← Chapters

အခန်း (၈၁၈)

Vol. 55 Ch. 818

အခန်း (၈၁၈)

Vol. 55 Ch. 818

သူကယ်တင်ခဲ့ဖူးသော လူငယ်လေး၏ တည်ရှိမှုသည် စားဖိုမှူးနတ်ဘုရား၏ တပည့် စုန့်ပေါင် ဖြစ်နေလိမ့်မည်ဟု ကျွင်းချောင်ရှောင်း ဘယ်တုန်းကမှ မထင်ခဲ့ချေ။ ထိုသို့ဆိုလျှင် ချင်ပုတောင်ဆိုသည်မှာ မည်သူဖြစ်သနည်း။ ကျွင်းချောင်ရှောင်းသည် သေသေချာချာ စဉ်းစားကြည့်ပြီးသည့်နောက် ဤလူငယ်လေးသည် ကျိန်းသေပေါက် ဟန်ဆောင်လိမ်ညာခဲ့သည်ဖြစ်ကြောင်း သူကောင်းကောင်း နားလည်မိ၏။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဖြစ်သနည်းကို သူဆက်လက်ကာ စဉ်းစားနေမိ၏။

စားဖိုမှူးနတ်ဘုရား၏ ဆက်ခံသူတစ်ယောက်သည် လမ်းပေါ်တွင် သတိလစ် မေ့မျောနေခဲ့၏။ အဘယ်ကြောင့် ဆိုသော် ဆာလောင်မှုကြောင့်ဖြစ်နေသည်။ ဤအရာမှာ အလွန်ပင် ထူးဆန်းလွန်းနေ၏။ သို့မဟုတ် ဤလူငယ် လေးသည် လျှိုဝမ်ရှစ်အနားကို ချဉ်းကပ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသည်လား။

“မဟုတ်ဘူး၊ မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါရဲ့စိတ် တွေက နည်းနည်းရှုပ်ထွေးနေတယ်၊ သေသေချာချာ စဉ်းစားမှ ဖြစ်လိမ့်မယ်”

ဤကောင်လေးသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိနှင့် ချဉ်းကပ်လာခြင်း ဖြစ်သည်ဆိုလျှင် အဘယ်ကြောင့် ပိုက်ဆံနှင့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးအများအပြားကို အဘယ်ကြောင့် ရက်ရက်ရောရောနှင့် သုံးစွဲခဲ့သနည်း။ ထို့အပြင် အဘယ်ကြောင့် ချမ်းသာချင်ယောင် ဆောင်နေသနည်း။ ကျွင်းချောင်ရှောင်း၏ စိတ်ကူးထဲမှာတော့ ပြန်လည်စဉ်းစားကြည့်လေ အကျိုးအကြောင်း မဆီလျော်လေ ဖြစ်သည်ကို ခံစားနေမိ၏။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က ဘာဖြစ်သည်ဆိုသည်ကို သူကောင်းကောင်း မသိနိုင်ချေ။

စနစ်သည် ဝင်ရောက်ကာ ပြောလိုက်၏။ “လက်ခံသူတစ်ယောက် ကြောင်ပျောက်နေရတာကို မြင်ရတာ ရှားရှားပါးပါးပဲ၊ အခုလိုမျိုးမြင်ရတာ တကယ်ပျော်မိတယ်”

“တော်စမ်း”

..........................

တည်နေရာ၏ အနောက်ဘက်မှာတော့ စုန့်ပေါင်၏ ချီးကျူးသည့်စကားကို ကြားလိုက်သည့်နောက်မှာတော့ ယှဉ်ပြိုင် ကြသည့် လူများသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြ၏။ ယခုနှစ်၏ စားဖိုမှူးနတ်ဘုရားဖြစ်မည်ဟု ခန့်မှန်းမှုကို ရရှိထားသောသူသည် အမှန်တကယ်ပဲ ဤမိန်းကလေးနှင့်ယှဉ်ပြိုင်မည်ဆိုပါက ရှုံးနိမ့်လိမ့်မည်ဟု မိမိကိုယ်ကို မိမိ ပြောဆိုလျက်ရှိနေ၏။

