← Chapters

သူမနှင့် ဂိုဏ်းဖွဲ့ခြင်း

Vol. 008 Ch. 790

သူမနှင့် ဂိုဏ်းဖွဲ့ခြင်း

Vol. 008 Ch. 790

ရှီမာယူယူသည် သူတို့အား ထက်မြက်စွာ ကြည့်လိုက်သည်။ သူမ သူတို့ကိုပြောမည်ဟု ဆုံးဖြတ်ထားလျှင် လိမ်မည်မဟုတ်ပေ။

“အင်အားကြီးထောင်ပြီး ဘာလုပ်မှာလဲ” ကျန်းကျူကျိ မေးလိုက်သည်။

သူနှင့် ရှုဂျင်းသည် ဖြစ်နိုင်ချေများကို ကြိုစဉ်းစား ထားခဲ့ကြသည်။ သူမသည် အန္တရာယ်ရှိသော တစ်စုံတစ်ရာကို လုပ်တော့မည်ဟု ခန့်မှန်းခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့သည် သူမအားမေးချင်ခဲ့သည်။ သို့သော် သူမသည် ငယ်သေးသည်။ ဒီလိုအန္တရာယ်များသော ကိစ္စများကို သူမအား မလုပ်စေချင်ပါ။

သို့သော် သူမသည် အမှန်တကယ်ပင် အင်အားကြီးတစ်ခု တည်ထောင်တော့မည်။ သူတို့ခန့်မှန်းထားသည့် အတိုင်းပင်။

“ကျွန်တော်လုပ်ချင်တာ ရှိလို့လေ” ရှီမာယူယူ ပြောလိုက်သည်။

“ဂျူနီယာမောင်လေး မင်းက အင်အားကြီးထောင်ချင်တယ် ဟုတ်လား၊ ဒီလောက်စိတ်ဝင်စားစရာ ကောင်းတာကို ငါ့ကိုတောင် မဖိတ်တော့ဘူးလား” ဟန့်မြောင်ရွှမ်သည် ချက်ချင်းပင် သူမဆီပြေးလာကာ သူမမျက်နှာအား ဆွဲဆိတ်ပြီး ကစားလေသည်။

ရှီမာယူယူသည် သူမ၏ ရှည်လျားသော လက်သည်းများကြားတွင် တွန့်လိမ်ပြီး ပြောလေသည်။ “ပျော်စရာလည်း မရှိပါဘူး”

“ဒါဆိုရင် ဘာအတွက် တည်ထောင်တာလဲ” ဟန့်မြောင်ရွှမ်သည် သူမအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

“စီနီယာအစ်မ အဲဒါကိုမမေးပါနဲ့”

“မင်း လူတွေကို ဓားပြတိုက်မလို့လား”

“စီနီယာအစ်မ ...”

“တော်ပြီ ငါက မင်းရဲ့စီနီယာအစ်မပဲ ငါ့ကိုတကယ် မပြောတော့ဘူးလား”

“ကျွန်တော် မပြောချင်တာမဟုတ်ဘူး ပြောလို့မရတာ” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်တော်လုပ်ချင်တဲ့ ကိစ္စက တကယ် အန္တရာယ်များတယ်၊ သာမန်ကိစ္စ မဟုတ်ဘူး”

ထိုအကြောင်းအား ကြားလိုက်သောအခါ ဟန့်မြောင်ရွှမ်သည် သူမ၏ လည်ပင်းကိုဆုပ်ကိုင်ကာ ဖြည်းညင်းစွာ ပြောလေသည်။ “အဲဒီတော့ မင်းရဲ့စီနီယာအစ်မက အန္တရာယ်ကို ကြောက်တတ်တဲ့လူကို ပြောနေတာလား၊ ငါ့ကိုမပြောရအောင်”

“စီနီယာအစ်မ”

“မင်း လျှို့ဝှက်ထားလေလေ ငါသိချင်လေလေပဲ အဲဒီတော့ ငါ့ကိုပြောမှာလား မပြောဘူးလား” ဟန့်မြောင်ရွှမ်သည် ပြုံးကာ လက်ကိုအားထည့်လိုက်သည်။

