← Chapters

အခန်း (၈၁၀)

Vol. 55 Ch. 810

အခန်း (၈၁၀)

Vol. 55 Ch. 810

လူငယ်သည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ငွေတစ်သန်းကို ကြုံသလို ထုတ်ကာ ပေးခဲ့၏။ ဤအရာသည် တကယ့်ကို မိတ်ဆွေကောင်းတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော သူမျိုးကို ကျိန်းသေပေါက် မိတ်ဆွေ ပြုလုပ်ရပေမည်။

“ဆာနေသေးလား၊ နောက်ထပ် ထမင်းကြော်တစ်ပန်းကန်လောက် စားချင်သေးလား”

“ထမင်းကြော်စားတာ အာဟာရ မပြည့်ဘူးလေ”

“ကျိရှု... မြစ်ထဲကိုသွားပြီးတော့ ငါးတချို့ ဖမ်းခဲ့၊ တုတုကို ငါးချိုချဉ်လုပ်ခိုင်းရမယ်”

ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားတတ်သရောဖြင့် ဖော်ရွေပျူငှာလျက်ရှိနေတော့၏။

“ငါးချိုချဉ် ဟုတ်လား”

လူငယ်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒါက အရှေ့တောင်ရန်ကျူးရဲ့ စားဖိုမှူး ပြိုင်ပွဲမှာ လျှိုဝမ်ရှစ်ဆိုတဲ့ မိန်းကလေး လုပ်တဲ့ဟင်းမဟုတ်ဘူးလား”

“မင်း ဒါကို ကြားဖူးတယ်ပေါ့” ကျွင်းချောင်ရှောင်းသည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

“ကြားဖူးတာပေါ့”

လူငယ်က ပြောလိုက်၏။ “ကျုပ်ဆီမှာ တခြားဝါသနာမျိုးတော့ မရှိဘူး၊ ဒါပေမဲ့ လောကကြီးမှာ ရှိတဲ့ အရသာရှိတဲ့အစားအစာတွေ စားသုံးရတာကိုတော့ကြိုက်တယ်”

ဟုတ်ပေသည်။ သူသည် ကျန်းတယ်ကျွင်းနှင့် တူညီသောဝါသနာရှိသည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ ဆိုးသည်မှာ ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင်တော့ အမှိုက်တစ်စ ကဲ့သို့ပင်ဖြစ်၏။ ထို့ကြောင့် ဂိုဏ်းထဲသို့ အတင်း ဆွဲခေါ်ရန် မလိုအပ်ချေ။

နေအုံး ... ဒီကောင်လေးက ချမ်းသာတယ်၊ ဒီတော့ ဂိုဏ်းထဲကို ဝင်ချင်တယ်ဆိုရင်လည်း ကျိန်းသေပေါက် လက်ခံ ပေးရမှာပေါ့။

အဟမ်း .. အဟမ်း …။

ကျွင်းချောင်ရှောင်းသည် လည်ချောင်းကို ရှင်းပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “သူမနာမည်က လျှိုဝမ်ရှစ်လေ၊ ငါးချိုချဉ်ဆိုတာ သူမလုပ်တာပေါ့”

“ဟမ်”

လူငယ်လေးသည် မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ ပြောလိုက်သည်။ “ခင်ဗျားက လျှိုဝမ်ရှစ်ပေါ့”

“ဟုတ်ပါတယ်” လျှိုဝမ်ရှစ်က ပြောလိုက်သည်။

“ကောင်းကင်ဘုံ… ကောင်းကင်ဘုံ”

လူငယ်လေးသည် မတ်တပ်ထရပ်လိုက်သည်။ ပြီးသည့်နောက် သူ၏ မျက်နှာအား အသာလက်ဝါးဖြင့် ရိုက်လိုက် သည်။ “အင်း.. ငါအိမ်မက် မက်နေတာလား၊ မဟုတ်သေးပါဘူး၊ တကယ်နာတာပဲ”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ရင်ကိုကော့ကာ မိမိကိုယ်ကို မိတ်ဆက်လိုက်၏။ “ဒီနိမ့်ကျတဲ့လူက ကျွင်းချောင်ရှောင်းလို့ ခေါ်တယ်လေ၊ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

လူငယ်လေးသည် သူ့အား လုံးဝကို ဂရုမစိုက်ချေ။ လျှိုဝမ်ရှစ်အား ကြည့်ရှုကာ ပြောလိုက်၏။ “ထမင်းကြော်က ဒီလောက်အရသာရှိနေတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး၊ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲမှာ ဗိုလ်ဆွဲသူ ကိုယ်တိုင် ချက်ထားတဲ့ ထမင်းကြော်ကိုး”

