← Chapters

မာနကြီးသော လျှပ်စီးလေး

Vol. 008 Ch. 780

မာနကြီးသော လျှပ်စီးလေး

Vol. 008 Ch. 780

ယူယူသည် ခန္ဓာကိုယ်အားသန်မှုလမ်းစဉ်ကို လျှောက်ခဲ့သည်ကို သူတို့သိသည်။ ထိုအကြောင်းအရင်း မှာ သူမသည် ခန္ဓာကိုယ်စွမ်းအင်မြင့်တင်ချင်၍ ဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။ သူမသည် ရှင်သန်ရန်အတွက် ထိုလမ်းကြောင်းလိုက်ခဲ့ရသည်ဟု သူတို့မထင်မိကြပေ။

“ငါ့ရဲ့သနားစရာကောင်းတဲ့ တပည့်လေး၊ ဒီလောက်များတဲ့လူငယ်တွေကြားမှာ မင်းကျမှဘာလို့ ဒီလို လာဖြစ်ရတာလဲ” ရှုဂျင်းသည် သူ့တပည့်အစား ဝမ်းနည်းလေသည်။

“တော်ပြီ မင်းမျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေမြင်နေရတယ်” ဟော်လန်သည် သူ့အပြုအမူအား မကြည့်နိုင်တော့သဖြင့် အော်လေသည်။

“ငါ နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ၊ ဒီကမ္ဘာကြီးက ဒီလောက်ကြီးတာ၊ ဝိဉာဉ်သခင်တွေဆိုတာလည်း အများကြီးပဲ တခြားမျိုးနွယ်တွေနဲ့ ကလေးရတဲ့ လူသားတွေဆိုတာလည်း များတာပဲ၊ ဒါမေပဲ့ သူ့ကျမှ အံ့ဖွယ် နတ်ဆိုးခန္ဓာကိုယ်ရှိရတယ်လို့” ရှုဂျင်းသည် ဘဝင်မြင့်စွာပြောလေသည် “ငါက သူ့ကိုစိတ်ပူတာပဲ ဒါပေမဲ့ မိုရှား တောင် ရှင်သန်နိုင်သေးတာ် သူလည်းလုပ်နိုင်မယ်လို့ ငါယုံတယ်”

“ဒါပေမဲ့ သူဘယ်လိုလုပ်ခဲ့လဲဆိုတာကို ဘယ်သူမှမသိဘူး” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “ပြီးခဲ့တဲ့ တစ်ခေါက်က သူတို့ဖတ်တဲ့စာအုပ်ထဲမှာတောင်…”

“ဒါပေမဲ့ အဓိကအချက်ကိုပြန်သွားရအောင် သူအခုဘယ်လိုနေလဲ” ရှုဂျင်းသည် ရှီမာယူယူအား စိုးရိမ် စွာကြည့်လိုက်သည်။

“ငါလည်း ဘာမှမလုပ်နိုင်ဘူး” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “သူ့လက်ရှိအခြေအနေက သေဆုံးခြင်း ရောင်ဝါ ဝင်သွားလို့ဖြစ်တာ၊ အမှောင်ရောင်ဝါကလည်း သူ့ခန္ဓာကိုယ်ထဲမှာ ရှိပြီးသားဖြစ်နေတယ်၊ သူ့ခန္ဓာကိုယ် ကလုံးဝ အထိမခံနိုင်တဲ့အခြေအနေပဲ၊ ငါတို့ နည်းနည်းလောက်လုပ်လိုက်တာနဲ့ သေသွားမှာ၊ အဲဒါကြောင့် အခု ဘာမှမလုပ်သင့်ဘူး ငါတို့လုပ်လိုက်မှ ပိုဆိုးသွားတာပဲရှိမယ်”

“ဟူး…”

ရှုဂျင်းသည် ရှည်လျားသော သက်ပြင်းတစ်ခုချလိုက်သည်။ သူ အကူအညီမဲ့သည့်အဖြစ်အပျက်မှာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ဘေးမှကြည့်နေရသည်မှာ သူ့ကို အလွန်နေရခက်စေသည်။

အထူးသဖြင့် သူအနှစ်သက်ဆုံး တပည့်ဖြစ်နေသောကြောင့်ဖြစ်သည်။

“အဲလောက်ကြီး စိုးရိမ်ဖို့မလိုပါဘူး၊ သေဆုံးခြင်းရောင်ဝါက သူ့ကိုပြိုဆင်းအောင် ခြိမ်းခြောက်နေပေမယ့် သူအဆင်ပြေမယ်လို့ ထင်တယ်” ယွမ်ရှောင်ဂျီသည် သူမ အခြေအနေကိုကြည့်ပြီး အကောင်းဘက်မှတွေးလိုက် သည်။

“တကယ်လား”

