← Chapters

အခန်း (၆၅၀)

Vol. 44 Ch. 650

အခန်း (၆၅၀)

Vol. 44 Ch. 650

မုန့်ချီက သတိထားနေရင်း ကမ္ဘာဦးရွှေကြာပန်းနှင့် အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ် တို့ကိုလည်း အဆင်သင့်ပြင်ထားခဲ့သည်။ သူက ဆက်၍မေးလိုက်၏။

"ကောင်းကင်ခုံရုံး ပျက်စီးသွားတဲ့အချိန်မှာ မိုးကြိုးနတ်ဘုရားက သေမသွားခဲ့ဘူးလား.."

လက်ရှိအချိန်တွင် ဒဏ္ဍာရီပေါင်းစုံ တည်ရှိနေပြီး သူတို့နှင့် ပတ်သက်သော သာမန်အစိတ်အပိုင်းများကလည်း ကောင်းကင်ခုံရုံးပျက်စီးပြီးမှသာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင် (၉) သွယ်မှ ဆန်းကြယ်နတ်သမီးကဲ့သို့ အင်မော်တယ်များကသာ ဆက်လက်ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။ ထို့ပြင် သူတို့က ကောင်းကင် (၉) သွယ် ပျက်စီးမှုအကြောင်းကို လုံးဝမပြောခဲ့ကြပေ။

ရှေးဟောင်းမိုးကြိုးနတ်ဘုရားနှင့် ပတ်သက်ပြီး တချို့ကတော့ သူက ဒဏ္ဍာရီခေတ်၏ နောက်ဆုံးနှစ်အထိ အသက်ရှင်သေးသည်ဟု ဆိုကြသည်။ တချို့ကတော့ သူက ကောင်းကင်ခုံရုံး ပျက်စီးသွားသည့်အချိန်တွင် သေဆုံးသွားသည်ဟု ပြောခဲ့ကြ၏။

မုန့်ချီကတော့ ဒုတိယသတင်းကိုပို၍ ယုံကြည်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးနတ်ဘုရားက ဒဏ္ဍာရီနောက်ဆုံးနှစ် ပုံပြင်အများစုတွင် ပါဝင်ပတ်သက်နေခဲ့ခြင်း မရှိချေ။

မည်သို့ဖြစ်စေကာမူ ရှေးဟောင်းမိုးကြိုးနတ်ဘုရားက ထိပ်တန်းပညာရှင်များထဲတွင် အပါအဝင်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်ပြီးလျှင် ဒုတိယဖြစ်သည်။ သူက ထိုကဲ့သို့ အလွန်ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခုတွင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ဧကရာဇ် ပျက်စီးပြီး သေဆုံးသွားသည့်အချိန်တွင်ပင် သူက မည်သို့ အသက်ရှင်လွတ်မြောက်နိုင်မည်နည်း။

သို့သော် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ စကားအရ ကောင်းကင်ခုံရုံး ပျက်စီးသွားပြီးနောက် ရှေးဟောင်းမိုးကြိုးနတ်ဘုရားက ပျက်စီးမှုကို ရှောင်တိမ်းနိုင်ပြီး အုတ်ဂူထဲတွင် ပြန်ပေါ်လာခဲ့သည်။ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သရဖူတစ်ခုကို ဆောင်းထားပြီး အလွန်အဆင့်အတန်းမြင့်သော တော်ဝင်အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားခဲ့၏။

သူက အလွန်ကြီးကျယ်ခမ်းနားသော အမူအရာနှင့်ပင် ပြုံးနေခဲ့သည်။

"မိုးကြိုးတွေက ကြမ်းတမ်းခက်ထန်ပြီး ကြောက်စရာကောင်းနိုင်ပေမယ့် မိုးကြိုးနတ်ဘုရားက မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ မွေးရာပါဝိညာဉ်တွေထဲမှာတောင် သူက ဉာဏ်အကောင်းဆုံးလူတစ်ယောက်ပဲ။ ကောင်းကင်ခုံရုံး ပျက်စီးသွားတဲ့အချိန်မှာတောင် သူက အသက်ရှင်နိုင်‌သေးတယ်လို့ ပြောနိုင်တယ်…"

ထိုစကားလုံးများကြောင့် မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့ရသည်။ သူ့အမြင်အရ ပြောရမည်ဆိုလျှင်တော့ မိုးကြိုးနတ်ဘုရားက မဆင်မခြင် လုပ်တတ်ပြီး တည့်ထိုးဆန်သော လူတစ်ယောက် ဖြစ်နိုင်သည်။ သို့သော် ဘာကြောင့် သူက အလွန်ဂရုစိုက်ပြီး စဉ်းစားတွေးခေါ်နိုင်ရသနည်း။

