← Chapters

အခန်း (၈၁၉)

Vol. 55 Ch. 819

အခန်း (၈၁၉)

Vol. 55 Ch. 819

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် စားဖိုမှူးနတ်ဘုရားမီးတောက်ဆိုသည်မှာ မရှိချေ။ ထို့ကြောင့် လျှိုဝမ်ရှစ် ထိုအရာကို ထုတ်ဖော်လိုက်သည့်အခါမှာတော့ မည်သည့်မီးဓာတ်သဘာဝဖြစ်ကြောင်း မည်သူကမျှ မသိရှိချေ။ သို့ပေမဲ့ ထိုအရာမှာ အရေးမကြီးချေ။ အရေးကြီးသည်မှာတော့ စားဖိုမှူးနတ်ဘုရားမီးတောက် ပေါ်လာသည်နှင့် တပြိုင်နက် ချင်စုန့်ပေါင်၏ ခရမ်းရောင်မီးတောက်အပါအဝင် ပြိုင်ပွဲဝင်အားလုံး၏ မီးတောက်များအားလုံးသည် ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

“ဒါက ကျိန်းသေပေါက် သာမန်မီးတောက် မဟုတ်ဘူးပဲ”

“ဒီလောကကြီးမှာ ခရမ်းရောင်မီးတောက်ကိုတောင် ဖိနှိပ်ထားနိုင်တဲ့ မီးတောက် ရှိလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး”

“ဒီမိန်းကလေးက တကယ့်ကို မရိုးရှင်းဘူးပဲ”

ဒိုင်လူကြီးဆယ်ယောက်လုံးသည် အံ့အားတသင့်ဖြင့် ပြောဆိုဆွေးနွေးလျက်ရှိနေကြသည်။ မီးတောက်သည် ချက်ပြုတ်ခြင်းစွမ်းရည်ကို ကိုယ်စားမပြုဘူးဆိုသော်လည်း အဆင့်မြင့်မီးတောက်များသည် ချက်ပြုတ်ရာတွင် ကောင်းမွန်သည့် ကူညီမှုကို ပေးစွမ်းနိုင်သည်ဖြစ်ကြောင်း သံသယရှိစရာတော့ မလိုတော့ချေ။

“ကျုပ် အရှေ့တောင်ရန်ကျူးရဲ့ စားဖိုမှူးပြိုင်ပွဲအကြောင်းကို မေးမြန်းခဲ့ပြီးပြီ၊ ဒါပေမဲ့ ဒီမိန်းကလေးဆီမှာ စွမ်းအားမြင့် မီးတောက်ရှိတယ်လို့ တစ်ခါမှ မကြားခဲ့ဖူးဘူး၊ သူမက ပြိုင်ပွဲဝင်တုန်းက ထင်းမီးတောက်ကိုတောင် အသုံးပြုပြီးတော့ ချက်ပြုတ်ခဲ့သေးတယ်တဲ့”

“သူမရဲ့ပြိုင်ဘက်က အရမ်းကိုအားနည်းလို့ ထုတ်မသုံးတာလည်း ဖြစ်နိုင်တယ်လေ၊ ဒီလိုဆိုရင် ဒီမိန်းကလေးက အားလုံးကို ကြီးမားတဲ့အံ့အားသင့်မှုဖြစ်အောင်လို့ ပြုလုပ်ခဲ့တာပဲ”

ဒိုင်လူကြီးများအားလုံးသည် လျှိုဝမ်ရှစ်ကို အံ့အားတသင့်ဖြင့် ကြည့်မိနေကြ၏။ သူမသည်လည်း သူမထုတ်ဖော် လိုက်သော စားဖိုမှူးနတ်ဘုရားမီးတောက်မှာ အလွန်အားကောင်းလွန်းလှပြီး တစ်ဖက်လူများ၏ မီးတောက်များကို ဖိနှိပ်ထားနိုင်သည်ကို သိရှိလိုက်ရပြီးနောက် အလျင်အမြန်ပဲ ၎င်း၏အော်ရာများကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

