စံထားလောက်ရသော အိပ်ခြင်း
Vol. 008 Ch. 795
ရှုယွမ်ယွမ် ပြောသည့် အောက်ကလူများကို တွေ့ခဲ့သည်ဆိုသော စကားမှာ ကျင်းဝမ်နှင့် တခြားသူများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ သူတို့၏ ရည်ရွယ်ချက်မှာ တူညီနေသည်။ ခရမ်းရောင်နုန်းမြေ ... ထိုနေရာသည် ခရမ်းရောင်သတ္တဝါများ၊ နုန်းနှင့်တူသော ခရမ်းရောင်ရေများဖြင့် ဖုံးလွှမ်းထားသောကြောင့် ခရမ်းရောင်နုန်းမြေဟု ခေါ်တွင်ခြင်းဖြစ်သည်။
သူတို့သွားလိုသော နေရာမှာ ကျားလင်းမြို့နှင့် သိပ်မဝေးပေ။ သူတို့အဖွဲ့သည် တစ်ရက်လောက် ပျံသန်းပြီးသည်နှင့် ဦးတည်ရာနေရာသို့ ရောက်လေသည်။
ခရမ်းရောင်နုန်းမြေသည် အထူးတလည် ကြီးမားသည် မဟုတ်သော်လည်း အကျယ်အဝန်းမှာ မိုင်၁သိန်းဝန်းကျင်လောက် ရှိသည်။ သို့သော် ထိုနုန်းမြေနောက်ထံတွင် ရှည်လျားပြီး ကြီးမားသော တောင်တန်းရှိသဖြင့် အဝေးမှ မြင်နိုင်သည်။
အတွေ့အကြုံရလိုပါက အနောက်မှ တောင်တန်းဆီသို့ သွားနိုင်သည်။ ထိုနေရာတွင် အခွင့်အရေးများနှင့် ရတနာများစွာရှိသည်။ သို့သော် ခရမ်းရောင်နုန်းမြေသည် မသိနိုင်သော စွန့်စားမှုများစွာ ရှိသဖြင့် လူများလာခဲ့သည်။
သူတို့သည် မိစ္ဆာပျံများမှ ဆင်းလိုက်သည်နှင့် ချက်ချင်းပင် ကုန်တောင်ကြားမှ မျိုးနွယ်ဝင်များသည် သူတို့ဆီသို့ လာကြလေသည်။
“မိန်းကလေး”
“ကျင်းဝမ်နဲ့ ကျန်တဲ့လူတွေ ဘယ်လိုလဲ” ကုန်ရှန်ယိ မေးလိုက်သည်။
“သူတို့ တောင့်မခံနိုင်တော့ဘူးလို့ သတင်းပို့ထားတယ်၊ အထဲမှာ ထူးဆန်းတဲ့သတ္တဝါတွေ အများကြီးက သူတို့ကို ဝိုင်းထားကြတယ်၊ ကျွန်တော်တို့ တည်ဆောက်မှုကို မဖျက်ဆီးပစ်ဘူးဆိုရင် သူတို့ ...”
“ယူယူ ...” ကုန်ရှန်ယိသည် ရှီမာယူယူအား ကြည့်လိုက်သည်။
ရှီမာယူယူသည် သူမအား ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ “ငါအကောင်းဆုံး ကြိုးစားပါမယ် ဒီဆရာနှစ်ယောက် ရှိနေတယ်ဆိုရင် အောင်မြင်မှု ရာခိုင်နှုန်းလည်း မြင့်ပါတယ်၊ ငါ သူတို့နဲ့ အတူသွား ကြည့်လိုက်မယ်”
“အင်း”
ရှီမာယူယူသည် သူမပခုံးအား ပုတ်ပြီးနောက် လှည့်ပတ်ကြည့်ရန် ဝေကြီးနှင့် ဝေလေးတို့ကို သွားရှာလေသည်။
ရှီမန်ဖန် ပြောလိုက်သည်။ “စိတ်မပူနဲ့ တောင်ကြားကတပည့်တွေ အဆင်ပြေမှာပါ မဖြစ်နိုင်ဘူးလို့ သူတို့မပြောသရွေ့တော့ သူ့မှာ ယုံကြည်ချက် ရှိနေလို့ပဲ”
“ငါလည်း သူ့ကိုယုံတယ်”
ရှီမာယူယူသည် ဝေကြီးနှင့် တခြားသူများ ရှေ့သို့လာကာ အရိုအသေပေးလိုက်သည်။
“ယူယူ ဘာတွေသတိထားမိလဲ” ဝေကြီးမေးလိုက်သည်။
“ကျွန်တော်တို့ ဝင်လာတဲ့အချိန်မှာ ဒီနေရာကို နည်းနည်းကြည့်မိတော့ သာမန်နိမ့်ကျတဲ့ နုန်းမြေပဲတွေ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တောင်ကြားကို နည်းနည်းလောက် အတူဆင်းကြည့်ရင်တော့ အနေအထားကောင်းတဲ့ နေရာတစ်ကိုတွေ့နိုင်မှာ၊ အချိန်တွေကြာသွားတော့ အနေအထား ပြောင်းသွားတာတော့ နှမြောစရာကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါ ဘယ်လို အနေအထားလဲ ဘယ်လို ပြောင်းသွားတာလဲ” ဆရာထဲမှ တစ်ယောက်က မေးလိုက်သည်။
