ဘေးအန္တရာယ်ဘက် ဦးတည်နေခြင်း
Vol. 008 Ch. 786
၄ရက်အကြာတွင် ရှုးယွမ်ယွမ်သည် သတိမေ့နေဆဲ ဖြစ်သောကြောင့် ရှဲရုန်သည် ရှီမာယူယူအား သွားရှာလေသည်။
ရှီမာယူယူသည် အပြည့်အဝ ပြန်ကောင်းနေသည်မှာ နှစ်ရက်ကြာပြီဖြစ်သည်။ ထို့အပြင် သူမ၏ အခြေခံ ကိုယ်ခံအားမှာ သန်မာလာကာ သူမ၏ ခန္ဓာကိုယ်သည်လည်း ပိုကောင်းမွန်လာသည်။ ထိုကဲ့သို့ အပြင်ပိုင်း ဒဏ်ရာများသည် လျင်မြန်စွာ ကုသနိုင်သည်။ ဆေးများထက်ပင် ပိုအသုံးဝင်သည်။
“ယူယူ ဒီနေ့လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” ရှဲရုန်သည် ရှီမာယူယူကို ဦးဆောင်ကာ ရှုးယွမ်ယွမ်အခန်းသို့ ခေါ်သွားလိုက်သည်။ “ငါ ဘာလုပ်ပေးစရာ လိုသေးလဲ”
“သူမ အဝတ်တွေကို ကူချွတ်ပေးပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ”
ရှဲရုန်သည် ယွမ်ယွမ်၏ အင်္ကျီလက်ကို လက်မောင်းထိ မတင်ကာ ကြယ်သီးကို ဒူးခေါင်းအထိ ဖြုတ်လိုက်သည်။
“ဒီလိုဆိုဖြစ်လား”
ရှီမာယူယူ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “ဖြစ်တယ်”
သူမသည် ဆေးထုတ်ပြီး ရှုးယွမ်ယွမ်အား ကျွေးလိုက်သည်။ မိနစ်အနည်းငယ် အကြာတွင် သူမသည် အပ်များထုတ်ပြီး သူမ လက်မောင်း၊ ခြေထောက်များနှင့် ခေါင်းကို အပ်စိုက်လိုက်သည်။
သူမ နောက်ဆုံး အပ်စိုက်ပြီးနောက်တွင် ရှုးယွမ်ယွမ်၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရလောက်အောင် တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ပင့်သက်ရှိုက်ပြီးနောက် ချက်ချင်းပင် မျက်လုံးဖွင့်ကာ အဆက်မပြတ်ငိုလေသည်။
သူမ၏ မျက်လုံးများသည် ရူးသွပ်သကဲ့သို့ဖြစ်နေကာ ရောက်နေသည့် နေရာကိုလည်း သိသည့်ပုံမပေါ်ပေ။ သူမသည် ဘေးတွင်ရှဲရုန် ရပ်နေသည်ကို မြင်သောအခါ အော်လိုက်သည်။ “ရုန်ရုန် ရုန်ရုန် ဒီမှာ ထူးဆန်းတဲ့ သတ္တဝါတွေအများကြီးပဲ အဲဒီလူတွေ အကုန်သေကုန်ပြီ”
ရှဲရုန်သည် သူမလက်အား ဆုပ်ကိုင်ကာ သူမအား နှစ်သိမ့်လေသည်။ “ယွမ်ယွမ် မကြောက်နဲ့ အခု အဆင်ပြေသွားပြီ ငါတို့က ဂိုဏ်းမှာ အကုန်အဆင်ပြေနေပြီ”
“အဆင်ပြေတယ်လား” ရှုးယွမ်ယွမ်သည် ရှဲရုန်အား ကြောင်တောင်တောင်ကြည့်ကာ သူမ ခေါင်းညိတ်သည်ကို မြင်သောအခါ မျက်ရည်များ ကျလာလေသည်။ သူမသည် ရှဲရုန်အား ဖက်ထားချင်သော်လည်း ယူယူ သည် သူမရင်ဘတ်အား ရုတ်တရက် ဖိချလိုက်သည်။
“မင်းကိုယ်ပေါ်မှာ အပ်တွေနဲ့ မလှုပ်နဲ့”
