← Chapters

အခန်း (၆၅၉)

Vol. 44 Ch. 659

အခန်း (၆၅၉)

Vol. 44 Ch. 659

"မင်းက ဆာရန်ကောင်းဝါရဲ့ လက်ရှိတည်နေရာကို သိလား…"

မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။

အာဂူလာက လမ်းပျောက်နေသည့်အလား ခေါင်းခါပြီး ပြောလိုက်၏။

"ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…"

ထိုအရာကြောင့် မုန့်ချီက စိတ်ပျက်သွားမိခဲ့သည်။ အကယ်၍ ဆာရန်ကောင်းဝါကသာ အနီးအနား၌ ရှိနေမည်ဆိုလျှင် ဘိုးဘေး၏အကူအညီနှင့် လျှို့ဝှက်အန္တရာယ်ကို ကြိုတင်ရှင်းလင်းနိုင်သည့် အခွင့်အရေးတစ်ခု ရှိနိုင်သည်။

သတ်ဖြတ်ခြင်းရပ်တန့်သူက သူ၏ကယ်တင်ရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သော်လည်း သူမ လာသတ်မည့်အချိန်ကို ထိုင်စောင့်နေနိုင်ခြင်း မရှိချေ။ ထိုကဲ့သို့ အခွင့်အရေးမျိုး မရှိနိုင်သည့်အတွက် သူကလည်း သိုင်းလောကတွင် ဆက်လက်သွားလာနေစဉ် သူ၏တည်နေရာကို ဖုံးကွယ်ထားရမည် ဖြစ်သည်။

သူက နှစ်အနည်းငယ်အတောအတွင်း သိုင်းသခင်စွမ်းအားများကို ရလာသည့် အချိန်တွင်တော့ သတ်ဖြတ်ခြင်းရပ်တန့်သူနှင့် ငိုကြွေးခြင်းအကြီးအကဲ ကဲ့သို့သော ရန်သူများကို ကြောက်စရာ မလိုတော့ပေ။ သူက ဆာရန်ကောင်းဝါနှင့် ပတ်သက်ပြီး အာဂူလာကို နောက်ထပ် မေးခွန်းများ မေးခဲ့သော်လည်း မည်သည့်အရာမျှ သေချာမသိခဲ့ရပေ။

အာဂူလာက ထိုအကြောင်းနှင့်ပတ်သက်ပြီး ဆက်တိုက် ပြောပြနေခဲ့ပြီး မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းဟု လူသိများသော ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရခြင်း ဖြစ်၏။

နောက်ထပ်တိုးတက်မှု မရှိကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး သတိထား၍ ပြောလိုက်သည်။

"ပါတူ သေသွားပြီ…"

အာဂူလာ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ နောက်တစ်ကြိမ် ပေါ်လာခဲ့၏။

"ငါ သိတယ်…"

"ဒါဆိုရင် အဲဒါက နတ်ဆရာတွေရဲ့လုပ်ရပ်ဆိုတာကော သိလား…"

မုန့်ချီက အာဂူလာ၏ မျက်လုံးထဲကိုစိုက်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

အာဂူလာက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး သူ၏အကြောက်တရားက ပို၍နက်ရှိုင်းလာခဲ့သည်။

"ငါ သိတယ်…"

"ဒါဆိုရင် သူ လုပ်ကြံခံရတဲ့ အကြောင်းပြချက်ကို ပြောပြပါ…"

မုန့်ချီက အရာအားလုံးကို သိနေသည်ဟူသော ပုံစံမျိုးနှင့် ပြောလိုက်ခြင်း ဖြစ်သည်။

အာဂူလာက သူ့ကို သတိထား၍ ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်၏။

"ငါ မသိဘူး ငါ မသိဘူး။ အဖွဲ့အစည်းက မြောက်ပိုင်းနဲ့ တောင်ပိုင်းကြားထဲမှာ သီးသန့်ကုန်သွယ်နေတဲ့ အဖွဲ့သားတွေကို အရောင်းအဝယ်ပြီးအောင် ကူညီပေးဖို့ပဲ ငါ့ကိုအမိန့်ပေးထားတာ...။ ငါက သူတို့တွေထဲမှာ ပုန်းအောင်းနေတဲ့ ကျင်းကျန်း နတ်ဆရာတွေ အများကြီးကို ရှာတွေ့ခဲ့တယ်။ အပေးအယူပြီးသွားတဲ့အချိန်မှာ ပါတူက ကုန်သွယ်တွေထဲက တစ်ယောက်ကို ခြေရာခံမိခဲ့ပြီး မြို့အပြင်ဘက်ကို လိုက်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ကို မြို့နံရံအပြင်ဘက်မှာ တွေ့လိုက်ရတာပဲ။ ငါ သိခဲ့ရတဲ့အချိန်မှာ ငါလည်း တော်တော်လေးကို ကြောက်လန့်သွားခဲ့တယ်…"

