← Chapters

လျှို့ဝှက်ချက်တစ်ခု

Vol. 008 Ch. 785

လျှို့ဝှက်ချက်တစ်ခု

Vol. 008 Ch. 785

“အဲဒီတော့ ယွမ်ယွမ်က ဘယ်လိုဖြစ်တာလဲ”

“ငါမမှားဘူးဆိုရင် သူမက ခရမ်းရောင်နုန်းမြေထဲက တစ်ခုခုက တိုက်ခိုက်လိုက်တာပဲ” ရှဲရုန် ပြောလေသည်။

“ဝိညာဉ်မိစ္ဆာလား၊ ဘယ်လိုဝိညာဉ်မိစ္ဆာက ဒီလိုဖြစ်အောင် လုပ်မှာလဲ” ဒူရင်းသည် ခေတ္တမျှ စဉ်းစားလေသည်။ မည်ကဲ့သို့ ဝိညာဉ်မိစ္ဆာက ဒီလိုသက်ရောက်မှု လုပ်နိုင်သည်ကို သူမ စဉ်းစားမရသဖြင့် ရှုပ်ထွေးသွားသည်။

ရှီမာယူယူ မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “တံလျှပ်တီကောင်၊ အဲဒီလို တီကောင်က နှမ်းစေ့ထက်သေးပြီး မျက်စိနဲ့မမြင်ရဘူး၊ သူက သတ္တုအမျိုးအစား ဝိညာဉ်တီကောင်ပဲ အကိုက်ခံရတဲ့သူက စိတ်ကူးအတွေးထဲမျောပြီး ဘယ်တော့မှ မနိုးလာတော့ဘူး၊ အိပ်နေတယ်လို့ ထင်ရတယ် စိတ်ကူးထဲမှာတော့ အိပ်မက်လှလှလေး မက်နေတာပဲ အကိုက်ခံရတဲ့သူက ပြုံးပဲပြုံးနေတာ သူမအိပ်နေတာ ဘယ်လောက်ကြာပြီလဲ”

“၁၀ရက်ရှိပြီ ဘာလို့လဲ”

“တံလျှပ်တီကောင် အကိုက်ခံရတဲ့သူလက လတစ်ဝက်အတွင်းကို သတိပြန်ရမလာရင် ဘယ်တော့မှ နိုးလာတော့မှာမဟုတ်ဘူး၊ သူမ အဆင်ပြေသေးတယ် အချိန်မကျော်သေးဘူး၊ သူမကို ကယ်လို့ရသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို မင်းသူမကို ကယ်နိုင်လား”

“အခုတော့ မလုပ်နိုင်သေးဘူး” ရှီမာယူယူ ခေါင်းယမ်းလိုက်သည်။ “ဒီလိုမျိုး ငါ့ခန္ဓာကိုယ်နဲ့ အပ်စိုက်တာ မလုပ်နိုင်သေးဘူး၊ သူမ အခြေအနေကို ဆရာ့ကိုပြောပြလိုက်ပါ၊ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ဆရာတွေ သေချာပေါက် သိမှာပဲ၊ ဘာကြောင့်ဖြစ်မှန်း မသိလို့သာ ဒီလိုဖြစ်နေတာလေ”

“ဆရာက သူမကို မကုနိုင်ရင် ဘယ်လိုဖြစ်မှာလဲ” ရှဲရုန်သည် စိုးရိမ်စွာ ပြောလေသည်။

“သူမ ၄ရက်ကြာလို့မှ ဒီအတိုင်းဖြစ်နေရင် ငါ့ကိုထပ်လာရှာလိုက်၊ အဲဒီအချိန်ကျရင် ကုလို့ရလောက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“အိုခေ ဒီနေ့လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” ရှဲရုန် ပြောလေသည်။

“ဒီလို ခန္ဓာကိုယ်ပုံမျိုးနဲ့ ငါ အများကြီး မကူညီနိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက အကြောင်းအရင်းကို ရှာတွေ့သွားပြီပဲ အဲဒါကိုက အကူအညီကြီး ဖြစ်နေပြီ” ရှဲရုန် ပြောလိုက်သည်။ “ငါတို့ ဆရာကို အကူအညီ သွားတောင်းလိုက်မယ်၊ အဲအချိန်ကိုတောင် သူမ မသက်သာသေးဘူးဆိုရင် မင်းကို အကူအညီတောင်းရမှာပဲ”

“ကောင်းပြီ အဲဒီအချိန်ကျလို့ သူမကို ကုမရဘူးဆိုရင် ငါ့ကို ခွဲခွာခြင်း ဥယျာဉ်မှာ လာရှာပါ”

“မင်းလည်း နေကောင်းသေးတာ မဟုတ်ဘူး ငါမင်းကိုပြန်လိုက်ပို့မယ်”

“ကျေးဇူး ...”