“သူ အမှောင်တောမှာရှိတုန်းကအချိန်ကို ပြန်တွေးကြည့်လိုက်၊ သူ အဝိုင်းခံရတဲ့အခြေအနေမှာတောင် သူ ဘယ်လိုထွက်ခဲ့လဲ” ယွမ်ရှောင်ဂျီသည် သူ့အား သတိပေးလုကိသည်။

“အမှောင်တောလား၊ သူက ကောင်းကင်ဘေးသင့်မှုကို အသက်သွင်းခဲ့တာမလား” ရှုဂျင်း ပြောလိုက် သည် “သူအခု ကောင်းကင်ဘေးသင့်မှုကို လှုပ်ရှားလို့မရဘူးလေ၊ သူသာလုပ်လိုက်မယ်ဆိုရင် မိုးကြိုးပစ်ခံရတာ နဲ့ သေသွားမှာပဲ”

ယွမ်ရှောင်ဂျီနှင့် ဟော်လန်တို့သည် တညီတညာတည်း ခေါင်းရမ်းလိုက်ကြသည်။ ဒီလူရဲ့ ဉာဏ်ရည် ဘယ်ရောက်သွားတာလဲ။ ရှီမာယူယူ တစ်ခုခုဖြစ်သွားတာနဲ့ သူက ဘယ်လိုဖြစ်ပြီး တုံးသွားရတာလဲ။

“ငါက အဲမှာမရှိခဲ့တာတောင် ငါသိတယ်” ဟော်လန် ပြောလိုက်သည် “အဲတုန်းက ယူယူက အဆင့် မတက်ခဲ့ဘူး၊ ပြီးတော့ ကောင်းကင်ဥပဒေကို ဆန့်ကျင်ပြီးဘာမှမလုပ်ခဲ့ဘူး၊ အဲတော့ သူ ဘယ်လိုလုပ် ကောင်းကင်ဘေးသင့်မှုကို အသက်သွင်းလိုက်တာလဲ၊ သေချာပေါက် ကောင်းကင်ဘေးသင့်မှုကို အသက်သွင်း ဖို့ သူ့မှာ တစ်ခုခုရှိနေတယ်”

“ငါမှတ်မိပြီ” ရှုဂျင်း ပြောလိုက်သည် “ထူးခြားတဲ့ လျှပ်စီးအရည်အချင်းရှိတဲ့ တချို့လူတွေက ကောင်းကင်ဘေးသင့်မှုကို လှုပ်ရှားအောင်လုပ်နိုင်တယ်လို့ ရှေးဟောင်းစာအုပ်တွေမှာရေးခဲ့တယ်၊ ယူယူ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ လျှပ်စီးအရည်အချင်းရှိတယ်လို့ မင်းပြောချင်တာလား”

ဟော်လန် ခေါင်းညိမ့်ကာ ပြောလိုက်သည် “ငါ့ ခန့်မှန်းချက်သာမမှားရင်ပေါ့”

“သူ့မှာသာ ထူးခြားတဲ့လျှပ်စီးအရည်အချင်းရှိတယ်ဆိုရင် အမှောင်အရည်အချင်းက လျှပ်စီးကို ဝါးမျို သွားမှာပဲ ဒါကမဖြစ်နိုင်ဘူး” ရှုဂျင်းသည် နောက်ဆုံးတွင် သဘောပေါက်သွားသည်။

“အဲဒါကြောင့် သူ အချိန်လိုနေတာ၊ တခြားသူနှောင့်ယှက်လို့မရဘူး” ယွမ်ရှောင်ဂျီ ပြောလိုက်သည်။

“ဒါဆိုလည်း စောင့်ကြတာပေါ့”

အိမ်ထဲတွင် စောင့်သူက စောင့်ကြ အပြင်တွင်စောင့်သူက စောင့်ကြနှင့် အားလုံးသည် သူမ အမြန် သက်သာလာခြင်းကို ဆုတောင်းနေကြသော်လည်း သူမသည် ၇ရက်ကြာအောင် သတိမေ့နေလေသည်။

ထို၇ရက်အတွင်းတွင် သူမ ခန္ဓာကိုယ်သည် ရေကန်ထဲမှ ပိုးကောင်လိုပင်။ တစ်ခါတစ်လေတွင် သူမ သည် မီးနှင့်အမြိုက်ခံရကာ တစ်ခါတစ်လေ အေးခဲသော ရေခဲအသွင်ပြောင်းသွားသည်။ အချိန်တိုင်းတွင် နှိပ်စက် ခံနေရသည်။

