← Chapters

ခြေတစ်လှမ်းဆုတ်ခြင်း

Vol. 008 Ch. 782

ခြေတစ်လှမ်းဆုတ်ခြင်း

Vol. 008 Ch. 782

ရှီမာယူယူသည် အိပ်ယာပေါ်တွင်လှဲကာ မျက်လုံးတွင် ကျေးဇူးတင်ခြင်းများပြည့်နေသည်။

သူမ ဒဏ်ရာရထားပြီး ပင်ပန်းနေသောကြောင့် သူတို့ပြောနေသည့်အကြောင်းအရာများကို မကြားရဟု တွေးကာ သူမကို ဖုံးကွယ်ရန်မကြိုးစားကြပေ။

သူမသည် အကြောင်းအရာအားလုံးကို ရှင်းလင်းစွာကြားလိုက်ရမည်ဟု ထင်မိကြမည်မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ သူမအဆင့်လောက်ရှိသော လူတစ်ယောက်သည် ထိုမျှခံရခက်သော ဒဏ်ရာရပြီး နောက်တွင် အလွန်အားနည်းကာ သူတို့ပြောသောစကားများကို မကြားရဟု တွေးခြင်းဖြစ်နိုင်သည်။

သို့သော် သူမ၏ စိတ်အင်အားသည် တခြားသူများထက် အမြဲတမ်းသန်မာခဲ့သည်။ ဒီလိုဒဏ်ရာမျိုးသည် သူမအတွက် အဟန့်အတားမဖြစ်ပေ။

ရှုဂျင်းနှင့် ဟော်လန်တို့သည် သူမနှင့်တွေ့သည်မှာ မကြာသေးသော်လည်း သူမပေါ် စိတ်ရင်းဖြင့် ကြင်နာသည်ကို သိလိုက်သောအခါ သူမ သက်ပြင်းချမိသည်။

တစ်ခါဆရာတော်ဖူးလျှင် တစ်သက်လုံးဆရာဖြစ်သည်။ သူမ ဘာမှမလုပ်ရသေးခင်မှာပင် သူတို့ အရင် လှုပ်ရှားသည်။

“ဆရာ ဆရာဟော်…”

သူမသည် မသွားရန် သူတို့အားသွားချင်သည်။ မိုရှားသည် သူမနှင့်ရှိနေသည်။ ပြီးလျှင် အချိန်ကျလျှင် သူမတွင် အစီအစဉ်ရှိသည်။ သို့သော် သူမလှုပ်မရသဖြင့် မသွားနိုင်ပေ။

“သူတို့ပြန်လာတာနဲ့ ပြောရမယ်…” သူမသည် တွေးပြီးနောက် ဆက်မတွေးတော့ပေ။ သူမသည် ခေတ္တ မျှ နားမည်လုပ်ထားသော်လည်း အိပ်ပျော်သွားသည်။

သူမနိုးလာသောအချိန်တွင် တစ်ရက်ကုန်ဆုံးသွားပြီဖြစ်သည်။ ဆေးနှင့် သူမ၏ ခန္ဓာကိုယ်ကြောင့် သူမ သည် တစ်ဝက်လောက်သက်သာလာပြီ။

သူမ အိပ်ယာပေါ်မှဆင်းလိုက်သည်။ သို့သော် ခြံဝန်းထဲတွင် ဘယ်သူမှရှိမနေပေ။ ကျောင်းအုပ်ကြီးယွမ် နှင့် တခြားသူများလည်းမရှိပဲ အတားအဆီးလည်း မရှိတော့ပေ။

သူမ လှည့်ပတ်ကြည့်သော်လည်း တစ်ယောက်မှရှိမနေပ။ သူမသည် ခြံဝန်းမှထွက်ကာ ခွဲခွာခြင်းဥယျာဉ် သို့ပြန်လာလိုက်သည်။

သူမသည် ရှုဂျင်းအားရှာပြီး သူမအတွက် ထိုနေရာသို့မသွားရန် ပြောမည်လုပ်သော်လည်း မမျှော်လင့် ထားသည့်စကားကိုသာ ကြားလိုက်ရသည်။