ယဉ်ကျေးပျူငှာစွာ ပြောဆိုလိုက်သည့်စကား ဖြစ်သည်လား သို့မဟုတ် တမင်တကာ ဝါကြွား၍ ပြောဆိုသည့်စကားလားပင် သေချာမသိချေ။ သို့ပေမဲ့ ၎င်း၏ မျက်လုံးထဲသို့ ကြည့်လိုက် မည်ဆိုပါက အလွန်တရာ လေးနက်သည့် အရိပ်အယောင်များ တည်ရှိနေသည်ကို မြင်ရမည်ဖြစ်သည်။

လျှိုဝမ်ရှစ်၏ မျက်နှာပေါ်တွင်လည်း ဇဝေဇဝါ အမူအရာများနှင့် ဖြစ်တည်နေသည်။ “နင် ချင်ပုတောင် မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး စုန့်ပေါင် ဖြစ်သွားရတာလဲ”

“ကျုပ်က မိန်းကလေးလျှိုကို ဖုံးကွယ်မထားတော့ပါဘူး”

စုန့်ပေါင်သည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်မိ၏။ “ကျုပ်ရဲ့ နာမည်က ချင်ပါ ကျုပ်နာမည်က စုန့်ပေါင်၊ ချင်ပုတောင်ဆိုတာက ကျုပ်အဖေ နာမည်ပါ၊ ကျုပ်အဖေက စားဖိုမှူးနတ်ဘုရားရဲ့တပည့် ဖြစ်လာဖို့အတွက် ကျုပ်ကို အတင်းခိုင်းစေခဲ့တယ်လေ၊ စားဖိုမှူးနတ်ဘုရားရဲ့ စွမ်းရည်တွေ အကုန်လုံးကို မသင်ယူနိုင်ဘူးဆိုရင် သူ့ရဲ့မျိုးရိုးနာမည်ကို အသုံးပြုခွင့်မပေးဘူး၊ အခုစားဖိုမှုးနတ်ဘုရားပြိုင်ပွဲမှာ ဗိုလ်မဆွဲရင် အိမ်ကိုပြန်ပြီး မိသားစုရဲ့ စီးပွားရေးတွေကို အမွေဆက်ခံရမယ်လေ”

“ကျွန်မ နားလည်ပြီ” လျှိုဝမ်ရှစ်က နားလည်သွားမိ၏။

စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ နားထောင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ထိုအကြောင်း အရာကို ကြားတော့ နားလည်သွားမိ၏။ သူ၏ နှလုံးသားများသည် ပြိုလဲလျက်ရှိနေ၏။

“သားတစ်ယောက်ကို စားဖိုမှူးဖြစ်အောင်လုပ်တယ်ဆိုတော့ ဒီလူက တကယ့်ကို အစားအသောက်မက်တာပဲ ဖြစ်လိမ့်မယ်”

ချင်စုန့်ပေါင်က ပြောလိုက်သည်။ “ဒါ ကျုပ်ရဲ့လျှို့ဝှက်ချက်လေ၊ ဘယ်သူ့ကိုမှ မပြောနဲ့”

ပြိုင်ပွဲဝင်များ “....”

ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ လူများအားလုံး “....”

လက်ရှိအခြေအနေမှာတော့ ၎င်းတို့အားလုံးသည် ပူးပေါင်းပါဝင်၍ မကြားချင်ယောင်ဆောင်နေရမည်လား မသဲကွဲတော့ချေ။

.............

“ဒီတော့ စုန့်ပေါင်က ချင်စုန့်ပေါင်ပေါ့၊ ချင်မိသားစုခေါင်းဆောင်က မယားငယ်တွေ အများကြီး ယူထားတယ် ဆိုပေမဲ့ သားတစ်ယောက်ပဲရှိတာတဲ့”

“စားဖိုမှူးနတ်ဘုရားရဲ့ တပည့်ဆိုတာ သာမန်ပဲလို့ ကျုပ်ထင်ခဲ့တာ၊ တကယ့်ကို ချမ်းသာတဲ့ အဖေတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်မိဘူး”