ရှဲရုန်နှင့် ရှီမာယူယူတို့ အချိန်တိုအတွင်း ထွက်လာသည်ကို အပြင်မှစောင့်နေသော လူများတွေ့သောအခါ သူမ မကုနိုင်ဟု ထင်ကြသဖြင့် မျက်နှာပျက်ကြလေသည်။

ရှဲရုန်သည် သူတို့အပြုအမူကို မြင်သောအခါ မေးလိုက်သည်။ “မင်းတို့က ဘာလို့ အရင်ကထက်တောင် စိတ်ညစ်နေကြတာလဲ”

“ယူယူက ဆရာဟော် ချီးကျူးရတဲ့ သမားတော်ဆိုပေမဲ့ ငယ်သေးတယ်၊ သူ အကြောင်းအရင်းကို ရှာမတွေ့တာက ဖြစ်သင့်တာပဲလေ”

“ဟူး ငါက မျှော်လင့်ချက်လေး ရှိနေသေးတာ၊ ဒါပေမဲ့ အခုတော့ ပိုစိတ်ပျက်နေရပြီ”

“နောက်ထပ် မျှော်လင့်ချက် ပျောက်သွားတာတော့ နှမြောစရာပဲ”

“သူ့ကိုသွားရှာတာလည်း အသုံးမဝင်ပါဘူးလို့ ငါပြောသားပဲ”

“မင်းတို့ ဘာတွေရေရွှတ်ပြီး ပြောဆိုနေတာလဲ” ရှဲရုန်သည် လျှောက်လာပြီး မာဘိုကျားအား ပြောလေသည်။ “ယူယူပြောတာကို ဆရာ့ကိုသွားရှာပြီး ပြောရအောင် ငါတို့ တစ်ခုခုများ လုပ်နိုင်မလားလို့ ကြည့်ကြမယ်”

“ဘာ ယူယူက တစ်ခုခု ပြောခဲ့တာလား”

“ဟုတ်တယ် ယွမ်ယွမ်သတိမေ့ရတဲ့ အကြောင်းအရင်းကို သူရှာတွေ့တယ်၊ သူက အခု ဒဏ်ရာရထားတော့ သူမကို မကယ်နိုင်တာပဲရှိတာ၊ သူမရောဂါကို ဆရာ့ကိုပြောပြပြီး ဆရာလုပ်နိုင်မလား ဆိုတာ ကြည့်ရမယ်” ရှဲရုန် ပြောလိုက်သည်။ “ငါနဲ့လိုက်ခဲ့ ဆရာ့ကိုသွားရှာမယ်”

“ကောင်းပြီ”

သူတို့နှစ်ယောက်သည် အဖွဲ့အား သတင်းပေးပြီးနောက် ဆရာကိုသွားရှာရန် ထွက်ခဲ့လေသည်။

“ဒီမှာ ယူယူဝင်သွားလိုက်တာ ခဏလေးရယ်၊ ဒါပေမဲ့ အကြောင်းအရင်းကို ရှာတွေ့တာလား သူက အဲလောက်တော်တာလား” ထိုလူကောင်သေးသည် မယုံရဲသေးကာ လက်တွေ့မကျဟု ခံစားနေရသည်။

“ငါပြောတယ်မလား ယူယူက တကယ်တော်ပါတယ်ဆိုမှ”

“မင်း စိတ်ပျက်တယ်လို့ အခုလေးတင် ပြောလိုက်တာမလား”

“အာ ငါပြောလိုက်လား၊ ငါပြောစရာအကြောင်း မရှိပါဘူး”

