← Chapters

သူမကိုကယ်ချင်တယ်

Vol. 008 Ch. 781

သူမကိုကယ်ချင်တယ်

Vol. 008 Ch. 781

ရှီမာယူယူ စိုးရိမ်သည်နှင့် ယွမ်ရှောင်ဂျီ၏ အသံသည် သူမခေါင်းပေါ်မှထွက်လာပြီး အားပေးလေသည်။

“မင်းအခြေအနေကို ငါတို့နားလည်ပါတယ်၊ မင်းမှာ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ရှိတာတော့ မထင်ထားဘူး ပဲ၊ ဒါပေမဲ့ အဲဒါကဘာမှမဟုတ်ပါဘူး”

“ဆရာတို့သိပြီးကြပြီပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဆရာတို့… ကျွန်တော့်ကို ထူးဆန်းတယ်လို့ မထင်ဘူးလား”

“အဲတော့ ဘာဖြစ်လဲ” ရှုဂျင်းပြောလိုက်သည် “မင်းခန္ဓာကိုယ်က နည်းနည်းကြောက်ဖို့ကောင်းပေမယ့် နည်းနည်းလောက်စဉ်းစားပြီးတာနဲ့ လက်ခံလို့ရပါတယ်၊ မင်းက ငါ့တပည့်ဖြစ်တုန်းပဲလေ”

“ဆရာ…” ရှီမာယူယူသည် အလွန်စိတ်လှုပ်ရှားမိသည်။

သူမခန္ဓာကိုယ်အခြေအနေနှင့် သရုပ်မှန်မှာ ဒီလိုမျိုးပေါ်သွားလိမ့်မည်ဟု မထင်ထားပေ။ သူမ စိုးရိမ်မှု မရှိ သို့မဟုတ် ကြောက်ရွံ့မှုမရှိဟု ပြောလျှင် လိမ်ရာကျမည်။

လူသားများသည် တစ္ဆေများနှင့် နတ်ဆိုးမျိုးနွယ်ဝင်များကို မုန်းတီးကြသည်။ သူမ အကြောင်းအား သိသောအခါ သူတို့သည် သူမကိုရှင်းပစ်ရန် ကြိုးစားကြမည်။

သူတို့တုန့်ပြန်မှုမှာ သူမထင်ထားသည်နှင့် တလွဲစီဖြစ်လိမ့်မည်ဟု မထင်ထားပေ။

“ဒါပေမဲ့ မင်းခန္ဓာကိုယ်က ငါ့အတွက်တော့ ခေါင်းကိုက်စရာပဲ” ရှုဂျင်း ပြောလိုက်သည် “ဒါပေမဲ့ ငါ တစ်ခုခုစဉ်းစားနေပါတယ်၊ အခုတော့ နားလိုက်ဦး”

“ဟုတ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

“အပြင်သွားကြမယ် ဟူး အပြင်ကကောင်တွေကို သတင်းပို့ရဦးမယ်၊ ခဏပါပဲ မင်း ၂ရက်အတွင်းပြန် ကောင်းလာမှာပါ” ရှုဂျင်း ပြောလိုက်သည်။

သူသည် ခြံအပြင်ထွက်ရာ အပြင်တွင် ၇ရက်ကြာအောင်စောင့်နေကြသောအဖွဲ့သည် သူထွက်လာ သည်ကိုမြင်သည်နှင့် သူတို့မျက်လုံးများသည် မျှော်လင့်ချက်များပြည့်သွားသည်။

“သူနိုးလာပြီ၊ မင်းတို့အရင်ပြန်နှင့်ကြ၊ သူ၂ရက်အတွင်းပြန်လာလိမ့်မယ်” ရှုဂျင်းသည် ပြောပြီးနောက် တွင် ထွက်သွားလေသည်။

ရှီမာယူလင်းနှင့် တခြားသူများသည် ထိုအချိန်မှပင် စိတ်အေးသွားကာ အိမ်သွားပြီးနားရန် ပြင်ကြလေ သည်။ သူတို့သည် ထိုရက်များတွင် ကျင့်ကြံခြင်းမပြု အိပ်ခြင်းမရှိပေ။ ရှီမာယူယူ နေကောင်းပြီဟု ကြားလိုက်မှ ပင် စိုးရိမ်နေသော စိတ်များအေးသွားကာ ရုတ်တရက် ပင်ပန်းမှုကိုခံစားရလေသည်။

