လင်းမူ၏ တည်ဆောက်မှု
Vol. 008 Ch. 792
ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ထိုင်လိုက်ကြပြီး ရှီမာယူယူသည် အစောကပို့ထားသော စက္ကူငှက် ကလေးကိုထုတ်ကာ ကုန်ရှန်ယိအား ပြန်ပေးလိုက်သည်။
“နင့်ဒဏ်ရာက တကယ်ပဲ သက်သာရဲ့လား ငါသတင်းတွေကြားတယ်၊ အဲဒီတုန်းက နင့် အခြေအနေက တော်တော်ဆိုးနေတာဆို၊ ရှုဂျင်းတောင်မှ ဘာမှမလုပ်နိုင်ဘူးဆိုပဲ” ရှီမန်ဖန်သည် အနည်းငယ် စိုးရိမ်နေတုန်းပင်။
“အဲဒီတုန်းကတော့ နည်းနည်းလန့်စရာ ကောင်းသွားတယ်၊ ဒါပေမဲ့အခုတော့ အဆင်ပြေသွားပါပြီ အခု အဆင်ပြေနေတာ မင်းတို့လည်း မြင်နေရတာပဲ ဘာတွေဖြစ်နေလဲ ပြောကြဦး” ရှီမာယူယူသည် ရှီမန်ဖန်၏ ပြောဆိုပုံကို အူယားသွားကာ ရယ်မောရင်း မေးလိုက်သည်။
“ကြည့်စရာရှိလို့ ကြည့်ပေးဖို့ အစ်မကိုခေါ်လိုက်တာ” ကုန်ရှန်ယိ ပြောလိုက်သည်။ “ကျွန်မတို့ အစောပိုင်းက တည်ဆောက်မှု ရထားတယ် ဒါပေမဲ့ ဘယ်လိုဖျက်ရမလဲ ဆိုတာ မသိလို့၊ အဲဒါကြောင့် အစ်မကို အကူအညီတောင်းမလို့”
“တည်ဆောက်မှုဟုတ်လား မင်းတို့ ကုန်တောင်ကြားမှာလည်း တည်ဆောက်မှုသခင် ရှိတယ် မလား” ရှီမာယူယူသည် နားမလည်စွာ မေးလိုက်သည်။
“ဟုတ်တယ် ဒါပေမဲ့ ဒီတည်ဆောက်မှုက အခုကျွန်မတို့ လက်ရှိဟာတွေနဲ့ မတူလို့ သူ မဖျက်တတ်ဘူးလို့ပြောတယ်” ကုန်ရှန်ယိ ပြောလိုက်သည်။ “အစ်မက ရှေးဟောင်း တည်ဆောက်မှုတွေ အကြောင်းသိတယ် ဆိုတာကို သတိရသွားလို့ ကယ်ပေးဖို့ ပြောချင်တာပါ”
“ကယ်ပေးရမယ် ဟုတ်လား ဘာလို့လဲ၊ အဲဒီထဲမှာ လူတွေပိတ်မိနေတာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်၊ ကျွန်မတို့တည်ဆောက်မှု သခင်က ပြောတာပဲ လာခဲ့ အရင်ဆုံး ကြည့်ကြည့်လိုက်” ကုန်ရှန်ယိသည် စာရွက်တစ်ရွက် ထုတ်ကာ ရှီမာယူယူအား ပေးလိုက်သည်။
ရှီမာယူယူသည် စာရွက်ယူပြီး ဖွင့်ကြည့်လိုက်သည်။ ထိုပေါ်တွင် တည်ဆောက်မှု အစိတ်အပိုင်း ရှိနေသည်။ ထောင့်တစ်ထောင့်တွင်သာ အသေးစိတ်ပါရှိသည်။ သူမသည် ခေတ္တမျှကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒါက သုသာန်ရဲ့ တည်ဆောက်မှုဖြစ်တယ်”
“ဟုတ်တယ် သုသာန်မှာရှိတဲ့ တည်ဆောက်မှုပဲ ဒါကိုဖျက်လို့ရလား” ကုန်ရှန်ယိသည် ထိုစကား ကြားသောအခါ ချက်ချင်းပင် မေးလိုက်သည်။
ရှီမာယူယူသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒီမှာ အသေးစိတ် ရေးထားတာက နည်း နေတယ် အဲဒီလိုမျိုး တည်ဆောက်မှု နည်းနည်းတော့ရှိတယ်၊ ဒါပေမဲ့ ဘာလဲဆိုတာတော့ မသေချာဘူး မျက်စိနဲ့ ကိုယ်တိုင်မြင်ရမှ ပိုသေချာမယ်၊ အဲဒါဘယ်မှာလဲ”
ကုန်ရှန်ယိသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။ “အဲဒါက ခရမ်းရောင် နုန်းမြေမှာရှိတဲ့ သုသာန်မှာပါ”
ခရမ်းရောင်နုန်းမြေက သုသာန်ဟုတ်လား။ ဘာလို့ခရမ်းရောင်နုန်းမြေ ဖြစ်ရပြန်တာလဲ။
“ဘာဖြစ်လို့လဲ အစ်မ” ရှီမန်ဖန်သည် သူမ မျက်မှောင်ကြုတ်သည်ကို မြင်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ခရမ်းရောင်နုန်းမြေမှာ ဒီလိုရှေးဟောင်း တည်ဆောက်မှုရှိနေတာကို တွေးနေတာ” ရှီမာယူယူ ပြောလိုက်သည်။ “ကုန်တောင်ကြား မျိုးနွယ်ဝင်တွေက ဒီမှာဘယ်လိုဖြစ်ပြီး ပိတ်မိသွားတာလဲ”
“သူတို့လည်း မသိလိုက်ပဲ ဖြစ်သွားတာ၊ အတွင်းတောင်ကြားက တပည့်တွေက မစ်ရှင်လုပ်ဖို့ အတွက် ခရမ်းရောင်နုန်းမြေကို သွားကြတာ၊ အဲဒီနောက်ကို အဲဒီနေရာမှာ တစ်ခုခုဖြစ်တယ်ဆိုတာ ကြားပြီး သွားကြည့်ကြတာပဲ၊ အဲနောက်တော့ သူတို့လည်း နုန်းထဲကိုမတော်တဆ ကျသွားရာက သုသာန်ဖြစ်နေတာပဲ၊ သူတို့နေရာကို ရှာတွေ့တော့ ဖောက်ခွဲမယ်ဆိုပြီး လုပ်ထားကြတာ၊ သူတို့တည်ဆောက်မှုထဲမှာ ပိတ်မိနေမယ်လို့ ဘယ်သူမှ မထင်မိကြဘူးလေ ကျင်းဟွမ်က တည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး နည်းနည်းသိနေလို့ တော်သေးတယ်၊ သူကပဲ အပြင်ကို ဆက်သွယ်ပြီး သတင်းပို့လိုက်တာ”
“ကျင်းဟွမ်ဟုတ်လား၊ အနောက်ဘက်ကမ်းရိုး ကန္တာရတုန်းက အဖမ်းခံရတဲ့ ကျင်းဟွမ်တော့ မဟုတ်လောက်ပါဘူးနော်” ရှီမာယူယူသည် မျက်ခုံးများပင့်လိုက်သည်။
“ဘယ်သူရှိဦးမှာလဲ၊ ကျင်းဝမ်က သူ့ညီကို အစ်မကယ်တယ်ဆိုတာ သိကတည်းက အရမ်း ကျေးဇူးတင်နေတာ”
“သူက အနောက်ကမ်းရိုး ကန္တာရကနေ ထွက်လာတာမှ မကြာသေးဘူး အဲဒီမှာ ထပ်ပိတ်မိနေ တာလား” ဒီကောင်လေး၏ ကံမှာလည်း ကောင်းလွန်းသည်ဟု ရှီမာယူယူ ခံစားရသည်။
“သူက အဲဒီကို ကျင်းဝမ်နဲ့သွားတာပဲ၊ သူတို့တစ်ယောက်တည်း သွားရင် အဆင်မပြောမှာ စိုးတာနဲ့ အတွင်းတောင်ကြားက တပည့်တချို့ကို သူတို့နဲ့ထည့်ပေးလိုက်တာ” ကုန်ရှန်ယိ ပြောလေသည်။
