မမျှော်လင့်ထားသောဆု
Vol. 008 Ch. 783
“ယူယူ အဲနေ့ကဘာဖြစ်တာလဲ၊ ဆရာရှုတောင် ဘာမှမလုပ်နိုင်တော့ထိ ဘယ်လိုဖြစ်ပြီးဒဏ်ရာရသွား တာလဲ” ဖက်တီးကျူသည် ရှီမာယူယူအား မြင်သည်နှင့် စိုးရိမ်သွားသည်။
“ယူယူ အခုရောဘယ်လိုနေလဲ” ဝေကျိရွှီသည် စိုးရိမ်စွာမေးလေသည်။
ရှီမာယူယူသည် သူတို့အား ပြုံးပြပြီး လက်ကိုရမ်းကာ ပြောလေသည် “အရင်ဆုံးထိုင်ကြပါဦး ငါပြောပြ မယ်”
ဘေဂုံထန်သည် ရှီမာယူယူဘေးလျှောက်လာကာ ထိုင်ရင်းပြောလေသည် “နင် အခုထိ ဖျော့တော့နေ တာပဲ၊ တစ်ရက်တည်းနဲ့ဘာလို့ထွက်လာတာလဲ”
“ငါ ကောင်းနေပါပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ အဲနေ့ကအကြောင်းပြောပြပါဦး…”
ရှီမာယူယူသည် ရိုးရှင်းစွာပြောပြလေသည်။ သူမသည် တစ္ဆေရောင်ဝါကြောင့် မည်သို့ထိခိုက်ခဲ့သည် ယွမ်ရှောင်ဂျီတို့ မည်သို့ကယ်ခဲ့သည်ကို ပြောပြလေသည်။
“အဲဒါက မင်းခန္ဓာကိုယ်ထဲမှာရှိတုန်းလား” ရှီမာယူလင်းသည် မျက်မှောင်ကြုတ်ကာမေးလေသည်။
အဲလိုသာ တကယ်ဆိုရင် သူမ အချိန်မရွေးအသက်အန္တရာယ်ရှိနိုင်တယ်မဟုတ်လား။
“အဲဒီသေဆုံးခြင်းရောင်ဝါက ငါ့ကို ထပ်ပြီးမခြိမ်းခြောက်နိုင်တော့ပါဘူး၊ အခုဆိုရင် အဲဒါကြောင့်ပဲ ငါနိုး လာတာ ငါသက်သာသွားတာနဲ့ အဲဒါကိုရှင်းပစ်မှာပါ၊ မင်းတို့ စိုးရိမ်ဖို့မလိုပါဘူး”
“တစ္ဆေရောင်ဝါက တခြားကမ္ဘာက အရာပဲ အဲဒါကိုရှင်းပစ်လို့ရပါ့မလား” ဖက်တီးကျူသည် စိုးရိမ်စွာ ပြောလေသည် “ကျောင်းအုပ်နဲ့ ဆရာရှုကို မေးကြည့်ပါလား”
“ကျောင်းအုပ်နဲ့ ဆရာက ကျောင်းမှာမရှိတော့ဘူး၊ ငါမရရင်တော့ အကူအညီတောင်းဖို့ တစ်ယောက် ယောက်ကို ရှာရမှာပဲ” ရှီမာယူယူသည် စိုးရိမ်မှုမရှိပေ။
သေဆုံးခြင်းရောင်ဝါသည် သူမခန္ဓာကိုယ်အတွင်းတွင် ငြိမ်သက်နေသည်။ သူမသည် ခန္ဓာကိုယ်အတွင်း အမှောင်ရောင်ဝါစွဲမြဲနေခြင်းကို မတွေးမိအောင် အမြဲတမ်းသတိပေးနေရသည်။
သူမ အမှောင်ရောင်ဝါအကြောင်းတွေးလိုက်သည်နှင့် ထိုရောင်ဝါသည် ထွက်လာရာ ရှုပ်ထွေးသွား သည်။ သူမသည် ခန္ဓာကိုယ်အတွင်း အလင်းအရည်အချင်းရှိသည်ဟုသာ အမြဲတွေးရသည်။ သူမတွင် သေဆုံး ခြင်းရောင်ဝါရှိသည်ကို မသိခဲ့ပေ။ ကြက်သွေးရောင်မီးတောက်နှင့် မိုရှားပင်မသိပေ။
