အခန်း (၈၂၀)
Vol. 55 Ch. 820
စားဖိုမှူးပြိုင်ပွဲတစ်ခုသာဖြစ်မည်ဆိုလျှင် ပြိုင်ပွဲဝင်များအနေဖြင့် အနည်းငယ်ပြစ်ချက်များ ဖြစ်ခဲ့မည်ဆိုလျှင် ဒိုင်လူကြီးများအနေဖြင့် စဉ်းစဉ်းစားစားနှင့် ပြန်လည်သုံးသပ်ပေးရမည်ဖြစ်သည်။ ဥပမာအားဖြင့် မာထျန်းချန်၏ ဟင်းပွဲသည် အနည်းဆုံး ကိုးဆယ်မှတ်လောက် ရရှိနိုင်သည့် ဟင်းပွဲမျိုးပင်ဖြစ်၏။
သို့ပေမဲ့ စားဖိုမှူးနတ်ဘုရား ပြိုင်ပွဲတွင်တော့ ခုနှစ်ဆယ့်ကိုးမှတ်သာ ရရှိခဲ့၏။ ဤအရာသည် ရှစ်ဆယ်မှတ်ရရန် တစ်မှတ်လေးသာလိုတော့ သည်ဆိုသော်လည်း ထုတ်ပယ်ခြင်းကို ခံလိုက်ရတော့သည်။
ပွဲစီစဉ်သူများ ဖိတ်ခေါ်ထားခဲ့သည့် ဒိုင်လူကြီးများအားလုံးသည် အလွန်ပင်ဇီဇာကြောင်တတ်ပုံပေါ်၏။ ၎င်းတို့ အားလုံးသည် မျက်လုံးထဲသို့ဝင်လာသော သဲတမှုန်ကိုပင် သည်းညည်းခံလိမ့်မည် မဟုတ်ချေ။ ဟင်းပွဲများနှင့် ပတ်သက်ပါက အရောင်၊ အနံ့၊ အရသာ အားလုံးကို သေသေချာချာ စစ်ဆေးပြီး ဆန်းစစ်တတ်သည့် လူများပင် ဖြစ်တော့၏။
“ကျုပ်လက်မခံနိုင်ဘူး၊ ကျုပ်လက်မခံနိုင်ဘူး” မာထျန်းချန်သည် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့သည်။ သူသည် မျက်လုံးထဲတွင် မျက်ရည်များ အဝိုင်းသားဖြင့် ကျယ်လောင်စွာ အော်ဟစ်လျက် ရှိနေတော့သည်။ စားဖိုမှူးပြိုင်ပွဲကို အနိုင်ယူပြီးနောက် သူသည် ချက်ပြုတ်ခြင်းစွမ်းရည်ကို ပိုမို တိုးတက်လာစေရန် သူသည် ကြိုးကြိုးစားစားဖြင့် ကြိုးစားခဲ့ရ၏။ သူ့အနေဖြင့် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် ကောင်းမွန်သည့်ရလဒ်များကို ရရှိရန် မျှော်လင့်နေမိ၏။ သို့ပေမဲ့ သူတစ်နှစ်ပတ်လုံး ကြိုးစားခဲ့ရသည့်အရာတစ်ခု သည် ဤဘာမှမဟုတ်သည့် ပစ်ချက်ကလေးတစ်ခုကြောင့် ထုတ်ပယ်ခြင်းကို ခံခဲ့ရတော့သည်။
တခြားသော ပြိုင်ပွဲဝင်သူများအားလုံးသည် မာထျန်းချန်အား ဆွဲခေါ်သွားခဲ့သည်ကို ကြည့်ရှုပြီးသည့်နောက် အားလုံးပဲ ထိတ်လန့်စိုးရွံ့နေမိကြသည်။ ၎င်းတို့အားလုံးသည် စိုးရိမ်ပူပန်မှု၊ ကြောက်လန့်မှုများဖြင့် ရောထွေးစွာ ခံစားနေရသည်။ ထို့အပြင် သူတို့သည်လည်း နောက်တစ်စက္ကန့်အတွင်း ဤကဲ့သို့ ထုတ်ပယ်ခံရနိုင်သည် မဟုတ်ပါလား။