ရှီမာယူယူသည် သူမထက် အနည်းငယ်သန်မာသည်။ သူမ ဆုပ်ကိုင်ထားသည်ကို ဖယ်လိုက်လို့ရသည်။ သို့သော် ရှီမာယူယူ မလုပ်ပေ။

“စီနီယာအစ်မ ကျွန်တော် စတောင်မစရသေးဘူး အိမ်ပြန်ရောက်ရင် ပြောပြမယ်”

“မစရသေးဘူးလား၊ ဒါဆိုရင် စတော့မယ်ဆိုတာ့ သဘောပေါ့၊ ဒါဆိုရင် ငါတို့အတူလုပ်ကြမလား” ဟန့်မြောင်ရွှမ်၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမသည် အလွန် စိတ်ဝင်စားနေသည်။

“စီနီယာအစ်မ ကျွန်တော် မပြောပြချင်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီအကြောင်း သိလိုက်တာနဲ့ နောက်ပြန် ဆုတ်လို့မရတော့ဘူး အစ်မကို ဝင်မပါစေချင်ဘူး”

“ငါမကြောက်ဘူး၊ မင်းရဲ့ စီနီယာအစ်မက အဖေမရှိ၊ အမေမရှိ၊ မျိုးနွယ်မရှိဘဲ၊ ငါဝင်ပါလည်း ကိစ္စမရှိဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီဂိုဏ်းထဲမှာ နေ့တိုင်းနေနေရတာ ငါ့အတွက် စိတ်လှုပ်ရှားစရာ မရှိဘူး”

“. ...”

ရှီမာယူယူသည် ဆင်ခြေ ရှာမရတော့ပေ။

“ဂျူနီယာမောင်လေး၊ ငါ့ကိုမဝင်ခိုင်းရင် ငါလျှို့ဝှက်ချက်ကို မထိန်းပေးနိုင်တော့ဘူး၊ ငါ ရှောင်ရှောင်နဲ့ တခြားလူတွေကို ပြောလိုက် ...”

“ကောင်းပါပြီ ကျွန်တော်နောက်ကျ ပြောပြမယ်” ရှီမာယူယူ လက်လျှော့လိုက်ရသည်။

“ဒါပဲလား” စူးရှောင်ရှောင်သည် ရှီမာယူယူ ဟန့်မြောင်ရွှမ်အား သဘောတူလိုက်သည်ကို ကြည့်ပြီး ပြောလိုက်သည်။ “ဂျူနီယာညီလေး ငါ့ကိုလည်းဝင်ခိုင်း၊ ကြည့်ရတာ တစ်ဝက်လောက်တော့ မဆိုးဘူး”

“ရှောင်ရှောင် မင်းက ဂျူနီယာမောင်လေးရဲ့ ဂိုဏ်းကို တံမြက်စည်းလှည်းဖို့ ဝင်မှာလား” ရှီမာယူယူ ဘာမှ မပြောရသေးခင်မှာပင် ဟန့်မြောင်ရွှမ်သည် စကားဖြတ် ပြောလေသည်။

“အစ်မသာ တံမြက်စည်းလှည်း” စူးရှောင်ရှောင်သည် မကျေနပ်စွာ ပြောလေသည်။ “ကျွန်တော်တို့ အားလုံးက ဆရာတူတပည့်တွေပဲ၊ ငါတို့ကိုမပြောဘဲ သူမကိုပြောလို့မရဘူး”

“ဒါဆိုရင် မင်းဂျူနီယာ မောင်လေးရဲ့ လျှို့ဝှက်ချက်ကို သိသင့်တယ်၊ ဒါဆိုရင် သူပြောမလား ကြည့်လိုက်” ဟန့်မြောင်ရွှမ်သည် ပျော်ရွှင်စွာ ပြောလေသည်။

“အစ်မက သူ့လျှို့ဝှက်ချက်ကို သိတာလား”

“အဲဒါလျှို့ဝှက်ချက်လို့ ပြောပြီးပြီမလား ဘယ်လိုလုပ် ပြောလို့ရမှာလဲ” ဟန့်မြောင်ရွှမ်သည် ခံစားချက် ကောင်းစွာဖြင့် မေးစေ့အား မော့လိုက်သည်။

“အစ်မ ...”

