← Chapters

အခန်း (၆၄၇)

Vol. 44 Ch. 647

အခန်း (၆၄၇)

Vol. 44 Ch. 647

အင်မော်တယ်အဖွဲ့မှ စိမ်းပြာနန်းတော်…

လန်းယာ့မှ ထွက်ခွာလာပြီးနောက် မုန့်ချီက ထိုနန်းတော်၏ ဝင်ပေါက်ရှိရာသို့ ပျံသန်းလာခဲ့သည်။ သူ၏ရည်ရွယ်ချက်များထဲမှ တစ်ခုကတော့ သွေးပြာလူသားများ၏ ဘိုးဘေးအငွေ့အသက်ကို အသုံးချပြီး နတ်ဆိုးသုတ်သင်ရေးအလံကို ပြန်လည်ပြင်ဆင်ရန် ဖြစ်သည်။

တခြားအရာတစ်ခုကတော့ သူ၏မိတ်ဆွေများက အင်မော်တယ်အဖွဲ့နှင့် ပူးပေါင်း၍ ရနိုင်ခြင်းရှိမရှိ ဘိုးဘေးလင်းပေါင်ကို မေးမြန်းလိုခြင်း ဖြစ်သည်။ ထို့ပြင် သူက လင်ပိုစောင်း၏ ကိစ္စနှင့် ပတ်သက်ပြီး သူ၏အတွေးအခေါ်များကို အကြီးအကဲများနှင့် ဆွေးနွေးချင်ခဲ့၏။

သံသရာအရှင်သခင်၏ စာရင်းထဲတွင် လင်ပိုစောင်းက ပျောက်ဆုံးနေခဲ့ပုံ မရချေ။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်ကသာ ကံကြမ္မာအမှတ်များကို အသုံးပြုပြီး တာဝန်ပြီးဆုံးသွားမည်ဆိုလျှင် ရရှိနိုင်သည်ဟု ဆိုလိုနေ၏။ သို့သော် ယခု စောင်းက ပျောက်ဆုံးနေကြောင်း ရွမ်ကလန်က ပြောခဲ့ပြီး ထိုအရာက သွေးပြာလူသားများ၏ လက်ထဲတွင် ရောက်နေခဲ့သည်။

"ဘာလို့ ပစ္စည်းတစ်ခုက အထက်တန်းလွှာ မိသားစုတွေ၊ သိုင်းဂိုဏ်းတွေရဲ့ လက်ထဲကနေ ပျောက်ဆုံးနေပြီး သွေးပြာလူသားတွေရဲ့ လက်ထဲမှာတော့ ရှိနေရတာလဲ။ သံသရာအရှင်သခင်က ငါတို့ကို မတူညီတဲ့အကြောင်းအရာတွေ ပြောပြနေတာလား…"

မုန့်ချီက အတွေးပေါင်းစုံနှင့် သံသယများကြောင့် ခေါင်းကိုက်နေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကြောင့် အဖြေကိုလည်း ရှင်းရှင်းလင်းလင်း မတွေးနိုင်ခဲ့ပေ။ ဘိုးဘေးလင်းပေါင်က သူ၏နတ်ဘုရားလက်နက်အတွက် အထူးတာဝန်ကို ယခုလေးမှ ပြီးဆုံးထားခဲ့ခြင်း ဖြစ်သည်။ မုန့်ချီက သူ၏အတွေ့အကြုံများမှတဆင့် စိတ်ကူးများကို ထပ်မံရရှိနိုင်သည်။

ဥပမာအနေနှင့်ပြောရလျှင် အထူးတာဝန်က နတ်ဘုရားလက်နက်နှင့် ပတ်သက်နေခြင်းလော၊ ထိုရည်ရွယ်ချက်က လက်နက်ကို ရယူခြင်း ဟုတ်မဟုတ် သူက သိချင်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူက သွေးပြာလူသားများကို သွားရောက်ရှာဖွေပြီး လင်ပိုစောင်းကို ကိုယ်တိုင်ရယူရမည်ဟု ဆိုလိုနေသည်။

ထိုသို့ဆိုလျှင် သံသရာအရှင်သခင်က စွမ်းရည်မရှိဘဲ သူထင်ထားသလို လောကသုံးပါးတွင် ပြိုင်ဘက်ကင်း မဖြစ်နိုင်ပေ။ သူက နတ်ဘုရားလက်နက်များ ထိပ်တန်းစွမ်းရည်များစွာ၏ လျှို့ဝှက်ချက်များစွာကို သိနေခြင်းသာဖြစ်ပြီး သူ၏ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားခြင်းသာ ဖြစ်နိုင်သည်။