ရှုဂျင်းသည် လူနှစ်ယောက်စောင့်နေသော ယွမ်ရှောင်ဂျီ၏ ရုံးခန်းသို့သွားလိုက်သည်။ ဖန်လိုင်နှင့် မုန့်စန်းချွယ်တို့ပါ ရှိနေသည်။

“ငါ အဖြေသွားရှာမယ်” သူသည် ပြောပြီးသည်နှင့် ထွက်သွားမည်ပြုသည်။

“မင်း တစ်ယောက်တည်းသွားမလို့လား ဘယ်သွားရှာရမလဲဆိုတာရောသိရဲ့လား” မုန့်စန်းချွယ်သည် ရှုဂျင်းအား ရှုပ်ထွေးစွာကြည့်လိုက်သည်။ ဒီလူက ကြောင်သွားတာလား။

“အဲတုန်းက မိုရှားလည်းအဲလိုပဲမလား၊ နှစ်ပေါင်းများစွာကြာသွားပေမယ့် သဲလွန်စတော့ ချန်ထားခဲ့မှာပဲ ငါသွားပြီးကြည့်ချင်တယ်”

“သူ့အတွက်နဲ့ မင်းတကယ်ပဲ အဲဒီကိုသွားချင်တာလား” ဖန်လိုင် ပြောလိုက်သည် “အဲဒါဘယ်လိုနေရာ လဲဆိုတာ မင်းသိလား”

“သိတာပေါ့” ရှုဂျင်းသည် သူ့ထိုင်နေကျပုံအတိုင်း ထိုင်ခုံကိုကျောမှီကာ ထိုင်လိုက်သည်။

“မင်းတို့က ဆရာတပည့်ဆိုပေမယ့် အဲလောက်ရင်းနှီးတာမှမဟုတ်တာ၊ သူ့အတွက်သွားမယ်ဟုတ်လား အဲဒါတန်လို့လား” မုန့်စန်းချွယ်သည် ကျောင်းသည်ကျောင်းသားများကို ဂရုစိုက်ရမည်ဟု ခံယူထားသော်လည်း ဒီအတိုင်းတော့မဟုတ်သေးပေ။ အန္တရာယ်အလွန်များလွန်းသည်။

“ဟော်လန် ဘယ်လိုထင်လဲ” မုန့်စန်းချွယ်သည် ဟော်လန်အား ကြည့်လိုက်သည်။

“ငါမင်းနဲ့လိုက်မယ်” ဟော်လန်သည် ဖန်လိုင်အားပြန်မဖြေပဲ ရှုဂျင်းအားကြည့်ပြီး ပြောလေသည်။

“မဟုတ်သေးပါဘူး မင်းတို့နှစ်ယောက်လုံး ရူးသွားကြပြီလား” မုန့်စန်းချွယ်သည် အော်လေသည်။

“ဖြစ်နိုင်တယ်” ဖန်လိုင် ပြောလိုက်သည် “ငါ သူနဲ့ အချိန်ခဏလေးပဲ ကုန်ဆုံးလိုက်ရပေမယ့် သူ့အပေါ် ထားတဲ့ ငါ့ခံစားချက်ကလည်း တခြားကျောင်းသားတွေနဲ့ မတူဘူး၊ သူသာ တကယ်ပဲအရည်အချင်းရှိတယ်ဆိုရင် သူ့ကို ကာကွယ်ချင်တယ်”

“သူတောင်မှ… မင်းတို့သွားတယ်ဆိုရင်လည်း အန္တရာယ်များသေးတာပဲ” မုန့်စန်းချွယ်သည် စိတ်တိုင်း မကျသေးပေ။

“သူက ဘာတွေအဲလောက်ထူးခြားနေလို့လဲ” ဖန်လိုင်သည် သူတို့အား နားမလည်စွာကြည့်လိုက်သည်။ သူဘာတွေ လွတ်သွားတာလဲ “အဘိုးကြီးမုန့်”

“သူက ငယ်သေးပေမယ့် ကောင်းကင်အိမ်တော်ကို ရောက်သွားတဲ့တစ်ဦးတည်းသောသူပဲ” မုန့်စန်းချွယ် ပြောလိုက်သည်။