“မင်းက အင်အားကြီး ထောင်ဖို့အတွက် လူဆိုးကြီး၁၀ယောက်ကို ခေါ်တယ်၊ အဲဒီတော့ သူတို့ရဲ့အကူအညီကို ယူမလို့လား” ကျန်းကျူကျိသည် စူးရှောင်ရှောင်လောက် ခံစားချက် မပြင်းထန်ပဲ ခန့်မှန်းလေသည်။

“အဲဒီလိုမျိုးပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းကိုသတ်ချင်တဲ့လူတွေ များလွန်းလို့ အပြင်သွားခွင့် မပြုဘူးလို့ ဆရာကပြောတယ်၊ အဲဒါကြောင့် မင်း ဂိုဏ်းထောင်ချင်တယ် ဆိုရင် အဲဒါက ပြဿနာဖြစ်မှာပဲ”

“…”

ခြိမ်းခြောက်တယ် ... ဘလိုင်းကြီး ခြိမ်းခြောက်နေတာ ...

“မင်း ငါတို့ကိုဝင်ခိုင်းရင်တော့ အခြေအနေ ပြောင်းသွားမှာပဲ”

“. ...”

နတ်ဆိုး ...

“ဒီမှာဆိုရင် ငါလည်း အဖေမရှိ အမေမရှိ မျိုးနွယ်မရှိဘဲ” ကျန်းကျူကျိ ထပ်ပြောလေသည်။

“ခွမ်း” သူမလက်ထဲမှ ဝိုင်ခွက်သည် အစိတ်အစိတ်အမြွှာအမြွှာ ကွဲသွားသော်လည်း လက်ကိုတော့ ထိခိုက်ခြင်းမရှိပေ။

“စိတ်မဆိုးပါနဲ့ ငါက မင်းကိုရွေးချယ်စရာ ပေးနေတာပဲ” ကျန်းကျူကျိ ပြုံးကာ ရှီမာယူယူ၏ ဒေါသကို ဂရုမစိုက်ပေ။

“ဒီမှာ အဖေမရှိ အမေမရှိ မျိုးနွယ်မရှိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ၊ တခြားနေရာမှာ ရှိတယ်လို့ ပြောချင်တာလား၊ အဲဒီလိုဆိုရင် ကျွန်တော်မပြောနိုင်ဘူး” သူမသည် ပခုံးတွန့်ကာ ပြောလေသည်။

“မင်းကိစ္စတွေနဲ့ ရောမပစ်နဲ့ အဲဒါကလည်း မင်းအတွက် အထောက်အကူ ဖြစ်နိုင်တာပဲ”

ရှီမာယူယူသည် သူ့အား သံသယဖြင့်ကြည့်ကာ သူမ၏ မှတ်ဉာဏ်များကို ပြန်ခေါ်ရန် ကြိုးစားလိုက်သည်။

ကျော်ကြားသော ကျန်းမျိုးနွယ်ဟူ၍ မရှိသလိုပင်။

“ဂျူနီယာညီလေး မင်းသူတို့ကိုပြောပြရင် ငါ့ကိုမပြောပြလို့မရဘူး” စူးရှောင်ရှောင်၏ အတည်ပေါက် မျက်နှာသည် ရှီမာယူယူအား သဘောတူရန် လောနေသကဲ့သို့ ကြည့်နေသည်။

ရှီမာယူယူ သက်ပြင်းချကာ ပြောလေသည်။ “စီနီယာတို့ ဒီလိုလုပ်လို့မရဘူးလေ၊ စီနီယာတို့ ဒီလို ကာကွယ်ရအောင် ဆရာက ဘယ်လိုတွေ ပြောထားလဲတော့ မသိဘူး၊ ဒါပေမဲ့ ဒီအခြေအနေက အာမခံချက်မရှိဘူး စီနီယာတို့ ...”

“ငါတို့ ဆုံးဖြတ်ပြီး ထားမှတော့ စိတ်မပြောင်းတော့ဘူး” ကျန်းကျူကျိ ပြောလေသည်။ “ကဲ ပြော ...”