သည်လိုနှင့် သူမ၏အမေသည် နတ်ဆိုးမျိုးနွယ် သို့မဟုတ် တစ္ဆေမျိုးနွယ်က ဖြစ်သလားဆိုသည်ကို မသေချာခဲ့ပေ။
သို့သော် သေဆုံးခြင်းရောင်ဝါ သူမကိုယ်ထဲဝင်သွားသည်နှင့် ခန္ဓာကိုယ်ထဲမှ သေဆုံးခြင်းရောင်ဝါသည် ပေါ်ထွက်လာခဲ့သည်။ ထို့အပြင်များလွန်းသည်။ သူမ ဝိဉာဉ်စေတီပင် တစ်ဝက်ပြည့်သွားခဲ့သည်။ အမှောင် ရောင်ဝါ အရည်အချင်းကန်ထက် မနည်းပေ။
“အဲဒါက မင်းအမေက မင်းအတွက်ထားခဲ့တဲ့ စွမ်းအင်ပဲဖြစ်ရမယ်” မိုရှားခန့်မှန်းလေသည်။
“အမေလား”
“အင်း ဘယ်ကနေထွက်လာလဲဆိုတာ ငါလည်းမသိဘူး”
“ဖြစ်နိုင်လောက်တယ်”
တစ်ကယ်တော့ သူမလည်း ထိုအတိုင်းတွေးသည်။ သူမမိခင်သည် သူမအတွက် ခန္ဓာကိုယ်အတွင်းတွင် သေဆုံးခြင်းရောင်ဝါ ထားခဲ့ပေးသည်။ သူမ ချိပ်ပွင့်သွားသည်နှင့် အမှောင်နှင့် အလင်းအရည်အချင်းတို့ တိုက်ခိုက်ကြသည်။ သိုပသော် သေဆုံးခြင်းရောင်ဝါထွက်လာကာ တစ္ဆေမျိုးနွယ်၏ စွမ်းအင်ကို ဆွဲချပြီး သူမကို သေဆုံးလုနီးပါးဖြစ်သွားစေလိမ့်မည်ဟု မထင်ထားပေ။
“ယူယူ ဘာတွေစဉ်းစားနေတာလဲ” ဘေဂုံထန်သည် ရှီမာယူယူ အတွေးထဲမြောနေသည်ကိုတွေ့သည် နှင့်မေးလိုက်သည်။
ရှီမာယူယူသည် အကြည့်ကိုပြန်သိမ်းလိုက်ရာ အားလုံးသည် သူမကိုကြည့်နေသည်ကိုတွေ့လိုက်ရ သည် “ဘာမှမဟုတ်ပါဘူး၊ အဆင့်ပြိုင်ပွဲအကြောင်းကို စဉ်းစားနေတာပါ”
“အဆင့်လား”
“ဒါရိုက်တာမုန့်က သူ့ရုံးခန်းထဲမှာ တခြားဆရာနဲ့ ဆွေးနွေးနေတာကို ကြားခဲ့တာ”
“အင်း အားနဲ့ဆိုရင် အဆင့်၁ကို ချွေးမထွက်ပဲရမှာပဲ ဟုတ်တယ်မလား” ဖက်တီးကျူ အားရပါးရပြုံး လေသည်။
“အချိန်ကရွေးပြီးပြီလား” ရှီမာယူရန် မေးလိုက်သည်။
အဆင့်ပြိုင်ပွဲသည် ဘာကြောင့် အချိန်ဆွဲနေသည်ကို သူတို့မသိကြပေ။ အရင်က အဆင့်ပြိုင်ပွဲများကဲ့သို့ မဟုတ်ပေ။
“သတ်မှတ်ပြီးပြီ နောက်၃လနေရင်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ မစ်ရှင်လည်းပြီးသွားပြီပဲ အမှတ် နဲ့လဲလို့ရပြီပေါ့”
“ယူယူ မင်းဒီအချိန်အတွင်းကို ဘယ်မှမသွားရင် ငါတို့ ဝိဉာဉ်စေတီထဲသွားပြီး ကျင့်ကြံမယ်၊ ဝိဉာဉ်လေး ရဲ့နေရာက ဒီကကျင့်စဉ်မျှော်စင်ထက် အများကြီးပိုကောင်းတယ်၊ ဝိဉာဉ်စွမ်းအင်လည်း ပိုထူထပ်တယ် အချိန် လည်းပိုရတယ်” ဖက်တီးကျူသည် မျက်လုံးပြူးဖြင့် သူမကိုကြည့်လေသည်။