“ကြားတာတော့ မိသားစုခေါင်းဆောင်ချင်က တကယ့်ကို စားသောက်ရတာကို နှစ်သက်တယ်တဲ့၊ သူကြိုက်တဲ့ အစားအစားကို ဖန်တီးပေးတဲ့လူကို ပိုက်ဆံ၊ ဒါမှမဟုတ် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ ပေးအပ်ဖို့ နှမျောတွန့်တိုမှု မရှိဘူးတဲ့”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “သူက သူ့အဖေနဲ့ တူတာပဲ ဖြစ်ရမယ်”

“ဆရာချင်ရဲ့သားက ငယ်ရွယ်စဉ်တုန်းက အရမ်းကို ပျင်းရိတယ်၊ ခုနှစ်နှစ်ကြာတဲ့အထိ စားဖို့အတွက် တူကိုတောင် အသုံးမပြုဘူး၊ အစေခံတွေက ဇွန်းနဲ့ ခွံ့ကျွေးရတယ်တဲ့”

“မြေပိုင်ရှင်ကြီးရဲ့သားက တကယ့်ကို အံ့အားသင့်စရာပဲ၊ ဒါပေမဲ့ တကယ့်ကို ဒီလောက်ပျင်းရိတဲ့လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး စားဖိုမှူးနတ်ဘုရားရဲ့တပည့်ဖြစ်လာတာလဲ၊ တကယ့်ကို မယုံကြည်ဖွယ်ရာပဲ”

“မိသားစုခေါင်းဆောင်ချင်က ပိုက်ဆံတွေ အများကြီးပေးပြီးတော့ သူ့သားကို စားဖိုမှူးနတ်ဘုရားရဲ့တပည့် တစ်ယောက်ဖြစ်အောင် ဖန်တီးပေးခဲ့တာပဲ ဖြစ်ရမယ်”

“သေချာတယ်၊ ပိုက်ဆံဆိုတာက အရာအားလုံးကို ပြုလုပ်နိုင်တဲ့ အရာပဲ”

အားလုံးသည် သက်ပြင်းချလိုက်မိ၏။ သို့ပေမဲ့ ချင်စုန့်ပေါင်၏ ချက်ပြုတ်ခြင်းစွမ်းရည်နှင့်ပတ်သက်၍ ၎င်းတို့သည် သံသယဝင်လျက်ပင် ရှိနေသေးသည်။ ပိုက်ဆံသည် စားဖိုမှူးနတ်ဘုရား၏တပည့်ဆိုသောအရာအား ဝယ်ယူ၍ ရနိုင်၏။ သို့ပေမဲ့ အစစ်အမှန်ချက်ပြုတ်ခြင်းစွမ်းရည်မှာတော့ ဝယ်ယူ၍ မရနိုင်ချေ။ ပြိုင်ပွဲဝင်များ အားလုံးသည် လည်း ထိုအချင်းအရာကို တွေးမိကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ချင်စုန့်ပေါင်တစ်ယောက် အားနည်း လိမ့်မည်ဟု သုံးသပ်လိုက်မိကြတော့၏။

“ငါ ဒီလိုမျိုး အဖေ့ကို အားကိုးနေတဲ့ လူတစ်ယောက်ကို ဘာလို့ကြောက်ရမှာလဲ”

ထိုသို့သောသူက ပြောဆိုလိုက် သည့်အတွက် လျှိုဝမ်ရှစ်ဆိုသော ကောင်မလေးအား စိတ်ထဲတွင် နှစ်နှစ်ကာကာ မထားတော့ချေ။ ချီးကျူးသည့် လူကိုယ်တိုင်ပင်လျှင် ဘာမှန်းမသိသောလူဖြစ်နေသည်မို့ ချီးကျူးခံရသောလူမှာလည်း ဘာမှမဟုတ်သောလူ တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ထိုသို့သောသူများအတွက် ၎င်းတို့သည် ကြိုတင်၍ စိုးရိမ်နေရသည်ဆိုသည်မှာ ရှက်ရွံ့စရာ ကိစ္စရပ်ပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “တကယ့်ကို ခန့်မှန်းလို့မရတဲ့ ရောင်းရင်းလေးပဲ”

