မျက်နှာနှစ်ဖက်နှင့် မြေခွေးနောက်တစ်ကောင်
Vol. 008 Ch. 789
ရှီမာယူယူသည် သူတို့ ရယ်မောကာ သူတို့မျက်နှာမှ အမူအရာကိုမြင်သောအခါ ပါးစပ်ထဲသို့ ခရမ်းသီးများ ထိုးထည့်လိုက်ပြီး သူတို့တုံ့ပြန်မှုကို စောင့်လိုက်သည်။
သို့သော် သူတို့သည် သူမ၏ ပုံစံကိုသဘောကျကာ အရသာကိုပင် မခံနိုင်ပေ။
“ငါအခုမှ သတိရတယ်၊ ဂျူနီယာမောင်လေး မင်းအပြင်ထွက်တိုင်းကို ကမ္ဘာကြီး တုန်လှုပ်အောင် လုပ်တယ်နော်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
အာ ... သူမကလား
“ပြီးခဲ့တဲ့တစ်ခေါက် မင်းပြန်လာတော့ ဆရာဟော်က မင်းကြောင့် သူနှစ်ပေါင်းများစွာ မခံစားတာကြာပြီ ဖြစ်တဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ ကြောက်စိတ်ဖြစ်မိတယ်တဲ့ အဲဒီလိုပြောတယ်၊ အဲဒီတုန်းက မင်းက ကိုယ့်ကိုယ်ကို ပုံစံမဲ့ ကမ္ဘာထဲပစ်သွင်း လိုက်တယ်လေ”
သူမလည်း စိုးရိမ်တာပဲ ဟုတ်ပြီလား ... ကမ္ဘာကြီးက ဘယ်လိုဖြစ်ပြီး တုန်လှုပ်သွားတာလဲ။
“ပြီးတာနဲ့ မစ်ရှင်လုပ်ဖို့အတွက် သွားတာ ဂိုဏ်းတစ်ခုလုံးကို ရှင်းလိုက်သေးတယ်၊ မင်းက အပြောင်းအလဲမှာ ဘေးကလူဆိုပေမဲ့ အဲဒါကလည်း မင်းကြောင့်ပဲမလား”
သူတို့က သူမကို လှုံ့ဆော်တဲ့ သူတွေပဲနော် အိုကေလား ... အဲဒီတုန်းက သူမကပဲ အရှိန်မြှင့်တာ မဟုတ်ဘူးလေ..
“ပြီးတော့ အမှောင်တောထဲမှာတုန်းကလည်း ဂိုဏ်းတစ်ရာကျော်က ကျွမ်းကျင်သူရာချီကို သတ်လိုက်သေးတယ်၊ ဒါကတော့ မင်းကြောင့် တိုက်ရိုက်ပဲဖြစ်သွားတာ၊ အပြင်ပိုင်း တိုင်းပြည်တစ်ခုလုံးက မင်းလုပ်လိုက်တာကြောင့် ရုတ်ရုတ်သဲသဲတွေကို ဖြစ်လို့၊ ပြီးတော့ သူတို့ဂိုဏ်းရဲ့ အဓိကလူတွေလည်း လှုတ်ခတ်သွားတယ်”
ဒါက သူတို့က တုလေးကိုသူမဆီက လုပြီးသတ်ချင်နေလို့လေ။ သူမက ပြန်တုံ့ပြန်တာပဲရှိတာ။
“အနီရောင်တောင်ထိပ်ကို သွားစုံစမ်းမယ် ဆိုတော့လည်း တစ္ဆေမျိုးနွယ်ကို ရန်စပြီး သေတော့မလို ဖြစ်သွားတာ၊ ဂိုဏ်းတစ်ခုလုံးကို ရှင်းတာ၊ အမှောင်တော မဟုတ်ရင် အနီရောင် တောင်ထိပ်ကပွဲ ဘယ်တစ်ခုက ကမ္ဘာကြီးကို မတုန်လှုပ်စေလို့လဲ၊ ဒီမှာ ဒီမှာ ဒီမှာ အဲဒါ ဘာအမူအရာလဲ၊ ဝန်ခံမှာလား ဝန်မခံဘူးလား”
ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏အပြုအမူကို တွေ့သောအခါ တူယူပြီး သူမကို ထိုးဆိတ်ချင် သော်လည်း တူတစ်စုံမှ ပြန်ညှပ်ထားလေသည်။
“ဂျူနီယာညီလေးလုပ်တဲ့ အရာတွေက ပျော်စရာကောင်းတယ်လို့ ငါထင်တာပဲ” ကျန်းကျူကျိ ပြောလေသည်။ “ပျော်စရာကြီးဆိုတော့ ငါလည်း နောက်ကျရင် မင်းတို့နဲ့ လိုက်ခဲ့မယ် ဘယ်လိုလဲ”