"အဲဒီလိုအခြေအနေ မဟုတ်ဘူးဆိုရင်တော့ လူတစ်ယောက်က နတ်ဘရားလက်နက်ရဖို့အတွက် မသက်ဆိုင်တဲ့ စိန်ခေါ်မှုတစ်ခုကို ပြီးဆုံးအောင် လုပ်ရလိမ့်မယ်။ ပြီးတဲ့အချိန် နတ်ဘုရားလက်နက်က ပျောက်ဆုံးနေတယ်ဆိုရင် သံသရာအရှင်သခင်က ဘာတွေလုပ်မှာလဲ။ သူကိုယ်တိုင်က သွေးပြာလူသားတွေနဲ့ ပတ်သက်နေတာများ ဖြစ်နိုင်မလား။ သူက သူတို့ကိုးကွယ်တဲ့ ဘိုးဘေးနတ်ဘုရားတွေနဲ့ ပတ်သက်နေတာလား…"

ထိုမေးခွန်းများက ဘိုးဘေးလင်းပေါင်နှင့် ဆွေးနွေးရာမှ အဖြေရရှိနိုင်သည်။ မုန့်ချီက စိမ်းပြာနန်းတော်ရှေ့၌ ခြေချလိုက်သည့်အချိန်တွင် တိမ်တိုက်ပြာဘိုးဘေး ချူချမ်းနင်ကို မြင်လိုက်ရသည်။

သူမက မုန့်ချီကိုကြည့်ပြီး သံသယဝင်စွာ မေးလိုက်၏။

"မင်းက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ငါကြားတာ ဟုတ်လား…"

မုန့်ချီ၏ အဆင့်တက်မှုက လွန်ခဲ့သော (၂) ရက် (၃) ရက်ခန့်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း သတင်းက နယ်မြေတစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။ သို့သော် လင်ပိုစောင်းတိုက်ပွဲက ယမန်နေ့တွင်ဖြစ်ခဲ့ပြီး မုန့်ချီ၏အစွမ်းနှင့် ပတ်သက်သော သတင်းများက လန်းယာ့အနီးတစ်ဝိုက်တွင်သာ ပျံ့နှံ့နေသေး၏။

"ဘိုးဘေးက ဘယ်လိုထင်လို့လဲ…."

မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။

ချူချမ်းနင်က နှာခေါင်းရှုံ့၍ ပြန်ဖြေလိုက်သည်။

"ဘာတွေမောက်မာစရာရှိလို့လဲ။ မင်းက ကောင်းကင်ကပ်ဘေး (၄) ကြိမ်ကြုံခဲ့ရမှတော့ ဒီလိုတိုးတက်မှုအရှိန်မျိုးမရှိမှပဲ ထူးဆန်းနေလိမ့်မယ်…"

သူမက ပြောနေရင်း ပို၍ပင် စိတ်ဓာတ်ကျနေပုံရ၏။

"ငါကတော့ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး တာဝန်တွေအများကြီးမှာ အသက်ရှင်နိုင်ခဲ့တယ်။ ပြီးတဲ့အချိန်ကျမှပဲ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်လာတာ...။ မင်းက လေ့ကျင့်တာ ဘယ်လောက်ကြာသေးလို့လဲ…"

ချူချမ်းနင်ဆီတွင် တဖြည်းဖြည်း ခံစားချက်များ ပြည့်နှက်လာသည်ဟု မုန့်ချီက တွေးမိခဲ့သည့်အချိန်တွင် သူမက မုန့်ချီကို ရွှေတုံးရွှေခဲကြီးပမာ စိုက်ကြည့်နေခဲ့၏။

"မင်းမှာ ကံကောင်းစေနိုင်တဲ့ စွန့်စားခန်းတွေ ရှိရမယ်။ တကယ်လို့ မင်းဆီမှာ ရောင်းစရာ ပစ္စည်းတစ်ခုခု ရှိတယ်ဆိုရင် သံသရာအရှင်သခင်ဆီကို ရောင်းမယ့်အစား ငါတို့ကိုပဲ ရောင်းသင့်တယ်။ ငါတို့က အချင်းချင်း သိနေတာ ကြာနေပြီပဲ။ ငါက နင့်ကို အင်မော်တယ်တွေနဲ့တောင် မိတ်ဆက်ပေးခဲ့တာ...။ ဘာမှတွေဝေမနေပါနဲ့…"

"တော်တော် အပြောင်းအလဲမြန်တာပဲ…"

မုန့်ချီက ရယ်ပြီး ပြောလိုက်သည်။

"ဘိုးဘေးက တော်တော်လေးကို ထူးဆန်းပါလား…."

