှ ငါတို့လူသားလောကထဲကို နတ်ဆိုးမျိုးနွယ်တပ် ခေါ်လာနိုင်တဲ့ တစ်ဦးတည်းသော နတ်ဆိုးဘုရင်ပဲ” ရှုဂျင်း ပြောလိုက်သည် “အဲဒါနဲ့ ဒါဘာဆိုင်လို့လဲ”

“ယူယူနဲ့ အဲလူနဲ့က ခန္ဓာကိုယ်တူတယ်လို့ ကျွန်တာ်ထင်တယ်” ဟော်လန် ပြောလိုက်သည်။

“ခန္ဓာကိုယ်တည်ဆောက်ပုံတူတယ်လား၊ ယူယူက နတ်ဆိုးမျိုးနွယ်မှမဟုတ်တာ” ရှုဂျင်းသည် သူ့ကျောင်းသားကို ကာကွယ်တုန်းဖြစ်သည်။

“သူတော့မဟုတ်ဘူးလေ” ဟော်လန်သည် ရှုဂျင်းအား မျက်လုံးလှန်မိသည်။ ဒီလူကတော့ လူတစ်ယောက်ဒဏ်ရာရတာကို ဂရုစိုက်နေတဲ့အချိန်ဆိုရင် သူ့ဉာဏ်ရည်က ဇီးရိုးဖြစ်သွားတာပဲ “ဒါပေမဲ့ မိုရှားမှာ ဘယ်လိုခန္ဓာကိုယ်တည်ဆောက်ပုံရှိတာလဲဆိုတာကို မင်းသိတယ်မလား”

“သူက နတ်ဆိုးမျိုးနွယ်ကမလား၊ သူ့မှာ ဘယ်လိုခန္ဓာကိုယ်အမျိုးအစားရှိမှာလဲ” ရှုဂျင်း၏ ဦးနှောက်မှာ မလည်ပတ်သေးပေ။

“မိုရှားက လူသားဖြစ်ခဲ့ဖူးတယ်၊ အဲနေရာက လူသားတစ်ဦးပဲ” ဟော်လန်သည် မာနကြီးစွာ လက်ညိုး ထောင်လိုက်သ်ည။

“သူက လူသားဟုတ်လား၊ ဒါဆိုရင် ဘယ်လိုလုပ် နတ်ဆိုးမျိုးနွယ်ဖြစ်သွားတာလဲ”

“သူ့ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့်လေ” ဟော်လန် ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်လား”

“အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ် တည်ဆောက်ပုံပဲ” ယွမ်ရှောင်ဂျီ ပြောလိုက်သည်။

“ကျွန်တော်လည်း အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ကို အရင်ကကြားဖူးတယ်… ဆရာလည်းသိတာလား” ရှုဂျင်းသည် ယွမ်ရှောင်ဂျီအား ကြည့်လိုက်သည်။ သူသိတာလား မသိတာလား။

“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အလင်းနဲ့အမှောင် ခန္ဓာကိုယ်တစ်ချိန်တည်းမှာ ပေါ်လာရင် အံ့ဖွယ် နတ်ဆိုးခန္ဓာကိုယ်ဖြစ်သွားတာပဲ” ယွမ်ရှောင်ဂျီ ရှင်းပြသည် “အဲနှစ်က မိုရှားရဲ့အမေက အဲဒီကလူ၊ သူ့အဖေက နတ်ဆိုးလောကက၊ အဲဒီအံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်နဲ့လူက သူတို့ခန္ဓာကိုယ်ပေါက်ကွဲမှုကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူးဆိုပြီး သတင်းတွေထွက်ခဲ့တယ်၊ နောက်တော့ သူအရွယ်ရောက်လာတော့ သူဘာလုပ်ခဲ့ တယ်ထင်လဲ သူအမှောင်ခန္ဓာကိုယ်ကိုပဲ ရွေးခဲ့တယ်၊ သူအသက်ရှင်ကျန်နေခဲ့ပြီး နတ်ဆိုးမျိုးနွယ်အဖွဲ့ဝင် တစ်ယော်ဖြစ်ခဲ့တယ်”