"ကျင်းကျန်းက နတ်ဆရာတွေလား…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့က ကူအာဒို၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြပြီး မြက်ခင်းပြင်ထဲမှ မဟာခန်း အင်ပါယာမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့က အထူးခြားဆုံး နတ်ဆရာမျိုးနွယ်အုပ်စုလည်း ဖြစ်ကြ၏။ သူတို့က အမည်အရ ချန်းရှန့်အဖွဲ့အစည်းမှ ဖြစ်ကြသော်လည်း သူတို့က ကျင်းကျန်း မဟာခန်းမိသားစု၏ အမိန့်ကိုသာ နာခံကြသည်။

"ချောင်မိသားစုက ကူအာဒိုနဲ့ ပူးပေါင်းနေတာလား…"

မုန့်ချီက အာဂူလာကို မေးခွန်းမေးပြီးသွားသည့်အချိန်တွင် သူ့ကို ကူညီပေးမည်ဟု ကတိပေးလိုက်ပြီး သေချင်ယောင်ဆောင်၍ ကျင်းအင်ပါယာထဲတွင် ပုန်းအောင်းနေရန် အကြံပေးလိုက်သည်။ ထိုသို့ဆိုလျှင် အာဂူလာက မြေခွေးသုတ်သင်ရေး အဖွဲ့အစည်းထဲမှ ထွက်လာနိုင်မည် ဖြစ်သည်။

မုန့်ချီက အာဂူလာကို ပြန်ပို့ပြီးသွားသည့်အချိန်တွင် သူ့အခန်းထဲ၌ လူရိပ် (၂) ခု ပေါ်လာခဲ့သည်။ ထိုအရာက ဘိုးဘေးလင်းပေါင်နှင့် ကျန်းကျိဝေတို့ ဖြစ်ကြ၏။

"ချောင်မိသားစုက သူတို့လူတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့နေရာမှာ တော်တော်လေးကျွမ်းကျင်တယ်။ မိသားစုခေါင်းဆောင်ရဲ့ ပထမဇနီးကနေ မွေးတဲ့သားက သိုင်းသခင် တစ်ယောက်ဖြစ်နေပေမယ့် လက်ရှိချန်းကယ်မှာ ရှိတယ်။ သူတို့က အတွင်းရေးပဋိပက္ခဖြစ်နေတဲ့ လက္ခဏာမျိုး မရှိဘူး…"

"ဒါဆိုရင် သူတို့က မြက်ခင်းပြင်နဲ့ ဘာကိစ္စပူးပေါင်းရမှာလဲ…"

ချောင်မိသားစုထဲတွင် ရှိနေသော တစ်စုံတစ်ယောက်က မိသားစုခေါင်းဆောင်၏ အမိန့်မရဘဲ အပြင်လူနှင့် ပူးပေါင်းသည့် ဖြစ်နိုင်ခြေကို ဘိုးဘေးက ဖယ်ရှားလိုက်သည်။ ကျင်းကျန်းမှ နတ်ဆရာ (၂) ယောက်၏ ပြင်းထန်သော သေဆုံးမှုနှင့် ပတ်သက်ပြီး သက်သေမရှိလျှင် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုကို တုံ့ပြန်ရန် လုံးဝမဖြစ်နိုင်ကြပေ။

ကျန်းကျိဝေက ထိုအကြောင်းကို သေချာစဉ်းစားနေပြီး ပြောလိုက်၏။

"သူတို့မှာ ဘယ်လိုအစီအစဉ်တွေပဲရှိရှိ ငါတို့ရဲ့ရည်မှန်းချက်ကိုတော့ မထိခိုက်နိုင်ဘူး။ အများဆုံး ငါတို့က သူတို့ကို လမ်းလွှဲချင်ယောင်ဆောင်ပြီး ချောင်မိသားစုကို လှုံ့ဆော်လို့ရတယ်…"

သူမ ပြောနေသည့်နည်းလမ်းက သူမ၏ဓားသိုင်းပညာကို ထုတ်ပြနေသလိုမျိုး ဖြစ်သည်။ သူမက မည်ကဲ့သို့ ပုံစံပြောင်းလဲစေကာမူ အဓိကအချက်ကိုသာ တည့်တည့်ပြောတတ်သေး၏။