ကျန်းဝူအင်ပါယာကလည်း ရှေးအချိန်တွင် မွေးဖွားခဲ့သည်။ သူက နတ်ဘုရား မဟုတ်သော်လည်း ကျန်းဝူအင်ပါယာက မိုးကြိုးနတ်ဘုရားနှင့် အတော်လေးကို တူညီနေခဲ့၏။ ထို့ပြင် သူတို့က ပုခုံးချင်းယှဉ်၍ တိုက်ခိုက်ခဲ့ဖူးသည်။

ကျန်းဝူအင်ပါယာက မိုးကြိုးနတ်ဘုရားကို ကောင်းကောင်းကြီး သိနေနိုင်သည့်အတွက် သူ၏မကောင်းဆိုးဝါးဝိညာဉ် ပြောပြသော ဇာတ်လမ်းများက အတော်လေးကို အဓိပ္ပါယ်ရှိနိုင်၏။ မကောင်းဆိုးဝါးဝိညာဉ်က မုန့်ချီကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေလျှင်တော့ တစ်မျိုးဖြစ်သွားနိုင်သည်။ မည်သို့ဖြစ်စေကာမူ ထိုကဲ့သို့ အရာမျိုးတွင် သူ့ကို လှည့်စားလိုက်လျှင်ရော ဘာများရရှိနိုင်မည်နည်း။

ခေါင်းထဲ၌ အတွေးပေါင်းစုံ ပေါ်လာနေသည့်အချိန်တွင် မုန့်ချီက ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းကင်ခုံရုံး ပျက်စီးသွားပြီး ကောင်းကင် (၉) သွယ်က ပျောက်ကွယ်သွားတယ်။ အဲဒီနောက် ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ မိုးကြိုးနတ်ဘုရားက ပြန်လာဖို့ မကြိုးစားခဲ့ရတာလဲ…"

ကျန်းဝူမကောင်းဆိုးဝါဝိညာဉ်က အပြုံးနှင့် ပြောလိုက်၏။

"မိုးကြိုးနတ်ဘုရားက ငါ့လိုလူတစ်ယောက်ကို ပြောပြဖို့ စိတ်ကူးရှိမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့က ကောင်းကင်ဧကရာဇ်လို သြဇာအာဏာကြီးမားတဲ့ အရှင်သခင်တစ်ယောက်ရဲ့ လက်ထဲကနေ ကောင်းကင်ခုံရုံးကို လုယူနိုင်မယ်ဆိုရင် သူတို့ပဲ ခေတ်တစ်ခေတ်လောက် ပျောက်ကွယ်သွားမယ့် ပညာရှင်တွေဖြစ်သွားရမှာ...။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လေ။ သူတို့ထဲက အနည်းငယ်ကတော့ ကောင်းကင်ဧကရာဇ်ထက်တောင် နိမ့်ကျနေကြတယ်…."

ထိုခေတ်ကိုတော့ လူအများစုက ရှေးဟောင်းခေတ်ဟု ခေါ်ကြသည်။

"အဲဒီပညာရှင်တွေက ဘယ်သူတွေလဲ…"

ရှေးဟောင်းဒဏ္ဍာရီများအကြောင်းကို ကြားသည့်အချိန်တွင် မုန့်ချီကလည်း စိတ်ဝင်စားနေခဲ့သည်။ တစ်ဖက်တွင်တော့ သူက အမှန်တရားကို ရှာတွေ့နိုင်သည့် ဖြေဆေးတစ်ခုကို လိုချင်နေခြင်း ဖြစ်၏။ ထို့နောက် အနတ္တနှင့် တခြားသူများ၏ ဖိနှိပ်မှုကို ဖယ်ရှားရန် အခွင့်အရေး ရှာနေခဲ့ခြင်း ဖြစ်သည်။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏မျက်နှာက မည်းမှောင်သွားခဲ့ပြီး အပြုံးက ပျောက်ကွယ်သွားခဲ့၏။ သူကလည်း ရှေးဟောင်းအင်ပါယာ (၅) ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး တာအိုလမ်းစဉ် ဘိုးဘေး (၉) ယောက်ထဲမှ တစ်ယောက် ဖြစ်သည့်အတွက် ထိုပညာရှင်များအပေါ် လေးစားမှုများ ရှိနေသေးပုံရသည်။

