← Chapters

ပျင်းရိစွာ အတင်းပြောခြင်း

Vol. 008 Ch. 788

ပျင်းရိစွာ အတင်းပြောခြင်း

Vol. 008 Ch. 788

“ဘာဖြစ်လို့လဲ” ကျန်းကျူကျိသည် ပျင်းရိစွာ မော့လာသော်လည်း ရှီမာယူယူသည် တိကျသောအဖြေ ပြောလေသည်။

“ဒီနေ့ ကျွန်တော် ယွမ်ယွမ့်ကို သွားကုပေးတယ်မလား၊ အဲဒါပြီးတော့ ထူးဆန်းတာ တစ်ခုတွေ့ခဲ့တယ်” ရှီမာယူယူသည် အာရုံစိုက်ထားရာ ငြိမ်သွားပြီးမှ ဆက်ပြောလေသည်။ “သူမကို တံလျှပ်တီကောင်က လိုက်လိုက်တာ၊ ဒါ မတော်တဆ မဟုတ်ဘူး”

“တံလျှပ်တီကောင် ဟုတ်လား၊ အဲဒါက ခရမ်းရောင် နုန်းမြေမှာပဲနေတဲ့ အကောင်မလား၊ သူတို့က နုန်းမြေကို ဘာသွားလုပ်ကြတာလဲ” ဟန့်မြောင်ရွှမ်သည် သိချင်စိတ်ဖြင့် မေးလေသည်။

ကျွမ်းကျင်သူ တစ်ယောက်အတွက် ပြောရန်လွယ်သော အမှန်တရားဖြစ်သည်။

“ခရမ်းရောင်နုန်းမြေမှာနေတဲ့ တံလျှပ်တီကောင်တွေက ဖိနပ်အမြင့်လောက်ပဲ ရောက်နိုင်ကြတာ အဲဒါကိုလည်း တော်တော်များများ သိထားကြတယ် ဒါပေမဲ့ သူတို့မသိတာက တံလျှပ်တီကောင်တွေက သုသာန်မှာပဲ တွေ့နိုင်တယ်ဆိုတာပဲ” ရှီမာယူယူ ပြောလိုက်သည်။ “သူတို့ တခြားထူးခြားတဲ့ နေရာကိုများ မသွားခဲ့ဘူးလားလို့ ကျွန်တော် ရှဲရုန်တို့ကိုမေးတော့ မသွားဘူးလို့ဖြေတယ်၊ သူတို့နုန်းမြေမှာ မစ်ရှင်လုပ်ရင်းနဲ့ အကိုက်ခံရတယ်လို့ ပြောတယ်”

“သာမန် သုသာန်သာဆိုရင် လျှို့ဝှက်ထားစရာ အကြောင်းမရှိဘူးလေ၊ ဒါပေမဲ့ သူမက အမှန်မပြောချင်ဘူး ဆိုတော့ တစ်ခုခုများ ဖြစ်နေပြီလားလို့ ခန့်မှန်းတာလား” စူးရှောင်ရှောင် မေးလိုက်သည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ကျွန်တော်သိချင်လို့ မေးတာပါ၊ ရှုးယွမ်ယွမ်က နိုးလာတော့ တော်တော်ကြောက်နေတယ် အဲဒီမှာ လူတော်တော်များများ သေသွားတဲ့ပုံပဲ၊ ဒီအကြောင်းကို ဂိုဏ်းကို သတင်းပို့လောက်တယ်လို့ ထင်တယ်”

“ဘာလို့လဲ” စူးရှောင်ရှောင် မေးလိုက်သည်။

“လူအများကြီး သေသွားမှတော့ တောင်ကမ်းပါးအဖွဲ့ကာ ဂိုဏ်းကိုဖြေရှင်းချက် ပေးရမယ်လေ” ကျန်းကျူကျိ ပြောလိုက်သည်။ “ဒါဆိုရင် ဂိုဏ်းက အဲအကြောင်းကို သတင်းထုတ်မလား မထုတ်မလား ငါတို့ စောင့်ကြည့်ကြတာပေါ့”