“ဒါနဲ့ မင်းက ဘာလို့ မင်းရဲ့အဖေ ဟန်ဆောင်ရတာလဲ” လျှိုဝမ်ရှစ်က မေးလိုက်သည်။

ချင်စုန့်ပေါင်က ပြုံးကာ ပြောလိုက်၏။ “အပျော်ပါပဲ”

“……..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သားသည် အဖေတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ပျော်ရွှင်သောကြောင့်ပင်ဖြစ်၏။ ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဟုတ်တာ သေချာနေတော့သည်။

“ကောင်းပြီ”

လျှိုဝမ်ရှစ်သည် မည်သည့်စကားမှ ဆက်၍ မဆိုတော့ချေ။ သူမအနေနှင့် ချင်စုန့်ပေါင် မည်သူဖြစ်သည်ကို သိရှိရသောကြောင့် အလွန်အမင်း အံ့အားသင့်နေသော်လည်း စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးကတည်းက ပြိုင်ပွဲကိုသာ အာရုံစိုက်ထားရန် စဉ်းစားထားမိ၏။

“မိန်းကလေးလျှို”

ချင်စုန့်ပေါင်က ပြောလိုက်၏။ “ခင်ဗျားရဲ့ အဝတ်အစားတွေက မဆိုးဘူးပဲ”

လျှိုဝမ်ရှစ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ စားဖိုမှူးဘိုးဘေးတွေ ဝတ်ဆင်ခဲ့တဲ့ အရာလေ”

“ကျုပ်သိပြီ”

ချင်စုန့်ပေါင်၏ မျက်လုံးများသည် လေးစားမှုများနှင့် ပြည့်နှက်သွား၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဘိုးဘေး စားဖိုမှူးနာမည်ကို ကျုပ်သိပါရစေ”

“ဒါက”

ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ဆီသို့ အသံပို့လွှတ်လိုက်၏။ “ငါတို့ပြိုင်စံရှားဂိုဏ်းရဲ့ ဘိုးဘေးစားဖိုမှူး နာမည်ကို ယိယင် လို့ခေါ်တယ်”

“ယိယင် ဟုတ်လား” ချင်စုန့်ပေါင်သည် နှစ်နှစ်ကာကာ ပြောလိုက်မိ၏။ “ဒီဆရာရဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး”

ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ယိယင်ဆိုသည်မှာ အမိကမ္ဘာမြေ တရုတ်နိုင်ငံမှ ဖြစ်တော့သည်။ ၎င်းသည် ကျော်ကြားလှသည့် နိုင်ငံရေးသမားလည်းဖြစ်ပြီး တရုတ်ပြည်၏ ဟင်းလျာများ ချက်ပြုတ်မှုတွင် ဘိုးဘေးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။

ဟောင်ကျိကျန်သည် ကျယ်လောင်စွာ ကြေညာလိုက်တော့၏။ “အကြိမ်ငါးဆယ်မြောက် စားဖိုမှူးနတ်ဘုရား ပြိုင်ပွဲကို တရားဝင်စတင်ပြီ၊ ပါဝင်ယှဉ်ပြိုင်သူများအနေနဲ့ ကျေးဇူးပြုပြီး စင်မြင့်ပေါ်ကို တက်ခဲ့ကြပြီး ကိုယ်ပိုင် မီးဖိုများကို ရွေးချယ်ကြပါ”

“တကယ့်ကို စပြီပဲ” အားလုံးသည် စိတ်လှုပ်ရှားနေကြသည်ဆိုသည်မှာ ရှားရှားပါးပါး ကိစ္စပင်ဖြစ်၏။ သို့ပေမဲ့ ထိုအချိန်မှာပဲ ပုံရိပ်ယောင်မြင်ကွင်းသည် ကြော်ငြာများဖြင့် ပြည့်နှက်သွားတော့သည်။ အားလုံးသည် သွေးအန်လု မတတ်ပင် ခံစားနေကြရ၏။

“ချီးတဲ့မှ... ငါတို့ကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးကြပါအုံး”

..............