“အဟွတ် အဟွတ်” ရှီမာယူယူသည် တံတွေးသီးသွားသဖြင့် ချောင်းဆိုးတာ သေတော့မလို ဖြစ်သွားသည်။ သူမသည် ကျန်းကျူကျိအား ကြောက်လန့်တကြား ကြည့်ကာ ပြောလိုက်သည်။ “နောက်နေတာလား”
“နောက်နေတယ်ဆိုတာ ဘာသဘောလဲ” ကျန်းကျူကျိသည် လေးနက်စွာ ပြန်ဖြေလေသည်။ “ဆရာ မရှိဘူးဆိုတော့ မင်းရဲ့ စီနီယာအနေနဲ့ ငါတို့က မင်းကိုကာကွယ်ပြီး သင်ပေးရမှာပဲ၊ အဲဒါက မင်းအပြင်သွားရင် ငါတို့က နောက်ကလိုက်ရမယ် ဆိုတာလည်းပါတယ်၊ ပြီးတော့ ငရုတ်သီးမှုန့်နဲ့ ရှလကာရည်တွေ ထည့်နေတာ တော်တော့”
ရှီမာယူယူသည် ကျန်းကျူကျိအား ရယ်မောကာ ကြည့်လိုက်သည်။ ဒီလူသည် ပျင်းရိကာ စကားအများကြီး မပြောသောကြောင့် ဒီလိုတက်ကြွနေတဲ့ ပုံစံမျိုးရှိနေမယ်လို့ ဘယ်သူထင်မိမှာလဲ။
ကျန်းကျူကျိသည် တခြားအတွေး တွေးနေသည်။
ရှုဂျင်းမသွားခင်က ရှီမာယူယူကို စီနီယာများအနေနှင့် ဂရုစိုက်ရန် သူတို့ကို မှာသွားခဲ့သည်။ သူမသည် ရောက်လာသည်မှာ မကြာသေးသော်လည်း သူတို့မျက်စိထဲတွင် ကလေးတစ်ယောက်သာသာ ဖြစ်သည်။ သူတို့ အသက်အရွယ်ရောက်ရန် သူမအသက်ရှေ့တွင် ဂဏန်းတစ်လုံး ထည့်ရဦးမည်။
ရှုဂျင်းရွေးချယ်သော သူများမှာ သူ့အတိုင်းပင်။ ခေါင်းမာသည်။ သူတို့အတူတကွ ရှိနေစဉ်တော့ မိသားစုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ကူညီကြသည်။ ထို့ကြောင့် သူမကိုစောင့်ရှောက်ရန် သူတို့တွင် တာဝန်ရှိသည်။
ငှက်တစ်ကောင်၏ အမွေးသည် အတူတကွရှိသလိုပင်။ သို့သော် ရှုဂျင်းသည် နှစ်ပေါင်းရာချီစွာ နေခဲ့သော်လည်း ထိုတပည့်လေးယောက်သာ မွေးခဲ့သည်။
“ဟုတ်သားပဲ ဂျူနီယာညီလေး လသတ္တိဂိုဏ်းပိုင်တဲ့ သတ္တုကြောက ဘာဖြစ်သွားလဲ” စူးရှောင်ရှောင် မေးလေသည်။ “အဲဒီလူတွေပြောတဲ့ ကောလာဟလတွေက မယုံရဘူး၊ သတ္တုကြောက တကယ်ပဲ ပျောက်သွားတာလား”
“ဟုတ်လောက်မယ်” ရှီမာယူယူ ပြောလိုက်သည်။ “အဲဒီတုန်းက ကျွန်တော်တို့က အတူထွက်ဖို့ပဲ မျှော်လင့် ထားကြတာ၊ တစ်ယောက်ယောက်များ နောက်ကလိုက်လာလား သတိမထားမိဘူး”
ကျန်းကျူကျိသည် သူမစကားကို ကြားသောအခါ ပြုံးပြီး နှုတ်ဆိတ်နေသည်။
“ဂျူနီယာညီလေး ဆရာက မင်းကို အမြဲမေးချင်နေတဲ့ မေးခွန်းရှိတယ်၊ ဒါပေမဲ့ အခွင့်မသင့်လို့ မမေးရဘူး” ကျန်းကျူကျိသည် ရှီမာယူယူအား မေးလေသည်။
ကျန်းကျူကျိ မျက်လုံးထဲမှ အကြည့်ကိုမြင်သောအခါ ရှီမာယူယူ မသိမသာတုန်မိသည်။ ဒီလူက သူမ လိမ်လိုက်တာကို သိသွားတာလား ...