"ဟုတ်တယ်။ ငါတို့က ချောင်မိသားစုကို သေချာစောင့်ကြည့်ပြီး မြက်ခင်းပြင်နဲ့ သူတို့ရဲ့ပူးပေါင်းမှုကို စစ်ဆေးရမယ်။ အဲဒါဆိုရင် သူတို့က ရွေးချယ်စရာမရှိဘဲ အဲဒီစကားကို ယုံကြည်ရလိမ့်မယ်။ ဘိုးဘေး…အချိန်ကျလာရင် မထင်မရှား မျက်နှာဖုံးတစ်ခုဝတ်ပြီး ဘိုးဘေးလင်းပေါင်သိုင်းပညာကိုပဲ သုံးလိုက်ပါ။ ဒါဆိုရင် အဲဒီအရာက ဘိုးဘေးလို့ပဲ သိကြလိမ့်မယ်။ အဲဒီအရာက ဆရာကြီးလု တိတ်တဆိတ် လွှတ်ထားတာ ဟုတ်မဟုတ် ဘယ်သူကမှ ယုံကြည်ကြမှာ မဟုတ်ဘူး။ သူတို့က အပြစ်ရှိသလို ခံစားရတယ်ဆိုရင်တော့ သူတို့ဆီကနေ မူမမှန်တဲ့ တုံ့ပြန်မှုတစ်ခု ရလိမ့်မယ်…"

မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

"အကြံကောင်းပဲ…"

ဘိုးဘေးလင်းပေါင်က သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။ ခဏကြာပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်၏။

"နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်ကြရအောင်...။ ချောင်ဖေးယွဲ့က မြေနတ်သမီးရေကန်ကို စောင့်ကြပ်ဖို့ တာဝန်ယူရတဲ့အချိန်ကျမှ လှုပ်ရှားကြတာပေါ့။ သူက တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်မှတော့ မြက်ခင်းပြင်နဲ့ ပူးပေါင်းမှုအကြောင်း တစ်ခုခုတော့ သိထားလိမ့်မယ်။ ဒါဆိုရင် တံခါးဖွင့်ဖို့အတွက် ပိုပြီးတော့ လွယ်ကူသွားနိုင်တယ်…"

အကယ်၍ မြေနတ်သမီးရေကန်ကို စောင့်ကြပ်နေရသော သိုင်းသခင်တစ်ယောက်က မည်သည့်အရာကိုမျှမသိလျှင် သူ သို့မဟုတ် သူမက မိသားစု၏ အရေးအခင်းကို သံသယဝင်လိမ့်မည်မဟုတ်ဘဲ ထိုနေရာမှ ဟာကွက်တစ်ခု ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။

မုန့်ချီက ပြုံးလိုက်၏။

"အဲဒါက အကောင်းဆုံးပဲ။ ကျွန်တော်က ချောင်တိုင်ကို သေချာလေ့လာဖို့ လိုအပ်သေးတယ်။ ဒါဆိုရင် ကျွန်တော့်ရဲ့အဆင့်အတန်းက ချက်ချင်း ပေါ်မသွားနိုင်တော့ဘူး…"

ညနေခင်းရောက်သည့်အချိန်တွင် မြို့တောင်ပိုင်း ဇာမဏီကျောင်းဆောင်ထဲ၌…

မုန့်ချီနှင့် ကျန်းကျိဝေတို့ ရောက်လာသည့်အချိန်တွင် ချောင်ရှန်းကျိက စောင့်နေသည်မှာ အတော်လေးကြာခဲ့ပြီ ဖြစ်သည်။ သူ့ဆီတွင် ချောမောခန့်ညားသော မျက်နှာရှိနေပြီး လက် (၂) ဖက်ကို နောက်ပစ်ထားသည့်အတွက် သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းနေခဲ့၏။

"မိသားစုခေါင်းဆောင်က မင်းတို့ရဲ့တောင်းဆိုချက်ကို ငြင်းဆန်လိုက်တယ်…"

သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒါပေမယ့် ငါက သူ့ကို မင်းတို့ရဲ့အဆင့်အတန်းတွေ ဖုံးကွယ်ထားတဲ့အတွက် ရတနာက တားမြစ်နယ်မြေတွေထဲက တစ်ခုမှာ ရှိတယ်ဆိုတာကို အချိန်အတိုင်းအတာတစ်ခုအထိ မခန့်မှန်းမိသေးဘူး…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မှာပေါ့…"

ထိုအခြေအနေကို သူတို့က မျှော်လင့်ထားပြီးသား ဖြစ်သည်။ ချောင်ရှန်းကျိက တိတ်ဆိတ်သွားခဲ့၏။ သူက မုန့်ချီနှင့် ကျန်းကျိဝေတို့ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

"မင်းတို့က ငါတို့ကို ရတနာတွေနဲ့ ပတ်သက်တဲ့ သတင်းပေးလိုက်တယ်ဆိုတာ ပူးပေါင်းမှုသက်သက် မဟုတ်ဘူးဆိုတာ ငါ သေချာသိတယ်။ ငါတို့က လမ်းကြောင်းတူတဲ့အချက်ကို စဉ်းစားပြီး မင်းတို့က အဲဒီအရာကို သေချာပေါက် လုပ်မှာပဲ။ ငါက ဒီကိစ္စကို သိသိလျက်နဲ့ ခွင့်ပြုပေးရမှာတော့ တကယ့်ကို ရှက်ဖို့ကောင်းတယ်…"