ဒိုင်လူကြီးဆယ်ယောက်တို့သည့် ၎င်းတို့၏ ဦးခေါင်းများကို ငုံ့ကာဖြင့် ပြိုင်ပွဲဝင်များ၏ ဟင်းပွဲများကို တစ်ခုချင်းစီ သုံးသပ်ကြတော့သည်။ အဆုံးသတ်မှာတော့ အနည်းဆုံးအမှတ်ရရှိသူသည် ခုနှစ်ဆယ့် ခြောက်မှတ်သာ ဖြစ်တော့သည်။
“ဒါက တော်တော်များလွန်းတာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်လွှင့်ခြင်းဖြင့် ပြိုင်ပွဲဝင်များ ပြုလုပ်ထားသည့်ဟင်းပွဲများ၏အနံ့ကို ကောင်းကောင်း ရရှိခဲ့၏။ ထို့ကြောင့် ဤဟင်းပွဲများသည် ကောင်းမွန်လှသည့် ဟင်းပွဲများဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ ထိုသို့ကောင်းမွန်သည့် ဟင်းပွဲများပင်လျှင် ထုတ်ပယ်ခံနေရသည်ဆိုလျှင် ပြိုင်ပွဲဝင် ရာကျော်တွင် တစ်ယောက်မှပင် ကျန်လိမ့်မည်မဟုတ် ဟု ကျွင်းချောင်ရှောင်းက သုံးသပ်မိသည်။
လူသားများအားလုံးသည် သူတော်စင်များ မဟုတ်ကြပေ။ ထို့ကြောင့် အမှားအယွင်းများ ပြုလုပ်နိုင်သည် ဆိုသည်မှာ သဘာဝပင်ဖြစ်၏။ သေးငယ်လှသည့် ပြစ်ချက်ကလေးတစ်ခုကြောင့် ဤကဲ့သို့ ထုတ်ပယ်ခံရသည်မှာ မမျှတဟု သူခံစားမိ၏။
ထန်ရမ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက နောက်ဆုံးစားဖိုမှူးပြိုင်ပွဲကို မကြည့်လို့၊ အဓိက ဒိုင်လူကြီးက ပထမအကျော့မှာထဲက လူတွေအကုန်နီးပါးကို ထုတ်ပစ်လိုက်တာ၊ လူနည်းနည်းလေးပဲ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တယ်လေ”
“အဲလိုလား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ လူအနည်းသည်သာ နောက်တစ်ဆင့်သို့ တက်နိုင်သည်ဆိုပါက နောက်ဆုံးဖိုင်နယ်ပွဲသို့ ရောက်ရှိသွားသည်နှင့် ဘာထူးသွားတော့မည် နည်း။
စနစ်က ပြောလိုက်သည်။ “ကြည့်ရတာ စာရေးသူကတော့ အပိုင်းတွေ ချုံ့နေတာပဲ ဖြစ်ရမယ်”
“အရသာက နည်းနည်းငန်နေတယ်၊ ကျရှုံးတယ်”
“ဒီမုန်လာဥကို အခွံခွာထားတဲ့ဟာက မသပ်ရပ်ဘူး၊ ဟင်းပွဲတစ်ခုလုံးရဲ့ အလုံးစုံသော လှပမှုကို ဖျက်ဆီးလိုက် သလိုပဲ၊ ကျရှုံးတယ်”
“အရသာလည်း မဆိုးဘူး၊ လှီးထားတဲ့ပုံစံကလည်း မဆိုးဘူး၊ ဒါပေမဲ့ ခင်ဗျားရုပ်ကို ကြည့်ရတာ ကျုပ်ထက်တောင် ရင့်နေသေးတယ်၊ ဒီတော့ ကျရှုံးတယ်”
