အခန်း (၈၁၅)
Vol. 55 Ch. 815
အပိုင်း (၈၁၅)
နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် သူ၏ဝမ်းဗိုက်ကို အသာပွတ်သပ်ကာ ပြောလိုက်သည်။ “ကျုပ် ဗိုက်ပြည့်ပြီ”
သူ၏ရှေ့တွင်ရှိသော စားပွဲပေါ်ရှိ ပန်းကန်ပြားများမှာတော့ တစ်မီတာခန့်ပင် ပုံလျက်ရှိသည်။ လွတ်နေသော ဝိုင်ဂျားများအားလုံးသည်လည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်။
ထန်လီ၏ နဖူးပေါ်တွင်တော့ ချွေးစေး များပျံလျက်ရှိသည်။ လက်ရှိအခြေအနေတွင်တော့ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ “တော်သေးတာပေါ့၊ ပြီးသွားပြီပဲ”
“ဂိုဏ်းချုပ်ကျွင်း”
သူသည် ပြုံးကာ ပြောလိုက်၏။ “ဒီသခင်လေးက လောကကြီးမှာရှိတဲ့ သူရဲကောင်းတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို နှစ်သက်တယ်၊ ဒီတော့ ကျုပ်တို့ချင်း မိတ်ဆွေ ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်”
အသားများ၊ ဟင်းပွဲများ ကျွေးမွေးရခြင်းသည် ဒုတိယသာဖြစ်ပြီး သူ၏ အစစ်အမှန် ရည်ရွယ်ချက်သည် မိတ်ဆွေ ပြုလုပ်ရန်ဖြစ်သည်။ လက်ရှိအချိန်တွင် ဘာတစ်ခုမှ အကူအညီမဖြစ်နိုင်ဘူးဆိုလျှင်တောင်မှ အနာဂတ်တွင် အသုံးဝင်နိုင်သေး၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်နဲ့ ထန်မိသားစုရဲ့ ဒုတိယသခင်လေးနဲ့ ဆက်ဆံရေးအရဆိုရင် ကျိန်းသေပေါက် ထန်မိသားစုရဲ့ သခင်လေးနဲ့ မိတ်ဆွေအဖြစ် ရှိနေရမှာပေါ့”
“ထန်မိသားစု၏ ဒုတိယသခင်လေး ဟုတ်လား” ထန်လီ၏ အပြုံးများသည် အေးခဲသွားသည်။
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “သခင်လေးထန်က ထန်ရမ်ကို မသိဘူးလား”
“ဒီသခင်လေးရဲ့ ဝမ်းကွဲကို ကျိန်းသေပေါက် သိတာပေါ့”
ထန်လီက ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့က”
“မိတ်ဆွေတွေလေ”
ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်၏။ “တကယ့်ကို ခိုင်မာတဲ့ မိတ်ဆွေရောင်ရင်း တွေပဲ”
ထန်လီ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားတော့သည်။ သူ၏ ဝမ်းကွဲညီလေးသည် လက်ရှိအချိန်တွင် မိသားစုထဲ၌ ထွန်းတောက်လျက်ရှိနေ၏။ ထိုအရာသည်မှာ ပြိုင်စံရှားဂိုဏ်းက ထောက်ပံ့ပေးထားသည် ဖြစ်ကြောင်း သူသေသေချာချာ နားလည်လိုက်မိတော့သည်။
တစ်ချိန်တုန်းက ထန်ရမ်တစ်ယောက် အရှေ့တောင်ရန်ကျူးဆီသို့ သွားရောက်လည်ပတ်ခဲ့ခြင်းကို သူသည် လက်လွှတ်ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ သွားလည်ခဲ့လျှင် လည်း လည်ရုံလောက်နှင့်တင် ပြီးသွားမည်ဟု သူထင်မှတ်ခဲ့သည်။ ကြီးမားလှသည့် ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်ခဲ့မည်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထန်ရမ်သည် မိတ်ဆွေကောင်း တစ်ယောက်ကို ရရှိခဲ့ပြီးဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောဆိုနေသည့်သဘောမှာ သူသည် သူ၏ဝမ်းကွဲနှင့် အသင်းအဖွဲ့ ဖွဲ့စည်းပြီးပြီဖြစ်ကြောင်း ထန်လီ နားလည်လိုက်မိ၏။ တစ်နှစ်ပတ်လုံး တခြားသူများနှင့် စီးပွားရေးပတ်လုပ်နေသူဖြစ်သည်မို့ သူသည် ကောင်းမွန်လှသော ဦးနှောက်ကိုတော့ ပိုင်ဆိုင်ပေသည်။
“သခင်လေးထန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နောက်ကျနေပြီ၊ ကျုပ်ရဲ့တပည့်ကိုခေါ်ပြီးတော့ အရင်ဆုံး ပြန်လိုက်ပါအုံးမယ်”
ပြောပြီးသည့်နောက်မှာတော့ သူသည် သူ၏တပည့်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ အခန်း၏ အပြင်ဘက်သို့ ရောက်ရှိချိန်မှာတော့ သူသည် အလွန်တရာ ယဉ်ကျေးသော အမူအရာဖြင့် မမေ့မလျော့ ပြောလိုက်သည်။ “ဒီလို ဧည့်ဝတ်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
.....................