"အဲဒါဆို ဘယ်လိုလုပ်မလဲ…"

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။

ချောင်ရှန်းကျိက ပင့်သက်ရှိုက်၍ ပြောလိုက်၏။

"အရင်တုန်းက ငါတို့မိသားစု မြေနတ်သမီးရေကန်ထဲမှာ ရေခဲမျက်လုံးကို တွေ့ခဲ့တဲ့အချိန် ရေခဲမျက်လုံးပေါ်မှာ ရှိနေတာက မြေအင်မော်တယ်အလောင်း တစ်ခုတည်း မဟုတ်ဘူး။ (၂) ခုပဲ…"

"(၂) ခုလား......"

မုန့်ချီနှင့် ကျန်းကျိဝေတို့၏ အမူအရာက တည်ငြိမ်သွားခဲ့သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ဘိုးဘေးလင်းပေါင်က ချောင်ဖေးယွဲ့ ရောက်လာသည်ကို သတိထားမိခဲ့သည်။ သူမက ဝင်္ကပါအကာအကွယ်အောက်တွင် ရှိနေသော နှစ်ပေါင်း (၁၀၀၀) ရေခဲတုံး၏ အတွင်းပိုင်းထဲကို ဝင်သွားခဲ့၏။ ထို့ကြောင့် ဘိုးဘေးက သူမကို တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ပေ။

ခဏကြာပြီးနောက် စောင့်ကြပ်ရန် တာဝန်ကျသော သိုင်းသခင်က အဝေးသို့ ပျံသန်းသွားခဲ့၏။ ထိုဖြစ်စဉ်တစ်ခုလုံးက ထိန်းချုပ်ထားသော ဝင်္ကပါအတွင်းထဲတွင် လုပ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဘိုးဘေးက ဖော်ထုတ်ရန် အားနည်းချက်များ မရှိခဲ့ပေ။ အကယ်၍ သူက ထွက်ခွာသွားသော သိုင်းသခင်ကို ဖမ်းဆီးလိုက်မည်ဆိုလျှင်ပင် ရေခဲတံခါးကို အချိန်မီဖျက်ဆီးရန် လုံးဝ မဖြစ်နိုင်တော့ပေ။

သူက ခေါင်းညိတ်ပြလိုက်ပြီး တည်းခိုဆောင်သို့ ပြန်သွားခဲ့၏။ ထို့နောက် သူက မျက်လုံးပုံသဏ္ဍာန် ရှိနေသော ထူးဆန်းသည့် အင်းခွက်များရှိနေသည့် အလံငယ်လေးတစ်ခုကို ထုတ်လိုက်သည်။

"ဒါက အကြီးအသေးအလံလို့ခေါ်တယ်။ ငါ့ရဲ့ကောင်းကင်သိစိတ်နဲ့ တာအို (၃)သွယ် ကျင့်စဉ်ကိုသုံးပြီး သန့်စင်ထားခဲ့တာ...။ ဒါက ငါ့ရဲ့ကိုယ်ပွားကို ငါ့ရဲ့အစစ်အမှန်အစွမ်းမျိုး ယာယီရစေနိုင်တယ်။ ပြီးတော့ ငါ့ရဲ့ကိုယ်ပွားက ငါ့ရဲ့အစွမ်းတွေကိုလည်း အသုံးပြုနိုင်လိမ့်မယ်။ ဒါပေမဲ့ လက်ရှိတော့ တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်…"

ဘိုးဘေးလင်းပေါင်က ထိုပစ္စည်းကို မုန့်ချီ၏ လက်ထဲသို့ ထည့်ပေးရင်း သေချာပြောပြနေခဲ့သည်။ အကယ်၍ သူက ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်ကို နားလည်ချင်သည်ဆိုလျှင်တော့ တန်ဖိုးတစ်ခုခု ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

သူ စကားပြောပြီးသွားသည့် အချိန်တွင် ပညာရှင်များ၏ တည်နေရာ ၊ အသေးစိတ်မြေပုံနှင့် အဆောင်တစ်ခုကို ကျန်းကျိဝေဆီသို့ ပေးလိုက်သည်။