"တာအိုဘိုးဘေး(၃)ယောက်၊ ရသေ့ကြီး၊ အထွဋ်အမြတ်ဗုဒ္ဓ၊ ဗောဓိ၊ မကောင်းဆိုးဝါးအင်ပါယာ၊ တာအိုသခင်တွေ ၊ ဗုဒ္ဓတွေနဲ့ နတ်ဆိုးတွေ...။ အဲဒီပညာရှင်တွေထဲက တစ်ယောက် ဒါမှမဟုတ် အကုန်လုံးလည်း ဖြစ်နိုင်တယ်…"

"ဒါဆိုရင် သူတို့ပဲဖြစ်နိုင်တာပေါ့…"

မုန့်ချီက ထိုအရာကို ခန့်မှန်းမိခဲ့သည့်အတွက် လေပူများကို မှုတ်ထုတ်လိုက်မိသည်။

"သူတို့က ကောင်းကင်ခုံရုံးကို ပျက်စီးသွားအောင် ဘာကြောင့်လုပ်ခဲ့ရတာလဲ။ ကောင်းကင် (၉) သွယ်ကို ဘာကြောင့် ဖျက်ဆီးချင်ရတာလဲ…"

ထူးဆန်းသော အကြောင်းပြချက်များကြောင့် မုန့်ချီကတော့ နတ်ဘုရားစစ်ပွဲ အကြောင်းကို ရုတ်တရက် တွေးမိသွားခဲ့သည်။

"ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ငါက ကောင်းကင်ခုံရုံးမပျက်စီးခင် ဒီနေရာမှာ ပိတ်မိနေခဲ့တာ ကြာလှနေပြီ…"

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က နှာခေါင်းရှုံ့ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"ခေတ်တစ်ခေတ်လောက် ပုန်းအောင်းနေတဲ့ ပညာရှင်တွေကို လှုံ့ဆော်ဖို့အတွက် အကြောင်းပြချက်က နည်းနည်းလေးပဲ ရှိနိုင်တယ်။ ဉာဏ်အလင်းပွင့်မှု အခွင့်အရေး ဒါမှမဟုတ် ထာဝရရှင်သန်နိုင်တဲ့နည်းလမ်း...အဲဒါတွေပဲ…"

သူက ရင်ထဲတွင် အဖြေတစ်ခု ရှိနေသည့်အလား စကားကို အဆုံးမသတ်ခဲ့ပေ။ သို့သော် မုန့်ချီကတော့ အဖြေကို သိချင်နေခဲ့၏။ သူက တခြားသော နည်းလမ်းနှင့် သတိထား၍ မေးလိုက်သည်။

"ဘာလို့ တာအိုသခင်တွေ ဗုဒ္ဓတွေနဲ့ နတ်ဆိုးတွေပဲ ဖြစ်ရတာလဲ။ မကောင်းဆိုးဝါးတွေ နတ်ဘုရားတွေကရော..."

"မကောင်းဆိုးဝါးအင်ပါယာက တာအိုဘိုးဘေးရဲ့ လက်ချက်နဲ့ သေသွားခဲ့တယ်။ ကောင်းကင်ဧကရာဇ်ကတော့ နတ်ဘုရားတွေကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက်ပဲ။ တခြားမကောင်းဆိုးဝါးတွေ၊ နတ်ဘုရားတွေကို မင်းက ဘာလုပ်စေချင်တာတုန်း..."

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က အနက်ရောင် မြူခိုးများထဲတွင် ရပ်နေပြီး ထိုမြူခိုးများက တဖြည်းဖြည်း သိပ်သည်းလာခဲ့သည်။ ရေစွမ်းအင် အမှောင်အင်ပါယာတစ်ယောက် ဖြစ်သည့်အတွက် သူက သဘာဝနည်းလမ်းများနှင့် ရေစွမ်းအားများကိုလည်း ထိန်းချုပ်နိုင်ပုံရ၏။

မကောင်းဆိုးဝါးအင်ပါယာ၏ မူလဇစ်မြစ်ကို စဉ်းစားမိသည့်အခါ မုန့်ချီက ရုတ်တရက် ရင်ထဲတွင် တီးတိုးရေရွတ်လိုက်မိသည်။ သို့သော် သူက ဆက်၍မေးလိုက်၏။

"တခြားမကောင်းဆိုးဝါးဝိညာဉ်တွေကရော ဘာတွေလဲ…"