ဝှစ် ဝှစ်

ဘုရင်အဆင့်မီးတောက်၏ ဖိနှိပ်မှုကို မခံရတော့သည့်နောက်မှာတော့ ပြိုင်ပွဲဝင်များ၏ မီးတောက်များသည် သာမန်အဖြစ်သို့ ပြန်လည်ဖြစ်တည်လာခဲ့ကြသည်။ သို့ပေမဲ့ ဤကဲ့သို့ အမှတ်မထင်ဖြစ်ပြီးသည့်နောက် အားလုံး၏ အမူအရာများသည် ပိုမိုကာ လေးနက်သွားတော့သည်။ ပထမတုန်းက ၎င်းတို့သည် လျှိုဝမ်ရှစ်အား လေးလေး နက်နက် သဘောမထားကြချေ။ ထို့အပြင် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်သည့်အပြင် အရှေ့တောင်ရန်ကျူးဆီမှ လူတစ်ယောက်လည်း ဖြစ်သောကြောင့် အထင်မကြီးကြခြင်း ဖြစ်၏။ သို့ပေမဲ့ စားဖိုမှူးနတ်ဘုရားမီးတောက် ထွက်ပေါ်လာပြီးသည့် နောက်မှာတော့ ဤမိန်းကလေးသည် ၎င်းတို့၏ ဗိုလ်ဆွဲရန် လမ်းခရီးတွင် အားအကောင်းဆုံးသောချိန်ကိုက်ဗုံး ဖြစ်လာမည်ဟု အားလုံးက သတ်မှတ်လိုက်မိကြပြီဖြစ်၏။

“မိန်းကလေးလျှို”

ချင်စုန့်ပေါင်သည် မီးတောက်ကို တည်ငြိမ်အောင် ထိန်းပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားဆီမှာ ဒီလောက်အားကောင်းလှတဲ့ မီးတောက်ရှိနေမယ်လို့ မထင်မိဘူး”

“စကားမပြောနဲ့တော့”

လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “ချက်ပြုတ်ဖို့ပဲ အာရုံစိုက်”

“ကောင်းပါပြီ” ချင်စုန့်ပေါင်သည် ပါးစပ်ကို တင်းတင်းစေ့လိုက်၏။ မီးတောက်များကို စတင်ဖန်တီးပြီးသည့် နောက်မှာတော့ သူသည် အမဲသားကီလိုဝက်လောက်ကို ယူ၍ ကြိုက်နှစ်သက်ရာ ပါဝင်ပစ္စည်းအမျိုးမျိုးကို ခြင်းတောင်းထဲသို့ ဆွဲယူကာ ထည့်သွင်းတော့သည်။

ချလွမ်

ရုတ်တရက်ဆိုသလိုပဲ ဓားထုတ်လိုက်သည့် အသံတစ်ခု ကြားလိုက်ရသည်။ ချက်ပြုတ်ရန်ပြင်ဆင်နေကြသော ပြိုင်ပွဲဝင်များအားလုံးသည် အမှတ်မထင် လှမ်းကြည့်လိုက်သည့်နောက်မှာတော့ အလယ်ဗဟိုရှိ မီးဖိုကြီးရှေ့တွင် အမဲရောင်မီးဖိုချောင်သုံးဓားအား ခါးကြားမှ ထုတ်ယူကာဖြင့် စဉ့်တီးတုံးပေါ်တွင် အသားများကို တဒုတ်ဒုတ်နှင့် လှီးနေသော လူတစ်ယောက်ကို မြင်လိုက်ကြရ၏။ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များသည် တုန်ခါလျက်ရှိနေပြီး စဉ့်တီးတုံးပေါ်တွင်ရှိနေသော ပါဝင်ပစ္စည်းများအားလုံးသည် ရုတ်တရက်ဆိုသလိုပဲ အပေါ်သို့ မြင့်တက်လာခဲ့၏။