"ဒါကတော့ ငါ သန့်စင်ထားခဲ့တဲ့ မအောင်မြင်တဲ့ အင်မော်တယ်သတ်ဖြတ်ရေးဝင်္ကပါပဲ။ ဒါက သိုင်းသခင်အဆင့် အောက်မှာရှိတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်တဲ့နေရာမှာတော့ တော်တော်လေး အသုံးဝင်တယ်။ ဒါနဲ့ဆိုရင် မင်းက ရေခဲမီးတောက်တောင်ကြားထဲမှာရှိတဲ့ ပြိုင်ဘက်ကင်းပညာရှင်တွေကို ချုပ်နှောင်ထားနိုင်လိမ့်မယ်။ ဒါကတော့ အကာအကွယ်မှော်အစွမ်းရဲ့ ပထမအလွှာထဲကို ခိုးဝင်ဖို့ ကူညီပေးနိုင်တဲ့ ထိပ်တန်းအဆင့် အာရုံလွှဲအဆောင်တစ်ခုပဲ…"

သံသရာအရှင်သခင်ဆီတွင် နတ်ဘုရားလက်နက်အဆင့် ပစ္စည်းများကို သန့်စင်ရန် အထူးတာဝန်များ လုပ်ဆောင်ရန် လိုအပ်သော်လည်း တိုက်ရိုက်လဲလှယ်ခြင်းကတော့ ပို၍ရိုးရှင်းသည်။ ဘိုးဘေးလင်းပေါင်က မြေပုံကို သန့်စင်ရသောဖြစ်စဉ်က ဝင်္ကပါကို နားလည်ခြင်းထက် ပို၍လွယ်ကူနိုင်သည်။ ထို့ကြောင့် သူက သံသရာအရှင်သခင်၏ အကူအညီကို ဂရုမစိုက်ခဲ့ပေ။

မြောက်ပိုင်းတွင်တော့ ဆောင်းရာသီရောက်နေပြီ ဖြစ်သည့်အတွက် ညတာရှည်ပြီး ညအချိန်ကို စောစောရောက်လာခဲ့သည်။ နှင်းများ ပြည့်နှက်နေသော တောင်ကြားထဲတွင် အပြာရောင်မီးတောက်တစ်ခုက တည်ငြိမ်စွာ လောင်ကျွမ်းနေခဲ့၏။

ထိုတောင်ကြားထဲတွင် ဝင်္ကပါတစ်ခု ရှိနေသည့်အပြင် ချောင်မိသားစုမှ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ချောင်ဖေးက စောင့်ကြပ်နေခဲ့သည်။ ထိုနေရာတွင် အပြာရောင်မီးတောက်ဆီမှ အကူအညီရယူပြီး လက်နက်သန့်စင်နေသော တပည့်ပေါင်းများစွာလည်း ရှိနေခဲ့၏။

ရေခဲမီးတောက်က နတ်ဘုရားလက်နက်များကို သန့်စင်ရန် အသုံးပြုရသော မီးတောက်တစ်ခုဟု ပြောနိုင်သည်။ ထိုမီးတောက်က အလွန်မြင့်မားသော အပူရှိန်တစ်ခု ထုတ်ပေးခဲ့ခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် ထိုအရာက မီးတောက်ကို ဝါးမျိုပြီး ရေခဲနှင့် နှင်း မြင်ကွင်းတစ်ခု ဖန်တီးပေးနိုင်၏။

ချောင်မိသားစုက ဤတောင်ကြားထဲတွင် ထိုကဲ့သို့ မီးတောက်တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ မီးတောက်က နတ်ဘုရားလက်နက်များကို သန့်စင်ရန် လုံလောက်သည်အထိ အစွမ်းထက်နေသည့်အတွက် သူတို့က ထိုအရာကို သူတို့တပည့်များအတွက် အသုံးပြုရန် ထိန်းသိမ်းထားခဲ့သည်။ ထိုအရာက အပြင်လူများဆီတွင် မီးတောက်ကို ဖြုန်းတီးလိုက်ခြင်းထက် ပို၍ကောင်းမွန်နေသေး၏။

ချောင်ဖေးကတော့ ခန္ဓာကိုယ်သေးသေးနှင့် တည်ငြိမ်သော လူတစ်ယောက် ဖြစ်သည်။ သူက မီးတောက်အနားတွင် မတ်မတ်ထိုင်နေပြီး မျက်လုံးများက တစ်စိတ်တစ်ပိုင်း မှိတ်ထားခဲ့သည်။ တဖျောက်ဖျောက် လောင်ကျွမ်းနေသော မီးတောက်များက သူ့ကို အနှောင့်အယှက် မပေးခဲ့ပေ။

ရုတ်တရက်ဆိုသလို သူ၏အမူအရာက ပြောင်းလဲသွားခဲ့၏။ သူက လေထဲတွင် ဆုပ်ကိုင်လိုက်ရာ လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဝဲကတော့ကြီးတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ ထို့နောက် သူက အစိမ်းရောင် လူရိပ်တစ်ခု ဖန်တီးလိုက်၏။