“ဘာပြောလိုက်တာလဲ၊ ဆရာက သွားလိုက်ပြီဟုတ်လား” ရှီမာယူယူသည် တုန်လှုပ်သွားကာ ချက်ချင်း ပင် စူးရှောင်ရှောင်၏ အင်္ကျိကိုဆုပ်ကိုင်လိုက်သည်။

စူးရှောင်ရှောင်သည် ရှီမာယူယူ ထိုမျှလောက်လန့်သွားမည်ဟု မထင်ထားသောကြောင့် ခေတ္တမျှ ကြောင်သွားကာ ပြောလေသည် “ဆရာက လုပ်စရာရှိလို့တဲ့ သူမနေ့ညကထွက်သွားတယ်”

“ဆရာဘယ်သွားတာလဲသိလား”

စူးရှောင်ရှောင်သည် ခေါင်းရမ်းကာ ပြောလိုက်သည် “သူ ကျောင်းအုပ်ကြီးတို့နဲ့ရှိမယ်လို့တော့ ပြောသွား တယ်၊ သူအဝေးကိုသွားမှာမို့လို့ အချိန်တစ်ခုလောက်ပြန်မလာနိုင်ဘူးတဲ့ ဟုတ်သားပဲ ဆရာက သူ့အသက် ကျောက်စိမ်းကိုထားသွားတယ်”

“ဆရာက သူ့အသက်ကျောက်စိမ်းထားသွားတယ်ဟုတ်လား” ရှီမာယူယူသည် ကပြာကယာဖြစ်သွား ကာ စူးရှောင်ရှောင်အားလွှတ်ပြီး အပြင်သို့ထွက်ခဲ့လိုက်သည်။

“ဂျူနီယာ မင်းအခုမှပြန်လာတာ၊ ဘယ်သွားမလို့လဲ” စူးရှောင်ရှောင်သည် သူမအားအော်ခေါ်လေ သည်။

သူမသည် စူးရှောင်ရှောင်အား နောက်တွင်ထားခဲ့ကာ မြူထဲတွင်ပျောက်ကွယ်သွားလေသည်။

“ဟူး ပြေးတာမြန်လိုက်တာ သူဘယ်လိုနေလဲဆိုတာတောင် မမေးလိုက်ရဘူး” သူသည် ခေါင်းရမ်းကာ ဘေးမှ တံမြက်စည်းယူပြီး ခြံဝန်းအတွင်းတွင် တံမြက်စည်းလှည်းနေလိုက်သည်။

ရှီမာယယူသည် စိုးရိမ်စွာဖြင့် မုန့်စန်းချွယ်ရုံးခန်းသို့ ပြေးသွားလိုက်သည်။ သူမသည် သူမ ရောက်ရှိ ကြောင်း အကြောင်းကြားသည်အထိ မစောင့်တော့ပဲ ချက်ချင်းပင် တံခါးကိုဖွင့်လိုက်သည်။

“ဒါရိုက်တာမုန့်…” သူမပြေးဝင်သွားရာ မုန့်စန်းချွယ်သည် တခြားဆရာတစ်ယောက်နှင့် စကားပြောနေ သည်ကို တွေ့လိုက်ရသည်။ ထိုအချိန်မှပင် သူမ ရပ်သွားကာ ရှက်သွားလေသည်။

“နိုးလာပြီလား” မုန့်စန်းချွယ်သည် ရှီမာယူယူ ဝင်လာသည်ကိုကြည့်ပြီး အနည်းငယ်အံ့သြသွားသည်။

“ဟုတ်” ရှီမာယူယူသည် ခေါင်းငုံ့ကာ ပြောလေသည်။

မုန့်စန်းချွယ်သည် ဆရာအားပြောလိုက်သည် “ငါတို့ ဒီနေ့ပြောတဲ့အတိုင်း အဆင့်ပြိုင်ပွဲကို ကျင်းပမယ်၊ မင်း သွားလို့ရပြီ”

“ဟုတ်ကဲ့ ဒါရိုက်တာမုန့်” ဆရာသည် မတ်တပ်ရပ်ကာ မုန့်စန်းချွယ်အား လက်အုပ်ချီနှှုတ်ဆက် ပြီးနောက် ထွက်သွားလေသည်။