“.........” သိုင်းကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။
အရသာမကောင်းလို့ ထုတ်ပယ်ခံရသည်မှာ သာမန်ပင်ဖြစ်၏။ ထို့အတူ ဟင်းသီးဟင်းရွက်များ လှီးဖြတ်ရာတွင် အချိုးအစားမတူသောကြောင့် ထုတ်ပယ်ခံရ သည်မှာလည်း သာမန်ပင်ဖြစ်၏။ သို့သော်ငြား အသက်အရွယ်ကြီးရင့်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်သည့်လူမျိုး ဖြစ်သောကြောင့် ထုတ်ပယ်ခံရသည်မှာ အဘယ်သို့သော အကြောင်းကြောင့်နည်း။
ဟုတ်ပေသည်။ တချို့သော ချက်ပြုတ်ခြင်းစွမ်းရည်များတွင် တစ်စုံတစ်ယောက်၏ အသွင်အပြင်သည်ကလည်း အရေးပါလွန်းလှ၏။
“ထုတ်ပယ်တယ်၊ ထုတ်ပယ်တယ်”
ထိပ်ဆုံးပြိုင်ပွဲဝင်နှစ်ဆယ်တို့သည် ရှစ်ဆယ်မှတ်အောက်ကိုသာ ရရှိခဲ့ကြ၏။ ၎င်းတို့အားလုံးသည် အပြင်ဘက်သို့ ဆွဲထုတ်ခြင်းကို ခံရသည်။
ဤအတောအတွင်းမှာပဲ အော်ဟစ်လျက်ရှိ၏။ “ဒါက မမျှတဘူး၊ ဒါက လုပ်ပွဲကြီးပဲ၊ မမျှတဘူး”
“ပထမအကျော့မှာ လူတစ်ရာ့နှစ်ဆယ်ရဲ့ တစ်ဝက်လောက်က ဒုတိယအကျော့ဆီ တက်ရောက်ရမယ်လို့ ကျုပ် ထင်ထားတာ၊ ဒါပေမဲ့ တကယ်တော့ နောက်တစ်ကျော့ကို လူနှစ်ဆယ်လောက် တက်နိုင်ရင်ကို တော်တော် ကောင်းနေပြီ”
“နှစ်ဆယ်ကျော် ဟုတ်လား၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး၊ အခု သုံးသပ်နေတဲ့ ဒိုင်လူကြီးတွေက တကယ့်ကို စစ်စစ် ပေါက်ပေါက်နဲ့ တင်းကျပ်လွန်းတယ်”
ပွဲကြည့်ရှုနေကြသူများအားလုံးသည် မည်သို့မှ မနေနိုင်တော့ဘဲ ဒိုင်လူကြီးများကိုပင် ထရိုက်ချင်စိတ် ပေါက်မိနေ ကြ၏။ တချို့ဒိုင်လူကြီးများဆိုလျှင်ပင် ဟင်းချက်ထားသည်ကိုယူ၍ အမှိုက်ပုံးထဲသို့ ပစ်လျက်ရှိနေသည်။ သေးငယ် လှသော ပြစ်ချက်ကလေးတစ်ခုအတွက်နှင့် ဟင်းပွဲကြီးကို အမှိုက်ပုံးထဲသို့ပစ်သည့်ရည်ရွယ်ချက်သည် အဘယ်ကြောင့်ဖြစ်သနည်းဆိုသည်ကို နားမလည်နိုင်ချေ။
“အရိုက်ခံချင်နေတာပဲ ဖြစ်မယ်” ပွဲကြည့်စင်တွင် ထိုင်နေသော ကျွင်းချောင်ရှောင်းသည် ပြေးသွားပြီး ဒိုင်လူကြီး၏ မျက်နှာအား ကြမ်းပြင်နှင့် ပွတ်တိုက်ချင်စိတ်ကို မနည်းပင် ထိန်းထားရသည်။ အစားအစာများကို ဖြုန်းတီးနေ သည့်လူများအား သူအလွန်ပင် မုန်းတီး၏။
........................