“သူငယ်ချင်းလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းဘယ်သူလဲဆိုတာ ငါကောင်းကောင်း မသိသေးဘူး”

“မိန်းကလေးလျှို”

လူငယ်သည် လေးလေးနက်နက် ပြောလိုက်၏။ “မင်းလုပ်ထားတဲ့ ငါးချိုချဉ်ကိုသာ စားရမယ် ဆိုရင် သုံးဘဝ သုံးဌာနမှာ တကယ့်ကို ကောင်းချီးရတဲ့ကိစ္စ ဖြစ်လိမ့်မယ်”

“........” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိသည်။ ဂုဏ်သိက္ခာထည်ဝါကြီးမားလှသော ဂိုဏ်းချုပ်တစ်ယောက်သည် ဤကဲ့သို့ လျစ်လျှူရှုခြင်းကို ခံထားရသည်။ အစားအသောက်သူရဲများ၏ နှလုံးသားထဲတွင် ဂိုဏ်းချုပ်ဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။ အရေးကြီးသည်မှာ စားဖိုမှူးများပင် ဖြစ်ပေလိမ့်မည်။

“ကျိရှု... ဘာရပ်ကြည့်နေတာလဲ”

ကျွင်းချောင်ရှောင်းသည် ဆော်ဩလိုက်၏။ “မြန်မြန်ဆန်ဆန် ငါးသွားဖမ်းတော့”

“ကောင်းပါပြီ”

ခရမ်းရောင်ဘုရင်သည် လျင်လျင်မြန်မြန် ထွက်ခွာသွား၏။ သာမန်အားဖြင့် သားရဲများ၏ဘုရင် ဖြစ်သည်မို့ ဤကိစ္စရပ်များကို ပြုလုပ်ရသည်မှာ ရှက်ရွံ့စရာပင်ဖြစ်သည်။ သို့ပေမဲ့ မကြာခင်မှာ လျှိုဝမ်ရှစ် ချက်ပြုတ်ထားသော ငါးချိုချဉ်ကို စားသုံးရမည်ဆိုသည်ကို စဉ်းစားမိသည့်အချိန်မှာတော့ သူသည် ဇွဲကောင်းကောင်းဖြင့် ငါးသွားဖမ်းရန် စဉ်းစားလိုက်မိတော့သည်။

“သူငယ်ချင်းလေး... ကျုပ်တပည့်က အင်ပါယာမြို့မှာရှိတဲ့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို သွားပြီးပြိုင်မှာလေ၊ ဒီတော့ ဒီလိုချက်ပြုတ်တဲ့အချိန်မှာ အချိန်တွေ နှောင့်နှေးသွားမှာ စိုးရတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လူငယ်သည် သူ၏ဆိုလိုရင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။ “ကျုပ်.. ကျုပ်ဆီမှာ ပိုက်ဆံမရှိဘူး”

“ပိုက်ဆံမရှိဘူးဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့်အမူအရာများ ပေါ်လာတော့ သည်။

“ဒါပေမဲ့”

လူငယ်သည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ရှိတယ်၊ တကယ်လို့ မိန်းကလေးလျှိုသာ စိတ်မရှိဘူးဆိုရင် ကျုပ်က အချိန်နှောင့်နှေးစေတဲ့အတွက် ဒါကိုပေးဖို့ အဆင့်သင့်ပါပဲ”

“စိတ်မရှိဘူး၊ စိတ်မရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ငွေသားတစ်သန်းနှင့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း - ဤအရာသည် တကယ့်ကို မိတ်ဆွေ တစ်ယောက်ဖြစ်စေဖို့ လုံလောက်သည့် အကြောင်းအရာများပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဤကဲ့သို့ များပြား လှသော ပစ္စည်းများနှင့် အသုံးအဆောင်များကို ယူကာ လမ်းပေါ်သို့ လျှောက်သွားနေရသနည်း။ လုယူခံရမည်ကို မစိုးရွံ့ဘူးလား သို့မဟုတ် မိသားစုမှာ အလွန်အမင်း ချမ်းသာလွန်းသောကြောင့် ဤကဲ့သို့သော ပိုက်ဆံမျိုးကို ပိုက်ဆံဟုပင် မတွက်ခြင်းပင် ဖြစ်နေနိုင်သည်။ လောကကြီးတွင် ချမ်းသာခြင်းကို ပိုင်ဆိုင်သောသူများသည် မိမိ လုပ်ချင်တာကို လုပ်ချင်နိုင်စွမ်း ရှိနေလေ၏။