သူမ မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေတုန်းမှာပင် ကျန်းကျူကျိသည် လန့်သွားလောက်စရာ စကား တစ်ခွန်းပြောလိုက်သည်။
“လူဆိုးကြီး၁၀ယောက်က အခု မင်းလူတွေဖြစ်နေပြီမလား” သူသည် အပြုံးမဟုတ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်မှာ အလွန် ဆရာကျပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် သူဘာတွေးနေသည်ကို ရှီမာယူယူ မပြောနိုင်ပေ။
သူမ ခေတ္တမျှ စဉ်းစားသော်လည်း မငြင်းဘဲ မေးလိုက်သည်။ “ဘယ်လိုသိတာလဲ”
ထိုစကားသည် လူဆိုးကြီး၁၀ယောက်မှာ သူမလူများ ဖြစ်နေပြီဖြစ်ကြောင်း ဝန်ခံလိုက်သည်ပင်။
“ဆရာက အဲဒီလိုပြောတာပဲ” ကျန်းကျူကျိသည် ရှုဂျင်းအပေါ် လွှဲချလိုက်သည်။
“ဆရာနဲ့ စီနီယာနဲ့ စကားပြောတာ တစ်ခါမှမတွေ့မိပါဘူး၊ နှစ်ယောက်လုံးက အမြဲအိပ်နေကြတာပဲကို အိပ်မက်ထဲမှာများ စကားပြောနေကြတာလား” ဟန့်မြောင်ရွှမ် စကားဖြတ်ပြောလေသည်။
ရှီမာယူယူသည် အစပိုင်းတွင် လုံခြုံပြီဟု တွေးထားသော်လည်း ချက်ချင်းပင် ထိုလုံခြုံမှုမှာ ပျောက်ကွယ်သွားသည်။
“ဟုတ်တယ် သူတို့က ကျွန်တော့်လူတွေ ဖြစ်နေကြပြီ” သူမ ပြောလိုက်သည်။ “ဆရာက ဘယ်လိုများ မှန်းမိတာလဲ”
“မင်းတို့က အဲဒီမစ်ရှင်တွေလုပ်ဖို့သွားတာ မင်းထွက်သွားတော့ ဆရာသိတယ်လေ၊ လူဆိုးကြီး၁၀ယောက်ထဲက တစ်ယောက်နဲ့ မင်းအစ်ကိုတို့နဲ့ လမ်းလျှောက်သွားတာကို မြင်တော့မှန်းမိတာ၊ ပြီးတော့ သူတို့ထဲမှာ လူနာတစ်ယောက်ပါတာကို ဆရာမြင်သွားတယ် အဲဒါနဲ့ သူတို့နဲ့ အပေးအယူ လုပ်တယ်လို့ မှန်းလိုက်တာ၊ ဆရာရဲ့ ခန့်မှန်းချက်တွေက မမှားဘူးမလား”
“ဟုတ်တယ် မှန်ပါတယ်” ရှီမာယူယူသည် အသားကင်ခြင်းကို ရပ်လိုက်ကာ ထိုင်ပြီး ခွက်တစ်ခွက်ထုတ် လိုက်သည်။ သူမ ပေါ့ပါးစွာ ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒါက ဆရာမှန်းမိတယ်ဆိုတာ သေချာရဲ့လား စီနီယာက မှန်းမိတာ မဟုတ်ဘူးလား”
“ဘယ်သူမှန်းတာလဲ ဆိုတာ အရေးမကြီးဘူးမလား” ကျန်းကျူကျိသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ပြောလိုက်သည်။ “ရလဒ်ကတော့ အတူတူပဲလေ”
“ရလဒ်ဟုတ်လား”
“ဆရာက ဂိုဏ်းရဲ့ မစ်ရှင်ဌာနကို အဲမစ်ရှင်ကို ဖျက်ခိုင်းလိုက်တယ်”
“ဖျက်ခိုင်းလိုက်တယ်” ရှီမာယူယူသည် မှင်တက်သွားသည်။ “ဆရာကလုပ်လို့ ရတာလား”
“အင်း ဆရာက ဂိုဏ်းမှာ ရာထူးမြင့်တယ်လေ၊ မစ်ရှင်တစ်ခုကို ဖျက်ပစ်နိုင်လောက်အောင် ဆရာ့မှာ စွမ်းရည်ရှိတယ်”