သူ ရှီမာယူယူအား ဖြတ်ကျော်သွားသောအခါ သူမ သူ့ကို အရိုအသေပေးလိုက်သည်။

“မင်း အပြည့်အဝတောင် မသက်သာသေးတာကို ဘာလို့ဒီကိုပြေးလာတာလဲ၊ ဘာတွေအလောကြီးနေ တာလဲ” မုန့်စန်းချွယ် မေးလိုက်သည်။

“အာ.. အဲဒါလေ.. ဆရာနဲ့ တခြားသူတွေကို မေးချင်လို့ပါ သူတို့သွားလိုက်ပြီလား” ရှီမာယူယူမေးလိုက် သည်။

“သွားပြီလေ”

“ဆရာတို့ကို ဆက်သွယ်လို့ရလား”

“မရဘူး”

“မရဘူးလား ဆရာတို့က အမြဲတမ်းအဆက်အသွယ်ရှိတယ် မဟုတ်ဘူးလား”

“သူတို့ အဲဒီကိုသွားတာဆိုတော့ ဘာသတင်းမှပြောလို့မရဘူး” မုန့်စန်းချွယ် ပြောလေသည်။

“ဒါဆို ဆရာ သူ… ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ရှီမာယူယူသည် စိုးရိမ်လျက်ရှိသည်။

မုန့်စန်းချွယ်သည် သူမ စိုးရိမ်နေသည်ကို တွေ့သောအခါ ခန့်မှန်းလိုက်သည် “မင်း မနေ့က ငါတို့်ပြော တာတွေကို ကြားတယ်မလား”

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည် “ဟုတ်တယ် အဲဒါကြောင့် ကျွန်တော် သူတို့ကို တားချင်လို့…”

“မနေ့ညက မင်းသတိမေ့နေတာ ကောင်းသွားတာပေါ့” မုန့်စန်းချွယ် ပြောလိုက်သည် “အခု သူတို့သွား ကြပြီ ငါလည်း လှမ်းပြောလို့မရဘူး”

“နည်းလမ်းမရှိတော့ဘူးလား”

“မရှိဘူး”

ရှီမာယူယူသည်အတွေးထဲ နစ်မြောသွားသည်။

“မင်း အရမ်းကြီးစိုးရိမ်ဖို့မလိုပါဘူး” မုန့်စန်းချွယ်သည် သူမအားကြည့်လိုက်သည် “ငါတို့ သူတို့ကို လှမ်း ပြောလို့မရပေမယ့် သူတို့ကပြောလို့ရတယ်၊ သူတို့ အချိန်အဆင်ပြေရင် စကားပါးမယ်လို့ ငါတို့သဘောတူထား တယ်၊ သူတို့ ပျောက်သွားရင်လည်း ဂိုဏ်းက လူလွှတ်ပြီး ရှာမှာပဲ”

“ဟုတ်ကဲ့” ရှီမာယူယူသည် တည်နေဆဲပင်။

“တခြားရှိသေးလား” မုန့်စန်းချွယ် မေးလိုက်သည်။

“မရှိပါဘူး”

“မင်း အခုထိ မသက်သာသေးဘူး ပြန်သွားနားလိုက်တော့” မုန့်စန်းချွယ် ပြောလိုက်သည်။

“ဟုတ်ကဲ့” ရှီမာယူယူသည် အရိုအသေပေးပြီးနောက် ထွက်သွားလေသည်။

“ဟုတ်သားပဲ ဒီ၃လအတွင်းကို အဆင့်ပြိုင်ပွဲကျင်းပလိမ့်မယ်၊ မင်းလည်း စောစောစီးစီး ပြင်ဆင်ထား လိုက်”

“…. ဟုတ်ကဲ့”

ရှီမာယူယူသည် ရုံးခန်းမှထွက်လာပြီးနောက် သက်ပြင်းချလိုက်သည်။ သူမသည် ရှီမာယူမင်နှင့် တခြား သူများအိမ်သို့လာရာ လမ်းတွင်ပင် တွေ့လေသည်။

“အစ်ကိုကြီး အစ်ကို၂ ဘယ်သွားကြမလို့လဲ”

သူမကိုမြင်လိုက်သောအခါ ရှီမာယူမင်နှင့် ရှီမာယူရွှီတို့၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပ သွားလေသည်။

“ညီ၅ ကောင်းလာပြီလား”

“ညီ၅ ဒီထိဘာလာလုပ်တာလဲ”