“အဲဒီတော့ ကျင်းဝမ်ကလည်း အဲဒီမှာ ရှိနေတယ်ပေါ့” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်” ကုန်ရှန်ယိ တွေဝေပြီးနောက် ပြောလေသည် “ဂိုဏ်းပြိုင်ပွဲ နီးလာတာလည်း သိ ပါတယ်၊ ဒါပေမဲ့ အဲဒီကိုတစ်ချက်လောက် သွားကြည့်ပေးလို့ ရမလား၊ အဲဒီမှာ စက်ယန္တရားတွေ အများကြီးရှိတယ်လို့ ကျင်းဝမ်ပြောတယ်၊ သူတို့ကြာကြာ တောင့်မခံနိုင်မှာစိုးတယ်”
“ငါ ခွင့်တိုင်ကြည့်ပြီး စမ်းကြည့်ပေးမယ် ဒါပေမဲ့ ဖျက်နိုင်မယ် ဆိုတာတော့ အာမ မခံနိုင်ဘူး၊ ရာနှုန်းပြည့် အာမမခံနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်လား ကျေးဇူးတင်ပါတယ် ယူယူ”
“ဒါပေမဲ့ ငါဂိုဏ်းကိုပြန်ပြီး ခွင့်တိုင်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။ “ငါ အချိန်နည်းနည်း ကြာလောက်တယ် ဆရာလည်းမရှိတော့ ဂိုဏ်းကိုတိုက်ရိုက် ပြန်သွားပြောရမှာ ဆိုတော့”
“ကောင်းပါပြီ ကျွန်မတို့ စောင့်နေပါမယ်”
“ငါမပြန်ခင်ကို အမှတ်တရ စားသောက်ဆိုင်ကို သွားကြည့်ရဦးမယ်၊ ငါ့သတင်းစောင့်နေတဲ့ မိတ်ဆွေတွေရှိလို့” ရှီမာယူယူ ပြောလိုက်သည်။
“မိတ်ဆွေတွေဟုတ်လား”
“ငါ အနီရောင် တောင်ထိပ်မှာတုန်းက သူရဲကောင်း ဓားသွားဂိုဏ်းက တပည့်တချို့နဲ့ သိခဲ့တယ် အတူတူ ဒုက္ခရောက်ခဲ့တာပေါ့၊ ငါ ဒဏ်ရာရတယ် ဆိုတော့ သူတို့စိတ်ပူပြီး ရောက်လာကြတာ” ရှီမာယူယူ ရှင်းပြလေသည်။
“ငါလည်းလိုက်ခဲ့မယ်” ရှီမန်ဖန် ပြောလိုက်သည်။
“မလိုတော့ဘူး ငါလည်း လမ်းမပျောက်ဘူးရယ်” ရှီမာယူယူ ပြောလိုက်သည်။ “ငါ သူတို့ကို တွေ့ပြီးတာနဲ့ ဂိုဏ်းကိုပဲပြန်မှာ ကိုယ့်ဘာသာ သွားလိုက်မယ်”
“ဒါဆိုလည်း ကောင်းပါပြီ”
ရှီမာယူယူသည် ရှီမာလိုင်အား နှုတ်ဆက်ပြီးနောက် ထွက်သွားလေသည်။ ရှီမာလိုင်သည် မှန်ကန်သော ဆုံးဖြတ်ချက်အတွက် ယုံကြည်ချက်အပြည့် ရှိထားသည်။
သူတို့ အထက်သို့ တက်လာသည်မှစပြီး ကလေးများနှင့် ဆက်သွယ်သည်မှာ ရှားခဲ့သည်။
သို့သော် အခုချိန်တွင် အမှတ်တရ စားသောက်ဆိုင်အား လွှဲပေးရန်များ ရှိသဖြင့် ချက်ချင်းသွား ရန်မဖြစ်သေးပေ။
ရှီမာယူယူသည် အမှတ်တရ စားသောက်ဆိုင်သို့ သွားလိုက်သည်။ သူမ လာသည်ကို ဆိုင် တာဝန်ခံ တွေ့သောအခါ ချက်ချင်းပင် ကြိုဆိုလေသည်။
“သခင်လေး”
“တာဝန်ခံ ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကိုတွေနဲ့ သူငယ်ချင်းတွေ လာခဲ့ကြတယ်လေ၊ သူတို့ရှိ သေးလား” ရှီမာယူယူ မေးလိုက်သည်။