ရှဲရုန်နှင့် ရှုးယွမ်ယွမ်တို့သည် သူမ အပြုအမူကြောင့် မှင်တက်သွားကာ ရှုးယွမ်ယွမ်သည် တုံ့ပြန်ရန်ပင် မေ့သွားခဲ့သည်။
ရှီမာယူယူသည် သူမအားလွှတ်ပြီး ပြောလိုက်သည်။ “မင်းလှုပ်လိုက်လို့ အပ်တွေ မင်းကိုယ်ထဲဝင်သွားရင် ငါ့ကိုအပြစ်မတင်နဲ့”
“ရှင် ... ယူယူလား” သူမသည် ယူယူအရှေ့တွင် ရှိနေသည်ကို အခုမှပင် ရှုးယွမ်ယွမ်သည် သိလေသည်။ ထို့နောက်တွင် သူမသည် အဖိခံထားရသည်ကို သတိရသွားကာ ရှက်သွားလေသည်။
“ယွမ်ယွမ် နင် ခရမ်းရောင်နုန်းမြေက ပြန်လာတော့ မေ့မြောနေတာ၊ ယူယူက နင့်ကိုကယ်ခဲ့တာ” ရှဲရုန်သည် မပြောသင့်သည့် တစ်ခုခုကို ရှုးယွမ်ယွမ် ပြောလိုက်မည်ကို စိုးသောကြောင့် အလျင်စလို ပြောလိုက်သည်။
“သြော် ကျေးဇူးပဲ ယူယူ” ရှုးယွမ်ယွမ်သည် သတိပြန်ထားကာ ပြုံးပြီး ရှီမာယူယူအား ကျေးဇူးတင်စကား ပြောလိုက်သည်။
“လှဲနေဦး မလှုပ်နဲ့၊ ငါအခုတော့ အပ်နုတ်မယ်၊ ပြီးမှ အဆိပ်သင့်နေတဲ့ သွေးတွေကို စစ်ထုတ်ရမယ်”
ရှီမာယူယူသည် အပ်များကို သိမ်းလိုက်ပြီးနောက် သူမ လက်ချောင်းကိုဖောက်ကာ အဆိပ်သင့်နေသော သွေးများကို အသင့်ပြင်ထားသော အိုးထဲသို့ထည့်လိုက်သည်။
“ပြီးသွားပြီ” ရှီမာယူယူသည် သွေးရပ်အောင်လုပ်ကာ ရှုးယွမ်ယွမ်အား ဆေးကျွေးပြီးနောက် အပ်များကိုသိမ်းရင်း လှည့်ပြောလေသည်။ “အဆိပ်တွေတော့ မရှိတော့ဘူး၊ သူမ အကုန်ကောင်းသလောက် ဖြစ်နေပြီ၊ သွေးတွေလည်း အများကြီး ဆုံးရှုံးထားတယ်၊ သွေးပြန်လည်ပတ်ဖို့ ဒီဆေးနှစ်လုံး ပေးခဲ့မယ်၊ နောက်မှ ဆေးနှစ် နှစ်လုံးသောက်လိုက်ပါ”
“ကျေးဇူးတင်ပါတယ် ယူယူ” ရှဲရုန် ပြောလိုက်သည်။
“ရပါတယ် သူမအဆင်ပြေသွားပြီ ဆိုတော့ ငါသွားလိုက်ဦးမယ်”
“ငါ လိုက်ပို့ပေးမယ်”
“မလိုတော့ဘူး သူမက အခုမှနိုးလာတာ၊ အဲဒီတော့ သူမကို အဖော်လုပ်ပေးလိုက်ဦး၊ ဂိုဏ်းထဲမှာ ငါ လမ်းမပျောက်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည်။ “ဟုတ်သားပဲ ငါ နောက်ကို ပြိုင်ပွဲသုံးခု ညီလာခံအတွက် ပြင်ဆင်ဖို့ တံခါးပိတ် ကျင့်ကြံတော့မှာ၊ နောက်ပိုင်းကို ငါ့ကို ဘယ်သူမှ လာမရှာဖို့ မျှော်လင့်ပါတယ်”
“စိတ်ချပါ ဒါကို ငါဘယ်သူ့ကိုမှ မပြောပါဘူး” ရှဲရုန် ကတိပေးလိုက်သည်။
သို့သော် ထိုသတင်းမှာ ပြန့်သွားသည်။ သို့သော် ထိုပျံ့နှံ့မှုမှာ ရှဲရုန်တို့ဘက်မှ မဟုတ်ဘဲ ဆရာများဘက်မှ ပြန့်သွားခြင်းဖြစ်သည်။