ထန်လီသည် ဝိုင်ခွက်ကို ခပ်တင်းတင်းကိုင်ထား၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ဝမ်းကွဲ... ငါမင်းကို အထင်သေးခဲ့မိပြီ”
“သခင်လေးထန်”
ဆိုင်ရှင်ရှင်းသည် ပြုံးကာဖြင့် ရောက်ရှိလာခဲ့သည်။ “စုစုပေါင်း ကုန်ကျစရိတ်က သုံးသိန်း ငါးသောင်းလေးထောင်ပါ၊ လျော့ဈေးနဲ့ဆိုရင် သုံးသိန်းငါးသောင်းအတိ ကျပါတယ်”
“ဒီလောက် ဈေးကြီးတာလား” ထန်လီ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားခဲ့တော့သည်။
ဆိုင်ရှင် ရှင်းက ပြောလိုက်သည်။ “သခင်လေးထန် စားခဲ့တာက ဟင်းပွဲပေါင်း သုံးရာကျော်နဲ့ အရမ်းကို ဈေးကြီးတဲ့ ဝိုင်ဆယ်ဂျားလေ၊ ပြီးတော့ ဂိုဏ်းချုပ်ကျွင်းက မပြန်ခင်မှာ ဝိုင်ဂျား တော်တော်များများကိုလည်း ထုတ်ယူ သွားသေးတယ်၊ အိမ်မှာသောက်ဖို့တဲ့”
ခလွပ်
ဝိုင်ခွက်သည် ရုတ်တရက်ပင် ကွဲကြေသွားခဲ့၏။ ထန်လီသည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။ “ကျွင်းချောင်ရှောင်း... ရည်ရွယ်ချက်ရှိရှိနဲ့ ကျုပ်ကို ရှုပ်ခဲ့တာပဲ”
သူသည် ဤအရာကို နားလည်လိုက်မိပြီဖြစ်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ့အား လာရောက်ဖိတ်ခေါ်သည့်လူ၏ ဆောင့်ကြွားကြွား အမူအရာကို သဘောမကျ ပြီးသည့်နောက်မှာတော့ ဤကဲ့သို့ အဖြစ်အပျက်မျိုးဖြစ်အောင် ဖန်တီးခဲ့ခြင်းပင် ဖြစ်တော့သည်။ သခင်လေးထန် သည် ဘာမှမဟုတ်ဘဲနှင့် ဧည့်ခံကျွေးမွေးလိုက်ရသည်ဖြစ်ပြီး ဂိုဏ်းချုပ်ကျွင်းမှာတော့ ဘာမှမဟုတ်ဘဲနှင့် အရာ အားလုံးကို ဂုန်းဆင်းသွားခဲ့တော့သည်။
....................