ဆက်တိုက်သုံးသပ်ပြီးသည့်နောက်မှာတော့ ပြိုင်ပွဲဝင်တစ်ယောက်သည် ရှစ်ဆယ့်တစ်မှတ်ကို ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့တော့သည်။ ဤအချိန်မှာတော့ ထုတ်ပယ်ခံရသည့် လူအရေအတွက်သည် လေးဆယ်ဆီသို့ ရောက်ရှိနေခဲ့၏။ ဤကြောက်မက်ဖွယ်ရာကောင်းသော ထုတ်ပယ်မှုနှုန်းထားကို ကြည့်ရှုမည် ဆိုလျှင် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသည် အလွန်တရာ တင်းကျပ်သည် ဆိုသည်ကို အားလုံးက သိရှိနိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲဟု ခေါ်ဆိုရခြင်းပင် ဖြစ်ပေလိမ့်မည်။
“မဆိုးဘူး၊ မဆိုးဘူး” လင်းရို ၏ အလှည့်သို့ ရောက်ရှိချိန်မှာတော့ ဒိုင်လူကြီးဆယ်ယောက်တို့သည် ခေါင်းကို ညိတ်ကာ ချီးကျူးလိုက်မိ၏။ အဆုံးသတ်မှာတော့ သူတို့သည် အများဆုံးအမှတ်ဖြစ်သည့် ကိုးဆယ်တစ်မှတ်ကို ပေးအပ်ခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ ကျန်သည့်ပြိုင်ပွဲဝင်များထဲမှ အနည်းငယ်တို့သည် နောက်တစ်ဆင့် သို့ တက်ရောက်သွားခဲ့ကြတော့သည်။ ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့သူများထဲတွင် ယခင်စားဖိုမှူး နတ်ဘုရား၏ တပည့်လည်း ပါဝင်လိမ့်မည်ဟု သူတို့သည် ကောင်းကောင်းသိရှိကြတော့သည်။
“ကောင်းမွန်လှတဲ့ နောက်ခံမရှိတဲ့လူတွေက နင်းဖြတ်ကျော်တက်ခံရတယ်လေ၊ လှေကားထစ်လိုပဲ အသုံးချ ခံရမှာပဲ”
ဤအရာသည် ပြိုင်ပွဲများ၏ နောက်တွင်ရှိနေသော အမှန်တရားပင် ဖြစ်တော့သည်။ ဗိုလ်စွဲခဲ့ဖူးသောလူများသည် အလွန်ကို အားကောင်းလွန်းကြ၏။ ထို့ကြောင့် ၎င်းတို့၏ တပည့်များသည်လည်း သူများနှင့် တန်းတူမဟုတ်သော အခွင့်အရေးမျိုးကို ရရှိနေသည်မှာ ထူးခြားသည့်အရာတော့ မဟုတ်ပေ။
ဆက်လက်သုံးသပ်မှုက ဖြစ်တည်လျက် ရှိနေတော့သည်။ ပြိုင်ပွဲဝင်တစ်ရာကျော်တို့၏ ဟင်းပွဲများကို စမ်းသပ်စားသုံးပြီးပြီ ဖြစ်သော်လည်း နောက်တစ်ဆင့် သို့ တက်ရောက်နိုင်သည့်သူမှာ ရှစ်ယောက်သာ ရှိတော့သည်။
“စားဖိုမှူးနတ်ဘုရားရဲ့ တပည့်က ကျိန်းသေပေါက် ပြဿနာ မဟုတ်လောက်ဘူး၊ တခြားပြိုင်ပွဲဝင်တွေကသာ ထုတ်ပယ်ခံရတာလေ၊ ဒီတော့ သူ့အနေနဲ့ အေးအေးဆေးဆေး ဖြစ်တယ်လေ”
“ဒါဆိုရင် လျှိုဝမ်ရှစ်လို့ခေါ်တဲ့ မိန်းကလေးကကော ဘယ်လိုလဲ”
အားလုံးသည် ထိုအရာကို မျှော်လင့်စောင့်စားလျက်ရှိနေသည်။
“ကျရှုံးတယ်၊ ကျရှုံးတယ်၊ ကျရှုံးတယ်”
ဒိုင်လူကြီးများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက်ကို ဆက်လက်ကာ သုံးသပ်လျက် ရှိနေတော့သည်။ ပြီးသည့်နောက်မှာတော့ ပြိုင်ပွဲဝင် ဆယ်ယောက်ကျော်တို့သည် ထွက်သွားခဲ့ရတော့သည်။