ဆရာများသည် ရှုးယွမ်ယွမ်အား ကယ်ရန်ပြင်ဆင်နေတုန်းမှာပင် ရှဲရုန်နှင့် တခြားသူများသည် ရှုးယွမ်ယွမ် ပျောက်ကင်းသွားပြီဟု လာပြောလေသည်။ ဆရာများသည် အချိန်မီ မရောက်မှာကို စိုးရိမ်နေကြကာ သူမ ပျောက်ကင်းသွားပြီဟု သတင်းကြားလေသည်။ သည်လိုနှင့် သူတို့သည် ရှီမာယူယူ မည်သည့်နည်းဖြင့် ကုခဲ့ခြင်းကို မေးမြန်းလေသည်။
ရှဲရုန် သူ့ကို ပြောပြနေစဉ်အတွင်းတွင် ကျောင်းသား တစ်ယောက်သည် ဖြတ်လျှောက်သွားခဲ့သည်။ ထိုကျောင်းသား ကြားသွားကာ ပါးစပ်မှ ကရားရေလွှတ်လိုက် သကဲ့သို့ပင်။ သည်လိုနှင့် ဆရာများပင် မကုနိုင်သည့်ကျောင်းသားကို ရှီမာယူယူ ကုလိုက်သည့် သတင်းမှာ တစ်ကျောင်းလုံး တောမီးလောင်သလို ပျံ့နှံ့သွားလေသည်။
လျှပ်စီးအဖွဲ့မှ ကျင့်စဉ်အမှတ် ၃၂၀၀၀ ရသည့်သတင်းထွက်သည်မှာ ကြာသေးကာ ရှီမာယူယူ၏ သတင်း ထွက်လာပြန်သည်။ လျှပ်စီးအဖွဲ့သည် ပုံပြင်ထဲမှ နတ်သားများကဲ့သို့ ဖြစ်လာကြသည်။ လူတိုင်းသည် သူတို့အဖွဲ့သို့ ဝင်ချင်လာကြသည်။
သို့သော် သူတို့သည် ရှီမာယူလင်းတို့ကို သွားရှာကြသော်လည်း တစ်ယောက်မှ မရှိသည်ကို တွေ့လိုက်ရသည်။ သူတို့သည် တစ်အိမ်တည်းနေကြသော ဟော့ဘာယန်အာတို့ကို မေးမြန်းရာ အားလုံးခွင့်ယူ သွားသည်ဟုသာ ကြားခဲ့ရသည်။
ရှီမာယူယူသည် ခွင့်မယူပဲ ရှုဂျင်း၏ ခွဲခွာခြင်း ဥယျာဉ်တွင် ရှိနေသည်။ ဘယ်သူမှ ထိုနေရာသို့ မသွားရဲကြပေ။
ထိုအချိန်တွင် ရှီမာယူယူသည် ခြံအနောက်ဘက်တွင် အရသာရှိသော အစားအစာများကို စားနေသည်။
“ဂျူနီယာလေး မင်းဘယ်လောက်တောင် ကံမကောင်းလိုက်လဲ၊ ဒီလောက်အကြာကြီး အပြင်ထွက်သွားတယ် ဒဏ်ရာတွေ အများကြီးရလာတယ်” သူ ကြက်ပေါင်နှင့် သစ်သီးဝိုင် သောက်နေစဉ်တွင် ဟန့်မြောင်ရွှမ် ပြောလေသည်။ သူမသည် ရှီမာယူယူ၏ ဆိုးဝါးသော ကံတရားကို ချီးကျူးသကဲ့သို့ ရယ်မိလေသည်။
ရှီမာယူယူ သက်ပြင်းချကာ ပြောလေသည်။ “ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ကံမကောင်းဘူးလို့ ထင်တာပဲ”
သူမသည်ပြီးခဲ့သည့် လများကိုစဉ်းစားကြည့်ရာ မိုးကြိုးနှစ်ကြိမ် အပစ်ခံရပြီး သေဆုံးခြင်းရောင်ဝါကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ဘယ်သူမှ သူမလောက် “ကံကောင်း” တော့မည်မဟုတ်ပေ။
“တခြားသူတွေဆိုရင် ခြေတွေလက်တွေလောက်ပဲ ဒဏ်ရာရမှာ မင်းလည်းကြည့်ဦး တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်တွေချည်းပဲ ခေါင်းအစခြေအဆုံး၊ အပြင်ရော အထဲရောပဲ၊ နေရာ တစ်နေရာစာတောင် မကျန်တော့ဘူး” ကျန်းကျူကျိ စနောက်သည်မှာ ရှားပါးသည်။ သို့သော် ရှီမာယူယူအတွက် မရယ်ရပေ။