"တခြားမကောင်းဆိုးဝါးဝိညာဉ်တွေလား။ မကောင်းဆိုးဝါးသခင်နဲ့ ကောင်းကင်သတ်ဖြတ်ရေး တာအိုသခင်တို့ကတော့ ငါ့လိုပဲ ဒုက္ခပင်လယ်ကြီးထဲမှာ ပိတ်မိနေကြတယ်။ ကောင်းကင်ဧကရာဇ်ကတော့ ဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်ပြီး ဉာဏ်အလင်းပွင့်မှု အဆင့်တစ်ဝက်လောက်ကို နားလည်သွားခဲ့တယ်။ သူက ဗောဓိနဲ့ ငရဲကြီး (၉) ထပ်ရဲ့ အထောက်အပံ့ရထားတဲ့ မကောင်းဆိုးဝါး အင်ပါယာတို့ထက် နိမ့်ကျနေတာတော့ မရှိဘူး။ သူတို့က ကောင်းကင်ဧကရာဇ်ရှေ့မှာ ပြဿနာမတတ်ကြသလို ကောင်းကင်ခုံရုံးကိုလည်း မတိုက်ခိုက်ရဲကြဘူး။ သူတို့က နောက်ပိုင်းပညာရှင်တွေကိုသာ ဆန့်ကျင်ရဲကြတာ..."

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ပြုံးလိုက်ပြီး ထိုအရာကို အလေးအနက် မထားခဲ့ပေ။

"ဉာဏ်အလင်းပွင့်မှု အပြည့်အစုံလား…"

မုန့်ချီက ထိုစကားကို ပထမဆုံးအကြိမ် ကြားဖူးခဲ့ခြင်း ဖြစ်သည်။ သူက ရှေးဟောင်းစာအုပ်များ၊ မှတ်တမ်းများထဲတွင်လည်း ထိုအကြောင်းကို လုံးဝမဖတ်ဖူးချေ။

"အဲဒါက အဆင့်သစ်တစ်ခုလား.."

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒါပေမဲ့ ကောင်းကင်ခုံရုံးမပျက်စီးခင် မကောင်းဆိုးဝါးသခင်က ကောင်းကင်ခုံရုံးကို တိုက်ခိုက်ခဲ့တယ်။ အဆုံးမှာတော့ သူက ကောင်းကင်ဧကရာဇ်ရဲ့ ကောင်းကင်လမ်းကြောင်းတံဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်။ မကောင်းဆိုးဝါးသခင်ရဲ့ နတ်ဆိုးကမ္ဘာကြီးကလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့တယ်။ ကောင်းကင်ခုံရုံး ပျက်စီးသွားတဲ့ ကောလာဟလတွေအရ ကောင်းကင်ဧကရာဇ်က မကောင်းဆိုးဝါးသခင်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့်သာ တားဆီးနိုင်တာလို့လည်း ပြောခဲ့ကြတယ်…"

ကျန်းဝူအင်ပါယာက ကောင်းကင်ဧကရာဇ်နှင့် မကောင်းဆိုးဝါးသခင်တို့ တိုက်ပွဲမစခင် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သူက ဤနေရာတွင် အုတ်ဂူတစ်ခုကို တည်ဆောက်ခဲ့ပြီး သူ၏မကောင်းဆိုးဝါးဝိညာဉ်ကို မြှုပ်နှံထားခဲ့၏။ ထို့ကြောင့် မကောင်းဆိုးဝါးဝိညာဉ်က နောက်ပိုင်း အဖြစ်အပျက်များကို မသိတော့ပေ။

"သူက ရူးနေတာလား…"

ကျန်းဝူအင်ပါယာကဲ့သို့ မဟုတ်ဘဲ မကောင်းဆိုးဝါးဝိညာဉ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူက သေချာပေါက် မှင်တက်သွားပုံရ၏။

“သူက ဒုက္ခပင်လယ်ကြီးထဲမှာ တစ်ဖက်ကမ်းကို ရောက်သွားပြီ မဟုတ်လား…”

မကောင်းဆိုးဝါးသခင်က ပို၍မြင့်မားသော အဆင့်တစ်ခုကို တက်လှမ်းသွားရမည်ဟု သူက တွေးထားခဲ့သည်။ ထို့ကြောင့်လည်း သူက ကောင်းကင်ခုံရုံးကို တိုက်ခိုက်ရဲခြင်း ဖြစ်၏။ အဆုံးတွင်တော့ သူက ကောင်းကင်ဧကရာဇ်၏ဓားချက်နှင့် သေဆုံးသွားခဲ့ရသည်။