မြို့တော်ဝန်အိမ်ရာ
ကျွင်းချောင်ရှောင်းသည် ပြန်ရောက်ရောက်ချင်းမှာပင် ထန်ရမ်သည် အလျင်စလိုနှင့် ရောက်ရှိလာခဲ့၏။ “ထန်လီက ဂိုဏ်းချုပ်ကျွင်းကို ဖိတ်ခေါ်ခဲ့သေးတယ်ဆို”
“အင်း” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။
ထန်ရမ်သည် စိုးရွံ့သွားမိ၏။ ထို့ပြင် သူ၏ဝမ်းကွဲအစ်ကိုသည် လူများကို သွေးဆောင်တတ်သည့်အရာတွင် သူ့ထက် အလွန်တရာ တော်လွန်းလှ၏။
“ခင်ဗျားရဲ့ အကြီးဆုံးဝမ်းကွဲအစ်ကိုက တကယ့်ကို ဖော်ရွေသဘောကောင်းတာပဲ၊ ကျုပ်ကို အားရပါးရ ကျွေးမွေး လိုက်သေးတယ်လေ၊ ဒီနေ့တော့ ပိုက်ဆံတော်တော် ကုန်သွားမှာတောင် စိုးရွံ့မိသေးတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ထန်ရမ်သည် နာနာကျင်ကျင်နှင့်ပင် ပြောလိုက်၏။ “ကျုပ်ရဲ့ အကြီးဆုံးဝမ်းကွဲအစ်ကို လူတွေကို သွေးဆောင် ဖြားယောင်းဖို့အတွက်၊ မိတ်ဆွေဖွဲ့ဖို့အတွက်ဆိုရင် တကယ့်ကို ရက်ရောတတ်တဲ့ လူတစ်ယောက်ပဲလေ”
“သူက ကျုပ်နဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်ချင်တာလေ၊ ဒါပေမဲ့ ကျုပ်တို့က အရမ်းကို ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ပြီးသားလို့ ပြောလိုက်တယ်၊ ဒီတော့ သူထပ်ပြီး နှောက်ယှက်မယ်လို့ မထင်ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ထန်ရမ်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိ၏။
“အကိုထန်”
ထန်ရမ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဆက်ပြီးတော့ ကြိုးစား၊ ကျုပ်ကို စိတ်မပျက်သေူသည် ရှိရှိသမျှသော ကတ်ဖဲများအားလုံးကို စားပွဲပေါ်သို့တင်ကာ ထန်ရမ်ပေါ်တွင် အလောင်းအစား ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်းကို ပြောဆိုခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် ထန်ရမ်သည်သာ မိသားစုခေါင်းဆောင် တစ်ယောက် မဖြစ်လာပါက သူသည် အလွန်စိတ်ပျက်မိပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း၊ ယုံကြည်ပေးတဲ့အတွက်ပါ”
ထန်ရမ်က ပြောလိုက်သည်။ “ဒီထန်က ကျိန်းသေပေါက် ခင်ဗျားကို စိတ်မပျက်စေရဘူး”
နတ်ဘုရားလက်နက်နှင့် ဆေးလုံးများကို ရောင်းချဖို့ အခွင့်အရေး ရရှိခဲ့ခြင်းသည် သူ့အနေနှင့် ထန်မိသားစု တစ်ခုလုံးအား ထောက်ပံ့ထားနိုင်သည့်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည်သာ ကောင်းကောင်းမွန်မွန်နှင့် စီမံခန့်ခွဲနိုင်မည်ဆိုပါက တခြားသောလုပ်ငန်းများကိုပါ ဦးစီး၍ အဘိုးကြီး၏ အတည် ပြုမှုကို ကျိန်းသေပေါက်ရမှာ သေချာတော့သည်။
ထန်မိသားစုဆေးဆိုင်၏ ကြော်ငြာသည် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ဆက်တိုက်ပြသလျက်ရှိသည်။ အပျော်ရွှင်ဆုံး သောလူမှာတော့ မြို့တော်ဝန်ဟန်မှလွဲ၍ တခြားမရှိချေ။ အဘယ်ကြောင့်ဆိုသော် မြို့များအသီးသီးတွင်ရှိသော စီးပွားရေးလုပ်ငန်းရှင်များသည် သူ့ဆီသို့ တောက်လျှောက် ရောက်လာကြပြီး ပုံရိပ်ယောင်အစီအရင်ကြီးတွင် ၎င်းတို့၏ ကြော်ငြာများကို ထည့်သွင်းပေးရန် လာရောက်၍ တောင်းဆိုလျက် ရှိနေတော့၏။ ထန်မိသားစု၏ စီးပွားရေးလုပ်ငန်းများ တိုးတက်လာသည်ကို မြင်ပြီးသည့်နောက် ၎င်းတို့အားလုံးသည် ဤကဲ့သို့ ကြီးမားလှသည့် အခွင့်အရေးကြီးကို လက်လွှတ်မခံချင်ကြပေ။
“ဖြစ်နိုင်တာပေါ့”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒါပေမဲ့ ဈေးနှုန်းကတော့ နည်းနည်း ဈေးကြီးတယ်”