ရှီမာယူယူသည် ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။ “ဒါဆိုရင် စီနီယာက ဘာလို့ကျွန်တော့်ကို အဲဒီလိုမေးတာလဲ”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ မင်း သူတို့ကိုလိုချင်တာ ဘာလုပ်ချင်တာလဲလို့ သိချင်တာ၊ ပျော်စရာများ ပါမလားလို့” ကျန်းကျူကျိသည် ဘာမှမဟုတ်သလို ပြောလိုက်သည်။
“ ...” သူမသည် အသက်ဝဝ နှစ်ခါရှူကာ ပြန်ဖြေလေသည်။ “မရှိပါဘူး”
“တကယ်လား”
“တကယ်မရှိဘူး” သူမသည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
သူမ၏ လွှမ်းမိုးမှုအောက်တွင် ဂိုဏ်းတစ်ခုထောင်မည့် ကိစ္စကို သူတို့ကို ပေးမသိစေလိုပေ။ အောင်မြင် မလား မသေချာသည့်အတွက် သူမ ဂိုဏ်းတည်ထောင် လိုက်လျှင်တောင် သိသည့်လူနည်းလေ ကောင်းလေဖြစ်သည်။
“ဒါဆိုလည်း ပြီးတာပဲ မင်းမပြောချင်မှတော့ ဆရာ့ရဲ့ အမိန့်ကိုလိုက်နာတဲ့ အနေနဲ့ မင်းရဲ့လုံခြုံရေး အတွက် မင်းနောက်ကို တစ်ချိန်လုံး လိုက်နေရမှာပဲ မင်း အန္တရာယ်များတာ တစ်ခုခုလုပ်ပြီး တစ်ခုခုဖြစ်သွားလို့ သေတာပဲဖြစ်ဖြစ် မသန်စွမ်း ဖြစ်သွားတယ်ဆို ဘယ်လိုလုပ်မလဲ၊ ငါတို့က ဆရာ့ကို ဘယ်လိုမျက်နှာ သွားပြရမှာလဲ”
ကျန်းကျူကျိသည် သူမအားကြည့်ကာ သူမ ပြောမလား မပြောဘူးလား ဆိုသည်ကို စမ်းသပ်နေသည်။ ထိုစကားကြောင့် သူမ တွေးတောကာ အံကြိတ်နေသည်။
“…” ရှီမာယူယူသည် သူ့ကိုတစ်ချက်လောက် ထိုးလိုက်ရမလားဟု တွေးကာ အံကြိတ်နေသည်။
မြေခွေး … သူက တကယ်ပဲ မျက်နှာနှစ်ဖက်နဲ့ မြေခွေးပဲ …
“သိတိုင်းလည်း စီနီယာတို့အတွက် ကောင်းတာမဟုတ်ဘူး”
“အကျိုးရှိလား မရှိဘူးလားဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး၊ တကယ်လို့ ဆိုးတယ်ဆိုလည်း ငါတို့က နားမထောင်ဖို့ကို ရွေးတယ်”
ရက်စက်တာပဲ ...
“ကျွန်တော် အင်အားကြီးတစ်ခု ထောင်ဖို့အတွက် သူတို့ကို နေရာရှာခိုင်းလိုက်တာ”
“အင်အားကြီးထောင်မယ် ဟုတ်လား”
“တကယ်ကြီးလား”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မျက်လုံးပြူးများဖြင့် သူမကိုကြည့်ကြလေသည်။ သူတို့သည် မယုံနိုင်လောက်အောင် အံ့သြသွားကြသည်။ ကျန်းကျူကျိပင် အံ့သြသွားကာ သူမအားလေးနက်စွာ ကြည့်လေသည်။
“ဂျူနီယာမောင်လေး တကယ်ပြောနေတာလား၊ မင်းက အင်အားကြီး ထောင်ချင်တာလား” ဟန့်မြောင်ရွှမ်သည် ကျန်းကျူကျိ ဖိအားပေးသောကြောင့် သူမတွေ့ကရာ ပြောလိုက်တာလား ဆိုသည်ကို သိချင်မိသည်။
*