ရွှီး

ကြော်ငြာပြီးဆုံးပြီးနောက် ပုံရိပ်ယောင်မြင်ကွင်းကြီးသည် ထပ်မံကာပေါ်လာခဲ့၏။ ပြိုင်ပွဲဝင် တစ်ရာနှစ်ဆယ်ကျော် တို့သည် ၎င်းတို့၏ ခုံအသီးသီးတွင် ထိုင်လျက်ရှိနေကြ၏။ ဒိုင်လူကြီးဆယ်ယောက်တို့သည်လည်း နေရာယူပြီးကြပြီ ဖြစ်သည်။ ဤဒိုင်လူကြီးများအားလုံးသည် ယခင်စားဖိုမှူးပြိုင်ပွဲမှ ဒိုင်လူကြီးများထက် ပိုမိုကာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အားလုံးသည် ထိပ်တန်းအစားအသောက် အကဲဖြတ်သူများပင်ဖြစ်၏။

လျှိုဝမ်ရှစ်သည် ချောင်တည်နေရာတစ်ခုကို ရွေးချယ်ကာ နေထိုင်လိုက်၏။ သူမ၏ ဘေးတွင်တော့ ချင်စုန့်ပေါင် ရှိလို့နေသည်။ တိတိကျကျ ပြောရမည်ဆိုလျှင်တော့ ဤကောင်လေးသည် သူမ၏ အနားသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်ပါလာခြင်းပင် ဖြစ်သည်။

“မိန်းကလေးလျှို”

သူသည် တီးတိုး ပြောလိုက်၏။ “ပထမအကျော့မှာ ကြိုက်တာကိုလုပ်၊ အရင်တုန်းက ချက်ခဲ့ဖူးတဲ့ ငါးချိုချဉ်ကို ချက်ရင်တောင်မှ နောက်တစ်ဆင့်ကို ကျိန်းသေပေါက် တက်တယ်”

လျှိုဝမ်ရှစ်သည် မည်သည့်စကားကိုမှ မဆိုပေ။ သူမသည် အစားအသောက် ချက်ပြုတ်သည့် ပစ္စည်းပစ္စယများကို သေသေချာချာ ဆေးကြောလျက်ရှိနေ၏။ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခြင်းသည် ပြိုင်စံရှား ဂိုဏ်းကို ကိုယ်စားပြု၍ လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် မျက်နှာလွဲခဲပစ် ဂရုမပြုဘဲ မပြုလုပ်ရဲချေ။

ချင်စုန့်ပေါင်မှာတော့ အရာအားလုံးကို စတင်ကာ ပြင်ဆင်တော့သည်။ သူ၏ လက်တစ်ဖက်သည် ဇောက်နက် ဒယ်အိုးအဝိုင်း၏ လက်ကိုင်ကို ကိုင်ထားပြီး ပျင်းရိလေးကန်နေပုံပေါ်သော သူ၏မျက်လုံးများ အားလုံးသည် ချက်ချင်းပဲ အေးစက်သွားတော့၏။

“ကျွင်းကျင်သူ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကောင်လေးက ကျိန်းသေပေါက် ကျွမ်းကျင်သူပဲ”

“စားဖိုမှူးနတ်ဘုရားပြိုင်ပွဲရဲ့ ပထမဦးဆုံးအကျော့မှာ မင်းတို့အားလုံး ကြိုက်တဲ့အရာကို ချက်ပြုတ်လို့ရတယ်”

ဟောင်ကျိကျန်သည် ကျယ်လောင်စွာဖြင့် ပြောလိုက်၏။ “ပါဝင်ယှဉ်ပြိုင်သူတို့ ကျေးဇူးပြုပြီး နှစ်နာရီအတွင်း ကိုယ်ကြိုက်ရာဟင်းပွဲကို ချက်ပြုတ်ကြပါ၊ အမှတ်ရှစ်ဆယ်ကျော်ရင် နောက်တစ်ဆင့်ကို တက်ခွင့်ရမယ်၊ ဒီတော့ ဒိုင်လူကြီးတွေရဲ့ ပျမ်းမျှပေးနိုင်တဲ့အမှတ်က ရှစ်မှတ်ပဲ”