သူတို့နှစ်ယောက်သည် ဆက်တိုက်ပင် ပြောကြလေသည်။

“ကျွန်တော်လုပ်စရာရှိလို့ ဒဏ်ရာတွေကတော့ ကုပြီးသလောက်ဖြစ်နေပြီ” ရှီမာယူယူသည် ပြုံးပြီး ပြော လိုက်သည်။ “အစ်ကိုတို့ ဘယ်သွားကြမလို့လဲ”

“ငါတို့ မစ်ရှင်လက်ခံထားတာလေ မှတ်မိလား၊ အခု ပြန်ပေးရမယ့်အချိန်ပဲ” ရှီမာယူမင် ပြောလိုက်သည် “ကြိုးကြာနီဥက မင်းဆီမှာဆိုတော့ တတိယတစ်ခုကို ပြောရမှာပေါ့၊ အခုမင်းရောက်ပြီဆိုတော့ ပထမတစ်ခုကို လည်း ပေးလို့ရပြီ”

ရှီမာယူယူ စဉ်းစားလိုက်ရာ ကြိုးကြာနီဥသည် သူတို့ရှေ့တွင် ပေါ်လာသည်။

“ကျွန်တော် သိပ်နေလို့မကောင်းလို့ မလိုက်တော့ဘူး”

“ငါတို့က အချိန်မရွေးသွားလို့ရပါတယ် မင်းရောက်လာမှတော့ မင်းကို ငါတို့ပြန်လိုက်ပို့မယ်” ရှီမာယူမင် ပြောလိုက်သည်။

“ဟုတ်တယ် သွားရအောင်” သူမသည် ဖျော့တော့နေဆဲဖြစ်သည်ကို ရှီမာယူရွှီ တွေ့သောအခါ ရင်နာမိ သည်။

ရှီမာယူယူဝင်သွားရာ ရှီမာယူရန်နှင့် ရှီမာယူလီတို့သည် အံ့သြမှုနှင့် ပျော်ရွှင်မှုများ တစ်ပြိုင်နက်ဖြစ်မိ လေသည်။

“ညီ၅ မင်းနောက်ဆုံးတော့ ကောင်းလာပြီ၊ အပြာရောင်ဓားသွားနဲ့ တခြားသူတွေပြောတုန်းက ငါတို့်လန့် လို့သေတော့မလို့” ရှီမာယူလီသည် လက်ဆန့်ကာ သူမအား ဖက်လေသည်။

“အပြာရောင်ဓားသွားတို့က အစ်ကိုတို့ကိုပြောပြတာလား” ရှီမာယူယူသည် ပြန်ဖက်ကာ မေးလိုက်သည်။

“ဟုတ်တယ်လေ” ရှီမာယူလီ သူမကိုလွှတ်လိုက်သည် “အဲတုန်းက မင်း တစ္ဆေလောကသားကြောင့် ထိခိုက်သွားတယ်ဆိုတာ ငါတို့ကိုရှာပြီး သူတို့ပဲပြောတာ၊ ဆရာရှုတောင် ဘာမှမလုပ်နိုင်လို့ ကျောင်းအုပ်ဆီခေါ် သွားတယ်ဆိုတာရောပဲ ငါတို့ဘယ်လောက်တောင်လန့်သွားလဲ၊ ဆရာရှုက ဘယ်သူလဲ… သူတောင် ဘာလုပ်ရ မှန်းမသိတာဆိုတော့လေ မင်းအခြေအနေ ဘယ်လောက်တောင်ဆိုးသွားတာလဲ”

“ဟုတ်တယ် ညီ၄တောင် ကြောက်လို့ငိုတော့မလိုပဲ” ရှီမာယူမင် စနောက်လေသည်။

“မင်းတို့လည်း အတူတူပဲကို” ရှီမာယူလီသည် ပြန်ချေပလေသည် “အဲတုန်းက လက်ချောင်းတွေကို သွေးထွက်အောင် ဆိတ်နေတာဘယ်သူလဲ”

“ညီ၅ အဲနေ့က ဘာဖြစ်သွားတာလဲ” ရှီမာယူရန် မေးလေသည်။

“အစ်ကို သူတို့ကိုသွားခေါ်လိုက် ကျွန်တော်အကုန်အတူတူပြောပြမယ်…”

***

All Chapters