“ယူယူလည်း အဲလိုပဲလား” ရှုဂျင်းသည် သူ့တပည့်ကိုဆုံးရှုံးတော့မည့်အတိုင်းကြည့်လိုက်သည် “သူလည်း ပေါက်ကွဲပြီးအဆုံးမသတ်လောက်ပါဘူးနော်”

“သူ ဒီကနေ အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာကို စိတ်မပူဘူးလား” ဟော်လန်သည် ရှုဂျင်း ကိုဆွံ့အစွာကြည့်လိုက်သည်။

“ဒါပေမယ့် မင်းရောအဘိုးကြီးယွမ်ရော ဒီမှာရှိနေတာလေ ဟုတ်တယ်မလား” ရှုဂျင်းသည် သူတို့အား အခိုင်အမာယုံကြည်ထားသည်။

“မင်းတို့တောင် ဒီကိစ္စကိုမဖြေရှင်းနိုင်တာ ငါကဘယ်လိုဖြေရှင်းနိုင်မှာလဲ” ဟော်လန် ပြောလိုက်သည်။

“ဒါပေမဲ့ မင်း အံ့ဖွယ်နတ်ဆိုးခန္ဓာကိုအကြောင်းပြောတုန်းက မင်းအမူအရာက စိတ်ပူတဲ့ပုံမပေါက်ဘူး” ရှုဂျင်း ပြောလိုက်သည်။

“မင်း…”

“ယူယူ့မှာ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ရှိတယ်လို့ ထင်တာလား” ရှုဂျင်းမေးလိုက်သည်။

“သူက လူပဲ ဒါကတော့ ငါသေချာတယ်၊ မဟုတ်ရင် သေဆုံးခြင်းရောင်ဝါ နည်းနည်းစမ်းထည့်လိုက်တာ နဲ့ ဒီလိုဖြစ်မသွားဘူး၊ အရင်တုန်းက နတ်ဆိုးရောင်ဝါနဲ့ သေဆုံးခြင်းရောင်ဝါ ထိမှန်ဖူးတဲ့လူကိုတွေ့ဖူးတယ် ဒါပေမဲ့ သူတို့ကဒီလိုဖြစ်သွားတာမဟုတ်ဘူး” ဟော်လန် ပြောလိုက်သည် “ဒါပေမဲ့ အခုသူ့ခန္ဓာကိုယ်က သူ ကိုယ်တိုင်ကာကွယ်ထားတယ်၊ အပြင်ကနေ သီးခြားခွဲထားတယ်၊ အဖြစ်နိုင်ဆုံးက သူ့မှာ အံ့ဖွယ်နတ်ဆိုး ခန္ဓာကိုယ်ရှိနေတာပဲ၊ သူက လူသားနဲ့ နတ်ဆိုးမျိုးနွယ်နှစ်ခုလုံးရှိတဲ့ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ပဲ”

ရှုဂျင်းသည် ရှီမာယူယူ၏ ခန္ဓာကိုယ်တွင် သေဆုံးခြင်းရောင်ဝါတိုးပွားလာသည်ကို ကြည့်ပြီး သက်ပြင်းချ လိုက်သည် “အဲတော့ ယူယူရဲ့ အဖေ ဒါမှမဟုတ် အမေက တစ္ဆေမျိုးနွယ်ဝင်လို့ ပြောချင်တာလား၊ သူ ဒါကို သိလားတောင် မသိဘူး”

“သူသိလောက်တယ်ထင်တယ်” ဟော်လန်သည် အနည်းငယ်စာနာတတ်သည် “အံ့ဖွယ်နတ်ဆိုး ခန္ဓာကိုယ်… ညီမျှမှု တိမ်းစောင်းသွားတာနဲ့ ခန္ဓာကိုယ်က ပေါက်ကွဲမှာပဲ၊ တစ်ခုတည်းသောနည်းလမ်းက စွမ်းအင် ကို ညီမျှအောင်ထိန်းရတာပဲ အလှည့်ကျဆိုသလို ခန္ဓာကိုယ်ကို ပေါင်းစပ်ရတာလည်း ဖြစ်နိုင်တယ်…”

***

All Chapters