မုန့်ချီက ခေါင်းခါပြလိုက်၏။

"ကျုပ်က ခင်ဗျားပြောတဲ့အဆင့်ကို မကြားဖူးဘူး…"

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သူ့ကိုယ်သူ ထိန်းချုပ်ရန် ခက်ခဲလာခဲ့၏။ ထိုအရာက သူ့ကို တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ သို့သော် မုန့်ချီကတော့ သူ၏အတွေးများကို ထိန်းချုပ်ထားခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူက တာဝန်ပြည့်စုံခြင်းထက် ရှေးဟောင်းလျှို့ဝှက်ချက်များကို ပို၍ ကြားချင်နေခဲ့၏။

မဟုတ်လျှင် သူက လူလိမ်ဝမ် ခန့်မှန်းထားသည့်အတိုင်း သက်တူရွယ်တူများထဲတွင် အကောင်းဆုံး ဖြစ်နိုင်သော်လည်း တစ်နေ့နေ့တွင် တခြားပညာရှင်များ၏ လက်ထဲ၌ သေဆုံးသွားရမှာကို ကြောက်လန့်နေခဲ့၏။

မုန့်ချီက သူ့မေးခွန်းကို ပြန်ဖြေလိမ့်မည်ဟု ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ထင်မထားခဲ့ပေ။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး ရှုပ်ထွေးနေသော အမူအရာတစ်ခု ရှိနေခဲ့၏။

"သူက ဒီလောက်မြန်မြန်ဆန်ဆန် မကျော်ဖြတ်နိုင်ဘူး။ သူ့မှာ တခြားအကြံအစည်တစ်ခုခု ရှိနိုင်တယ်…"

မကောင်းဆိုးဝါးသခင်က အဆင့်တက်နိုင်မည် မဟုတ်ကြောင်း ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ယုံကြည်ချက် ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကပင် ထိုသို့လုပ်ဆောင်ရန် ကျရှုံးခဲ့၏။ သူတို့က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့်အတွက် တစ်ဖက်လူ၏ အစွမ်းနှင့်အဆင့်ကို ကောင်းကောင်းကြီး သိနေခဲ့သည်။

"ကြည့်ရတာတော့ မကောင်းဆိုးဝါးသခင်ကလည်း မရိုးရှင်းဘူး ထင်တာပဲ…"

မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်မိသည်။

ကြည့်ရသည်မှာ နောက်ပိုင်း ရှေးဟောင်းဒဏ္ဍာရီများထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများ၊ ပဟေဠိများ၊ ပြည့်နှက်နေပုံရ၏။ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က တိတ်ဆိတ်သွားခဲ့ပြီး တစ်ယောက်တည်း စဉ်းစားနေသလို ထင်ရသည်။

ရှေးဟောင်းဒဏ္ဍာရီများ အကြောင်းကို ပို၍စိတ်ဝင်စားနေသည့် မုန့်ချီက နောက်တစ်ကြိမ် မေးလိုက်၏။

"မိုးကြိုးနတ်ဘုရားက နတ်ဆိုးသုတ်သင်ရေးဘိုးဘေးကို ရှာဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တာလား…"

"နတ်ဆိုးသုတ်သင်ရေးဘိုးဘေးကို ရှာဖွေဖို့လား…"

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ အမူအရာက ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင်ရှိနေသော အငွေ့အသက်များကလည်း ပင်လယ်ကြီးတစ်ခုကဲ့သို့ ကြီးမားနေခဲ့၏။

"ငါက ထာဝရရှင်သန်ခြင်းနည်းလမ်းကို ရှာဖွေဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တာ...."

"ထာဝရရှင်သန်နိုင်တဲ့ နည်းလမ်းအတွက်လား…"

မိုးကြိုးနတ်ဘုရားက ဤအုတ်ဂူထဲတွင် သူ့အဖော်ကို ဝင်ရောက်ရှာဖွေခြင်းဖြစ်မည်ဟု မုန့်ချီက တွေးထားမိခဲ့သည်။ ကျန်းဝူအင်ပါယာ ထွက်သွားခဲ့သည်ကို တွေ့ခဲ့သည့် အချိန်တွင် မိုးကြိုးနတ်ဘုရားက သူ၏အငွေ့အသက်များကို ဤနေရာတွင် ချန်ထားခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်၏။ တစ်စုံတစ်ယောက်က ထိုအငွေ့အသက်ကို တွေ့သည့်အချိန်တွင် ထိုအရာက ပျောက်ကွယ်သွားနိုင်သည်။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ခနဲ့သလို ပြောလိုက်သည်။