"ရေခဲမီးတောက်တောင်ကြားထဲကို လူတစ်ယောက်ခိုးဝင်လာတယ်။ ဒါပေမဲ့ ဝင်္ကပါအတွင်းပိုင်းက ကျူးကျော်လာသူကို သတိထားမိသေးတယ်…"

အစိမ်းရောင်လူရိပ်က ကျန်းကျိဝေ ဖြစ်သည်။ သူမက ခံစားချက်ကင်းမဲ့သော မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ဓားကို တည်ငြိမ်စွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။ အစိမ်းရောင် ဓားအလင်းတန်းက ထိုကမ္ဘာကြီး၏ နေရာတိုင်းတွင် ပြည့်နှက်သွားပြီး အေးမြသောလရောင်က မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုအလင်းတန်းက ကောင်းကင်ကြီးကို သန့်ရှင်းဆေးကြောလိုက်သလို ထင်မှတ်ရ၏။

ချောင်ဖေးက လေထဲသို့ ရောက်လာသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရချိန်တွင် ဓားက သူ့အနားကို ရောက်လာပြီ ဖြစ်သည်။ သူကတော့ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး ဓားဆန္ဒကြောင့် အလွန်ကြောက်လန့်သွားခဲ့ရ၏။

"စိမ်းပြာလ ကောင်းကင်ကြီးကို ဆေးကြောတာလား။ စိမ်းပြာလဓားဂိုဏ်း...”

ချောင်ဖေး၏ ရင်ထဲတွင် အလွန်ထိတ်လန့်သွားခဲ့သည်။

လျှပ်စီးကြောင်းများနှင့် ရောနှောနေသော အင်မော်တယ်ပုံရိပ်ယောင်က သူ့နောက်ကျောတွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူက လက် (၂) ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရေခဲမီးတောက်များကို အသက်သွင်းလိုက်ရာ လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုမီးတောက်က ကျန်းကျိဝေ၏ ဓားချီစွမ်းအင်များကို ဖယ်ရှားလိုက်ပြီး လရောင်ကို လွှမ်းခြုံလိုက်သည်။ သူက လက်ဝါးနှင့် ရိုက်ချလိုက်သည့်အချိန်တွင် မိသားစုခေါင်းဆောင်၏ စကားလုံးများက နားထဲတွင် ပြန်ကြားယောင်လာခဲ့၏ျ။ မိသားစုပိုင်နက်ထဲတွင် လျှို့ဝှက်ထားသော ရတနာတစ်ခု ရှိနေသည့်အတွက် သူက ထိုအရာကို မည်သူမျှ ယူမသွားနိုင်စေရန် သေချာပေါက် တားဆီးရမည် ဖြစ်သည်။

"ကျူးကျော်တဲ့သူက ဒီနေရာကို အဲဒီအကြောင်းပြချက်ကြောင့် ရောက်လာတာလား…"

သူ့ခေါင်းထဲ၌ ထိုအတွေး ပေါ်လာသည့်အချိန်တွင် ခံစားချက် ကင်းမဲ့သော မျက်နှာဖုံး ဝတ်ထားသည့် အစိမ်းဝတ်ပညာရှင်က သူ့ဆီသို့ မြေပုံတစ်ခု လှမ်းပစ်လိုက်သည်။

ထိုလူရိပ်၏ ဓားဆန္ဒများက ကောင်းကင်ပြစ်ဒဏ်တစ်ခုကဲ့သို့ မြင့်တက်လာခဲ့၏။ အနက်ရောင်၊ အဖြူရောင်၊ အစိမ်းရောင်နှင့် အနီရောင် အလင်းတန်းများက သူတို့၏ လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးနိုင်သော နဂါး (၄)ကောင်ကဲ့သို့ လေထဲသို့ မြောက်တက်လာခဲ့သည်။

ချောင်ဖေး၏မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက ချက်ချင်းပင် ရေခဲမီးတောက်နှင့် ဝင်္ကပါကို အသက်သွင်းလိုက်သည့်အတွက် တိုက်ခိုက်မှုကို တားဆီးနိုင်ရုံသာ ရှိသည်။

"တော်တော်ကြောက်စရာကောင်းတဲ့ ဝင်္ကပါမြေပုံပဲ။ ငါက အချိန်အကြာကြီး ခံနိုင်ရည်မရှိနိုင်ဘူး။ ငါက လျှို့ဝှက်ကျင့်စဉ်ကို သုံးပြီး မိသားစုက အကူအညီကို တောင်းဆိုရမယ်…"

သူက ဆုံးဖြတ်ချက်ချလိုက်သည်။

ပင်ကျင်းတွင် ရှိနေသော ချောင်မိသားစု စံအိမ်ထဲတွင် မိသားစုခေါင်းဆောင်၏ အမိန့်အရ သိုင်းသခင်တစ်ယောက်က အလင်းတန်းတစ်ခုသဖွယ် ပြောင်းလဲပြီး ဝင်္ကပါထဲမှ ပျံသန်းလာခဲ့သည်။