“ငါလည်း သံသယရှိတယ်” ဟန့်မြောင်ရွှမ် ခန့်မှန်းလေသည်။ “တောင်ကမ်းပါးအဖွဲ့က လျှို့ဝှက်ချက်ကို ဒီလောက်အကြာကြီး သိမ်းထားတော့ အသေးအဖွဲ့တော့ မဟုတ်နိုင်ဘူး၊ မဟုတ်ရင် ပြန်ရောက်တာနဲ့ ဂိုဏ်းကို သတင်းပို့မှာပဲ၊ အခုက အဆင့်ပြိုင်ပွဲကလည်း နီးလာပြီ အဲဒါကလည်း ဂိုဏ်းအတွက် အရေးကြီးတာပဲ ဆရာတွေသာ ဒီအချိန်ကို သတင်းလွှင့်လိုက်ရင် ကျောင်းသားတွေ ကြောက်သွားကြမှာပဲ”

အမှန်ပင်။

“ကြည့်ရတာ ဘာတွေဖြစ်လဲဆိုတာ စုံစမ်းဖို့အခွင့်အရေး မရှိလောက်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မင်းသိချင်တယ်ဆိုရင် နောက်၂ရက်နေရင် ဒါရိုက်တာမုန့်ကို သွားရှာပေါ့” ကျန်းကျူကျိ ပြောလိုက်သည်။ “ငါ့ကို နောက်ထပ် ခရမ်းသီးထပ်ကင်ပေး”

ရှီမာယူယူသည် ခရမ်းသီးယူကာ ထပ်ကင်လိုက်သည်။ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ သူမကို ကြည့်နေသည်ကို မြင်သောအခါ နောက်ထပ်နှစ်ခုထုတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် အခုကို အပြင်မထွက်ချင်ဘူး၊ ဂိုဏ်းကကျောင်းသားတွေ ရူးသွပ်နေကြပြီ”

“ဟားဟား ဒါဆိုရင် မင်းဒီမှာပဲ ပုန်းနေပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာလုပ်စရာမှ မရှိတာ၊ ဒီမှာပဲ ပြိုင်ပဲ ၃ခု ညီလာခံအတွက် ပြင်ဆင်ပေါ့” စူးရှောင်ရှောင် ရယ်မောလေသည်။

“ဟုတ်တယ် ကျွန်တော်လည်း အဲဒီလိုပဲ စဉ်းစားတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်သားပဲ ဂျူနီယာ အမှောင်တောထဲမှာ ဘာတွေဖြစ်ခဲ့လဲ ငါတို့ကိုပြောပြဦး၊ ဆရာက နည်းနည်းပဲ ပြောပြတာ အသေးစိတ် မပြောပြဘူး” ဟန့်မြောင်ရွှမ်သည် ပြောလေသည်။ “ဂိုဏ်းကနေထွက်တာနဲ့ အမှောင်တောကို တန်းသွားတာလား”

“မဟုတ်ဘူး ကျွန်တော်တို့ အမှောင်တောကို မရောက်ခင်ကို ကံမကောင်းတာနဲ့ တွေ့သွားသေးတယ်”

“ကံမကောင်းတာ ဟုတ်လား ပြောဦး”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး ရောင်းစားခံလိုက်ရတာ” ရှီမာယူယူသည် အနောက်ကမ်းရိုးကန္တာရ အကြောင်း တွေးလိုက်သည်နှင့် ပြောစရာစကားများ ပျောက်သွားသည်။

“ဖူး ...” ဟန့်မြောင်ရွှမ်သည် ပါးစပ်ထဲမှ ဝိုင်များထွေးမိပြီးသား ဖြစ်သွားသည်။

“မင်းက ရောင်းစားခံရတယ် ဟုတ်လား” သူမသည် ရှီမာယူယူ၏ မျက်နှာကို မယုံကြည်စွာ ကြည့်လေသည်။

စူးရှောင်ရှောင်သည် သူမအား ကြောင်စီစွာ ကြည့်လေသည်။ သူမသည် ဟန့်မြောင်ရွှမ် သူမပေါ်သို့ ထွေးထုတ်လိုက်သော ဝိုင်များကို မီးသုံးပြီး ခြောက်အောင်လုပ်လိုက်သည်။

ကျန်းကျူကျ၏ ပျင်းရိသော မျက်လုံးများပင် စိတ်ဝင်စားစွာ ပင့်လာသည်။

“လာခဲ့ စီနီယာတွေကိုပြောပြဦး ဘယ်လိုဖြစ်ပြီး ရောင်းစားခံလိုက်ရတာလဲ၊ မင်းရဲ့ စီနီယာက သူများ ဒုက္ခရောက်တာကို နားထောင်ရတာ အရမ်းကြိုက်တာ”

“ ...”