“အစ်ကို့မျက်လုံးထဲမှာ ပျော်နေတယ်လို့ ဘာလို့တွေ့နေရတာလဲ” ရှီမာယူယူသည် သူ့အား မကျေနပ်စွာကြည့်ကာ “ကျွန်တော့်ကို ဆက်ရယ်နေမယ်ဆိုရင် နောက်တစ်ခါ ဟင်းမချက်ပေးတော့ဘူး”
“ငါက မင်းကိုရယ်တာမဟုတ်ဘူး အမှန်ကိုပြောတာ” ကျန်းကျူကျိ ပြောလေသည်။ “ကြည့်လေ မင်း ဒဏ်ရာရတိုင်း အကုန်လုံး စိတ်မပူရတာ ဘယ်အချိန်ရှိလို့လဲ၊ မင်း ညီကိုကယ်တုန်းကရော ဘယ်လိုလဲ မင်းကိုယ်မင်း ပုံစံမဲ့ကမ္ဘာထဲ ပစ်သွင်းလိုက်တာ၊ မင်းငှက်ဥသွားစုမယ် ဆိုတော့လည်း အံ့ဖွယ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ရာလောက်ကို ဘာမှမဟုတ်သလို မိုးကြိုးပစ်ချတယ်၊ ပြီးတော့ မင်းကိုယ်မင်းလည်း အရေခွံကွာအောင်ထိ ပစ်ခိုင်းတယ်၊ ပြီးတော့ မင်းသတင်းသွားစုံစမ်းမယ် ဆိုပြီး နတ်ဆိုးမျိုးနွယ်ဝင်တွေ သတ်တာခံရတော့မလို ဖြစ်သွားတယ်၊ မင်းအသက်ရှည်ကြောင်း ပြချင်တာလား မဟုတ်ရင် မင်းခက်ခက်ခဲခဲ အသက်ရှင်နေရတယ် ဆိုတဲ့ အကြောင်းပြချင်တာလား”
“ဟူး ...” ရှီမာယူယူသည် သက်ပြင်းရှည် ချလိုက်သည်။ “စီနီယာ ကျွန်တော့်ရဲ့ ကံကောင်းမှုကို စီနီယာ့ကို ပေးမယ် ဟုတ်ပြီလား”
“မင်းငါ့ကိုပေးလည်း အသုံးမဝင်ဘူး” ကျန်းကျူကျိသည် သူမ ကင်ထားသော ကြက်တောင်ပံကို ယူလိုက်သည်။
“. ...” ရှီမာယူယူသည် ဆွံ့အသွားသည်။ သူက သူမနဲ့ ရင်းနှီးအောင် မနေပေးနိုင်ဘူးလား။
“ဂျူနီယာလေး စိတ်ချထား ဆရာမရှိပေမဲ့ ငါတို့က မင်းကိုဂရုစိုက်မှာပါ” စူးရှောင်ရှောင်သည် လေးနက်စွာ ပြောလေသည်။
“အင်း” ရှီမာယူယူသည် ခေါင်းညိတ်ကာ မိုးခိုသားယူပြီး ကင်လိုက်သည်။ သူမမျက်နှာတွင် စိုးရိမ်မှု အပြည့်ပင်။
ဟန့်မြောင်ရွှမ်အတွက် ပါးစပ်တွင်ပြည့်နေကောင် အသားစားကာ ဝိုင်သောက်ရသည်မှာ အလွန် ကောင်းမွန်သော ခံစားချက်ဖြစ်သည်။ ရှီမာယူယူ မလှုပ်မယှက် ရှိနေသည်ကို သူမ မြင်သောအခါ တံတောင်နှင့်တွတ်ကာ ပြောလေသည်။ “ဂျူနီယာ ဆရာ့အတွက် အရမ်းကြီး မစိုးရိမ်နဲ့၊ သူက ကိစ္စတစ်ခုအတွက် သွားမယ်လို့ပြောတာ၊ ဒါပေမဲ့ သူက အပြောင်းအလဲ ဖြစ်ချင်လို့နေမှာပါ စိုးရိမ်ဖို့မလိုဘူး”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်ပြီး ပြုံးရန် ကြိုးစားသော်လည်း သူမ မပြုံးနိုင်ပေ။
သူက သူ့အသက် ကျောက်စိမ်းကိုတောင် ထားသွားတာမလား။ အဲဒါက အဆိုးဘက်ကို ညွှန်ပြတဲ့ သဘောပဲမလား။
***