“မြို့တော်ဝန်ဟန်... ကျေးဇူးပြုပြီး ဈေးနှုန်းပြောပါအုံး”
“စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း”
“ပြဿနာမရှိဘူး”
“..........” မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူသည် နောက်ဘက်တွင်ရှိနေသော ဂိုဏ်းချုပ်ကျွင်းဆီသို့ အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်း.... ကျုပ်တောင်းတာ နည်းသွားလား”
“နည်းတာပေါ့”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “ထန်မိသားစုဆေးဆိုင်ရဲ့ ရောင်းအားက ကြော်ငြာပြီးတဲ့နောက်မှာ တရှိန်ထိုး တိုးတက်သွားတယ်လေ၊ ဒီတော့ ရရှိနိုင်တဲ့ အကျိုးအမြတ်က စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းနဲ့ နှိုင်းယှဉ်လို့ ဘယ်ရပါ့မလဲ၊ ဘာပဲပြောပြော စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းလောက် တောင်းရမယ် မဟုတ်လား”
“အင်း”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်က အတွေ့အကြုံမရှိလို့ မတောင်းမိလိုက်ဘူးလေ”
“သူတို့ကို ပြောလိုက်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုတာက မနက်ခင်းနဲ့ နေ့လယ်ပိုင်း ကြော်ငြာဖို့အတွက်ပဲလေ၊ တစ်နေကုန်ကြော်ငြာချင်တယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း ဒါမှမဟုတ် သုံးသိန်းလောက် ပေးရမယ်”
“ဒါက”
မြို့တော်ဝန်ဟန်သည် အနည်းငယ် ရှက်ရွံ့သွားမိ၏။ ပြီးသည့်နောက်မှာတော့ သူသည် ထိုအတိုင်း ပြန်လည် ပြောဆိုလိုက်တော့သည်။ ပုံရိပ်ယောင်အစီအရင်ကြီးကို သုံး၍ ပိုက်ဆံရှာရခြင်းသည် ရိုးရှင်းလှသည့် အရာတစ်ခုဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့သောအရာကို သူ ယခင်တုန်းက ဘာကြောင့် မတွေးတောမိသနည်း။
“မြို့တော်ဝန်ဟန်”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ထန်မိသားစုရဲ့ ဆေးဆိုင်လိုပဲ ကျုပ်တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြော်ငြာပေးလို့ ရနိုင်မလား”
“ရတာပေါ့”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်တို့က ထပ်တိုးတောင်းခံငွေကို ယူရလိမ့်မယ်လေ”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ စိတ်ကျေနပ်စရာ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် လက်ရှိအချိန်တွင်တော့ သတိပေးစရာ မလိုအပ်တော့ချေ။ မြို့တော်ဝန်ဟန်သည် စီးပွားရေး မည်သို့ပြုလုပ်ရမည် ဆိုကြောင်းကို ကောင်းကောင်း နားလည်သွားခဲ့ပြီဖြစ်သည်။
သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက် - ကျွင်းချောင်ရှောင်း၏ လွှမ်းမိုးမှုအောက်မှာပဲ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကဲ့သို့ အသွင်ပြောင်းဖြစ်တည်လာခဲ့တော့၏။ သူသည် လူများကို အသွင်ပြောင်းလဲရသည်မှာ အလွန်တော်သောသူတစ်ယောက်ဖြစ်သည်ဟု ဆိုရမည်။
ဤသို့နှင့်ပဲ မြို့ထဲတွင်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြပြီး မြို့တော်ဝန်ဟန်၏ အိတ်ကပ်ထဲသို့ စိတ်ဝိညာဉ် ကျောက်တုံးနှင့် ပိုက်ဆံများကို ပေးအပ်လျက် ရှိနေတော့သည်။
...........................
“ကျုပ်တို့က ဒီနှစ်မှာ လက်ဆောင်တွေကို လက်မခံတော့ဘူး၊ ပိုးထည်တွေကိုပဲ လက်ခံမယ်၊ ပိုးထည်တွေကိုပဲ ယူချင်တယ် ဆိုရင်တော့........”
“ရွှေရောင်ဝိုင်က အရမ်းကို ကောင်းတယ်လေ၊ ဒါပေမဲ့ အရမ်းသောက်လို့မဖြစ်ဘူး၊ နဲနဲလေး သောက်ရုံနဲ့ မူးလို့ပေါ့ ..........”
