← Chapters

သူမ၏ သံသယဝင်မှု

Vol. 008 Ch. 787

သူမ၏ သံသယဝင်မှု

Vol. 008 Ch. 787

“ဂျူနီယာညီလေး မစိုးရိမ်နဲ့ ဆရာ အဲဒီအဘိုးကြီးက အန္တရာယ်တွေ သိန်းချီဖြတ်ကျော်လာတာ၊ လွယ်လွယ်နဲ့ မသေဘူး” ကျန်းကျူကျိသည် ကြမ်းတမ်းစွာ ပြောလေသည်။

သို့သော် သူတို့ပြောသမျှသည် သူမကို စိတ်အေးအောင် မလုပ်နိုင်ပေ။ သူမသည် မသိသာအောင် နေရသည်။

ဆရာဘယ်သွားလဲ ဆိုတာ သူတို့သိရဲ့လား။ မဟုတ်ရင် သူတို့ဒီလောက် တည်ငြိမ်နိုင်မှာ မဟုတ်ဘူး။

“ဟုတ်သားပဲ ရှောင်ချီက ဘာလို့ပြန်မလာသေးတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“သူမက ဆင့်ကဲဖြစ်စဉ်ကြားထဲ ရောက်နေတာ၊ ခဏလောက်တော့ ပြန်မလာနိုင်သေးဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ရှောင်ချီက လူသားမဟုတ်ဘူးလား” စူးရှောင်ရှောင် သက်ပြင်းချလေသည်။

“ဆင့်ကဲဖြစ်စဉ် ဟုတ်လား” ကျန်းကျူကျိသည် မျက်လုံးကျဉ်းလိုက်သည်။ ဝိညာဉ်မိစ္ဆာ အများစုသည် ဆင့်ကဲဖြစ်စဉ်သို့ မရောက်နိုင်ကြပဲ သွေးသားနိုးထသော ဝိညာဉ်မိစ္ဆာများသာ မြင့်သောအဆင့် ရောက်မှပင် အသွင်ပြောင်းနိုင်ကြသည်။

ရှောင်ချီသည် ဆင့်ကဲဖြစ်စဉ် လုပ်ဆောင်နေသည်ဆိုတော့ သူမက ဘာလဲ။

ထိုအချိန်တွင် ဖက်တီးကျူနှင့် တခြားသူများသည် ထူးခြားသော သတ္တဝါတစ်ကောင်ကို ပါးစပ် အဟောင်းသားဖြင့် ကြည့်နေကြသည်။

“ဒါက တကယ်ပဲရှောင်ချီလား” ဖက်တီးကျူသည် ရှောင်ချီအား မယုံကြည်စွာဖြင့် တအံ့တသြ ကြည့်နေလေသည်။

“တကယ်ကို အံ့သြလောက်စရာပဲ” ဘာသိဘာသာနေတတ်သော ရှီမာယူလင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူတို့ဝင်စဉ်က ရှောင်ချီသည် ဆင့်ကဲဖြစ်စဉ်ကြား ရောက်နေသည်ဟု ရှီမာယူယူ ပြောခဲ့သဖြင့် သူတို့ ကြည့်ရန်ရောက်လာခြင်း ဖြစ်သည်။ သူတို့ရှေ့မှာ ရွေးချယ်ခံရသူကို မြင်ရမယ်လို့ ဘယ်သူထင်မိမှာလဲ။

“ယူယူ ဒီကိုရောက်တာမှ မကြာသေးဘူး ဘာလို့ ကမ္ဘာမြေကြီး မျက်လုံးရတာပါလိမ့်လို့ ထင်နေတာ၊ ဆရာကြီးက ဒီမှာရှိနေတာကိုး” ဝေကျိရွှီသည် ခေါင်းယမ်းလေသည်။

အတွင်းဂိုဏ်းသို့ ဝင်ပြီးနောက်တွင် သူတို့သည် ကမ္ဘာမြေကြီး မျက်လုံးသတင်းကို ရှာဖွေခဲ့ကြသည်။ သို့သော် သူတို့သည် တစ်နှစ်ကြာပြီးသည်အထိ သတင်းအစအန ရှာမရခဲ့ပေ။ သို့သော် ရှီမာယူယူသည် အချိန်တို အတွင်းတွင် ရှောင်ချီကို သိကျွမ်းခဲ့ကာ သူမဆီမှ လက်ဆောင်ရခဲ့သည်။