ဝှစ် ဝှစ်

ဓား၏အလင်းတန်းများနှင့်အတူ ဓား၏အရိပ်များသည် အားလုံး၏ မျက်လုံးထဲတွင် ရှုပ်ယှတ်ခတ်လျက် ရှိနေကြ တော့သည်။

“ဘယ်လောက်မြန်လိုက်တဲ့ နည်းစနစ်လဲ”

သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည် မျက်မှောင်ကုတ်ကာ ဖြင့် ပြောလိုက်မိ၏။ “အသက်တစ်ရှိုက်စာအတွင်း အကြိမ်တစ်ရာလောက် ခုတ်သွားတာပဲ”

“တစ်ရာငါးဆယ့်ခြောက်ကြိမ်”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ ခုတ်ပိုင်းလိုက်သည့် ဓားတိုက်ခိုက်ချက်တွင် အကြိမ်ရေမည်မျှပါသည်ကိုဖြစ်ကြောင်းကို အတိအကျ ပြောဆိုနိုင်စွမ်း ရှိနေ၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “တကယ့်ကို ဓားသမားတစ်ယောက်ပဲ၊ ဓားမော့လမ်းစဉ်ကိုသာ လျှောက်လှမ်းမယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာမှာပဲ”

စနစ်က ပြောလိုက်သည်။ “အားလုံးဆီမှာ ကိုယ်ပိုင်ရည်မှန်းချက်ဆိုတာ ရှိကြတယ်လေ”

“ဒါကတော့ အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် သဘောတူလိုက်မိ၏။ ထို့အပြင် တစ်ချက်ကြည့်လိုက်သည်ဆိုသည် နှင့် တစ်ဖက်လူသည် ဓားမော့လမ်းစဉ်တွင် အားကောင်းလှသည်ဆိုသော်လည်း သတ်ဖြတ်ခြင်းလမ်းစဉ်တွင် အသုံးဝင်လှသည်မဟုတ်ပဲ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ရာတွင်သာ အသုံးဝင်သည်ဖြစ်ကြောင်းကို သူ နားလည်လိုက်မိ၏။

....................

လင်းရိုသည် မီးဖိုချောင်သုံးဓားမော့ကြီးအား သူ၏ဓားအိမ်ထဲသို့ ပြန်လည်ကာ ထည့်သွင်းလိုက်၏။ ပါဝင်ပစ္စည်း များအားလုံးသည် အပိုင်းပိုင်းလှီးဖြတ်ပြီးသည့်နောက်မှာတော့ အပ်ချည်အရွယ် အပိုင်းပိုင်းဖြစ်လို့နေသည်။

“အားကောင်းလိုက်တာ၊ တကယ့်ကို စားဖိုမှုးနတ်ဘုရားတစ်ယောက်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက် ပီသပါပေတယ်၊ ဒီနည်းစနစ် ကိုအသုံးပြုပြီး လူတွေသာ သတ်ဖြတ်မယ်ဆိုရင် ရေတွက်လို့မရအောင် အပိုင်းပိုင်းခုတ်ဖြတ်ခံရမှာပဲ”

လင်းရို၏ ဓားမော့စွမ်းရည်သည် သိုင်းကျင့်ကြံသူများကို အံ့အားသင့်မိစေခဲ့၏။သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင် ထိုင်လျက်ရှိသော မာယုံနင်မှာတော့ အထင်သေးသည့် အရိပ်အယောင်များ တည်ရှိလို့နေသည်။ သူ၏ရှေ့ စဉ့်တီတုံးပေါ်တွင် စိုက်၍ထားသော ဓားမော့တစ်ချောင်းက တည်ရှိလို့နေသည်။ ကျွင်းချောင်ရှောင်းသည် သူ့အား တိမ်ဖောက်ဓားမော့ကို ပေးအပ်ထားသည်ဆိုသော်လည်း သူသည် မီးဖိုချောင်တွင် သုံးသည့်နေရာ၌ ယခင် မီးဖိုချောင်သုံးဓားမော့ကိုသာ အသုံးပြုလျက်ရှိသည်။ ၎င်းသည် ဤဓားမော့ကို အသုံးပြုကာဖြင့် ဟင်းသီး ဟင်းရွက်များ ခုတ်ပိုင်းသည့်တာဝန်ကို ဆက်လက်ကာ ယူထားခဲ့သည်။