ရှီမာယူယူသည် ဆွံ့အသွားသည်။ ဒီလိုဆိုးတဲ့ စီနီယာတွေရှိတာ အရင်က ဘာလို့မသိခဲ့ရတာလဲ။

“ဂျူနီယာမောင်လေး သူ့ကိုဂရုမစိုက်နဲ့ ဘယ်လိုဖြစ်ပြီး ရောင်းစားခံလိုက် ရတာလဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား တက်ကြွစွာ ကြည့်လေသည်။ သူမ ပါးစပ်ကသာ ကျန်းကျူကျိကို ဂရုမစိုက်နှင့်ဟုသာ ပြောတာ ဘာလို့ အဲဒီလူထက်ပိုပြီး တက်ကြွနေတာလဲ။

ရှီမာယူယူသည် ကင်ပြီးသား ခရမ်းသီးများယူကာ ငရုတ်သီးမှုန့်၊ ဆားနှင့် ရှလကာရည်များ ဖြူးပြီးနောက် ပန်းကန်တွင်ထည့်ကာ သူတို့ရှေ့ ချပေးလိုက်သည်။ ထို့နောက်တွင် သူမ စပြောလေသည်။ “ဂိုဏ်းက ဖြတ်လမ်း တည်ဆောက်မှုက လိုအပ်ချက် ရှိလို့မလား၊ ကျွန်တော်တို့ သွားချင်တဲ့နေရာကို မပို့ဘဲ အနောက်ကမ်းရိုး ကန္တာရကို သွားပို့တယ်လေ”

“အနောက်ကမ်းရိုး ကန္တာရဟုတ်လား အမှောင်တောနဲ့ အဝေးကြီးပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အမှန်ပဲ” ရှီမာယူယူ သက်ပြင်းချကာ ဆက်ပြောလေသည်။ “အနောက်ကမ်းရိုး ကန္တာရက အကြီးကြီးပဲ ပြီးတော့ ကျွန်တော်တို့လည်း ပထမဆုံးရောက်ဖူးတာ၊ ကျွန်တော်တို့ အစပိုင်းမှာ နတ်ဆိုးငှက် တစ်ကောင်နဲ့တွေ့တယ်၊ ကျွန်တော်တို့က သူ့ကိုရိုက်လို့ ဒေါသထွက်ပြီး တွေ့ကရာနေရာကို ညွှန်လိုက်လို့ ၂ရက်လောက်သွားလိုက် ရသေးတယ် ဒါပေမဲ့ ၂ရက်လောက် ပျံတာတောင် လူရိပ်တစ်ခုတောင်မတွေ့ရဘူး”

“ဖူး …” ဟန့်မြောင်ရွှမ် ရယ်မောလေသည်။ “မင်းတို့ ငှက်တစ်ကောင် လိမ်တာခံရမယ်လို့ ဘယ်သူထင်မှာလဲ”

“အဲဒါနဲ့ အဲဒီလိုပဲ ရောင်းစားခံလိုက် ရတာလား” စူးရှောင်ရှောင် မေးလိုက်သည်။

“မဟုတ်ဘူး ရောင်းစားခံရတယ်လို့ ပြောတဲ့အချိန်ကျမှ တကယ် ရောင်းစားခံရတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဟိတ်ကောင်တွေ စကားဖြတ်မပြောနဲ့” ကျန်းကျူကျိသည် သူတို့အားကြည့်လိုက်ရာ နှစ်ယောက်သား တိတ်သွားကြကာ ရှီမာယူယူအား ဆက်ပြောစေသည်။

ရှီမာယူယူသည် သူတို့၏ တောက်ပနေသော မျက်စံများကိုကြည့်ကာ ထိုအကြောင်းများကို စဉ်းစားလေသည်။

“အဲဒါနဲ့”

“အဲဒါနဲ့ ... ကျွန်တော်တို့ နောက်ချေးပုံနင်းမိပြီဆိုတာ သိတဲ့အချိန်မှာ အဲဒီငှက်ကို ရှာမရတော့ဘူး၊ အဲဒီမှာ တော်တော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့ သွားတွေ့မယ် ... အင်း သူမရဲ့ လှပမှုကတော့ တစ်ထောင်မှာ တစ်ယောက် ...”