သူက ဝင်္ကပါထဲတွင် ရှိနေသော ယာယီအပေါက်ထဲမှ ထွက်တော့မည့် အချိန်တွင် လေထဲ၌ လူတစ်ယောက် ပေါ်လာခဲ့၏။ သူက အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ် တောင့်တင်းသန်မာပြီး ပုံသဏ္ဍာန်က ရိုးရှင်းသည်။ သူ၏အနက်ရောင် ဆံပင်များကို သစ်သားဆံထိုးနှင့် စည်းနှောင်ထားခဲ့၏။

သူက စိမ်းပြာရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးဆန်းသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။ သူ့လက်ထဲတွင် အစိမ်းရောင် ဓားတစ်ချောင်း ကိုင်ထား၏။ သူက အေးအေးဆေးဆေး အမူအရာနှင့် ဓားကို ခုတ်ချလိုက်သည်။ ထိုဓားအလင်းတန်းက ‌ဆက်တိုက် ကွဲပြားသွားခဲ့၏။

သိုင်းသခင်တစ်ယောက်အတွက် ထိုခုတ်ချက်က ပြောင်းလဲမှု (၁)သောင်းခန့် ဖန်တီးလိုက်သလို ထင်မှတ်ရသည်။ ထိုပြောင်းလဲမှုများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်နိုင်ပြီး ဆက်လက်ပြောင်းလဲနေသည့်အတွက် မရေတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့၏။ ဓားအလင်းတန်းက ပြောင်းလဲနေရင်း ပတ်ပတ်လည်၌ ရှိနေသော စွမ်းအားများအားလုံးကို ဆက်တိုက် စုပ်ယူလိုက်သည်။

သိုင်းသခင်ကတော့ ဓားအလင်းတန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် စုပ်ယူခံရတော့မည့်အလား ရင်ထဲတွင် အေးစက်သွားခဲ့သည်။ ဖရိုဖရဲအခြေအနေက ဆက်လက်ထွက်ပေါ်လာပြီး သူကတော့ စကြဝဠာ၏ အဆုံးသတ်ကို ရောက်သွားသည့်အလား တုံ့ပြန်နိုင်ခြင်းပင် မရှိချေ။

ထိုအရာက အနီးအနားတွင် လှုပ်ရှားသွားလာရန် စွမ်းအားများကို စုပ်ယူလိုက်သည်။ ထိုနေရာတွင် မည်သည့်အရာမျှမရှိဘဲ ဖရိုဖရဲအခြေအနေတစ်ခုသာ ရှိ၏။ သူ၏အသွေးအသားများကပင် အစီအစဉ်မကျ ဖြစ်သွားပြီး ဖရိုဖရဲအခြေနေထဲသို့ ပေါင်းစည်းသွားသည်ဟု သိုင်းသခင်က ခံစားနေရ၏။

သူက ကမ္ဘာမြေကြီး၏ စွမ်းအားဆုံးရှုံးမှုကို သတိထားမိခဲ့ပြီး အရာအားလုံးက ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် သူတို့က အလွန်ကြောက်စရာကောင်းသော တိတ်ဆိတ်ငြိမ်သက်မှုတစ်ခု ဖန်တီးပေးခဲ့၏။

"အင်မော်တယ်သတ်ဖြတ်ရေးဓား..."

အကယ်၍ သူကသာ ထိုဓားချက်၏ ပစ်မှတ်ဖြစ်မည်ဆိုလျှင် သေချာပေါက် သေရမည်ဖြစ်ကြောင်း သိုင်းသခင်က သေချာသိနေခဲ့သည်။ ဖရိုဖရဲအခြေအနေက ပင်ကျင်းဝင်္ကပါ၏ အစွမ်းကိုပင် စုပ်ယူနေခဲ့၏။ သူကလည်း ဖရိုဖရဲ အကျိုးသက်ရောက်မှုမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။

သတိထားနေသည့် ချောင်ရှန်းကျိက ဝင်္ကပါ၏အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်သည်မှာ ကံကောင်းသွားခဲ့၏။ မဟုတ်လျှင် ဓားတစ်ချက်တည်းကပင် ဝင်္ကပါကို ဖျက်ဆီးပစ်နိုင်သည်။ ယခုတော့ သူတို့ကတော့ အပြင်ဘက်ကမ္ဘာကြီးနှင့် သီးခြားစီ ဖြစ်နေခဲ့၏။

မြေနတ်သမီးရေကန်၏ အပေါ်ဘက်တွင် ရှိနေသော ကျွန်းလေးပေါ်တွင် ..