လူသားတစ်ယောက် အနေနှင့် သူတို့သည် စပ်စုချင်ကြသည်။

“ရှောင်ချီက ဒီမှာရှိတော့ ငါတို့ ဒီမှာနေပြီး ကျင့်ကြံကြတာပေါ့” ရှီမာယူမင် ပြောလိုက်သည်။

“ရှောင်ချီက လူတစ်ယောက် ကျင့်ကြံတာနဲ့ အမြန်နှုန်းကို ကူညီပေးနိုင်တယ်လို့ ကြားတယ် စမ်းကြည့်တာပေါ့” ဖက်တီးကျူသည် ဖျာထုတ်ကာ ရှောင်ချီဘေးတွင် ခင်းလိုက်ပြီး ထိုင်ချလေသည်။

ရှီမာယူလီသည် သက်ပြင်းချကာ ပြောလေသည်။ “ဒီခံစားချက်ကို ဂိုဏ်းမှာတုန်းက ခံစားဖူးတယ် ဒါပေမဲ့ ဒီမှာအများကြီး ပိုထူတယ်”

“တော်ပြီ ကျင့်ကြံကြမယ်” ရှီမာယူမင်သည် သူ့ကျောကိုပုတ်ပြီး ပြောလေသည်။

ရှီမာယူလီသည် ပြုံးကာ ဖျာထုတ်ပြီး ဖက်တီးကျူဘေးတွင် ထားလိုက်သည်။ ထိုင်ပြီးနောက်တွင် သူသည် စိတ်လှုပ်ရှားနေသဖြင့် ကျင့်ကြံ၍မရပေ။

“ဖက်တီး” သူသည် အေးချမ်းပုံရနေသော ဖက်တီးကို လှုပ်လိုက်သည်။ “မင်းကျင့်ကြံလို့ရလား”

“မရဘူး” ဖက်တီးကျူသည် မျက်လုံးမဖွင့်ဘဲ ပြောလေသည်။

ရှီမာယူလီသည် သူ့ပုံစံအားကြည့်ပြီး ပျော်သွားကာ ပခုံးကိုပုတ်လိုက်သည်။ “ကောင်စုတ်လေး ကျင့်ကြံလို့ မရတာကို အကုန်လုံး အဆင်ပြေချင်ယောင် ဆောင်နေသေးတယ်”

ဖက်တီးကျူသည် မျက်လုံးတစ်ဖက်ဖွင့်ကာ သူ့အားကြည့်ရင်း ပြောလေသည်။ “ငါအခု စိတ်ငြိမ်အောင် လုပ်နေတာလေ မဟုတ်ရင် ငါ ဒီဝိညာဉ်စေတီကို သုံးပတ်လောက်ပတ်ပြီး ပျံမိတော့မယ်”

“ရွှတ်” အားလုံးသည် သူနောက်ပြောလိုက်သော စကားကြောင့် ရယ်မိကြလေသည်။

“ဖက်တီးကျူ မင်း နေရာတစ်ခုလုံးကို သုံးပတ်လောက်ပတ်ပြီး ပျံသင့်တယ် မဟုတ်ရင် မင်း သေချာ ကျင့်ကြံလို့ရမှာ မဟုတ်ဘူး” ဘေဂုံထန် စနောက်လေသည်။

“ငါလည်း အဲဒီလိုပဲထင်တယ် ဖက်တီး မင်း သွားပျံလိုက်” ဝူရန်ဖေသည် သူ မပျံပါက ကျင့်ကြံ၍ မဖြစ်တော့သလို ဖက်တီးကျူအား ကြည့်လိုက်သည်။

“ဝါး ကျေးဇူးပဲ မင်းတို့အားလုံး ပျော်နေကြတဲ့ပုံပဲ ငါတစ်ယောက်တည်း ပျံရအောင်မလုပ်နဲ့ အတူတူ သွား ကြမယ်” ဖက်တီးကျူသည် မျက်လုံးဖွင့်ကာ သူတို့အားကြည့်လိုက်သည်။

“ငါတို့အားလုံး ပျော်နေကြတာ ဒါပေမဲ့ မင်းကအကုန်လုံး အဆင်ပြေချင်ယောင် ဆောင်နေတာလေ” ရှီမာယူရန် ရယ်မောလေသည်။