"ငါတို့လို အဆင့်မျိုးထိ လေ့ကျင့်ပြီးသွားရင် မင်းက နှစ်ပေါင်းများစွာ အချိန်ကုန်ပြီး သေဆုံးချင်မှာ မဟုတ်တော့ဘူး။ မိုးကြိုးနတ်ဘုရားလည်း ချွင်းချက်မရှိဘူး။ ဒါပေမဲ့ သူက အပူအပင်မဲ့တောင်ကြားကို သွားပြီးတဲ့အချိန်မှာ သူ့ရဲ့အငွေ့အသက်တွေကို နည်းနည်းထိန်းချုပ်လို့ မရတော့တာ ငါ သတိထားမိခဲ့တယ်…”

“မိုးကြိုးနတ်ဘုရားကလည်း အပူအပင်မဲ့တောင်ကြားကို သိနေတာလား…"

မုန့်ချီက ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ကျန်းဝူအင်ပါယာကသာ အပူအပင်မဲ့တောင်ကြားထဲတွင် ငရဲအင်ပါယာကို ပိတ်လှောင်ထားခဲ့ကြောင်း သိနေသည်ဟု မုန့်ချီက တွေးခဲ့မိသည်။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က မုန့်ချီကို စိုက်ကြည့်လိုက်၏။

"ငရဲအင်ပါယာက သာမာန်နတ်ဘုရားတစ်ပါးပဲ ဖြစ်ပေမယ့် သူက ငရဲကြီး (၉)ထပ်ရဲ့ အကူအညီနဲ့ ငါ့ရဲ့အဆင့်မျိုးကို ယာယီရောက်လာနိုင်တယ်။ ငါက မိုးကြိုးနတ်ဘုရားရဲ့ အကူအညီမပါပဲ သူ့ကို ဘယ်လိုလုပ်ပြီး ပိတ်လှောင်ထားနိုင်မှာလဲ…”

“မင်းလည်း ငရဲအင်ပါယာပိတ်လှောင်ထားတာကို သိနေတာလား…"

မုန့်ချီက အတော်လေးကို အံ့သြသွားခဲ့ရ၏။

ပထမတွင်တော့ ထာဝရရှင်သန်ခြင်းနည်းလမ်းကို မရှာဖွေရသေးခင် ကျန်းဝူအင်ပါယာက အပူအပင်မဲ့တောင်ကြားကို ရုတ်တရက် တွေ့လိုက်ရပြီးနောက် ငရဲပြည်ကို ရှာတွေ့ခြင်းဖြစ်မည်ဟု တွေးခဲ့မိသည်။ အဆုံးတွင်တော့ ကျန်းဝူအင်ပါယာက အပူအပင်မဲ့တောင်ကြားထဲတွင် ငရဲအင်ပါယာကို ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်နိုင်၏။

သူက ငရဲအင်ပါယာကို အောင်အောင်မြင်မြင် ချုပ်နှောင်ခဲ့ပြီးနောက် ကျန်းဝူအင်ပါယာက ထာဝရရှင်သန်ခြင်း လျှို့ဝှက်ချက်ကို သိသွားခြင်း ဖြစ်နိုင်သည်။ သူက အလျင်အမြန် ထွက်သွားခဲ့ပြီး ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားခဲ့၏။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က နောက်တစ်ကြိမ် ခနဲ့သလိုပြောလိုက်သည်။

"ငရဲကြီး (၉) ထပ်ရဲ့ မကောင်းဆိုးဝါး နတ်ဘုရားတစ်ယောက်ဆိုမှတော့ ငရဲအင်ပါယာက သေခြင်းတရားနဲ့ ရှင်ခြင်းတရားတွေကို လွှမ်းမိုးနိုင်တယ်။ တကယ်လို့ မင်းက ထာဝရရှင်သန်ခြင်းကို လိုချင်တယ်ဆိုရင်တော့ အဆုံးသတ်မှာ သူ့လို ပြောင်းလဲရမှာပဲ။ မိုးကြိုးနတ်ဘုရားနဲ့ ငါက အပူအပင်မဲ့တောင်ကြားကို တိတ်တဆိတ်သွားခဲ့ပြီး အဲဒီနေရာမှာ ငရဲအင်ပါယာကို ပိတ်လှောင်ထားခဲ့တယ်။ ပြီးတော့ သေခြင်းတရား ၊ ရှင်ခြင်းတရားနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သေချာရှာဖွေခဲ့တယ်…"