ယွမ်ယွမ်အား ကြည့်ပေးနေသော ဆရာသည် ဆေးဖော်သည့်အခန်းမှ ထွက်လာရာ ရှဲရုန်နှင့် မာဘိုကျားတို့သည် ရှေ့တိုးလိုက်သည်။

“ဆရာရွှီ” ရှဲရုန်သည် ရှေ့တိုးကာ ဆရာရွှီကို အရိုအသေပေးလိုက်သည်။

“ရှဲရုန်” ဆရာရွှီသည် သူတို့နှစ်ယောက်အား မြင်သောအခါ ယွမ်ယွမ်အခြေအနေအား စစ်ဆေးခိုင်းရန်ဟု ထင်ကာ “ငါရှုးယွမ်ယွမ်ရဲ့ အခြေအနေကို အထက်ကို သတင်းပို့ထားတယ်၊ ကျောင်းက မြန်မြန်ဆက်သွယ် ...”

“ဆရာရွှီ၊ ယွမ်ယွမ် သတိမေ့ရတဲ့ အကြောင်းအရင်းကို ကျွန်မတို့ ရှာတွေ့ထားပါပြီ” ရှဲရုန် ပြောလိုက်သည်။

“အကြောင်းအရင်းကို ရှာတွေ့ပြီဟုတ်လား” ဆရာရွှီသည် အံ့သြသွားလေသည်။

“ဟုတ်ပါတယ်” ရှဲရုန် ခေါင်းညိတ်လိုက်သည်။ “ကျွန်မတို့ ဂိုဏ်းကျောင်းသား တစ်ယောက်ကိုတွေ့လို့ သူ့ကို ကြည့်ခိုင်းလိုက်တာပါ၊ သူမ သတိမေ့ရတဲ့ အကြောင်းအရင်းကို သူရှာတွေ့တာပါ”

“ဂိုဏ်းတူကျောင်းသား ဟုတ်လား ဘယ်သူလဲ”

“ရှီမာယူယူပါ ယွမ်ယွမ်က တံလျှပ်တီကောင် အကိုက်ခံထားရတယ်လို့ သူပြောပါတယ်”

“တံလျှပ်တီကောင် ဟုတ်လား” ဆရာရွှီသည် လေးနက်စွာတွေးကာ “တံလျှပ်တီကောင်ကြောင့် ဆိုရင် ဒီလိုဖြစ်နိုင်ချေရှိတယ် သွားကြမယ် မြန်မြန်ငါ့ကို အဲဒီကိုခေါ်သွားပေး”

သူ့အပြုအမူအား မြင်သောအခါ ကုသရန်နည်းလမ်း ရှိသည်ကို ရှဲရုန်သိလိုက်သည်။ သူမသည် ပျော်ရွှင်စွာ ခေါင်းညိတ်ကာ သူ့အားခေါ်သွားလိုက်သည်။

ဆရာရွှီသည် ယွမ်ယွမ်အား စစ်ဆေးပြီးလိုက်သည်။ သူစစ်ဆေးနေစဉ် အတွင်းတွင် လက္ခဏာများရှာရန် ပိုလွယ်ကူခဲ့သည်။

“ဆရာရွှီ ဘယ်လိုနေလဲ”

“အင်း ဒါက တကယ်ပဲ တံလျှပ်တီကောင်ရဲ့ လက္ခဏာပဲ” ဆရာရွှီ ပြောလိုက်သည်။ “အဲဒါကို ငါအရင်က ဘာလို့ သတိမထားမိတာလဲ”

“တံလျှပ်တီကောင်က မြင်ရခဲပြီး ခရမ်းရောင် နုန်းမြေမှာပဲ နေတယ်လို့ ယူယူပြောပါတယ်၊ အဲဒါကြောင့် လူတော်တော်များများက မစဉ်းစားမိကြဘူး” ရှဲရုန် ပြောလိုက်သည်။

“ယူယူ ဟုတ်လား ရှီမာယူယူလား” ဆရာရွှီ မေးလေသည်။

“ဟုတ်ပါတယ်”

“ဒါဆိုရင်သူပဲ ...” ဆရာရွှီ ပြောလိုက်သည်။

“ဆရာရွှီက သူ့ကိုသိတာလား”