မာယုံနင်သည် တကယ်တမ်း တိုက်ခိုက်ပွဲများတွင် ရှားရှားပါးပါး တိုက်ခိုက်တတ်သည်ဆိုသော်လည်း နေ့စဉ်နေ့တိုင်း စားသောက်ခန်းထဲသို့ လာ၍ ကူညီခြင်းကို ပြုလုပ်ရ၏။ ထို့ကြောင့် သူ၏ ဓားမော့နှင့် ပတ်သက်သော စွမ်းရည်များသည် တစ်နေ့ထက် တစ်နေ့ ပိုမိုအားကောင်းလာတော့သည်။ သူသည် ဟင်းသီး ဟင်းရွက်များကို ခုတ်ပိုင်းရင်း ဟင်းသီးဟင်းရွက်ခုတ်ပိုင်းနည်းစနစ်ကို ဖန်တီး နားလည်ထား၏။

လင်းရို၏ ဟင်းသီးဟင်းရွက် ခုတ်ပိုင်းခြင်း နည်းစနစ်သည် အမြင်အာရုံအရသာ ပိုကောင်းသည်ဟု သူထင်မှတ်မိ၏။ သူ့အနေနှင့်ဆိုလျှင် ဒီထက်ပိုမို၍ အားကောင်းလှသော ခုတ်ပိုင်းချက်များကို ထုတ်ဖော်နိုင်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ တပည့်သောင်းကျော်အား ဟင်းသီးဟင်းရွက်များ ခုတ်ပိုင်း၍ ကျွေးမွေးနေရသည် မဟုတ်လား။

"အစ်ကိုကြီးမာ"

အိုးရန်ကျွင်းကပြောလိုက်သည်။ "အဲမှာရပ်မနေနဲ့၊ မြန်မြန်လာပြီးကူညီအုံး"

"ကောင်းပြီ"

မာယုံနင်သည် မီးဖိုချောင်ထဲသို့ လျှောက်ဝင်လာခဲ့တော့သည်။ သူသည်ကျွမ်းကျင်စွာဖြင့် ရင်ကာအား ဝတ်ဆင်လိုက်ပြီးသည့်နောက် ဘေးတွင်ရှိသော ဝိုင်တစ်ခွက်ကို ကောက်မော့လိုက်၏။ ပြီးနောက် မီးဖိုချောင်သုံး ဓားမော့ကို လက်တစ်ဖက်ဖြင့် ကောက်ဆွဲပြီး အသာပြောလိုက်တော့သည်။ "အစစ်အမှန် ကျွမ်းကျင်သူတွေက ဟန်ရေးမပြဘူး"

ရွှီး ရွှီး

“သဲဝါဓားပျံ”

.....................

မီးဖိုချောင်သုံးဓားမော့သည် လေဟာနယ်ထဲတွင် ထောင့်ဖြတ်နည်းလမ်းအတိုင်း ပိုင်းဖြတ်သွားပြီးသည့်နောက် စဉ်းတီတုံးပေါ်တွင် ဘိုင်းကနဲ စိုက်ဝင်သွားတော့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန်တရာ ချောမွေ့လွန်းလှပြီး ဟင်းလျာချက်ပြုတ်မည့် ပါဝင်ပစ္စည်းများသည် စားပွဲပေါ်တွင် အပိုင်းပိုင်းဖြစ်တည်လျက် ရှိနေတော့၏။ မာယုံနင် သည် လင်းရိုကဲ့သို့ ဟန်ရေးမပြဘူးဆိုသော်လည်း သူ၏ နည်းစနစ်များမှာ ပိုမို၍ ချောမွေ့ပြီး ကြည့်၍ ကောင်းမွန် လွန်းလှသည်။