ဟန့်မြောင်ရွှမ်၏ နဖူးတွင် အရေးအကြောင်း ၃ခုပေါ်လာသည်။ ဒီကောင်လေးကတော့ မိန်းကလေး ဖြစ်နေလို့သာပဲ။ အဲဒီမိန်းကလေးကို သေချာကြည့်ပြီး ဘာလုပ်တာလဲ။

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ သူမကို ကျွန်တော်တို့နဲ့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ဒီလိုနဲ့ သူမကိုပိုက်ဆံပေးပြီး အနီးဆုံးမြို့ကို ခေါ်သွားခိုင်းတယ်”

“အဲဒါနဲ့ သူမက မင်းတို့ကို ရောင်းသွားရောလား”

“ဟုတ်တယ် သူမက ကျွန်တော်တို့ကို မြို့ကိုခေါ်သွားတယ် ဒါပေမဲ့ အဲဒါက ဂိုဏ်းတစ်ခုရဲ့ ကျက်စားရာ နေရာဖြစ်နေတယ်၊ ထူးခြားတဲ့ သတ္တုတွင်းပဲ” ရှီမာယူယူ ပြောလိုက်သည်။ “အဲမိန်းကလေးက သူတို့ပိုက်ဆံ ယူလိုက်တာနဲ့ ရှောင်ချီ တစ်ချက်တည်းနဲ့သတ်တာ ခံလိုက်ရတာပဲ”

“ဟားဟား” ဟန့်မြောင်ရွှမ်သည် စားပွဲပေါ်သို့ တူကိုပြင်းထန်စွာချကာ ရယ်မောလေသည်။ “မင်းတို့က သူမကို ပိုက်ဆံပေးရသေးတယ် သူမက မင်းတို့ကို ရောင်းသွားတယ် ဟားဟား မင်းတို့ကောင်တွေ တကယ်ပဲ တုံးကြတာပဲ”

“အဲဒီဂိုဏ်းက လသတ္တိဂိုဏ်းလား” ကျန်းကျူကျိ ပြောလေသည်။

“ဟုတ်တယ် သူတို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။ “သူတို့က ကျွန်တော်တို့ကို စေခံကွင်း ဝတ်ခိုင်းချင်တာ ဒါဆိုရင် ကျွန်တော်တို့က ပိုက်ဆံမရပဲ အစေခံ လုပ်ပေးရတော့မှာလေ၊ ဒါနဲ့ ခဏကြာတာနဲ့ သူတို့ကိုဖျက်ဆီးပေး လိုက်တာပဲ”

“သေစမ်း အဲဒီလူတွေက မင်းတို့လား” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအားကြည့်ရင်း ကျိန်ဆဲမိလေသည်။

ရှီမာယူယူသည် ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်ကာ သူမအား ပြန်ကြည့်လိုက်သည်။

“အစောတုန်းက ကျောင်းသားတချို့ ပြန်လာပြီး လသတ္တိဂိုဏ်းအကြောင်းကို ငါတို့ကိုပြောပြတယ်၊ အဲဒီလူတွေ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်ဆိုပဲ၊ အဲပြောတဲ့ အရူးလိုတစ်ယောက် ဆိုတာ မင်းကိုပြောတာပဲ”

“စီနီယာတို့လည်း အဲဒီအကြောင်း သိတယ်ပေါ့”

“ဒါပေါ့ ဂိုဏ်းတော်တော်များများက အဲဒီလူငယ်တွေကို လေးစားနေကြတာ၊ မင်းတို့ဖြစ်မယ်လို့ ဘယ်သူ ထင်မိမှာလဲ” ဟန့်မြောင်ရွှမ်သည် မယုံနိုင်လောက်အောင် ပြောလေသည်။

“သူတို့ ပစ်မှတ်အထားချင်ဆုံး နေမှာပါ၊ မင်း အနောက်ကမ်းရိုး ကန္တာရကို ဝယ်လိုက်တာပဲ ဟားဟားဟား”

***

All Chapters