“သတင်းတော့ နည်းနည်းကြားဖူးတယ်” ဆရာရွှီ ပြောလိုက်သည်။ “တံလျှပ်တီကောင်ကြောင့် ဆိုတာ သိမှတော့ သူမကိုကယ်လို့ရပါတယ်၊ ဒါပေမဲ့ ပြင်ဆင်ဖို့ ၇ရက်လိုတယ်”

“၇ရက်တောင်လား၊ မဖြစ်ဘူး ယွမ်ယွမ်က သတိမေ့နေတာ ၁၀ရက်ရှိပြီ၊ နောက်ထပ် ၅ရက်လောက်ပဲ ခံနိုင်တော့မယ်လို့ ယူယူပြောတယ်၊ မဟုတ်ရင် သူမ ဘယ်တော့မှ နိုးလာတော့မှာ မဟုတ်ဘူး” ရှဲရုန် ပြောလိုက် သည်။

“၅ရက်ဟုတ်လား” ဆရာရွှီသည် အိပ်ရာပေါ်တွင် လဲနေသော လူအား စိုးရိမ်စွာ ကြည့်လိုက်သည်။ “ငါ တခြားဆရာတွေနဲ့ ဆွေးနွေးလိုက်မယ် ငါတို့ဘာလုပ်နိုင်ဦး မလဲလို့ ကြည့်လိုက်ဦးမယ် ငါအခုတော့ သွားပြီ”

“ဆရာရွှီ့ကို ဒုက္ခများစေပါပြီ”

ဆရာရွှီ ထွက်သွားသည်နှင့် ရှဲရုန်သည် တခြားအဖွဲ့ဝင်များကို ပြောပြလိုက်သည်။

“ငါတို့ အစီအစဉ်ကို အရန် ဆွဲထားရမယ့်ပုံပဲ၊ ဆရာနဲ့ တခြားသူတွေ မလုပ်နိုင်ရင် ယူယူ့ကိုပဲ အကူအညီ တောင်းရမှာပဲ”

“ယွမ်ယွမ် အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်”

“ယွမ်ယွမ် နိုးလာရင် ငါတို့ အဲဒီအကြောင်းကို မပြောဘဲနေကြမယ်”

“သူမ မနိုးလာဘူး ဆိုရင်တောင် သတင်းက မြန်မြန်ပြန့်သွားမှာပဲ”

“အဲဒီလို ဆိုရင်တောင် ငါတို့မှာ အချိန်ရှိပါသေးတယ်”

“အဲဒါအတွက်ကြောင့်သာ မဟုတ်ရင် ယွမ်ယွမ်က ...”

မာဘိုကျားသည် လျှောက်လာကာ ငေါက်လိုက်သည်။ “ပါးစပ်ပိတ်စမ်း၊ မင်းက အဲဒါကိုဒီမှာ ဆွေးနွေးချင် တာလား၊ တခြားသူတွေကြားရင် ငါတို့ပြဿနာ တက်လိမ့်မယ်”

ထိုလူများသည် ကြိမ်းမောင်းခံ ရပြီးနောက်တွင် ပါးစပ်ပိတ် သွားကြလေသည်။

မာဘိုကျားနှင့် ရှဲရုန်တို့သည် အကြည့်ချင်း ဖလှယ်ကာ အခန်းသို့ အတူဝင်သွားကြလေသည်။

“ဒီအဖြစ်အပျက်ကို ဘယ်လိုထင်လဲ” ရှဲရုန်မေးလိုက်သည်။

“ယွမ်ယွမ်နိုးလာတဲ့ အထိစောင့်ပြီး အဲနေ့က ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို အတိအကျမေးရမယ်” မာဘိုကျား ပြောလိုက်သည်။ “အဲဒါသာတကယ်ဆိုရင် ... ငါတို့ဂိုဏ်းကို သတင်းပို့ရမယ်”

“အဲဒီညီအစ်ကိုတွေကတော့ နှမြောစရာ ...”

“အဲဒီမှာ လူတွေအများကြီးပဲ ဒါပေမဲ့ ယွမ်ယွမ်ပဲ အသက်ရှင်နေခဲ့တာ၊ သူမနိုးလာတာနဲ့ ဘာဖြစ်ခဲ့လဲဆိုတာ မေးရမယ်၊ ငါတို့ အဲဒါကိုဂိုဏ်းကို ပြောပြရမယ်”

***

All Chapters