"ဟုတ်တယ်။ ငါက ဘာလို့ သူတော်ကောင်းယောင်ဆောင်ရမှာလဲ…"

ချူချမ်းနင်က ခေါင်းမော့ထားပြီး သူမ၏ရိုးသားမှုကို ပြသလိုက်သည်။

သူမ၏လေသံအရ သူက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို လေ့လာရန် လန်ကီကျောင်းတော်ဆီသို့ တခြားသူများ ခေါ်သွားနိုင်ခြင်းကို ဘိုးဘေးလင်းပေါင်က ပြောခဲ့ပုံမရချေ။ မဟုတ်လျှင် ချူချမ်းနင်က ထိုကဲ့သို့ သဘောထားမျိုး ရှိနေမည် မဟုတ်ချေ။

မုန့်ချီကတော့ အစားသရဲလေးကို ကျောင်းတော်ဆီသို့ ခေါ်ဆောင်သွားခဲ့သည့်အတွက် ထိုကိစ္စကို မပြောရန် ဆုံးဖြတ်လိုက်သည်။ သူက သန့်စင်သောနယ်မြေကို အများသုံးနေရာတစ်ခုအဖြစ် ပြောင်းလဲခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်နေခဲ့သည်။ အထူးသဖြင့် သူက ထိုလူများထက် ပို၍အားနည်းနေခဲ့၏။

"ဘိုးဘေး …

ဘိုးဘေးဆရာကြီးက ဘယ်မှာလဲ…"

မုန့်ချီက ခေါင်းစဉ်ပြောင်းလိုက်၏။

ချူချမ်းနင်က ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် ခေါင်းခါပြလိုက်သည်။

"ဘိုးဘေးက အရင်ရက်တွေအတွင်း တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်နေတယ်။ သူက ဘာကြောင့် အလုပ်ရှုပ်နေလဲဆိုတာ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ သူက စိမ်းပြာနန်းတော်မှာ မရှိတာ တော်တော်လေးတော့ကြာပြီ…”

“ခွန်းလွန်တောင် ၊ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က အမြစ်စိမ်းနဲ့ ပတ်သက်တဲ့ ကိစ္စကြောင့်လား…"

မုန့်ချီက တွေးတွေးဆဆ ခေါင်းညိတ်လိုက်မိပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ပေ။ သူက သတင်းတစ်ခု ချန်ထားခဲ့ပြီး မြေကွက်လပ်ဆီသို့ ပျံသန်းသွားခဲ့၏။

သံသရာတံဆိပ်က မြေကွက်လပ်ထဲတွင် ရောင်းချနေသော ပစ္စည်းများထဲ၌ မပါဝင်ကြောင်း စဉ်းစားမိသည့်အခါ သူက ထိုပြဿနာကို ချက်ချင်း ဖြေရှင်းနိုင်ခြင်း မရှိကြောင်း မုန့်ချီက နားလည်သွားခဲ့၏။ ထို့နောက် သူက သူ့အတွက် သံသရာတံဆိပ်တစ်ခုဝယ်ပြီး ကျန်းဝူအင်ပါယာအုတ်ဂူကိုသွားရန် ဆုံးဖြတ်လိုက်သည်။

သူက အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးဆီသို့ အရင်ဆုံး လျှောက်သွားခဲ့ပြီး ကျောက်စိမ်းပုလင်းထဲမှ အပြာရင့်ရောင် သွေးစက်အနည်းငယ်ကို ထုတ်ချလိုက်သည်။ ထိုအရည်စက်များက မုန့်ချီ၏ လက်ထဲသို့ ကျရောက်လာသည့်အချိန်တွင် သူ့လက်ထဲ၌ လေးလံမှုတစ်ခုကို ခံစားလိုက်ရသည်။

ဘိုးဘေးအငွေ့အသက် တစ်စက်ချင်းဆီတိုင်းက ရေကန်တစ်ခုကဲ့သို့ ထင်မှတ်ရ၏။ ကြီးကျယ်ခမ်းနားမှု ၊ ကျယ်ပြန့်မှုနှင့် အထွဋ်အမြတ်ဆန်သည့် ခံစားမှုများက ကျူးကျော်ဝင်ရောက်လာခဲ့ပြီး မုန့်ချီက ထိုအရာနှင့် ပတ်သက်သော အရာဆီမှ သံသရာအရှင်သခင်၏ သုံးသပ်ချက်ကို မကြားခဲ့ရပေ။