“သူက ကောင်းကင်လှေကားကိုဆုံးတောင်တက်သွားတယ်ဟုတ်လား၊ ငါက ဘာလို့အဲအကြောင်းကို မသိရတာလဲ” ဖန်လိုင် အော်လေသည် “သူတို့ကို လက်ခံပြီးတာနဲ့ အတွင်းဂိုဏ်းကိုတိုက်ရိုက်သွားကြတာမလား၊ ယူယူက ဘာလို့အပြင်ဂိုဏ်းမှာ နေနေတာလဲ”

မုန့်စန်းချွယ် နှာမှုတ်ကာ “အပြင်ခုံရုံးက အရှုပ်လုပ်လိုက်တာပဲ၊ စမ်းသပ်တဲ့နေ့တုန်းက ရှီမာယူယူက ကောင်းကင်အိမ်တော်ကို မရောက်ဘူး၊ အဲတော့ သူ့ကိုအတွင်းဂိုဏ်းကိုမပို့ဘူး၊ နောက်တော့ သူ ကောင်းကင် လှေကားကို ဆုံးအောင်တက်သွားပြီး ကောင်းကင်အိမ်တော်ကိုရောက်သွားတယ်လေ၊ ငါတို့ သတင်းရတဲ့အချိန် မှာ မင်းက တုလေးကိုခေါ်ပြီးထွက်သွားလိုက်ပြီလေ”

ဖန်လိုင်သည် ထိုသတင်းကြားပြီးနောက် အံ့သြသွားကာ အသက်ရှုရန်ပင်မေ့နေလေသည်။ ထို့နောက်တွင် သူ့ပေါင်ကိုရိုက်ပြီးပြောလိုက်သည် “ကောင်းကင်လှေကားကို ဆုံးအောင်တက်နိုင်တဲ့သူရှိတယ် ဒါ တုန်လှုပ်စရာပဲ”

“ဟူး ကောင်းကင်လှေကားကိုဆုံးအောင်တက်နိုင်တယ် အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင် ထားတယ်၊ သူက ငါတို့နားမလည်နိုင်တဲ့ လုပ်နိုင်စွမ်းတွေအများကြီးရှိတယ်၊ တာဝန်တွေလည်းများတယ်” ဟော်လန်သည် မှတ်ချက်ပေးလေသည်။

“အဲဒါက…” ဖန်လိုင်သည် ရှုဂျင်းနှင့် ဟော်လန်အားကြည့်ကာ ပြောလေသည် “မင်းတို့ တကယ်ပဲ အဲဒီကို သွားကြမလို့လား”

“သူက လှေကားကို ဆုံးအောင်တက်နိုင်သည်ဖြစ်စေ မတက်နိုင်သည်ဖြစ်စေ ငါ့တပည့်ပဲ” ရှုဂျင်း ပြော လိုက်သည် “သူ့အတွက်ဆိုရင် ငါကြိုးစားကြည့်မယ်”

ဟော်လန် သဘောတူစွာခေါင်းညိမ့်လေသည် “ငါတို့အခွင့်အရေးရလို့ရငြား သွားကြည့်မယ်”

“မင်းတို့သွားချင်မှတော့ သွားကြပေါ့” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “ငါလည်း အဆင့်ပြိုင်ပွဲပြီးသွားတာနဲ့ သွားချင်တယ်၊ အဲကျရင် မင်းတို့နဲ့လိုက်မယ်”

“ဆရာလည်း လိုက်မလို့လား” မုန့်စန်းချွယ်နှင့် ဖန်လိုင်သည် တစ်ပြိုင်နက်အော်လေသည်။ သူတို့သည် အကြည့်ချင်းဖလှယ်ကာ တစ်ပြိုင်နက်အော်ပြန်သည် “မရဘူး”

“ဘာလို့လဲ” ယွမ်ရှောင်ဂျီသည် သူတို့ငြင်းဆန်မှုကို ဂရုမစိုက်ပဲပြောလေသည် “မင်းတို့တွေ ကျောင်းကို သေချာလေးဂရုစိုက်ပေးကြ ထိန်းသိမ်းထားပေး”

နင့်ကြီးတော်ကို သွားထိန်းလိုက်…

မုန့်စန်းချွယ်သည် ကျိန်ဆဲချင်မိသည်။ သူသည် တခြားသူအပေါ် တာဝန်ယူပြီး စမ်းသပ်မှုကို ခံပေးသော လူမျိုးကို တစ်ခါမှမတွေ့ဖူးပေ။