“ဟယ်ကျီကျောက်စိမ်းဆိုင်မှာရှိတဲ့ လက်ကောက်တွေက တကယ့်ကို ကျော်ကြားတယ်လေ၊ ဟယ်ကျီကျောက်စိမ်း လက်ကောက်တွေကို အသုံးပြုပြီး မိန်းကလေးတွေကို တောင်းရမ်းစို့”
များပြားလှသော ကြော်ငြာခြင်းလုပ်ငန်းများသည် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်လျက်ရှိနေ၏။
လောကကြီး တစ်ခုလုံးသည် ကျွင်းချောင်ရှောင်းကြောင့် ဇောက်ထိုးမိုးမျှော်ပင် ဖြစ်လျက်ရှိနေတော့သည်။ တချို့သောသူများသည် ကျင့်ကြံရာကို ရပ်တန့်ပြီးသည့်နောက်မှာတော့ ထိုင်ခုံသေးလေးနှင့်ပင်ထိုင်ကာ မြင်ကွင်းကို ကြည့်ရှုလျက်ပင် ရှိနေသည်။ နောက်ထပ် မည်သည့်ကြော်ငြာမျိုး ထပ်ပေါ်လာမည်ဆိုသည်ကို သူတို့ သိချင်နေမိကြသည်။
မြို့တော်ဝန်အိမ်တော်ထဲမှာတော့ ကြီးမားလှသော မိသားစုကြီးများအားလုံးသည် တရဟိုသွားလာလျက်ပင် ရှိတော့၏။ ၎င်းတို့သည် မြို့တော်ဝန်ဟန်နှင့် လာရောက်ညှိနှိုင်းခြင်းပင် ဖြစ်နေသည်။ နောက်ဆုံးမှာတော့ မြို့တော်ဝန်ဟန်သည် ဈေးနှုန်းကိုပင် မသတ်မှတ်ချေ။ အများဆုံး ဈေးပေးနိုင်မည့်သူကို ပုံရိပ်ယောင်မြင်ကွင်း ထဲတွင် ကြော်ငြာဖို့အဖြစ် သတ်မှတ်လိုက်တော့၏။
စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ စတင်ရန် ရက်အနည်းငယ်သာလိုတော့၏။ ထို့ကြောင့် ကြီးမားလှသော စီးပွားရေး လုပ်ငန်းရှင်များအားလုံးသည် ကြော်ငြာခွင့်ရရှိရန်အတွက် အပြင်းအထန်နှင့် လုယက်လျက်ရှိနေကြတော့၏။ စိတ်ဝိညာဉ်ကျောက်တုံးအများအပြားသည် မြို့တော်ဝန်ဟန်၏ အိတ်ထဲ ရောက်ရှိလာခဲ့ကြသည်။ ထိုအရာ အားလုံးသည် ကျွင်းချောင်ရှောင်းနှင့် မြို့တော်ဝန်ဟန်တို့၏ အိတ်ကပ်ထဲသို့ တရဟို စီးဝင်သွားသည်။
“ချီးယား”
“ချီးယား”
၎င်းတို့နှစ်ယောက်သည် ညစဉ်ညတိုင်း ဂုဏ်ပြုပွဲကို ကျင်းပလျက်ရှိနေကြ၏။
စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသည် ကျင်းပတော့မည်ဖြစ်သည်။ လောကကြီးတွင် ရှိနေသော ပြိုင်ပွဲဝင်များ အားလုံးသည်လည်း အင်ပါယာမြို့ဆီသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။ အခြေအနေသည် တဖြည်းဖြည်းနှင့် လေးနက်လာတော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
မြို့၏နံရံပေါ်တွင်တော့ ထန်ရမ်သည် မီးဖိုချောင်သုံးဓားကို ခါးကြားတွင်ထိုးကာ လှမ်းလျှောက် လာခဲ့သော လူငယ်လေးတစ်ယောက်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။ “သူ့နာမည်က လင်းရို၊ လေးဆယ့် သုံးကြိမ်မြောက် စားဖိုမှူးနတ်ဘုရားရဲ့ တိုက်ရိုက်တပည့်တစ်ယောက်လေ၊ သူ့ရဲ့ဓားစွမ်းရည်က အတော့်ကို ကောင်းမွန်လွန်းတယ်”
“ဒါဆိုရင် စုန့်ပေါင်က ဘယ်မှာလဲ”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “သူမလာသေးဘူးလား”
ထန်ရမ်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “စားဖိုမှူးနတ်ဘုရားရဲ့ ထိပ်တန်း တပည့်တစ်ယောက်အနေနဲ့ သူက တခြားလူတွေရဲ့ရှေ့မှာ ထင်ထင်ပေါ်ပေါ်နဲ့ ပေါ်လာမှာ မဟုတ်ဘူးလေ”
ကျွတ် ကျွတ်
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ့်ကို ဆန်းကြယ်တဲ့လူပဲ ဖြစ်ရမယ်”