လူငယ်သည် အမှန်ပင် ရက်ရောလှသူတစ်ယောက်ဖြစ်၏။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းကို ထုတ်ပေးလိုက်ရသည်ဆိုသော်လည်း တစ်ချက်ကလေးမှ မျက်မှောင်မကုတ်ခဲ့ချေ။ ဤအရာများသည် ၎င်းပိုင်ဆိုင် သည့်အရာ ဟုတ်ရဲ့လားပင် သံသယဝင်စရာ ရှိနေသည်။

“ငါး ရောက်ပါပြီ” ခရမ်းရောင်ဘုရင်သည် ရေကန်ထဲမှ ငါးအနည်းငယ်ကို ဖမ်းယူခဲ့ပြီးဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “တုတု... ဒီရောင်းရင်းလေးအတွက် ငါးချိုချဉ် ကောင်းကောင်းလေး လုပ်ရအောင်”

“ကောင်းပါပြီ”

လျှိုဝမ်ရှစ်သည် ရင်ကာကို အသာကောက်ဝတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အကောင်းမွန်ဆုံးသော ငါးတစ်ကောင်ကို ရွေးချယ်လိုက်တော့သည်။ ပြီးနောက် စဉ်းတီတုံးပေါ်တင်ကာ ကျွမ်းကျင်စွာဖြင့် အကြေးခွံနှင့် အတွင်းကလီစာများကို ဖယ်ရှားတော့သည်။

လူငယ်သည် ထပ်၍ ရေရွတ်လိုက်မိ၏။ “တကယ့်ကို လှုပ်ရှားနေတဲ့ပုံစံက ရေကဲ့သို့ပဲ၊ မိန်းကလေးလျှိုက တကယ့်ကို ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက် ဖြစ်ရမယ်”

....................

နာရီဝက်လောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ အိုးထဲတွင် ‘U’ ပုံစံမျိုး ဖန်တီးထားသော ငါးချိုချဉ်တစ်ပွဲ ဖြစ်တည်လာခဲ့ပြီဖြစ်သည်။ ထိုအရာသည် သိုလှောင်လက်စွပ်ထဲမှ ထုတ်ဖော်ထားသော ထမင်းစားပွဲပေါ်တွင် ရောက်ရှိလျက်ရှိ၏။

“စားကြည့်ပါအုံး” လျှိုဝမ်ရှစ်က ပြောလိုက်သည်။

“ကောင်းပြီ” လူငယ်သည် စားပွဲခုံပေါ်တွင် ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ အထဲတွင်တော့ ပန်းကန်ပြား၊ ဇွန်းနှင့် တူတစ်စုံတို့ ရှိနေ၏။ အရောင်ကို ကြည့်ရသည်မှာ ရွှေဖြင့် ပြုလုပ်ထားပုံပေါ်၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ရေရွတ်လိုက်သည်။ “တကယ့်ကို ချမ်းသာတဲ့လူပဲ”

သူ့အနေနှင့် ဝါးတူနှင့်သာ စားသုံးခဲ့ဖူးသည်။ တစ်ခါတစ်ရံတွင် စနစ်ဆီမှ ဝယ်ယူထားသော အသုံးအဆောင်ပစ္စည်း များတွင်ရှိသည့် ပန်းကန်ပြားများတချို့နှင့်လည်း စားသုံးခဲ့ဖူးသည်။ သို့ပေမဲ့ ရွှေဖြင့်ပြုလုပ်ထားသော ပန်းကန်၊ ခွက်ယောက်များနှင့်တော့ တစ်ခါမှ စားသုံးခဲ့ဖူးခြင်း မရှိချေ။

လျှိုဝမ်ရှစ်၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်သည့် အမူအရာများ ဖြတ်ပြေးသွားခဲ့၏။ သူမ အံ့အားသင့်နေသည် မှာ လူငယ်ထုတ်ဖော်အသုံးပြုလိုက်သည့် ရွှေပန်းကန်၊ ခွက်ယောက်များကို မဟုတ်ချေ။ တစ်ဖက်လူ၏ အစားအသောက်စားသုံးသည့် ပုံပန်းသွင်ပြင်ကို သူမ အံ့အားသင့်နေခြင်းပင်ဖြစ်သည်။

လူငယ်သည် အစားအစာကို ဖြည်းညှင်းစွာ တူဖြင့်ညှပ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူ၏မျက်နှာတစ်ခုလုံးသည် လေးနက်လျက် ရှိ၏။

ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ “သူက တကယ့်ကို အစားအစာနဲ့ပတ်သက်ရင် ကျွမ်းကျင်သူဖြစ်ရမယ်”