သူမ အသိစိတ်သည် တစ်ချိန်လုံး ရှင်းလင်းနေခဲ့သည်။ သူမ နိုးလာချိန်တွင် ခန္ဓာကိုယ်ထဲမှ အမှောင် ရောင်ဝါသည် ထိုသေဆုံးခြင်းရောင်ဝါကြောင့် မောင်းတင်ပေးလိုက်သလိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို ရောင်ဝါ ပြင်းထန်စွာ မငြိမ်မသက်ဖြစ်လာပါက သူမ နေရာချထားသော နယ်နိမိတ်ကို ဖောက်ဖျက်ကာ သူမ အတွင်းပိုင်းခန္ဓာကိုယ်တစ်လျှောက် သွားလာလှုပ်ရှားနေမည်။ ထိုရောင်ဝါသည် သူမခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားပေတော့မည်။

အလင်းစွမ်းအင်ရှိသော သွေးကြောတစ်ခုတိုင်းသည် အမှောင်စွမ်းအင် နီးကပ်လာသည်နှင့် နှစ်ခု တိုက်ကြရာ သူမခန္ဓာကိုယ်သည် ဆွဲဖြဲခံရသကဲ့သို့ နာကျင်လေသည်။

သူမ ခန္ဓာကိုယ်သည် နာကျင်သော်လည်း သူတို့တိုက်ခိုက်နေကြသော်လည်း သူမသည် ဘာမှမလုပ်နိုင် ပေ။ ထိုအရာသည် သူမကို ချုပ်တည်းထားသကဲ့သို့ သူမသည် အဝေးမှပင်ကြည့်နေရတော့သည်။

မင်းတို့တိုက်တာကို ငါက ပေးဆပ်နေရတယ်၊ မင်းတို့က ဒီလမ်းကြောင်းယူမယ်ဆိုရင် ငါက တခြား လမ်းကြောင်းရေးရတာပေါ့။ မင်းက ဒီနယ်နိမိတ်ကိုယူထားရင် ငါက တခြားဘက်ကသွားမယ်။ ထိုအချိန်အတွင်း တွင် သူမခန္ဓာကိုယ်သည် လုံးဝကို ရှုပ်ယှက်ခတ်နေသည်။

သူမခန္ဓာကိုယ်သည် မတောင့်ခံနိုင်တော့သည့်အချိန်တွင် ဖောင်းလာသည်။ သူမခန္ဓာကိုယ် ဘောလုံး ကဲ့သို့ ဖောင်းလာသဖြင့် ဘေးတွင်ရပ်နေသော ၃ယောက်သည် အလွန်တုန်လှုပ်ကာ ဝင်ပါသင့် မပါသင့် မသိကြ တော့ပေ။

ကံကောင်းသည်မှာ သူမ ပေါက်ကွဲတော့မည်ဟု ခံစားရပြီးနောက်တွင် ခန္ဓာကိုယ်သည် အနည်ပြန်ထိုင် သွားသည်။ သေဆုံးခြင်းရောင်ဝါသည် သူမခန္ဓာကိုယ်ထဲတွင် စိတ်ကြိုက်လှည့်ပတ်ပြီးနောက် ဖြည်းညင်းစွာ အထဲတွင် နောက်ဆုတ်သွားလေသည်။

“ဟူး….”

သူတို့ ၃ယောက်သည် အသက်ကိုရှည်လျားစွာ ရှုထုတ်မိသည်။ သူတို့စိုးရိမ်နေရသည်မှာ ကြာလှပြီ ဖြစ်သည်။

ရှီမာယူယူသည် အသိစိတ်သည်လည်း စိတ်သက်သာရသလို သက်ပြင်းချကာ လွတ်လပ်စွာ လှည့်ပတ် သွားလာနေသော ခရမ်းရောင်လျှပ်စီးကို ကြည့်နေရသည်။

ထိုလျှပ်စီးသည် ရက်ပေါင်းများစွာ ဘေးမှအေးစက်စွာကြည့်နေရင်းမှ သူမ မခံနိုင်တော့သည့်အချိန်တွင် သူ၏ လျှပ်စီးကန်မှထွက်လာကာ အမှောင်ရောင်ဝါကို သူ့နေရာသူပြန်ထားပြီး သူမကို ပေါက်ကွဲခြင်းမှ ကာကွယ် ပေးလိုက်သည်။

“ကောင်စုတ်ကလေး မင်းက ဒီအချိန်ထိရောက်အောင်စောင့်ပြီးမှ ဝင်ပါတယ်ပေါ့လေ” သူမသည် ခရမ်းရောင်လျှပ်စီးအား နှုတ်ခမ်းတွန့်မိသည်။

ခရမ်းရောင်လျှပ်စီး၏ အရိပ်သည် ရှီမာယူယူ၏ ဝိဉာဉ်နှင့် ဆက်သွယ်မှုရှိသဖြင့် သူမအား တစ်ခုခုလုပ်မည့်ပုံပေါ်သော်လည်း ထိုလူသည် သူမအား ဆဲချင်နေသည့်အာရုံရနေသည်။