“မင်းတို့တွေ တော်တော်ဆိုးတာပဲ၊ ကျင့်ကြံချင်တယ်လည်း ပြောသေးတယ် ငါ့ကို နောက်နေကြတယ်” ဖက်တီးကျူ စောဒက တက်လေသည်။

“မင်းကို ဒီလောက်တုံးဖို့ ဘယ်သူကပြောလို့လဲ” ဝေကျိရွှီ ပြောလိုက်သည်။ “ဘယ်သူမှ ကျင့်ကြံချင်စိတ် မရှိမှတော့ တခြားတစ်ခု လုပ်ကြမယ်လေ ယူလင်း မင်း ... မင်းဘာဖြစ်နေတာလဲ”

အားလုံးသည် ဝေကျိရွှီ ပြောသောစကားကို ကြားသောအခါ သူ့ကိုကြည့်လိုက်ကြသည်။ သူသည် ပျော်ရွှင်နေသည့်ပုံ မပေါက်ပေ။ သူသည် စိုးရိမ်နေပုံပေါက်သည်။

သူသည် ရှောင်ချီအား ကြည့်ကာ စိုးရိမ်စွာ ပြောလိုက်သည်။ “သူမကိုရှာနေတဲ့ အင်အားကြီးတွေ အများကြီးရှိတယ်၊ သူမ ဒီနေရာမှာသာ တစ်ယောက်ယောက် သိသွားရင် ဘယ်လိုမျိုး ဂယက်တွေထဦးမလဲ မသိဘူး”

“ဟူး မင်းပြောတာဟုတ်တယ်” ဝေကျိရွှီသည်လည်း သက်ပြင်းချလေသည်။ “ယူယူရဲ့ ပစ္စည်းတွေ အကုန်လုံးက ကောင်းကင်ကို အန်တုနေတာချည်းပဲ၊ သူတို့ပေါ်လာတာနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်တာပဲ”

“အဲဒါကြောင့် ငါတို့သူမလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရမယ်” ဖက်တီးကျူ ပြောလိုက်သည်။ “ဟုတ်သားပဲ တစ္ဆေလောသား၂ကောင်က ဝိညာဉ်စေတီထဲမှာပဲ ရှိသေးတယ်လို့ ပြောတယ်မလား၊ ငါတို့ ကျင့်ကြံချင်စိတ် မရှိမှတော့ သူတို့ကို သွားကြည့်ကြမယ်လေ”

“ကောင်းတယ်”

“ဒါဆိုလည်း သွားကြတာပေါ့”

ဝိညာဉ်စေတီ အပြင်ဘက်တွင် ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ လက်မောင်းကိုရိုက်ကာ ပြောလေသည်။ “ယူယူ အသား”

ရှီမာယူယူသည် ခေါင်းငုံ့ကာ သူမလက်ထဲမှ အသားကင်ကို ကြည့်လိုက်သည်။ အသားမှာ မည်းတူးနေလေပြီ။

“အဟွတ် အဟွတ် ကျွန်တော် စိတ်လွတ်သွားတယ်” သူမသည် အသားကင်ကို ဘေးကိုဖယ်လိုက်ပြီး နောက်ထပ်ကင်ရန် အသစ်ကိုယူလိုက်သည်။

“ဘာတွေစဉ်းစားနေတာလဲ ရှောင်ချီအကြောင်းလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူသည် မငြင်းဆန်ပေ။ “နောက်ဆုံးအဆင့် ပြိုင်ပွဲတုန်းက ရှောင်ချီက ပထမ ရခဲ့တာမလား”

“ဟုတ်တယ်လေ အဲဒီကောင်မလေးပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “ငါ အပြင်သွားတုန်းကို လူတစ်ယောက်ပြောတာသာ မကြားခဲ့ရင် သူမ ပထမရမှန်းသိမှာတောင် မဟုတ်ဘူး”

“ဝင်ပြိုင်ဖို့ ဘယ်လို အစီအစဉ်ရှိလဲ”

“ကျွန်တော်ရှိတဲ့နေရာကို သူတို့ကိုမြင်စေချင်လို့” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်တော်ကတော့ အဂ္ဂိရတ်ပညာကိုပဲ အာရုံစိုက်ထားမှာပေါ့”

အရင်ကဆိုလျှင် သူမသည် ထိုကဲ့သို့ အဆင့်ပြိုင်ပွဲများတွင် ပါဝင်ရန် အစီအစဉ်မရှိပေ။ သို့သော် ဒီတစ်ခေါက်တွင် ရှုဂျင်းအတွက် ဂုဏ်ယူစရာ ယူပေးရမည်ဟု တွေးသည်။

သူအခုချိန်မှာ မမြင်နိုင်သော်လည်း ... ပြီးတော့ သူက ဂရုမစိုက်တတ်သော်လည်း ...