ရှီမာယူယူ စဉ်းစားကြည့်ပြီး သဘောတူလိုက်သည် “ဒါပေမဲ့ ကျင့်စဉ်အမှတ်တော့ လဲရဦးမယ်၊ ငါမရှိရင် သုံးလို့ရတာပေါ့”
“အင်း ညီ၂နဲ့ ငါနဲ့သွားလိုက်မယ်” ရှီမာယူမင် ပြောလိုက်သည်။
“အိုခေ”
ရှီမာယူယူနှင့် တခြားသူများသည် ရှီမာယူမင်နှင့် ရှီမာယူရွှီ ပြန်လာသည်အထိ စကားပြောကြသည်။ သူတို့နှစ်ယောက်လုံး ပြုံးလာကြသည်။
“ဘာတွေအဲလောက်ပြုံးနေတာလဲ”
“ငါတို့ ကျင့်စဉ်အမှတ်နဲ့သွားလဲတော့ ငါတို့က ကြိုးကြာနီဥ အလုံး၂၀ယူလာတော့ အမှတ်နှစ်ဆပေးမယ် လို့ အဲဆရာပြောတယ်၊ ပြီးတော့ ငါတို့အနီရောင်တောင်ထိပ်ကိုသွားခဲ့တယ်ဆိုတာရော အဲက အဖြစ်အပျက်တွေ က ပြင်းထန်တယ်လို့ အထက်လူကြီးတွေကပြောတာရောကြောင့် ငါတို့ကို သုံးဆပေးလိုက်တယ်”
“သုံးဆလား” ရှီမာယူလီသည် ထခုန်လေသည် “ဒါဆိုရင် ကျင့်စဉ်အမှတ် ၃၂၀၀၀ ရတာပေါ့”
“ဟုတ်တယ်”
“ကြိုးကြာနီဥတွေရော ထပ်ပေါင်းရင် ၃၂၀၀၀ ရှာနိုင်တာပေါ့”
“ဟုတ်တယ် ခွဲလိုက်ရင် တစ်ယောက်ကို ၂၉၀၀စီရတယ်”
“မိုက်တယ် ကျင့်စဉ်မျှော်စင်ကို ၈နှစ်သုံးလို့လောက်သွားပြီ၊ မစ်ရှင်တစ်ခုကို ၈နှစ်ရတယ်ဆိုတော့ တန်သားပဲ”
“ဒါလည်း ညီ၅ကြောင့်ပဲ သူ့ကြောင့်သာမဟုတ်ရင် ငါတို့မစ်ရှင်မပြီးလိုက်ပဲ အသက်လည်းဆုံးရှုံးနိုင်တယ်” ရှီမာယူမင် ပြောလိုက်သည်။
“အစ်ကိုကြီး အဲဒါကိုဆက်ပြေနေမယ်ဆိုရင် စိတ်တိုတော့မယ်” ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်တော့် ကို ဝေစုပေးဖို့လိုကိုမလိုတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်စဉ်မျှော်စင်ကိုလည်းမသွားဘူး အချိန်ကုန်တယ်၊ ပြီးတော့ ရှောင်ချီလည်း မလိုဘူး”
“ညီ၅ မင်းမှာ ကျင့်စဉ်စေတီရှိနေတော့ မင်းကိုအမှတ်ခွဲမပေးလည်း ရတယ်၊ ဒါပေမဲ့ ရှောင်ချီကလည်း ငါတို့အဖွဲကထဲမှာဆိုတော့ သူ့ကိုခွဲမပေးရင် မကောင်းဘူး” ရှီမာယူမင် ပြောလိုက်သည်။
“ရှောင်ချီလည်း ကျင့်စဉ်ကျင့်ဖို့အတွက် ကျင့်စင်မျှော်စင်ကိုမသွားဘူး” ရှောင်ချီသည် ဝိဉာဉ်စေတီ အတွင်းရှိနေသည်ကို ရှီမာယူယူတွေးမိသဖြင့် စိတ်ပူလာသည် “ကိစ္စမရှိဘူး ကျွန်တော်တို့ကို ထည့်မတွက်နဲ့ အစ်ကိုတို့သာ ခွဲယူလိုက်”
ရှောင်ချီသည် လူသားမဟုတ်သည်ကို သူတို့သိကြသည်။ ရှီမာယူယူမှ မလိုဘူးဟု ပြောလာသဖြင့် သူတို့သည် ထည့်မတွက်တော့ပေ။