“ကောင်လေး”
အင်မော်တယ်တစ်ယောက်ကဲ့သို့ ပုံပန်းသွင်ပြင်ရှိသော အဘိုးအိုတစ်ယောက်သည် ချင်စုန့်ပေါင် ရှေ့ဆီသို့ လျှောက်လှမ်းလာပြီးနောက် ပြုံးကာ ပြောလိုက်တော့သည်။ “မင်းလုပ်ခဲ့တဲ့ ဟင်းပွဲတွေက တကယ့်ကို ထူးခြားတဲ့ အမဲရင်ဒူးသားပဲဖြစ်လိမ့်မယ်၊ ဟုတ်တယ် မဟုတ်လား၊ အရင်စားဖိုမှူးနတ်ဘုရား ချက်ပြုတ်ခဲ့တုန်း ကတော့ အရမ်းကို စားကောင်းလွန်းတယ်၊ မင်းသူရဲ့အမွေကို ဘယ်လောက်ရလဲဆိုတာ ငါသိချင်စမ်းတယ်”
တခြားသော ဒိုင်လူကြီးများ အားလုံးသည်လည်း အနားသို့ လျှောက်လှမ်းလာခဲ့ကြတော့သည်။ ၎င်းတို့ အားလုံးသည် ချက်ချင်းအရသာမခံကြချေ။ ထိုအစာ ဟင်းပွဲ၏ အရောင်နှင့် အနံ့ကို သေသေချာချာ ကြည့်ရှု စစ်ဆေးလျက် ရှိနေကြ၏။
“အားလုံးပဲ၊ ကျေးဇူးပြုပြီးတော့ စမ်းကြည့်ပါ”
အဘိုးအိုသည် တူဖြင့် အမဲသားတစ်ဖက်ကို ကောက်ယူပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် လင်းထိန်သွားတော့သည်။ “ဒါက အရမ်းအရသာရှိတယ်၊ စားဖိုမှူးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတဲ့အတိုင်းပဲ၊ အရမ်းကို တော်တာပဲ”
တခြားသော ဒိုင်လူကြီးများ အားလုံးသည်လည်း ထိုအရာကို မြည်းစမ်းကြည့်ပြီးနောက် ချက်ချင်းပဲ ချီးကျူးလိုက် မိကြတော့သည်။ ၎င်းတို့အားလုံးသည် ဆယ်မှတ်တိတိ ပေးလိုက်တော့သည်။
“ချင်စုန့်ပေါင်ရဲ့ အထူးအမဲရင်ဒူးသားက တကယ့်ကို အမှတ်ပြည့်ရခဲ့တယ်” ဟောင်ကျိကျန်သည် ကျယ်လောင်စွာပဲ ကြေညာလိုက်တော့သည်။
“ကောင်းကင်ဘုံ... ဒီလောက်တင်းကျပ်တဲ့ဒိုင်တွေက ဘာလို့ အမှတ်ပြည့် ပေးရတာလဲ”
“မယုံကြည်နိုင်စရာဘဲ”
ပုံရိပ်ယောင်မြင်ကွင်းထဲမှ ကြည့်ရှုနေကြသော သူများအားလုံးသည်လည်း မျက်လုံးပြူးသွားမိကြ၏။
“သူက တကယ့်ကို တော်တာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ချင်စုန့်ပေါင်၏ အပြုအမူနှင့် မျက်လုံးများအားလုံးသည် မီးဖိုချောင်ပစ္စည်းများနှင့် ထိတွေ့လိုက်သည့် အချိန် ကတည်းက တကယ့်ကို လေးနက်သည့် အသွင်အပြင်မျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် ဤကလေး သည် ကျိန်းသေပေါက် ကျွမ်းကျင်သူဖြစ်မည်ဟု သူနားလည်မိ၏။
ထိုသို့ ပထမအကျော့မှာတင် အမှတ်ပြည့် ရရှိခဲ့သော ကလေးတစ်ယောက်ကို တော်လွန်းသည်ဟု သူမှတ်ချက်ပြုခဲ့သည်မှာ သူ၏အမြင် စူးရှလွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။
စနစ် “.......”