“ဂျူနီယာညီလေးက အဂ္ဂိရတ်ပညာကို ပြချင်တယ်ဆိုရင် လူတော်တော်များများကို အလန့်တကြားဖြစ် သွားစေမှာပဲ” စူးရှောင်ရှောင် ပြောလိုက်သည်။

“စီနီယာတို့လည်း ပြိုင်ပွဲ၃ခုညီလာခံကို ဝင်ပြိုင်မှာလား”

“မပြိုင်ဘူး ငါတို့က တစ်ချိန်လုံး ဝင်ပါနေတာ အဓိပ္ပာယ်မရှိတော့ဘူး” ကျန်းကျူကျိသည် မျက်တောင်ခတ်ပြီးနောက် မျက်စိမှိတ်သွားလေသည်။ ဒီလူသည် စားပြီးသည်နှင့် အိပ်ရန်အဆင်သင့် ဖြစ်နေသည့် အကြောင်းကို ရှီမာယူယူ သိချင်မိသည်။

သူမသည် အသားကင်များကို ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့၏ ပန်းကန်ထဲကို ထည့်ပေးလိုက်သည်။ ကျန်းကျူကျိသည် ချက်ချင်းပင် မျက်လုံးဖွင့်လာကာ ဗလာကျင်းနေသော သူ့ပန်းကန်လုံးကိုကြည့်ကာ “ငါ့ဟာရော”

အာ ...

ရှီမာယူယူသည် အသားကင် အသစ်များကို သုံးယောက်စာ ခွဲပေးလိုက်ရတော့သည်။ ထို့နောက်တွင် သူမသည် ခရမ်းသီးနီများ ထုတ်ကာ ကင်လေသည်။

“မင်းက အဲဒီအသီးအရွက်တွေလည်း ကင်နိုင်တာပဲလား” ဟန့်မြောင်ရွှမ်၏ မျက်လုံးများမှာ အရောင် တောက်လာသည်။ သူမသည် အသီးအရွက်ကင်ကို တစ်ခါမှမစားဖူးပေ။

“ဒါပေါ့ အသီးအရွက်ကင်တွေက တကယ် စားကောင်းတယ်၊ အထူးသဖြင့် ဒီခရမ်းသီး ကျွန်တော့် အကြိုက်ပဲ” ရှီမာယူယူသည် ကင်ရင်းနှင့် ပြောလေသည်။

“ကိုယ့်လျှာကိုယ်တောင် ဝါးစားချင်လောက်အောင် အရသာရှိမယ်လို့ ယုံတယ်” ဟန့်မြောင်ရွှမ်သည် အသီးအရွက်များကို မျှော်လင့်ထားကာ အသီးအရွက်များကို ကြည့်လိုက်သည်။

ရှီမာယူယူသည် သူတို့ကို အသီးအရွက်များ ခွဲပေးရင်း ပြောလေသည်။ “ဟုတ်သားပဲ ကျွန်တော် အခုမှ သတိရတယ်”

“ဘာလဲ”

“အစ်ကိုတို့ ခရမ်းရောင် နုန်းမြေကို ရောက်ဖူးကြလား”

“ခရမ်းရောင်နုန်းမြေလား မသွားဖူးဘူး ဘာဖြစ်လို့လဲ” ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်သည် သူမအား ကြည့်လိုက်ကြသည်။ ကျန်းကျူကျိသည် ခေါင်းငုံ့ကာ ခရမ်းသီးကင်ကို စားနေကာ သူနားထောင်နေလား နားမထောင်နေလား ဆိုသည်ကို မသိနိုင်ပေ။

“ခရမ်းရောင်နုန်းမြေမှာ တစ်ခုခုဖြစ်နေပြီလို့ ကျွန်တော် သံသယရှိတယ်”

***

All Chapters