ပတ်ပတ်လည်တွင် စောင့်ကြပ်နေကြသော တပည့်များက ပင်ကျင်းမှ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုကို မြင်သည့်အခါ ထိတ်လန့်သွားကြ၏။ ထိုအချိန်တွင် တပည့်များ၏ရှေ့၌ လူတစ်ယောက် ပျံသန်းလာပြီး လဲကျသွားခဲ့သည်။

"အစ်ကိုတိုင်..."

ချောင်တိုင်၏ မျက်နှာပေါ်တွင် သွေးများ ပေပွနေပြီး တစ်ကိုယ်လုံး စုတ်ပြတ်နေကြောင်း သူတို့က တွေ့လိုက်ရ၏။

ရုန်းကန်နေသော ချောင်တိုင်က စကားကို တိုးတိုးလေးသာ ပြောနိုင်ခဲ့သည်။

"အကူ အကူအညီတောင်းပါတယ်။ ချောင် ချောင်ယွမ်ကျိက အကူအညီတောင်းနေတယ်။ အစီအစဉ်က ပေါက်ကြားသွားပြီ။ သိုင်းသခင်က တိုက်ခိုက်ခံခဲ့ရတယ်…"

"ဘယ်လို..."

တပည့်များက အလွန်ရှုပ်ထွေးသွားခဲ့၏။ ထိုအချိန်တွင် ချောင်တိုင်ကတော့ မြေပေါ်သို့ လဲကျပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့လေသည်။ သူ၏တံခါး (၇) ပေါက်မှနေ၍ သွေးများ စီးကျလာနေပြီး အသက်ငွေ့ငွေ့လေးသာ ကျန်နေတော့၏။

"အစ်ကိုတိုင်..."

တပည့်များက ချောင်တိုင်ကို လာရောက်စစ်ဆေးသည့်အချိန်တွင် သူက အသက်မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူတို့က စိုးရိမ်ထိတ်လန့်နေခဲ့ကြ၏။ မိသားစုဆီမှ ပညာသင်ကြားမှုကို ရရှိထားသည့်အတွက် သိပ်မကြာခင် သူတို့က ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က ရေခဲသလင်းကျောက်၏ ပင်မဝင်ပေါက်ဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။

…………

ပင်ကျင်းတွင် ရှိနေသော ချောင်မိသားစုစံအိမ်ထဲ၌ …

ချောင်မိသားစုခေါင်းဆောင်က လက်ထဲတွင် ခရမ်းရောင်မိုးကြိုးများနှင့် ဖန်တီးထားသော ပေတံတစ်ချောင်းကို ကိုင်ထားခဲ့သည်။ သူကတော့ စွမ်းအားများကို စုစည်းလိုက်ပြီးနောက် တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့၏။ သူ၏မျက်နှာပေါ်တွင် သံသယနှင့် ဒေါသများ ပြည့်နှက်နေသည်။ သူက အခန်းထဲတွင် ရောက်နေသော တခြားလူ (၂) ယောက်ကို မနေနိုင်ဘဲ ကြည့်နေမိခဲ့၏။

သူတို့ထဲမှာ တစ်ယောက်ကတော့ နူးညံ့သိမ်မွေ့ပြီး လွတ်လပ်ပေါ့ပါးသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။ သူက အင်္ကျီပွပွကြီးကို ဝတ်ဆင်ထား၏။ သူ့မျက်နှာက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိသည်။ သူ၏အနက်ရောင် ဆံပင်များကို သစ်သားဆံထိုးနှင့် စည်းနှောင်ထားခဲ့၏။ သူ၏မျက်နှာပေါ်တွင် အစက်အပြောက်တစ်ခုမျှ မတွေ့ရပေ။

တခြားတစ်ယောက်ကတော့ အလွန်နက်ရှိုင်းသော ရေကန်ထဲတွင် ရှိနေသော ရေများကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်ခုံးက ဖြောင့်တန်းနေပြီး တောက်ပသော မျက်လုံးတစ်စုံနှင့် နှာတံချွန်ချွန် ရှိသည်။ သူ့ပုံစံက ကြည့်ကောင်းသော်လည်း သူ၏နှုတ်ခမ်းများက အနည်းငယ် ပါးလွှာနေ၏။

ထို့ကြောင့် သူက နှလုံးသားကင်းမဲ့သော လူတစ်ယောက်နှင့် တူညီနေသည်။ သူ၏မျက်လုံးထဲတွင် ခံစားချက်များ ကင်းမဲ့နေသည့်အတွက် သူ့ပုံစံက ကြောက်စရာကောင်းနေ၏။

သူတို့ကတော့ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းနှင့် အရူးမင်းသား ကောင်းလန်တို့ ဖြစ်ကြသည်။ သူတို့က ယခင်မျိုးဆက်၏ တက်ကြယ် (၂) ယောက်လည်း ဖြစ်ကြ၏။

Translated by Hein Htet.

All Chapters