“အမ်”

မီးမွေးရန်ပြင်ဆင်လျက်ရှိသော အိုးရန်ကျွင်းသည် ရုတ်တရက်လှည့်ကာ အော်လိုက်မိ၏။ “အစ်ကိုကြီးမာ... ဘယ်ကိုပြေးတာလဲ”

“ဆေးဟောခန်းမဆီ”

“လက်ကိုထပ်ပြီး လှီးမိပြန်ပြီလား”

မာယုံနင်သည် မည့်သည့်စကားမှ မဆိုဘဲ ဆေးဟောခန်းမဆီသို့ ပြေးသွားတော့သည်။ ကျွမ်းကျင်သူ၊ မာယုံနင်သည် တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေ၏။ သို့ပေမဲ့ လက်ကိုတော့ ဓားရှသေးသည်။

.....................

စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို ပြန်၍ကြည့်မည်ဆိုလျှင် လင်းရိုသည် သူ၏ဓားမော့စွမ်းရည်ကို အလုံးစုံ ပြသခဲ့၏။ သို့ပေမဲ့ အလုပ်များလျက်ရှိသော တခြားသောပြိုင်ပွဲဝင်များကိုတော့ မသက်ရောက်ခဲ့ချေ။ ဓားမော့စွမ်းရည် ဆိုသည်မှာ အကူအနေနှင့်သာ အသုံးပြု၍ရသော စွမ်းရည်ဖြစ်သည်။ အစစ်အမှန်ဆုံးဖြတ်ရမည့်အရာသည် ချက်ပြုတ်ခြင်းစွမ်းရည်ပင် ဖြစ်တော့၏။

“ငါ ဘာကိုချက်ရင်ကောင်းမလဲ”

လျှိုဝမ်ရှစ်သည် စတင်ကာ စဉ်းစားလိုက်မိ၏။ သူသည် တရုတ်ဟင်းလျာစာအုပ် ထဲမှ များပြားလှသော ဟင်းပွဲများအကြောင်းကို စဉ်းစားလိုက်သည်။

“ရပြီ”

မိန်းကလေးသည် တိုဖူးတုံးကြီးကြီးကို ကောက်ယူပြီးနောက် ကျန်သည့်ပါဝင်ပစ္စည်းတော်တော်များများကို ခြင်းထဲသို့ထည့်ကာ ပြန်ပြီးယူဆောင်လာခဲ့တော့သည်။ ပြီးနောက် သူမသည် လေးလေးနက်နက် ခုတ်ပိုင်းလျက် ရှိသည်။ ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်းသည့်နေရာတွင် သူမသည် လင်းရို ကဲ့သို့ မမြန်ဆန်လှချေ။ သို့ပေမဲ့ သေသေချာချာ ဂရုစိုက်၍ လှီးဖြတ်ခြင်းဖြစ်သောကြောင့် ပြည့်စုံသည့် ဟင်းသီးဟင်းရွက်များအဖြစ် လှပစွာ ဖြစ်တည်လျက်ရှိနေတော့၏။ ကောင်းမွန်သည့်ရလဒ်များကို ရရှိရန်အတွက် သူမသည် စိတ်မလောချေ။ သေသေ ချာချာ လေးလေးနက်နက်နှင့် ပြုလုပ်လျက်ရှိနေ၏။

သူ၏တပည့်သည် အကောင်းဆုံးပြုလုပ်နေသည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်း နားလည်မိ၏။ သူမ၏ လေးနက်သည့်ပုံပန်းသွင်ပြင်ကို ကြည့်လိုက်သည်ဆိုသည်နှင့် ထိုအရာမှာ သိသာ၊ မြင်သာလွန်းလှ၏။