ထို့နောက်တွင် လျှပ်စီးသည် ရုတ်တရက်ရပ်ကာ တခြားတစ်ခုကိုလုပ်လေသည်။

လျှပ်စီးသည် တင်ပါးလှုပ်ပြလိုက်သည်။

သေစမ်း…

ရှီမာယူယူသည် ဒေါသထွက်စွာ အံကြိတ်မိသော်လည်း ဘာမှမလုပ်နိုင်ပေ။ သူမသည် ထိုပုံရိပ်သွားလာ နေကာ အလုပ်ပြီးသည်နှင့် သူ့ကန်ရှိရာသို့ ပြန်သွားသည်ကိုသာ ကြည့်နေရသည်။

“ကောင်စုတ်ကလေး မင်းကိုတစ်ရက်တော့ ပညာပေးရမယ်” သူမသည် အံကြိတ်ကာ ခြိမ်းခြောက်လိုက် သည်။

သူမ၏ ဝိဉာဉ်စွမ်းအင်သည် သက်ဆိုင်ရာကန်သို့ရောက်သွားသည်နှင့် သူမ၏ ဦးနှောက်သည် သက်သာ ရာရသွားကာ လှုပ်ရှားနိုင်ပြီး သတိပြန်ရလာသည်။

“နာလိုက်တာ….”

ထိုသည်မှာ ပထမဆုံးခံစားရသည့်အရာဖြစ်သည်။

“နိုးလာပြီလား ဘယ်လိုနေလဲ”

သူမသည် မျက်လုံးဖွင့်ရာ လူ၃ယောက်၏ ခေါင်းများကို တွေ့ပြီးမျက်တောင်ခတ်လိုက်သည်။ အချိန် အတန်ကြာမှပင် သူမ ပြောလိုက်သည် “တကယ်နာတာပဲ”

“အင်း နာတာကိုသိတယ်ဆိုတော့ တော်သေးတာပေါ့” ယွမ်ရှောင်ဂျီ ပြောလိုက်သည်။

“မင်းခန္ဓာကိုယ်ကသွေးနဲ့ သွေးကြောတွေ ပေါက်ကွဲထွက်တော့မလို့ပဲ၊ မနာတာကမှ ထူးဆန်းနေတာ” ဟော်လန် ပြောလိုက်သည်။

“ဆေးသောက်လိုက်” ရှုဂျင်းသည် ဆေးတစ်လုံးထုတ်ကာ သူမစားရန် ပေးလိုက်သည်။ သူမ ဆေး စားပြီးနောက်တွင် များစွာ သက်သာလာသည်။

“ကျေးဇူးတင်ပါတယ်ဆရာ” သူမသည် ရှုဂျင်းအား အားဖျော့သောအပြုံးပြုံးပြလိုက်သည်။

ဟော်လန်သည် ရှီမာယူယူ၏ သွေးကြောကိုစမ်းကာ ပြောလိုက်သည် “မဆိုးဘူး၊ ရောင်ဝါက မငြိမ်သေး ပေမယ့် ရှုပ်ယှက်ခတ်မနေတော့ဘူး”

“ကျေးဇူးတင်ပါတယ် ဆရာဟော် ဆရာတို့ကိုစိတ်ပူအောင်လုပ်မိပြီ” ရှီမာယူယူသည် ပြုံးပြချင် သော်လည်းရပ်လိုက်သည်။ သူမနှုတ်ခမ်းများမှာ နာကျင်နေသည်။

“အခုအခြေအနေနဲ့ စကားလည်းမပြောနဲ့ လှုပ်လည်းမလှုပ်နဲ့၊ မဟုတ်ရင် နာမယ်” ဟော်လန် ပြောလိုက် သည်။

“သေဆုံးခြင်းရောင်ဝါက မင်းခန္ဓာကိုယ်ထဲဝင်သွားတာ၊ အဲကိုရှင်းပြီးပြီလား” ယွမ်ရှောင်ဂျီမေးလိုက် သည်။

ရှီမာယူယူသည် သူမခန္ဓာကိုယ်တွင်းကို ခံစားမိသဖြင့် ခေါင်းရမ်းလိုက်သည်။ ထိုကောင်သည် သူမ သွေးကြောများထဲတွင် သွားလာနေတုန်းပင်။

“အဲဒါကိုရှင်းဖို့ နည်းလမ်းစဉ်းစားရမယ် မင်းကိုယ်တွင်းမှာ စွဲသွားရင် အန္တရာယ်များတယ်” ရှုဂျင်း ပြော လိုက်သည်။

ရှီမာယူယူသည် တုန်လှုပ်သွားသည်။ သူတို့သိတယ်ပေါ့။

***

All Chapters