သူ ဖန်တီးထားခဲ့သော အရှင်သခင်၏ နေရာတွင် မကောင်းဆိုးဝါးဝိညာဉ်ကို ပိတ်လှောင်ထားသော်လည်း သူ့ကို တစ်စုံတစ်ခုက ဖုံးကွယ်ထားခဲ့သည်။ သူက သူ့ကိုယ်သူ အခေါင်းထဲတွင် မပိတ်ရသေးခင် ငရဲအင်ပါယာသို့ သွားရောက်လည်ပတ်ခဲ့သေး၏။

"ဒါဆိုရင် အခုအပူအပင်မဲ့တောင်ကြားထဲမှာ ဘာတွေဖြစ်နေတာလဲ…"

မကောင်းဆိုးဝါးဝိညာဉ်က ကျန်းဝူအင်ပါယာ၏ တည်နေရာနှင့် ပတ်သက်ပြီး အတော်လေးကို စိုးရိမ်သွားခဲ့သည်။

မုန့်ချီကတော့ အပူအပင်မဲ့တောင်ကြား၏ လက်ရှိအခြေအနေကို ပြောပြလိုက်သည်။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ တုံ့ပြန်မှုက ဆိုးရွားလှပြီး သူက တီးတိုးရေရွတ်လိုက်၏။

"သူက ငရဲအင်ပါယာကို ခေါ်သွားခဲ့တယ်။ သူ ဘယ်မှာလဲ။ ငရဲကြီး (၉) ထပ်မှာလား ဒါမှမဟုတ် ကျန်းဝူအင်ပါယာက ငရဲအင်ပါယာရဲ့ မကောင်းဆိုးဝါးကိုယ်ပွားကို ခေါ်သွားခဲ့တာလား။ ငရဲအင်ပါယာက သူ့ဘာသာ ထွက်ပြေးသွားခဲ့တာ မဟုတ်ဘူးလား…"

မုန့်ချီ၏ ယူဆချက်များက နောက်တစ်ကြိမ် မှားယွင်းသွားကြောင်း အတည်ပြုခဲ့မိပြန်သည်။ ထို့ကြောင့် သူလည်း စိုးရိမ်ထိတ်လန့်လာခဲ့ရ၏။

"ငရဲအင်ပါယာရဲ့အလောင်းကို နောက်တစ်ကြိမ် တူးဖော်သွားပြီး အသက်ပြောင်းလဲခြင်းဂိုဏ်းနဲ့ ငါက ရခဲ့တယ်။ ဒါဆိုရင် ကျန်းဝူအင်ပါယာက ဘယ်သူနဲ့အတူ ရှိနေတာလဲ…"

ရုတ်တရက်ဆိုသလို ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ အမူအရာက လေးနက်နေရာမှ ကြောက်စရာကောင်းလာခဲ့သည်။

"သူက ထာဝရရှင်သန်ခြင်းနည်းလမ်းကို ရှာတွေ့သွားတာပဲ ဖြစ်ရမယ်။ သူက မသေမျိုး ဖြစ်သွားတာကိုတောင် ငါ့ကို သေစေချင်နေသေးတယ်…"

အနက်ရောင် မြူခိုးများက လှုပ်ရှားလာပြီး ရေများက ဘောင်ပင်ခတ်လာခဲ့သည်။

"ကျန်းဝူအင်ပါယာက သေဆုံးသွားတာလည်း ဖြစ်နိုင်တာပဲလေ…"

မုန့်ချီက တမင်တကာ ပြောလိုက်၏။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က အားရပါးရ ရယ်လိုက်သည်။

“တကယ်လို့ သူသာ သေသွားတာဆိုရင် ငါလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားရမှာပဲ။ ဒါပေမဲ့ ငါက ပျောက်ကွယ်မသွားခဲ့ဘူး။ မင်း ဘယ်လိုထင်လဲ။ ကျန်းဝူအင်ပါယာက အသက်ရှင်နေသေးတယ်…"

မုန့်ချီက တွေးလိုက်မိပြီး ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကို စိုက်ကြည့်နေမိခဲ့၏။