“ဒီစားဖိုမှူးပြိုင်ပွဲက အရင်စားဖိုမှူးပြိုင်ပွဲတွေထက် ပိုခက်ခဲတာပဲ” အားလုံးသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်မိ၏။

“စကြမယ်” ဟောင်ကျိကျန်က အော်လိုက်မိတော့သည်။

ဟူး ဟူး

သူပြောပြီးပြီးချင်းမှာပဲ ပါဝင်ယှဉ်ပြိုင်သူများအားလုံးသည် မီးတောက်များကို ဖွဲ့စည်းကာဖြင့် မီးဖိုအား မီးမွှေး လိုက်ကြတော့သည်။ တည်နေရာတစ်ခုလုံးသည် ပူလောင်လှသည့် လေထုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့လူတွေက မီးဓာတ်တစ်မျိုးမျိုးကို ကျွမ်းကျင်သူတွေကြီးပဲ၊ ဒီမီးတောက်တွေက တိုက်ခိုက်မှုအတွက် အသုံးမပြုနိုင်ဘူးဆိုပေမဲ့ ချက်ပြုတ်ဖို့အတွက်တော့ အလွန်ကောင်းမွန်တဲ့ မီးတောက်တွေ”

“ဟမ် ပြိုင်စံရှားဂိုဏ်းရဲ့တပည့်နဲ့ စားဖိုမှူးနတ်ဘုရားရဲ့ တပည့်က လှုပ်တောင် မလှုပ်ပါ့လား၊ ပြိုင်ပွဲစပြီဆိုတာကို မကြားဖူးလား”

တစ်ယောက်သည် တစ်ဦးတည်းသော ပြိုင်ပွဲဝင် အမျိုးသမီးဖြစ်ပြီး၊ တခြားတစ်ယောက်မှာတော့ စားဖိုမှူး နတ်ဘုရား၏ တပည့်ဖြစ်သည်။ ထို့ကြောင့် လျှိုဝမ်ရှစ်နှင့် ချင်စုန့်ပေါင်တို့သည့် တခြားသောသူများ၏ အာရုံကို ရရှိနေသည်မှာ သဘာဝပင်ဖြစ်တော့၏။

“မိန်းကလေးလျှို”

ချင်စုန့်ပေါင်သည် ပြုံးကာပြောလိုက်၏။ “ကျုပ်စပြီနော်”

ဝှစ်

သူပြောပြီးပြီးချင်းမှာပဲ လက်ကောက်ဝတ်ကို အသာလှန်လိုက်တော့သည်။ ခရမ်းရောင်မီးတောက်များသည် သူ၏ လက်ချောင်းများကြားတွင် အသာထွက်ပေါ်လာပြီး ချက်ချင်းပဲ မီးဖိုနှင့် ပေါင်းစပ်သွားတော့၏။

“ခရမ်းရောင်မီးတောက်ပါလား၊ ဒါက ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ အကောင်းဆုံးမီးတောက်တွေထဲက တစ်ခုပဲ”

“ဒီစားဖိုမှူးနတ်ဘုရားတပည့်က တကယ့်ကို အစွမ်းအစရှိတာပဲ၊ ပိုက်ဆံနဲ့အသုံးပြုပြီးတော့ တပည့်ဖြစ်ထားတာ မဟုတ်လောက်ဘူး”

ဟူး ဟူး

ခရမ်းရောင်မီးတောက်များသည် ကြမ်းကြမ်းတမ်းတမ်းပဲ တောက်လောင်လျက်ရှိသည်။ တခြားသောမီးတောက် များ၏ အပူချိန်ကို ဖိနှိပ်ထားခဲ့၏။ ၎င်းသည် ကြက်များကြားထဲတွင်ရှိသော ကြိုးကြာကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်တော့သည်။