ရှီမာယူယူသည် မျက်လုံးမှိတ်ကာ စဉ်းစားပြီးနောက် ပြောလေသည်။ “ဒါဆိုရင် ပြောပဲပြောပြမယ် ကျွန်တော် အင်အားကြီး ထောင်တာက လူသတ်ဖို့၊ ပြိုင်ဘက်က တကယ်သန်မာပြီး နိုင်ဖို့ခက်တယ်၊ အပြစ်မရှိတဲ့လူတွေ ဝင်ပါတာမျိုး မဖြစ်အောင် သွားလာတိမ်းရှောင်ဖို့ အစီအစဉ်ရှိတယ်”

“အဲဒါကြောင့် လူဆိုးကြီး၁၀ယောက်ကို ရွေးလိုက်တာလား” ကျန်းကျူကျိ ပြောလေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် မင်းနောက်ကို လူသစ်တွေခေါ်မယ် ဆိုရင်လည်း အဲဒီလိုပဲထွက်ပြေးဖို့ အစီအစဉ် ဆွဲထားတာလား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“အဲဒီလူတွေ မင်းနောက်လိုက်ချင်ရင် အားထုတ်ရမယ့် စစ်ဆေးမှုပဲ” ကျန်းကျူကျိသည် ရှုဂျင်းနှင့် အပြင်သွားရင်း လူများစွာတွေ့ကြုံဖူးသည်။

“သိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ဒါဆိုရင် မင်း အဲဒီလူတွေကို ဘယ်အချိန်မှာ လူစုမှာလဲ”

“ကျွန်တော်တို့လား” ရှီမာယူယူသည် သူမကိုကြည့်ကာ မေးလိုက်သည်။ “စီနီယာလည်း သွားချင်လို့လား”

“မဟုတ်လည်း မင်းသွားမှာမလား ဘာဖြစ်လို့ တစ်ယောက်တည်း သွားခွင့်ပြုရမှာလဲ”

“အမှန်ပဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။ “မင်းကို တစ်ယောက်တည်း ဘယ်လိုလုပ် လွှတ်မလဲ ငါတို့လည်း အတူတူသွားရမှာပေါ့”

“ဘယ်အချိန် သွားမှာလဲ” စူးရှောင်ရှောင် မေးလိုက်သည်။

“အစ်ကိုတို့ရော လိုက်မှာလား” ရှီမာယူယူ အကူအညီမဲ့သွားသည်။

“ဒါပေါ့ မင်းတို့နှစ်ယောက် သွားမှတော့ ငါတစ်ယောက်တည်း ဂိုဏ်းမှာ ဘယ်လိုနေခဲ့ရမှာလဲ”

“အပြင်မှာ ညစ်ပတ်တယ်” ရှီမာယူယူသည် သူ့စိတ်ကိုပြောင်းချင်သည်။

“ငါ သန့်ရှင်းနေရင် ပြီးတာပဲ” စူးရှောင်ရှောင်သည် တွေဝေမှုမရှိ ဖြေလိုက်သည်။

“ကောင်းပြီ စီနီယာတို့ ... အဲအချိန်ရောက်မှ နောင်တမရကြနဲ့” ရှီမာယူယူ ပြောလိုက်သည်။

“နောင်တရစရာ ဘာရှိလဲ” ဟန့်မြောင်ရွှမ်သည် ပြောလိုက်သည်။ “ဒီလို ပြောင်ရှင်းပြီး ရိုးရှင်းတဲ့ ဘဝမှာနေရတာ အသက်ကြီးသွားရင် နောင်တရမှာလဲ”

“စီနီယာ ... ဟူး” ရှီမာယူယူသည် ခေါင်းယမ်းလိုက်သည်။ သူမနှင့် အတူလိုက်ပါမည်ဟူသော တောင်းဆို ချက်ကို သဘောမတူပေ။

“ဘယ်အချိန်သွားမှာလဲ”

“မသိသေးဘူး ဘာမှမပြီးသေးဘူး ဒီကပြိုင်ပွဲ၃ခု ညီလာခံပြီးရင်တော့ ထပ်ပြီး စကားပြောရမှာလဲ”

“အင်း ငါတို့ ပြိုင်ပွဲ၃ခု ညီလာခံပြီးတဲ့အထိ စောင့်ရမှာပေါ့” ကျန်းကျူကျိ ပြောလိုက်သည်။

ထိုအချိန်တွင် သေးငယ်သော စက္ကူငှက်သည် အပြင်မှပျံလာကာ သူတို့ရှေ့တွင် ရပ်သွားလေသည်။

***

All Chapters