“အဲလိုဆိုမှတော့ အကုန်သွားလို့မရဘူး၊ ကျောင်းအုပ်တစ်ယောက် ဒုကျောင်းအုပ် သုံးယောက်နဲ့ တာဝန်ခံ လေးယောက်၊ ဒါပေမဲ့ ကျောင်းမှာ ကျောင်းအုပ်နှစ်ယောက်ရှိတဲ့အချိန်ဆိုတာ မရှိဖူးဘူး၊ ငါတို့ ခံစားချက်ကိုရော တွေးဖူးလား၊ မရဘူး ငါ ခွင့်ယူချင်တယ် မဟုတ်လည်း အလုပ်ထွက်တယ်”

“အင်း အဘိုးကြီးမုန့်က ဒီနှစ်တွေမှာ ပင်ပန်းထားတာပဲ၊ ဒါပေမဲ့ ငါတို့လည်း အရေးကြီးနေတယ်၊ ဒီလို ဆိုရင်ရော၊ အဘိုးကြီးဖန်က နှစ်အများကြီး မထွက်ခဲ့ဘူး၊ ပြီးတော့ မင်းနေပြီး အဖော်လုပ်ပေးလိုက် အင်းအဲလို လုပ်ရအောင်” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “ကောင်းပြီ အဆင့်နဲ့ပတ်သတ်ပြီး ဘယ်လိုလဲ”

“ဆရာကြီးအမိန့်နဲ့ရက်ရွေ့တာကလွဲပြီး ဘာမှမရှိဘူး” မုန့်စန်းချွယ်ပြောလိုက်သည်။

“ဒီမှာနေတဲ့လူတွေရော ဘယ်လိုလဲ”

“ကမ္ဘာမြေကြီးမျက်လုံးကိုရှာမရလည်း သူတို့ဆက်လုပ်မှာပဲ” မုန့်စန်းချွယ်၏ မျက်လုံးများသည် ဒေါသ ထွက်ကာ ပြောလေသည် “ဒီမှာ သူတို့ကိုရှင်းထုတ်လို့မရဘူးလား၊ အဲ ယင်ကောင်တွေက ဟိုဟိုဒီဒီပျံနေကြတာ အဲဒါကိုရှင်းရတာ စိတ်ရှုပ်တယ်”

“ရှောင်ချီက ပြောင်းလဲတာမပြီးသေးလို့ သူမပြီးတာနဲ့ ငါတို့ရှင်းလို့ရပါပြီ”

ထိုအင်အားကြီးများသည် ဇွဲကောင်းလှသည်။ အသုံးမဝင်သည်ကို သိသော်လည်း လူများဆက်တိုက် လွှတ်နေတုန်းပင်။ လွှတ်လိုက်သောလူများ အသုံးမဝင်သောအခါ ဂိုဏ်းများသို့ပြန်ခေါ်ကြသည်။

ဟင် သူတို့က ဒီကိုလာတာနဲ့ မျှော်လင့်ချက်ရှိပြီလို့ထင်နေကြတာလား။

“အဘိုးကြီး ငါ့တပည့်ကို အလုပ်ပြီးသွားအောင် မခေါ်ချင်ဘူးလား ဘာလဲ မသွားချင်တော့ဘူးလား” ရှုဂျင်းသည် သူတို့အငြင်းပွားသည်ကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ကျောင်း၏စီမံမှုကို ဘယ်တော့မှ ဝင်မပါခဲ့ပေ။

“ငါတို့အဲဒီကိုသွားပြီး အမြန်ပြန်လာမှာပဲ၊ ငါတို့ပြန်မလာနိုင်ရင် အဘိုးကြီးမုန့် ကျောင်းသားတွေကို အဲဒီကိုခေါ်ခဲ့လိုက်” ယွမ်ရှောင်ဂျီ ပြောလိုက်သည်။

“အဲဒီကို ဘာတွေအလောတကြီးသွားမှာလဲ” ဟော်လန်မေးလိုက်သည်။

“သွားတားရမှာတစ်ခုရှိတယ်၊ မအောင်မြင်ဘူးဆိုရင် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားမှာစိုးတယ်၊ ကြောက်ရွံ့မှုတစ်ခုလွှမ်းမိုးသွားမှာ…”

***

All Chapters