"စစ်ဆေးမှုက ဘယ်လိုဖြစ်မလဲ သေချာမသိသေးဘူး…"

မုန့်ချီက ကျောက်စိမ်းတိုင်လုံးထဲသို့ လက်ထည့်လိုက်သည်။

ရုတ်တရက်ဆိုသလို သံသရာအရှင်သခင်၏ အေးတိအေးစက်အသံကို ကြားလိုက်ရ၏။

"ရှေးအချိန်တုန်းက ထိပ်သီးပညာရှင်တစ်ယောက် ၊ ရေဘိုးဘေးရဲ့ ကျန်ရှိနေတဲ့ အငွေ့အသက်တွေ၊ အဲဒီအရာက အရည်နဲ့ပတ်သက်တဲ့ ပစ္စည်းမျိုးစုံကို ပြင်ဆင်နိုင်ပြီး လူတစ်ယောက်ရဲ့အသက်ကို ဆွဲဆန့်နိုင်တဲ့ ဆေးရည်တွေ ဖန်တီးဖို့အတွက် အသုံးပြုနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့စွမ်းအားအများစုက ကုန်သွားပြီဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှုက ကန့်သတ်ချက်ရှိတယ်။ ကံကြမ္မာအမှတ် (၉၀၀၀) တန်ကြေးရှိတယ်…"

"သူ့ရဲ့ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း ရှင်းပြနေတာပဲ။ သံသရာအရှင်သခင်က ဘိုးဘေးနတ်ဘုရားနဲ့ မပတ်သက်တာများ ဖြစ်နိုင်မလား…"

မုန့်ချီကတော့ မျှော်လင့်ချက်များ ပျက်စီးသွားသလို ခံစားလိုက်ရသည်။ သူက အရင်ဆုံး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နတ်ဆိုးသုတ်သင်ရေးအလံနှင့် အပြာရောင်အရည်များကို ပေါင်းစည်းလိုက်၏။

"ရေဘိုးဘေးရဲ့ ကျန်ရှိနေတဲ့ အငွေ့အသက်တွေနဲ့ အရည်အသွေးမြင့်တဲ့ ရေပြာရောင်နှလုံးသားတစ်ခုကိုသုံးပြီး နတ်ဆိုးသုတ်သင်ရေးအလံကို နည်းနည်းပြုပြင်နိုင်တယ်။ ဒါဆိုရင် ဒီလက်နက်ကို စွမ်းအားအပြည့် (၂) ကြိမ်တိတိ အသုံးပြုနိုင်လိမ့်မယ်…"

သံသရာအရှင်သခင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"(၂) ကြိမ်သုံးနိုင်တယ်ဆိုရင် အဆင်ပြေပါတယ်…"

မုန့်ချီက ခေါင်းညိတ် အတည်ပြုလိုက်သည်။

"ကျန်းဝူအင်ပါယာက ဒဏ္ဍာရီအဆင့် အစွမ်းမျိုးရှိနေတဲ့ ပညာရှင်တစ်ယောက်ပဲ။ သူ့ရဲ့မကောင်းတဲ့ စိတ်ဝိညာဉ်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ သေချာပေါက် ဂရုမစိုက်လို့ မရနိုင်ဘူး။ ကျန်းဝူအင်ပါယာအုတ်ဂူရဲ့ သဘာဝက သူ့ရဲ့စွမ်းအားတွေကို ပိတ်ဆို့ထားတာ...။ အခုအဲဒီအန္တရာယ်ကို ရှင်းလင်းဖို့အတွက် အတွင်းထဲကိုသွားဖို့ လိုအပ်သလို အဲဒီအရာကို ဖျက်ဆီးပစ်ဖို့တောင် လိုအပ်တယ်…"

အလွန်သိပ်သည်းသော လေလှိုင်းများ ထွက်ပေါ်လာပြီး အလင်းတန်းများ ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ အလံပေါ်တွင် ရှိနေသော အက်ကွဲကြောင်းများက အနည်းငယ် ပျောက်ကွယ်သွားသလို ထင်မှတ်ရ၏။

မုန့်ချီဆီတွင် အဆင့်နိမ့် ရေပြာနှလုံးသားတစ်ခုသာ ကျန်နေခဲ့သည့်အတွက် သူက ကံကြမ္မာအမှတ် (၅၀၀) နှင့် လဲလိုက်သည်။ ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်၏ သဏ္ဍာန်မဲ့ဓားပိုးကောင်က ကံကြမ္မာအမှတ် (၃၃၀၀) တန်ကြေးရှိ၏။ သို့သော် ထိုအရာက ထူးခြားသည့်အတွက် မုန့်ချီက သံသရာအရှင်သခင်ဆီတွင် လဲလှယ်ခြင်း မရှိခဲ့ချေ။