ပြိုင်ပွဲဝင်များအားလုံးသည် အလုပ်ရှုပ်လျက်ရှိနေကြ၏။ ချင်စုန့်ပေါင် တစ်ယောက်တည်းသည်သာ အာရုံပြန့်လွှင့် လျက်ရှိပြီး တစ်ခါတစ်ရံဆိုသလို လျှိုဝမ်ရှစ်ဆီ လှမ်းလှမ်းကြည့်တတ်သည်။ ယခုနှစ် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ တွင်တော့ သူသည် တခြားသောသူများ အားလုံးကို ဂရုမစိုက်ပေ။ သို့ပေမဲ့ ဤမိန်းကလေးသည် သူ့အား ဖိအားများ ပေးစွမ်းခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် သူမချက်ပြုတ်ခဲ့သည့် ထမင်းကြော်နှင့် ငါးချိုချဉ်အား လမ်းတွင် စားခဲ့ဖူးသောကြောင့်ပင်ဖြစ်သည်။

ချင်စုန့်ပေါင်သည် စားဖိုမှူးနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံခဲ့သူတစ်ယောက် ဖြစ်သလို သူ့အဖေ၏ အစား အသောက် ကြိုက်နှစ်သက်သည့် အမွေအနှစ်ကိုလည်း ဆက်ခံခဲ့သေးသည်။ ထို့ကြောင့် အစားအသောက်များကို အရသာခံသည့်နေရာတွင် သူသည် အလွန်တရာ ထူးခြားလွန်းလှ၏။ သူစားခဲ့ဖူးသော ထမင်းကြော်နှင့် ငါးချိုချဉ် တို့သည် သူ့ဆရာပင်လျှင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု သူခန့်မှန်းနေမိ၏။

ထို့ကြောင့်ပင်လျှင် သူသည် ချင်စုန့်ပေါင်ဟူသော သူ၏နာမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ဘဲ သူ့အဖေ၏ ယခင်နှစ်မှ ဒိုင်လူကြီး ကတ်ပြားကို ထုတ်ဖော်ကာ သူ့အဖေယောင်ဆောင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

သူ့ထက် အနည်းငယ်သာ အသက်ကြီးပုံပေါ်သော ဤမိန်းကလေးသည် အဘယ်ကြောင့် ကောင်းမွန်လှသော ဟင်းပွဲများကို ဖန်တီးနိုင်ခဲ့သနည်းဆိုသည်ကို သူသေချာစဉ်းစား၍ မရချေ။ လျှိုဝမ်ရှစ်၏ ချက်ပြုတ်ခြင်းစွမ်းရည် များသည် အလွန်အားကောင်းလွန်းလှ၏။ ဤအရာသည် သူမ၏ ပါရမီနှင့်ပင် သက်ဆိုင်လျက်ရှိနေသည်။ ထို့အပြင် ပါရမီဆိုသည်မှာလည်း လုံလောက်အောင် လေ့ကျင့်ခြင်းမှ အစပြုဖြစ်တည်ခဲ့ခြင်းပင်ဖြစ်တော့သည်။ သူမသည် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံး၏ မီးဖိုချောင်ကို တာဝန်ယူထားရသူ ဖြစ်နေသည် မဟုတ်ပါလား။

လောကတွင် ကြောက်စရာအကောင်းဆုံးသောလူများမှာ ပါရမီရှင်များဟုဆိုလျှင် အလွန်တရာ အလုပ်ကြိုးစားလှ သော ပါရမီရှင်များမှာတော့ ကြောက်မက်ဖွယ်ရာကောင်းသောလူများ ဖြစ်ပေလိမ့်မည်။