“ရှိပါတယ် သူတို့က တတိယအထပ်က ရှေ့ပိုင်းအခန်းတွေမှာ” တာဝန်ခံပြောလိုက်သည်။
“သြော် ကိုယ့်ဘာသာ သွားလိုက်ပါမယ် လုပ်စရာရှိတာလုပ်ပါ” ရှီမာယူယူသည် ပြောပြီးနောက် အပေါ်တက် သွားလိုက်သည်။
သူမသည်အခန်းထောင့် ရောက်သောအခါ အထဲမှ အသံတချို့ကို ကြားလိုက်သည်။ သူမ အနီးကပ် နားထောင်ရာ စကားပြောနေသူများမှာ သူတို့ဖြစ်နေသည်မှာ သေချာသွားသည်။ ထို့နောက် သူမ တံခါးခေါက်လိုက်သည်။
“ဘယ်သူလဲ” ယုချင်းသည် တံခါးဖွင့်ရာ အပြင်တွင် ရပ်နေသော ရှီမာယူယူအား တွေ့လိုက် သည်။ သူမ ပျော်ရွှင်စွာ အော်လိုက်သည်။ “ယူယူ နေကောင်းသွားပြီလား”
“ဆရာရောက်ပြီလား” ချီဝေသည် အပြေးရောက်လာကာ ရှီမာယူယူသည် တံခါးအပြင်ဘက် တွင် အမှန်တကယ်ပင် ရပ်နေသည်ကိုတွေ့သောအခါ ဝမ်းပန်းတသာ ဖက်လေသည်။ “ဆရာ မင်းသာ ရောက်မလာတော့ရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး ဖြစ်နေကြတယ်”
“အဟွတ် အဟွတ်” ရှီမာယူယူသည် သူဖက်ထားရာမှ အသက်မရှူနိုင်တော့ပဲ သူ့လက်မောင်း အားပုတ်ကာ လွှတ်ခိုင်းရသည်။
“ထပ်ပြီးမခံနိုင်တော့ဘူး ဖြစ်နေတယ်ဟုတ်လား ဘာတွေအဲဒီလောက် ဒွိဟဖြစ်နေတာလဲ” ရှီမာယူယူသည် လျှောက်လာရာ အထဲတွင် သူစိမ်းနှစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။
“သူတို့က ...”
“သူတို့က ချီဝေ့ရဲ့ အစ်ကိုကြီးတွေ သူ့ကိုပြန်လာခေါ်ကြတာ” အပြာရောင်ဓားသွား ရှင်းပြလေသည်။
တစ်ချိန်တည်းမှာပင် ထိုလူများသည် သူတို့ညီ ဆရာတင်ထားသောလူကို အကဲခတ်နေကြ သည်။
ချီဝေသည် သူတို့အား မိတ်ဆက်ပေးလေသည်။
“ညီလေး အခု မင်းသူ့ကိုတွေ့ပြီးပြီ ဆိုတော့ ငါတို့နဲ့ပြန်လိုက်ခဲ့တော့” ချီဝေ၏ အစ်ကိုတစ်ယောက်က ပြောလေသည်။
“အင်း” ချီဝေသည် အလွန် နာခံတတ်ပုံပေါ်သည်။ သူသည် ရှီမာယူယူနှင့် မခွဲချင်သော်လည်း ခေါင်းညိတ်ကာ “ဆရာ့ကိုတွေ့လိုက်တော့ စိတ်ချသွားပါပြီ”
“စိတ်ညစ်မနေနဲ့ ငါတို့ပြန်မတွေ့မှာလည်း မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဆရာ အတွင်းပိုင်းဒေသကို လာရင် ငါ့ကိုရှာဖို့ သတိရဦး” ချီဝေသည် အတွင်းပိုင်းဒေသသို့ လာလျှင် သူ့အားလာရှာရန် သတင်းတချို့ ပေးလိုက်သည်။
ထိုအချိန်တွင် သူမ မှော်ဝင်လက်စွပ် အတွင်းမှ သားအမိကျောက်တုံးသည် လှုပ်ရှားသွားလေ သည်။
***