ထိုအရာများကို လုပ်ဆောင်ခဲ့ပြီးနောက် သူက နတ်ဆိုးသုတ်သင်ရေးအလံနှင့် အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်တို့ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပြီး သံသရာတံဆိပ်ကို အသုံးပြုလိုက်သည်။

အစိမ်းရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး အမှောင်ထုကြီးထဲကို ဝင်ရောက်သွားခဲ့၏။ ထိုအချိန်တွင် သူ့မျက်စိရှေ့၌ ရောက်ခဲ့ဖူးသော ကမ္ဘာမြေကြီးများ ပေါ်လာခဲ့၏။ သူက စဉ်းစားနေခြင်းမရှိဘဲ ရွာ (၉) ရွာ ကမ္ဘာကြီးကို ရွေးချယ်လိုက်သည်။

ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။

"ရွာ (၉) ရွာ ကမ္ဘာကြီးကနေ (၂) လအတွင်း ပြန်လာရမယ်။ မင်းက ရင်းနှီးနေတဲ့ နယ်မြေတစ်ခုခုကို ရွေးချယ်လို့ရမယ်…"

"ဘယ်ကိုသွားရမလဲ…"

မုန့်ချီက တွေဝေနေခဲ့၏။

သူ၏ပထမဆုံး တုံ့ပြန်မှုကတော့ တိုက်ခိုက်ရန်အတွက် အုတ်ဂူကိုသွားရန် ဖြစ်သည်။ သို့သော် ထိုအကြံကို ချက်ချင်း ဖယ်ရှားလိုက်၏။ သူက ရွာ (၉) ရွာ ကမ္ဘာကြီးထဲသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့်အတွက် အကြောင်းအရာများက ပြောင်းလဲနေနိုင်သည်။

ကျန်းဝူ မကောင်းဆိုးဝါးဝိညာဉ်က သေခြင်းတရား ကျရောက်လာသည်ကို ခံစားမိနိုင်သည့်အတွက် သူ၏လုပ်ရပ်များကို မကြောက်တော့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ သူက အောင်မြင်စွာ ထွက်ပြေးသွားရန်ပင် ဖြစ်နိုင်သည်။

"ငါက အချက်အလက်တွေကို အရင်ဆုံး ရှာဖွေဖို့ လိုအပ်တယ်…"

မုန့်ချီက သတိထားနေရန် ဆုံးဖြတ်လိုက်ပြီး ဟွမ်ဖူဖေးကိုသာ လျင်မြန်စွာ ရွေးချယ်လိုက်၏။ မုန့်ချီ၏မျက်လုံးထဲတွင် အလွန်ကြီးမားသော စံအိမ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ အဆောက်အဦးများ၊ စံအိမ်များ၊ တောင်တန်းများနှင့် သစ်တောများလည်း ပေါ်လာပြီး သူတို့၏ပတ်ပတ်လည်တွင် မြင်ကွင်းကြီးများ ရှိနေခဲ့၏။

ယနေ့တွင် ထိုစံအိမ်ကို မီးအိမ်များ၊ အနီရောင်စာရွက်များနှင့် အလှဆင်ထားပြီး တံခါးသို့သွားသော လမ်းမပေါ်တွင်လည်း မြင်းနှင့် မြင်းလှည်းပေါင်းများစွာ ရှိနေခဲ့သည်။ ဆိုင်းဘုတ်ပေါ်တွင်တော့ စကားလုံး (၂) ခုကို ရေးသားထား၏။

"နတ်ဘုရားစုစည်းခြင်းတောင်တန်း..."

"နတ်ဘုရားစုစည်းခြင်း တောင်တန်းလား.."

မုန့်ချီက ရယ်လိုက်မိသည်။

"ဟွမ်ဖူဖေးနဲ့ ဟယ်ကန်ရှန့်တို့က တော်တော်လေးကို အောင်မြင်ခဲ့တယ်ထင်တယ်။ အခုသူတို့က ဆရာကြီးကျိယွဲ့ကို ခုခံနိုင်ပြီး နတ်ဘုရားစုစည်းခြင်းတောင်တန်းကို ပြန်တည်ဆောက်နိုင်ကြပြီလား…"

သူ့ကို မည်သူမျှ အလေးမထားကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက မျက်နှာအမူအရာကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်သည်။ ယခု သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင် ခေါင်းပေါင်းကို စွပ်ထားသည်။ သူက ဝါးခြေညှပ်ဖိနပ်တစ်စုံနှင့် ခါးတွင် ပိုးသားခါးပတ်တစ်ခုကို ပတ်ထားခဲ့၏။