ဟူး

လျှိုဝမ်ရှစ်သည် သက်ပြင်းရှည်ကြီးချလိုက်၏။ ပြီးသည့်နောက် ကျွင်းချောင်ရှောင်းဆီသို့ ကြည့်လိုက်သည်။ ကျွင်းချောင်ရှောင်းဆီမှာ အားပေးသည့်အပြုံးတစ်ခုကို မြင်ရပြီးသည့်နောက်မှာတော့ သူမသည် ကြိတ်ကာ ပြောလိုက်မိ၏။ “ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရမယ်”

လျှိုဝမ်ရှစ်သည် လက်ကိုအသာမြှောက်လိုက်ပြီးနောက် သူမ၏ မျက်လုံးများသည် တောက်ပလျက်ရှိနေတော့သည်။

ဝမ်

သူမ၏ လက်ခုံပေါ်တွင် မီးဖိုဆိုသည့်စာလုံးသည် ရုတ်တရက် ထင်ပေါ်လာခဲ့၏။

ဟူး ဟူး

စားဖိုမှူးနတ်ဘုရားမီးတောက်သည် ထွက်ပေါ်လာပြီးသည့်နောက် မီးဖိုနှင့်ပေါင်းစပ်သွားတော့သည်။ ၎င်းမီးတောက် ထွက်ပေါ်လာပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ အပူချိန်များအားလုံးသည် ချက်ချင်းပဲ မြင့်တက် သွား၏။

ဝှစ် ဝှစ်

တခြားသောမီးဖိုများတွင်ရှိနေသော မီးတောက်များသည် ဤဖိအားကို မည်သို့မှ မခံနိုင်ကြချေ။ ချက်ချင်းပဲ အပူချိန် ပြင်းပြင်းဖြင့် တောက်လောင်နေရာမှ အားနည်းသွားခဲ့တော့သည်။ အချိန်မရွေး ငြိမ်းသက်သွားတော့မည်ကဲ့သို့ပင် ဖြစ်နေသည်။

ပြိုင်ပွဲဝင်များအားလုံး၏ မျက်နှာသည် ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် ဖြစ်ပျက်နေသည့် အခြေအနေကို လှမ်း၍ ကြည့်လိုက်သည့်နောက်မှာတော့ လျှိုဝမ်ရှစ်ဆီမှ ထွက်ပေါ်နေသည့်မီးတောက်သည် အလွန်တရာ အားကောင်းကြောင်းကို မြင်လိုက်ရသည်။ ထို့ကြောင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။

“ဒါ … ဒါက ဘယ်လိုမီးတောက်မျိုးလဲ”

အနီးကပ်ဆုံးရှိနေသည့် ချင်စုန့်ပေါင်၏ အမူအရာသည်လည်း ပြောင်းလဲသွားတော့သည်။ သူသည် အကောင်းဆုံး ကြိုးစား၍ ခရမ်းရောင်မီးတောက်ကို ထိန်းချုပ်နေသည်ဆိုသော်လည်း တစ်ဖက်မိန်းကလေးဆီမှ ထွက်ပေါ်နေ သော မီးတောက်များသည် သူ၏မီးတောက်များကို ဖိနှိပ်ထားလျက်ရှိသည်။

ငါ့ရဲ့မီးတောက်ကိုတောင်မှ ဖိနှိပ်ထားနိုင်တယ်ဆိုတော့ ဒီမီးတောက်က ကျိန်းသေပေါက် စားဖိုမှူးတွေအတွက် အားအကောင်းဆုံးသော မီးတောက်ဖြစ်ရမယ်။

လျှိုဝမ်ရှစ်သည် စားဖိုမှူးနတ်ဘုရားမီးတောက်ကို ထုတ်လွှတ်ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးတွင် ရှိနေသော မီးတောက်များအားလုံးသည် ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။ မည်သူမှသည် ဤမီးတောက်နှင့် ယှဉ်ပြိုင်နိုင်ခြင်းငှာ မစွမ်းသာပေ။

ကျွင်းချောင်ရှောင်းသည် သူ၏ထိုင်ခုံတွင် အသာမှီထိုင်ရင်း အကူအညီမဲ့စွာဖြင့် ပခုံးကို တွန့်လိုက်မိသည်။ “စကတည်းက လုံးဝကို ဖိနှိပ်ထားတာပဲ၊ အရမ်းကောင်းတယ်”

All Chapters