လူငယ်လေးသည် ငါးကို တူနှင့်ညှပ်ကာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်၏။ ထိုအချိန်မှာတော့ ငါးကို မဝါးခဲ့ချေ။ လျှာပေါ်သို့တင်ကာ အကောင်းမွန်ဆုံးအရသာကို အာရုံခံလျက်ရှိသည်။ သူသည် မျက်မှောင်ကုတ်သွား၏။ ပြီးနောက် မျက်မှောင်လျော့သွားသည်။ ထပ်မံ၍ မျက်မှောင်ကုတ်သွားသည်။ လူငယ်၏ မျက်နှာပေါ်တွင် ရှိနေသော အမူအရာသည် ဆက်တိုက်ဆိုသလိုပဲ ပြောင်းလဲနေ၏။ တိုက်ပွဲစစ်မျက်နှာပြင်တွင် ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခု တိုက်ခိုက်နေသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်နေသည်။

“ညီငယ်လေး.... ဘာလို့မစားသေးတာလဲ” ကျွင်းချောင်ရှောင်းသည် ဘေးနားကကြည့်၍ အားမလို အားမရ ဖြစ်နေ၏။ သူသည် အလျင်အမြန်နှင့် ပြေးသွားပြီး လူငယ်၏ မေးရိုးကို တခွပ်ခွပ်ဖြင့် ရိုက်၍ ဝါးစားရန် စေခိုင်းချင်စိတ်ပင်ပေါက်မိနေ၏။

သေသေချာချာ အရသာခံပြီးသည့်နောက် လူငယ်သည် စတင်ကာ ဝါးတော့သည်။ သူ၏ သွားတစ်ချက် လှုပ်ရှားမှုတိုင်းသည် တကယ့်ကို အဓိပ္ပာယ်များနှင့် လေးနက်လျက်ရှိသည်။ ၎င်းသည် မျက်လုံးကို မှိတ်ထားပြီးနောက် ၎င်းသည် ဘုံကိုးပါးဆီသို့ လွင့်မျောသွားသည့်ပုံပင် ပေါ်နေသည်။

တောက် တောက်

ကောင်လေး၏ မျက်လုံးအိမ်မှ မျက်ရည်များပင် ကျဆင်းလာပြီး စားပွဲပေါ်သို့ပင် ကျလာ၏။ လူငယ်သည် ပါးစပ် ထဲတွင် ရှိနေသော ငါးများကို မြိုချပြီးသည့်နောက် တူကို ဘေးတစ်ဖက်ဆီသို့ ချလိုက်ပြီးနောက် မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။ “ဒီလောက် အရသာရှိတဲ့ အစားအစာကို စားသုံးပြီးတဲ့နောက် ကျုပ်ဘဝမှာ နောင်တ ဆိုတာ မရှိတော့ဘူး”

“........” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဒီကောင်လေးသည် ငယ်ရွယ်လှသည်ဆိုသော် လည်း စကားလုံးနှင့် လှုပ်ရှားပုံများမှာ အလွန်ပင် အတွေ့အကြုံများလှသည့် လူတစ်ယောက်ဖြစ်ပုံပေါ်သည်။

လူငယ်သည် စားပွဲနှင့် ပန်းကန်ခွက်ယောက်များကို သိုလှောင်လက်စွပ်ထဲကို ပြန်လည်သိမ်းဆည်းကာ ပြောလိုက်၏။ “ဒီလောက်ကောင်းတဲ့ အစားအစာကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းထဲ ပေးရတာ မထိုက်တန်ဘူး၊ ရော့... နောက်ထပ်သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းယူလိုက်အုံး”

ကျွင်းချောင်ရှောင်းသည် လျင်လျင်မြန်မြန် လှမ်းယူလိုက်၏။ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “စားတဲ့ပုံကြည့်ရတာ တကယ့်ကို အစားအသောက် ကျွမ်းကျင်သူတစ်ယောက်နဲ့တူတယ်”

လူငယ်သည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “ကျုပ်က အပျင်းတစ်ယောက်ဆိုပေမဲ့ အစားအစာနဲ့ ပတ်သက်ရင် ဗဟုသုတ အများကြီး ရှိတယ်လေ၊ သာမန်အစားအစာတွေ ကျုပ်ပါးစပ်ထဲ ထည့်လို့မရဘူး”

“ဆာလောင်ပြီးတော့တောင် သတိမေ့သွားတယ်ဆိုတော့ ကိုယ်မကြိုက်တဲ့ အစားအစာကို ပါးစပ်ထဲ မထည့်ချင်လို့ ဖြစ်ရမယ်၊ ကျုပ်နားလည်ပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။