လက်ထဲတွင် မည်သည့်အရာမျှ မရှိသော သူ့ပုံစံက လူငယ်တာအိုသခင် တစ်ယောက်၏ ပုံသဏ္ဍာန်မျိုး ဖြစ်သွားခဲ့၏။ သူက နှင်းများကို ဖြတ်ကျော်ပြီး နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ရှိရာကို လျှောက်လာခဲ့သည်။ လမ်းမပေါ်တွင်တော့ မြင်းနှင့် မြင်းလှည်းများ နည်းပါးနေပြီး စံအိမ်ထဲတွင်သာ ပို၍စည်ကားနေခဲ့သည်။

"ဒီကဆရာကြီး …

မင်္ဂလာဖိတ်စာပါရဲ့လား…"

တံခါးကို စောင့်နေသော တပည့်တစ်ယောက်က မေးလိုက်သည်။ ထိုတာအိုသခင်က သူ မြင်ဖူးသော တခြားသူများနှင့်မတူဘဲ ထူးခြားပုံရသည်။ ထို့ကြောင့် သူက လျစ်လျူမရှုရဲပေ။

မုန့်ချီက လက် (၂) ဖက်ဆုပ်ပြီး ဦးညွှတ်လိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

"ငါ့နာမည်က ချင်းယွမ်လို့ခေါ်တယ်။ ငါက ဟွမ်ဖူမိသားစုရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ။ သူတို့ကိုမတွေ့ရတာ တော်တော်လေး ကြာနေပြီဆိုတော့ ဒီနေ့လာလည်တာ...။ ဒါပေမဲ့ ဒီနေ့မင်္ဂလာပွဲတစ်ခု ရှိနေတာကို လုံးဝမသိဘူး။ ဒါ့ကြောင့် ငါ့မှာဖိတ်စာမရှိဘူး.."

"ဖိတ်စာမရှိရင်တော့ ကျွန်တော်က ဝင်ခွင့်ပေးလို့ မရဘူး။ ကျွန်တော်က ဒီကိစ္စကို ကျွန်တော့်ရဲ့သခင်တွေဆီ သတင်းပို့ပေးပါ့မယ်။ ကျေးဇူးပြုပြီး ဒီမှာစောင့်နေပေးပါ…"

ထိုတပည့်က တလေးတစား ဦးညွှတ်လိုက်သည်။

"ကောင်းပါပြီ။ ဒီနေ့မင်္ဂလာပွဲက ဘယ်သူတွေရဲ့မင်္ဂလာပွဲလဲ…"

မုန့်ချီက သေချာမေးလိုက်သည်။

ထိုတပည့်က ခါးကို မတ်မတ်ထားလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသောအပြုံးနှင့် ပြောလိုက်၏။

"ဒါက တောင်ထိပ်သခင်ဟယ်နဲ့ ဆရာ့သမီးတို့ရဲ့မင်္ဂလာပွဲပါ။ သူတို့က အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ရပြီးတော့ ကမ္ဘာကြီးကို ပြသနိုင်ခဲ့ပြီ။ သူတို့က နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကိုလည်း ပြန်ပြီးတော့ တည်ထောင်ပြီလို့ ကြေညာခဲ့တယ်…"

"ဂုဏ်ယူပါတယ်။ ကြည့်ရတာ ဒကာလေးဟယ်က ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီထင်တယ်…"

မုန့်ချီက အခြေအနေကို တွက်ချက်ပြီး နားလည်သွားခဲ့သည်။ ယခင်တစ်ခေါက်တွင် ဟယ်ကန်ရှန့်က လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ယခုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့်အတွက် လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်မှနေ၍ ကိုယ်ပိုင်လမ်းကြောင်းကို နားလည်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်နှင့် ဝေ့ကျင်းအဆင့်ကို ရောက်ရှိသွားနိုင်၏။

"ဟုတ်ပါတယ်။ တောင်ထိပ်သခင်ဟယ်ရဲ့ အဆင့်တက်မှုက တော်တော်လေးကို နာမည်ကျော်ကြားတယ်။ မဟုတ်ရင် ဘာလို့ သူက လကျေးရွာရဲ့ တိုက်ခိုက်မှုကို မကြောက်ဘဲ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ပြန်ပြီး တည်ထောင်ရဲမှာလဲ…”