“ငါတို့က ၉ယောက်ဆိုတော့ ညီညီမျှမျှပဲ ခွဲကြမယ်၊ ငါတို့ တစ်ယောက်စီကို ၃ထောင့်၅ရာ၅ဆယ်…”
ရှီမာယူယူ၏ မျက်နှာတွင် အပြုံးပန်းများပွင့်သွားသည်။ ၃၅၅၀ ကျင့်စဉ်အမှတ်… ဒီလောက်ဆိုရင် ၁၀နှစ် စာပဲ။ သူတို့ ကျင့်စဉ်မျှော်စင်မှာ ၁၀နှစ်လောက် ကျင့်ကြံလို့ရတော့မယ်။
“အစ်ကိုကြီးယူမင် အဲလောက်အများကြီးမလိုပါဘူး ကျွန်တော်တို့ကို တစ်ထောင်ပဲပေးရင်ရပါတယ်” ဝေကျိရွှီပြောလိုက်သည်။
“ဘယ်လိုဖြစ်မှာလဲ ငါတို့…”
“အစ်ကိုကြီးယူမင် ကျွန်တော်တို့က ကျွမ်းကျင်မှုအပေါ်အာရုံစိုက်တယ်၊ ပြီးတော့ အဲဒါက မစ်ရှင်လက်ခံ ဖို့ပိုလွယ်တယ်၊ ကျွန်တော်တို့ လေ့ကျင့်ရင်း မစ်ရှင်ပြီးသွားမှာပဲ၊ ဒါပေမဲ့ အစ်ကိုတို့က မစ်ရှင်လက်ခံဖို့အတွက် အချိန်တွေသုံးလိုက်ရတယ်၊ အစ်ကိုတို့က ပိုလိုမှာပဲ ကျင့်ဖို့အချိန်ပိုသုံးရမှာကို” ဝေကျိရွှီ ရှင်းပြလေသည်။
သူတို့သည် အစကတည်းက ကျင့်စဉ်အမှတ်မလိုသော်လည်း ဒီလောက်အမှတ်အများကြီးရဖို့ကို စိတ်ထဲ မထားကြပေ။
“အစ်ကိုကြီး ကျိရွှီ ပြောသလိုခွဲလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
နောက်ဆုံးတွင် ရှီမာယူလင်း၊ ဝေကျိအရွီနှင့် တခြား၃ယောက်တို့သည် အားလုံးပေါင်း ၅ထောင်ရကြ လေသည်။ ရှီမာယူမင်နှင့် တခြားညီအစ်ကိုများသည် ကျန်ရှိသော ၂၀၇၀၀ရရာ တစ်ယောက်ချင်းစီကို ၆၇၅၀ မှတ်ရကြလေသည်။
“အမှတ် ၆၀၀၀ ကျော်၊ ငါတို့ ကျင့်စဉ်မျှော်စင်မှာ ၁၈နှစ်လောက် နေလို့ရတယ်၊ ရူးလောက်တယ်” ရှီမာယူလီသည် နာမည်ပြားကိုယူရင်းပြောကာ သူ့မျက်လုံးမှ အပြုံးမှာ ပျောက်ကွယ်သွားခြင်းမရှိပေ။
ရှီမာယူမင်နှင့် တခြားသူများလည်း ပျော်ကြသည်။ သူတို့သည် အစပိုင်းတွင် ဆုမှာမဆိုးလှဟုထင် ထားကြသည်။ နောက်ဆုံးတွင် အမှတ်များစွာရခဲ့သည်။ ဆိုလိုသည်မှာ သူတို့ အချိန်တစ်ခုလောက် မစ်ရှင်လုပ် ရန် မလိုကြောင်းပြနေသည်။
၁၈နှစ်… ဒီလောက်ဆိုရင် သူတို့အဆင့်တက်ဖို့ လုံလုံလောက်လောက်ပဲ။
ထိုအချိန်တွင် အပြင်မှ ရင်းနှီးသောအသံတစ်ခုကိုကြားလိုက်ရသည်။
“မင်းတို့ရယ်သံကို အပေါက်ဝကနေကြားရတယ်၊ ဒီလောက်အကြာကြီးပျောက်နေကြတာ နောက်ဆုံး တော့ပြန်လာပြီပေါ့”
***