လူငယ်သည် ပြုံးကာဖြင့် ပြောလိုက်တော့သည်။ “ကျုပ်ဗိုက်ပြည့်သွားပြီ”

“တစ်လုတ်ပဲစားရသေးတယ်၊ ဗိုက်ပြည့်သွားပြီလား” ကျွင်းချောင်ရှောင်းသည် ကြောင်အမိသွား၏။

လူငယ်က ပြောလိုက်သည်။ “ဆာလောင်မှုကို ကျေနပ်စေဖို့ စားတာမဟုတ်ဘူး၊ အရသာကို သေသေချာချာခံပြီး စားတာ၊ ပြီးတော့ ကျုပ်က ထမင်းကြော်တစ်ပန်းကန်ကို စားခဲ့သေးတယ် မဟုတ်လား”

.................

ဤကဲ့သို့ ကြောင်တောင်တောင် စိတ်ထားရှိသည်မို့ ဆာလောင်ပြီး သတိလစ်မေ့မျောခဲ့ရသည်မှာ ထိုက်တန်သည်။

“ဒါက”

ခရမ်းရောင်ဘုရင်က ဘေးမှနေ၍ ပြောလိုက်သည်။ “ကျုပ် ဝင်စားလို့ရလား”

လူငယ်သည် စားသောက်ရင်း မျက်ရည်ကျသည်ကိုမြင်တော့ သူ၏ဝမ်းဗိုက်ထဲတွင် တိုက်ပွဲများပင် ဖြစ်လျက် ရှိနေတော့၏။

“စားလေ”

ဝှစ်

ခရမ်းရောင်ဘုရင်သည် ရှေ့သို့လှမ်းတက်လာ၏။ သူသည် လူငယ်ကဲ့သို့ ကျွမ်းကျင်လှသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ပါးစပ်ကြီးကိုဟကာ တစ်ခါတည်း ကိုက်စားတော့သည်။ ပြီးသည့်နောက်မှာတော့ မျက်ရည်များ ကျဆင်းလာတော့သည်။

..................

“နာမည်က ဘယ်လိုခေါ်လဲ ညီငယ်လေး”

“ကျုပ်နာမည်က ချင်ပါ၊ ချင်ပုတောင်လို့ ခေါ်ပါတယ်”

“နာမည်ကောင်းတစ်ခုပဲ”

“ဂိုဏ်းချုပ်ကျွင်းက မိန်းကလေးလျှိုကို ခေါ်ပြီးတော့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲမှာ သွားပြိုင်လိမ့်မယ်လို့ပြောတာ ကျုပ်ကြားခဲ့တယ်”

“ဒါက အမှန်ပဲလေ”

“ကျုပ်လည်း အင်ပါယာမြို့ကို သွားမှာပဲလေ၊ တူတူသွားကြမလား”

“ပြဿနာ မရှိဘူး၊ ဒါနဲ့ ညီငယ်လေးက ဘာလို့ အင်ပါယာမြို့ကို သွားမှာလဲ”

“အင်ပါယာမြို့မှာရှိတဲ့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်ဖို့အတွက် ကျုပ်ကို ဖိတ်ကြားထားကြ တယ်လေ”

“အမ်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်လိုက်၏။ ပြီးနောက် နဝေတိမ်တောင်ဖြင့် ပြောလိုက်သည်။ “မင်း... မင်းက စားဖိုမှူးနတ်ဘုရားပြိုင်ပွဲရဲ့ ဒိုင်လူကြီးလား”

“ဒီမှာလေ ကျုပ်ရဲ့ ဒိုင်လူကြီးကတ်ပြား” ချင်ပုတောင်သည် ရွှေရောင်လင်းထိန်လျက်ရှိသော ကတ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအပေါ်တွင်တော့ လေးဆယ့်ကိုးကြိမ်မြောက် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ ဒိုင်လူကြီး ဟူ၍ ရေးသားထားသည်။

ချီးတဲ့မှ... သူက တကယ့်ကို ဒိုင်လူကြီးတစ်ယောက်ပဲ။

“ညီလေးချင်... မင်းနဲ့ ကျုပ်နဲ့က စစတွေ့ချင်းကတည်းက ရေစက်ပါတယ်လို့ ဆိုရမယ်၊ စောစောစီးစီးထဲက မတွေ့ခဲ့တာတော့ နှမျောစရာပဲ၊ ဒီတော့ ငွေသားတွေနဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးနှစ်သောင်းကို ကျုပ်ယူလို့ မဖြစ်ဘူး၊ မြန်မြန်ဆန်ဆန် ပြန်ယူလိုက်ပါတော့”

All Chapters