ကျန်းဝူ မကောင်းဆိုးဝါးဝိညာဉ်ဆီတွင် ရူးသွပ်သော အတွေးတစ်ခု ရှိနေခဲ့သည်။

"ဘာလို့ သူမသေသေးပဲနဲ့ ငါက အသက်ရှင်နေရမှာလဲ။ ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေ ရှိတယ်။ ငါက သူ့စကားကို နားမထောင်ချင်ဘူး။ သူ ပြန်လာတဲ့ အချိန်အထိ ဒီနေရာမှာ စောင့်မနေချင်ဘူး…"

သူက မုန့်ချီကို ရုတ်တရက် စိုက်ကြည့်လိုက်ပြီး လေးလေးနက်နက် တောင်းဆိုလိုက်သည်။

"မင်းက ငါ့ကို ဒီနေရာကနေ ထုတ်သွားပေးပါ။ ဒါဆိုရင် သူပြန်လည်ရှင်သန်လာဖို့ စီစဉ်ထားတဲ့ နေရာတွေကို ငါပြောပြမယ်။ အဲဒီနေရာမှာ ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်ရဲ့ အမွေအနှစ်တွေ ၊ လက်နက်တွေ အများကြီးရှိတယ်…”

“ကျန်းဝူဂိုဏ်းက အဲဒီနေရာတွေထဲက တစ်ခုများလား…"

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး အပြုံးနှင့် ပြောလိုက်၏။

"နတ်ဆိုးသုတ်သင်ရေးဘိုးဘေးက ခင်ဗျားကို သတ်ပြီးသွားရင် ကျုပ်တို့က အရာအားလုံးကို သိရမှာပဲလေ။ ဒီအုတ်ဂူကြီးထဲမှာရှိနေတဲ့ အရာအားလုံးက မရှိသင့်ဘူးလို့ပဲ ကျုပ် ထင်တယ်…"

ကျန်းဝူအင်ပါယာက နှာခေါင်းရှုံ့လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "အရင်တစ်ခေါက်မှာ ငါက မင်းတို့တွေထဲက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ ငါက မိတ်ဆွေဟောင်းတစ်ယောက်ဆီသွားပြီး သူ့ကို ဖော်ထုတ်ခဲ့တယ်။ အဲဒါတွေက ဘယ်သူလဲဆိုတာ သိချင်လား…"

"ဘယ်သူလဲ…"

မုန့်ချီက ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ယခင်တစ်ခေါက်တွင် ထိန်းချုပ်ထားသော ဝိညာဉ်က သံသရာအရှင်သခင်၏ ဖယ်ရှားခြင်းကို ခံခဲ့ရသည်။ သိမ်းပိုက်ခံရသောဝိညာဉ်က တစ်စုံတစ်ခု လုပ်ခဲ့ပုံရ၏။

"အဲဒါက ငါလို့ ပြောချင်နေတာ များလား…"

မုန့်ချီက ပြန်လည်စဉ်းစားနေခဲ့သည်။

ကျန်းဝူအင်ပါယာက ပြုံးလိုက်၏။ စကားမဆုံးသေးခင် သူက ဘယ်ဘက်လက်ကို လှုပ်ရှားလိုက်ရာ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ရေလှိုင်းများက လှုပ်ရှားလာပြီး ကမ္ဘာကြီးတစ်ခုလုံး နစ်မွန်းသွားသလို ဖြစ်လာခဲ့သည်။

မုန့်ချီက အာရုံပြန့်သွားခဲ့သည့်အတွက် တုံ့ပြန်မှုက နှေးကွေးသွားခဲ့၏။ ချက်ချင်းဆိုသလိုပင် သူက နတ်ဆိုးသုတ်သင်ရေးအလံကို ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ရပြီး ထိုအရာက ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ရှိရာကို ဖြည်းညင်းစွာ ပျံသန်းသွားခဲ့သည်။

"ဘာလို့ ငါက ငါ့ရဲ့ကိုယ်ပိုင်လက်နက်ကို ကြောက်ရမှာလဲ…"

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ခနဲ့သလို ပြောလိုက်သည်။

ထိုအချိန်တွင် သူ၏ညာဘက်လက်သီးက ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ဓားသွားပေါ်မှ တောက်ပသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးက အမှန်တကယ် မရှိတော့သလို ဖြစ်သွားခဲ့သည်။

အလွန်အမင်းသန့်စင်သော ဓားအလင်းတန်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ပင်မဝိညာဉ်တစ်ခုတည်းသာ ကျန်ရှိနေတော့၏။

"တာအိုကိုဖြတ်တောက်ပြီး အစစ်အမှန်ကို ရှာဖွေခြင်း..

ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်..."

Translated by Hein Htet.

All Chapters