‘ဘာလို့ ဒီလောက်ငယ်ရွယ်တဲ့ တာအိုသခင်လေးက မသိရတာလဲ။ သူက သစ်တောတွေထဲမှာပုံးအောင်းပြီး ကျင့်ကြံနေတဲ့ တာအိုသခင်တစ်ယောက်များ ဖြစ်နိုင်မလား…’

ထိုတပည့်က မုန့်ချီကို ရှုပ်ထွေးသော အမူအရာနှင့် ကြည့်နေမိခဲ့သည်။

ထို့နောက် သူက လေးလေးစားစား ပြောလိုက်၏။

"တောင်ထိပ်သခင်ဟယ်က ပါရမီရှင်တစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ ဇွဲလုံ့လနဲ့ စိတ်ဓာတ်ခိုင်မာမှုရှိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ဆရာတောင် အရမ်းသဘောကျခဲ့တဲ့ အရည်အသွေးတွေပဲ။ ဒါကြောင့်လည်း သူက ပထမတပည့်ကြီး ဖြစ်လာခဲ့တာ...။ သူနဲ့ သူ့ရဲ့ဇနီးက နှစ်ပေါင်းများစွာ လိုက်လံတိုက်ခိုက်ခံရပြီး အန္တရာယ်တွေ အများကြီးကို ရင်ဆိုင်ခဲ့ရပေမယ့် လုံလုံခြုံခြုံ ပြန်လာနိုင်ခဲ့တယ်။ တိုက်ပွဲတစ်ခုချင်းဆီတိုင်းမှာ သူက ပိုပြီးအစွမ်းထက်လာပြီး နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို လျှို့ဝှက်ဂိုဏ်းအဖြစ် အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူက အဆင့်တက်သွားခဲ့ပြီး သူကိုယ်တိုင် ပညာရှင်တစ်ယောက်ဖြစ်လာတယ်။ သူက နာမည်ကျော်ကြားပြီး အစွမ်းထက်လာတဲ့အတွက် ဆရာကြီးကျိယွဲ့ကတောင် ပုန်းနေခဲ့ရတယ်…"

မုန့်ချီကတော့ ဝင်ရောက်နှောင့်ယှက်ခြင်းမရှိဘဲ သူ ပြောသည့်စကားများကို သေချာနားထောင်နေခဲ့သည်။

ရုတ်တရက်ဆိုသလို သူပြောနေသည့်စကားက အလွန်များနေပြီ ဖြစ်ကြောင်း နားလည်သွားသည့်အတွက် ထိုတပည့်က တောင်းပန်လိုက်၏။

"ကျွန်တော် သတင်းသွားပို့နေတုန်း ခဏစောင့်ပါဦး။ ဒါပေမယ့် ဒီနေ့က မင်္ဂလာပွဲဆိုမှတော့ ကျွန်တော့်ရဲ့သခင်တွေအားလုံးက အလုပ်များနေတယ်။ တကယ်လို့ ကျွန်တော်ပြန်လာတာ နောက်ကျရင် ခွင့်လွှတ်ပေးပါ…"

"အဆင်ပြေပါတယ်…"

မုန့်ချီက ပြုံးလိုက်ပြီး လက် (၂) ဖက်ကို နောက်ပစ်ထားလိုက်သည်။

အသစ်ပြန်လည်တည်ဆောက်ထားသော နတ်ဘုရားစုစည်းခြင်းတောင်ထိပ်၏ အတွင်းထဲတွင် ဟယ်ကန်ရှန့်နှင့် ဟွမ်ဖူဖေးတို့က သာမာန်စုံတွဲများကဲ့သို့ လက်ထပ်ပွဲအစီအစဉ်များကို လုပ်ဆောင်ခဲ့ခြင်း မရှိချေ။ ထိုအစား သူတို့က အရက်ခွက်ကိုကိုင်ပြီး သိုင်းလောကမှ ဧည့်သည်များနှင့် အရက်သောက်နေခဲ့ကြ၏။

သခင်မကြီးဟွမ်ဖူက ထိုစုံတွဲကိုကြည့်ပြီး အတော်လေးကို ဝမ်းသာပျော်ရွှင်နေခဲ့သည်။ နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရခြင်းက နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

"တောင်ထိပ်သခင်ဟယ် …သခင်မလေးဟွမ်ဖူ မဟုတ်ဘူး။ သခင်မလေးဟယ်..."

"ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး…"

ဟယ်ကန်ရှန့် ၊ ဟွမ်ဖူဖေးတို့နှင့် အရက်သောက်နေသူများအားလုံးက သူတို့ကို အလွန်လေးစားနေကြပုံပေါ်၏။ မည်သို့ဖြစ်စေကာမူ သူတို့က ရှားရှားပါးပါး ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။

တာအိုသခင် ဝူလျန့်အပြင် ဟွမ်ဖူတောင်နှင့် ရင်းနှီးသော မိတ်ဆွေများကလည်း ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် အရက်သောက်နေသည့်အချိန်တွင် နိမ့်ကျနေသလို ခံစားနေရ၏။

"သူ့ရဲ့ဆက်ခံသူက အောင်မြင်သွားတာကိုမြင်ရတာ အရမ်းဝမ်းသာတယ်…"

တာအိုသခင်ဝူလျန့်က ဝမ်းသာအားရ ရယ်လိုက်သည်။

ထိုအချိန်တွင် ဟုန်ရှန်မိန်းမပျိုနှင့် ဖုန်းဆိုးမြေမှ ခါးကုန်းကြီးတို့ကလည်း သူတို့အနားတွင် ထိုင်နေခဲ့၏။ ထိုအချိန်တွင် တပည့်တစ်ယောက် ဝင်လာခဲ့သည်။

"တောင်ထိပ်သခင်နဲ့ သခင်မ …

အပြင်ဘက်မှာ တာအိုသခင်တစ်ယောက် ဝင်ခွင့်တောင်းနေတယ်။ သူက ဟွမ်ဖူမိသားစုရဲ့ မိတ်ဆွေဟောင်းတစ်ယောက်လို့ သူ့ကိုယ်သူ ပြောနေတယ်…."

သူက အခွင့်အရေးကိုစောင့်နေပြီး ထိုစုံတွဲဆီသို့ ချဉ်းကပ်၍ သတင်းပို့လိုက်သည်။

"မိတ်ဆွေဟောင်းလား။ တာအိုသခင်လား…"

ဟွမ်ဖူဖေးက အနည်းငယ် မျက်လုံးပြူးသွားခဲ့သည်။

"သူ့နာမည်ကိုပြောခဲ့သေးလား…"

ဟယ်ကန်ရှန့်ကလည်း ဧည့်သည်များနှင့် ခွက်တိုက်နေခြင်းကို ရပ်တန့်လိုက်သည့်အတွက် လူပေါင်းများစွာက သူ့ကို လှည့်ကြည့်နေကြသည်။

"ဘာဖြစ်တာလဲ…"

"သူ့ကိုယ်သူ ချင်းယွမ်လို့ခေါ်တယ်…"

တပည့်များက ရုတ်တရက် မသက်မသာ ခံစားလိုက်ရပြီး သူကတော့ သခင်များ၏ သဘောထားပြောင်းလဲမှုကို နားမလည်နိုင်ခဲ့ပေ။

"တာအိုသခင်ချင်းယွမ်..."

ဟွမ်ဖူဖေးက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ဟယ်ကန်ရှန့်နှင့်အတူ ပြေးထွက်သွားခဲ့၏။

အခန်းထဲတွင် ဇဝေဇဝါဖြစ်နေသော ဧည့်သည်များသာ ကျန်နေတော့သည်။ ရုတ်တရက်ဆိုသလို ဟယ်ကန်ရှန့်ကလည်း လေလှိုင်းတစ်ခု၏ အရှိန်မျိုးနှင့် သူတို့ကို စံအိမ်၏ ထောင့်တစ်နေရာသို့ ခေါ်လာခဲ့သည်။

ဧည့်သည်များက အချင်းချင်း ရှုပ်ထွေးစွာ ကြည့်နေမိကြ၏။

"ဒီစုံတွဲကတောင် ဒီလိုဖြစ်ရအောင် ဘယ်သူက လုပ်နိုင်တာလဲ။ သူတို့အားလုံးက ရှားရှားပါးပါး ဝေ့ကျင်းအဆင့် ပညာရှင်တွေလေ…"

"တာအိုသခင်ချင်းယွမ်လား..."

သခင်မကြီးဟွမ်ဖူက ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။

တာအိုသခင်ဝူလျန့်က အသက်ကို ပြင်းပြင်းရှုလိုက်မိပြီး ဟုန်ရှန်မိန်းမပျိုနှင့် ဖုန်းဆိုးမြေမှ ခါးကုန်းကြီးတို့ကို လှည့်ကြည့်လိုက်၏။

"အဲဒီတာအိုသခင်ချင်းယွမ်လား…"

သူတို့ (၂) ယောက်က တိတ်ဆိတ်နေကြပြီး သူတို့၏မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များ တစွန်းတစ်စ မြင်နေရသည်။

Translated by Hein Htet.

All Chapters