ချင်စုန့်ပေါင်သည် အနည်းငယ် စိတ်ဓာတ်ကျလျက်ရှိ၏။ ထို့ကြောင့် ထိုစိတ်များအားလုံးကို ဘေးသို့ဖယ်ရှားပြီး ချက်ပြုတ်ရာတွင် အာရုံစူးစိုက်ရန် ပြင်ဆင်လိုက်တော့သည်။ အချိန်များသည် မြန်မြန်ဆန်ဆန်ဖြင့် ကုန်ဆုံးသွားခဲ့၏။ နှစ်နာရီခန့် ကြာပြီးသည့်နောက် စားပွဲဝိုင်းပေါ်တွင် များပြားလှသည့် ဟင်းပွဲများ တည်ရှိလို့နေသည်။

မြင်ကွင်းကို ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် အနံ့၊ အရသာကို မခံရဘူးဆိုသော်လည်း ထိုဟင်းပွဲများ၏ ပုံပန်းသွင်ပြင်ကို မြင်ရသည်နှင့် ပထမတန်းစား အရသာရှိသော ဟင်းပွဲများဖြစ်မည်ဆိုသည် ကတော့ သေချာသိရှိလို့နေသည်။ ၎င်းတို့အားလုံးသည် သွားရည်ပင် ယိုလာမိကြ၏။

လျှိုဝမ်ရှစ်သည် ထောင့်တစ်ခု တွင် ထိုင်လျက်ရှိပြီး သူမချက်ပြုတ်လိုက်သော ဟင်းပွဲအား အဖုံး ဖုံးထားလျက်ရှိ၏။ ထို့ကြောင့် မည်သည့်ဟင်းပွဲ ဖြစ်သည်ကို မည်သူမှ ကောင်းကောင်းမသိကြချေ။

“ဟင်းပွဲတွေကို သုံးသပ်ပေးဖို့ ဒိုင်လူကြီးဆယ်ဦးကို ဖိတ်ခေါ်ပါတယ်” ဟောင်ကျိကျန်က ပြောလိုက်တော့သည်။

“ကျေးဇူးပြုပြီး”

ဒိုင်လူကြီးဆယ်ယောက်တို့သည် စားပွဲဝိုင်းဆီသို့ အသာလျှောက်လှမ်းလာပြီးသည့်နောက် တစ်ခုချင်းစီ အရသာခံ တော့သည်။ အရသာခံပြီးသည့်နောက် သက်ဆိုင်ရာအမှတ်များကို စတင်ကာ ပေးတော့၏။

“မာထျန်းချန်... ခုနှစ်ဆယ့်ကိုးမှတ်၊ ထုတ်ပယ်ခံရတယ်”

“မြောက်ပိုင်းသဲကန္တာရနယ်မြေရဲ့ စားဖိုမှူးပြိုင်ပွဲဗိုလ်စွဲတဲ့လူက ဒီလိုပဲ ပထမအကျော့မှာတင်ပဲ ထုတ်ပယ်ခံလိုက် ရတာပေါ့”

“ဘာကြောင့်လဲ၊ ဘာကြောင့်လဲ” မာထျန်းချန်သည် ဒိုင်လူကြီးများအားလုံးကို ကြည့်ကာ သဘောမတွေ့သလို အော်လိုက်၏။

အင်မော်တယ်ကဲ့သို့ ခံညားလှသော အဘိုးအိုတစ်ယောက်သည် အသာပင် ပြောလိုက်တော့၏။ “အပူနဲ့ အရသာက နည်းနည်းလေး လက်လွန်သွားတယ်”

“.........” အားလုံးသောသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ နည်းနည်းလေး လက်လွန်သွားသည်ဆိုသော အကြောင်းပြချက်လေးနှင့် တစ်ဖက်လူ၏ ကြိုးကြိုးစားစား ချက်ပြုတ်ထားမှုကို အသိအမှတ် မပြုဘဲ ငြင်းပယ်ခဲ့သည်။

ဤဒိုင်လူကြီးများအားလုံးသည် အလွန်ပင် တင်းကျပ်သည့်လူများဖြစ်ပုံပေါ်၏။

All Chapters