လက်ခံသူသည် တခြားသူအား ချီးကျူးရင်း အဘယ်ကြောင့် သူ့ကိုယ်သူ ချီးကျူးနေရသနည်း။
“ဂိုဏ်းမှာ လူတွေက များများ လာတယ်လေ၊ တုတုရဲ့ အလုပ်လုပ်နိုင်အားကလည်း တဖြည်းဖြည်း တိုးတိုး လာတယ်၊ ဒီတော့ ဒီကောင်လေးကိုသာ ခေါ်နိုင်မယ်ဆိုရင် ဂိုဏ်းရဲ့ ဒုတိယစားဖိုမှူးဖြစ်လာနိုင်တယ်၊ မဆိုးဘူး” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းထိန်လျက်ရှိသည်။
ချင်စုန့်ပေါင်သည် ရုတ်တရက် ကျောရိုးမကြီးတစ်ခုလုံး အေးစက်သည့်ခံစားချက်ကို ရရှိလိုက်၏။ “အင်း... ငါဘာလို့ ကြက်သီးတွေ ထနေရတာလဲ”
“မိန်းကလေး”
ဒိုင်လူကြီး ဆယ်ယောက်တို့သည် အသာလှမ်းလာပြီးသည့်နောက် လျှိုဝမ်ရှစ်၏ရှေ့တွင် မတ်တပ် ရပ်လိုက်ကြ၏။ ၎င်းတို့သည် ပြုံးကာ ပြောလိုက်၏။ “ဘာချက်ထားလဲ”
“ဒီဟင်းပွဲက မာပိုတို့ဖူးပါ” လျှိုဝမ်ရှစ်က ပြောလိုက်သည်။
“ဟမ်” အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤကဲ့သို့သော ဟင်းပွဲမျိုးကို သူတို့ မကြားဘူးချေ။
“ဒါရဲ့ ထူးခြားချက်က ဘာလဲ” အင်မော်တယ်တစ်ယောက်ကဲ့သို့ အသွင်အပြင်မျိုးနှင့် အဘိုးကြီးက ပြုံးကာ မေးလိုက်သည်။ သူ့အနေနှင့် တခြားသောပြိုင်ပွဲဝင်များထက်စာလျှင် ချင်စုန့်ပေါင်ကိုသာ လေးလေးနက်နက် ဆက်ဆံ၏။
ယခု လျှိုဝမ်ရှစ်နှင့် မျက်နှာချင်းဆိုင်သည့်နေရာတွင် အမှန်ပင် ချီးကျူးနေသည့် အသွင်အပြင်မျိုးနှင့် ပြောဆိုလျက် ရှိနေသည်။ ဤမိန်းကလေးကို အမှန်ပင် သဘောကျ နှစ်ခြိုက်နေပုံပေါ်သည်။
“ဒါက”
လျှိုဝမ်ရှစ်သည် ခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်၏။ “အဓိက ထူးခြားချက်ကတော့ ထုံမယ်၊ စပ်မယ်”
“ဒါဆိုရင် ဟင်းပွဲအဖုံးကို ဖွင့်လို့ရလား”
“ကောင်းပါပြီ”
အဘိုးအိုသည် အသာလက်ကိုလှုပ်ရှားလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များသည် ဖြန့်ကျက်ပြီးသည့်နောက် ဟင်းပွဲ၏ အဖုံးသည် သူ့အလိုလို ပျံသန်းပြီးသည့်နောက် စားပွဲ၏ဘေးတစ်ခုဆီသို့ ကျဆင်းသွားတော့သည်။
ထိုအချိန် မှာတော့ ပုံရိပ်ယောင်မြင်ကွင်းကြီးတစ်ခုလုံးသည် ဟင်းပွဲကို သေသေချာချာ ရိုက်ပြထားတော့သည်။ မြင်ကွင်း ပေါ်မှာတော့ စီချွမ်တို့ဖူးဟင်းတစ်ခုသည် ပေါ်လာလျက်ရှိတော့သည်။ ၎င်းသည် အဖြူရောင်နှင့် အနီရောင် ရောစပ် လျက်ရှိပြီး အပေါ်တွင်တော့ အစိမ်းရောင်ကြက်သွန်မြိတ်များ ဖြူးထားလျက်ရှိ၏။
“စီချွမ်မာပိုတို့ဖူးရဲ့ ထူးခြားချက်ကတော့ ထုံတာပဲ၊ ပြီးတော့ စပ်တယ်၊ ပူတယ်၊ နည်းနည်းငန်တယ်”
ကျွင်းချောင်ရှောင်းသည် လက်ကိုပိုက်ကာဖြင့် ပြောလိုက်သည်။ “ဒီမိန်းကလေးက တကယ့်ကို ကြိုးကြိုးစားစားနဲ့ လေ့လာထားခဲ့တာပဲ”
“ဒီဟင်းပွဲက မဆိုးဘူး” ဒိုင်လူကြီးများသည် ခေါင်းကိုညိတ်ကာဖြင့် သဘောတူလိုက်ကြတော့သည်။
“အားလုံးပဲ ကျေးဇူးပြုပြီး မြည်းစမ်းပါအုံး
အဘိုးအိုတစ်ယောက်သည် ရှေ့သို့လှမ်းတက်ပြီး မြည်းရန်ပြင်လိုက်ချိန်မှာတော့ လျှိုဝမ်ရှစ်က သူ့အား သတိပေး လိုက်တော့သည်။ “ရေတွေဘာတွေ ပိုပြီးတော့ ပြင်ဆင်ထားတာက ကောင်းမယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ နည်းနည်းစပ်တယ်လေ”
ဟား ဟား
ဒိုင်လူကြီးများထဲမှ တစ်ယောက်က ပြုံးကာ ပြောလိုက်၏။ “အစားအသောက်တွေနဲ့ပတ်သက်ရင် ကျုပ်က စပ်မှ ကြိုက်တာလေ၊ ဒီတော့”
ပြောပြီးသည့်နောက် အဘိုးအိုသည် တူကိုကောက်ယူ၍ တို့ဖူးကို အသာညှပ်ကာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်တော့ သည်။ ပြီးသည့်နောက်မှာပဲ ချီးကျူးလိုက်မိတော့သည်။ “ဒါက တကယ့်ကို ကောင်းတဲ့အရာတစ်ခုပဲ”
သူသည် ပါးစပ်ထဲသို့ ထည့်ပြီးသည့်နောက် အသာဝါးလိုက်တော့သည်။ တခြားသော ဒိုင်လူကြီးများ အားလုံးသည်လည်း တူများ သို့မဟုတ် ဇွန်းများကိုယူ၍ သေသေချာချာ စမ်းသပ် စားသုံးတော့သည်။
အားလုံးသော သူများအားလုံးတို့သည် မျက်တောင်ပင်မခတ်ဘဲ သေသေချာချာ ကြည့်ရှုနေကြသည်။ ပြီးသည့် နောက်မှာတော့ ဒိုင်လူကြီးများအားလုံး၏ မျက်နှာသည် နီရဲလာပြီးသည့်နောက် ၎င်းတို့၏ နဖူးပေါ်တွင်တော့ ချွေးစီးများ ပြန်လာသည်ကို အားလုံးက မြင်လိုက်ရကြတော့သည်။
“အရမ်းစပ်တယ်၊ ပြီးတော့ အရမ်းထုံတယ်”
ဟူး ဟူး
ပြီးသည့်နောက်မှာတော့ ဒိုင်များသည် ရေကိုကောက်ယူ၍ အလုအယက်နှင့် သောက်ကြတော့သည်။ သို့ပေမဲ့ ၎င်းတို့၏ ပါးစပ်ထဲတွင်ရှိသော အစပ်အရသာသည် ပျောက်ပျက်မသွားချေ။ ခန္ဓာကိုယ်တစ်ခုလုံး တောက်လောင် လာသလိုပင် ခံစားနေမိကြ၏။
ရွှီး ရွှီး ရွှီး