“တည့်တည့်လျှောက်သွားပြီး ဒီတောင်တန်းတစ်ခုလုံးကို ကြည့်မယ်ဆိုရင် နဂါးပျံတစ်ကောင်နဲ့ တူလိမ့်မယ်၊ ရေကန်က နဂါးမျက်လုံးနဲ့ တူတယ်” ရှီမာယူယူ ရှင်းပြသည်။ “နဂါးမျက်လုံးက နဂါးရဲ့ အင်အား ပင်မအရင်းအမြစ်ပဲ အဲဒါကြောင့် ဒီသုသာန်နေရာက ကောင်းသေးတယ်၊ အဲဒါက ခြောက်သွေ့တဲ့ ကုန်းမြေဖြစ်ခဲ့တာ ဒါပေမဲ့ အချိန်တွေကြာသွားတော့ နုန်းမြေအဖြစ် ပြောင်းသွားတယ်၊ မီးက ရေအဖြစ်ပြောင်းသွားတော့ အနေအထားလည်း သေချာပေါက် ပြောင်းသွားတာပဲ”
“နဂါးမျက်လုံးရေက ကောင်းသေးတယ် မဟုတ်ဘူးလား” ထိုဆရာက မေးလေသည်။
“မဟုတ်တော့ဘူးလေ” ရှီမာယူယူသည် အဝေးမှ တောင်ကြားကို ညွှန်ပြကာ ပြောလေသည်။ “အဲဒီ မီးနဂါးကြောင့်ပဲ၊ မီးနဂါးမျက်လုံးသာ ရေနဂါးမျက်လုံးအဖြစ် ပြောင်းသွားမယ်ဆိုရင် ပြောကြည့် ဒီနေရာက ကောင်းမှာလား မကောင်းတော့ဘူးလား”
ဆရာများသည် မြေနေရာ အနေအထားနှင့် ပတ်သက်ပြီး မသိသော်လည်း မီးနှင့် ရေကြားမှ ကွာခြားချက်ကို နားလည်သည်။
“ဒါဆိုရင် အဲဒါကမီးနဂါး ဖြစ်တယ်ဆိုတာကို မင်းဘယ်လိုသိလဲ” စူးရှောင်ရှောင် မေးလိုက်သည်။
“အဲဒါက အခုချိန်မှာ ဆွေးနွေးဖို့ ရှုပ်ထွေးနေသေးတယ်၊ နောက်တစ်ချိန်ကျရင် ပြောပြနိုင် လောက်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။ “မင်္ဂလာရှိတဲ့နေမြေက အမင်္ဂလာ ဖြစ်သွားတယ် မရှိသင့်တဲ့ နေရာတစ်ခုဟာ ရုတ်တရက် ပေါ်လာတယ်”
“သူအမှန်တွေ ပြောနေတာလား” ဖန်လိုင်သည် ဝေကြီးကိုကြည့်ကာ မေးလေသည်။
ဝေကြီးသည် ရှီမာယူယူအား ကျေနပ်စွာ ကြည့်လေသည်။ သူမသည် သူမျှော်လင့်ထားသည် ထက် သာလွန်နေသည်။ သူမ၏ ဗဟုသုတသည် သာမန်ထက် ကျော်လွန်နေသည်။ မြေအနေအထား နှင့် ပတ်သက်ပြီး သူမရင်းနှီးနေသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် သာမန် တည်ဆောက်မှုသခင် မဖြစ်နိုင်ကြောင်းကို သူခန့်မှန်းမိသည်။
ကျွမ်းကျင်မှုကို အခြေခံပြီး ပြောရမည်ဆိုလျှင် မြေအနေအထားနှင့် ပတ်သက်ပြီး အရင်းနှီးဆုံး ခွဲခြားပြနိုင်သူမှာ ရှာဖွေသူ ဝိညာဉ်သခင်များသာ ဖြစ်ကြသည်။
ထိုအကြောင်းအား စဉ်းစားမိသောအခါ သူသည် ရှီမာယူယူကို ပိုရှုပ်ထွေးစွာ ကြည့်မိသည်။
“အခု ဘာလုပ်ကြမလဲ” ဖန်လိုင်မေးလိုက်သည်။
“ကျွန်တော်တို့ ထပ်ပြီး စစ်ကြည့်ရမယ်” ဝေကြီး ပြောလိုက်သည်။
“အစ်ကိုကြီး ဒီနေရာက စစ်ထုတ်တဲ့ တည်ဆောက်မှု ဖြစ်လောက်မယ်” ဝေလေးပြောလေသည်။ “ဒါပေမဲ့ ဘယ်သူလုပ်ထားလဲ ဆိုတာကို မသိဘူး”
“ဆရာပြောတာက ဒီအမင်္ဂလာနေရာကို တစ်ယောက်ယောက်က တမင် ဖန်တီးထားတာလို့ ပြောချင်တာလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“အဲဒါဖြစ်နိုင်တယ်လို့ပဲ ပြောနိုင်တယ်” ဝေကြီးပြောလိုက်သည်။
“ဒါပေမဲ့ အောက်မှာသာ တကယ်ပဲ တစ်ခုခု ရှိနေတယ်ဆိုရင် သုသာန်တစ်ခုနဲ့ မတူတော့ဘူး” ဝေလေးပြောလေသည်။ “အစ်ကိုကြီး အရင်ဆုံး စစ်ထုတ်တဲ့ တည်ဆောက်မှုကို ရှာရအောင်”
“အင်း”
သူတို့နှစ်ယောက်သည် မိုးပေါ်သို့ ပျံသန်းသွားပြီး စတင်စစ်ဆေးရာ အောက်မှလူများသည် စောင့်ရုံသာတတ်နိုင်သည်။
“ဂျူနီယာညီလေး သူတို့နဲ့ ဘာလို့လိုက်မသွားတာလဲ”
“ဒီလိုနေရာကြီးတစ်ခုမှာ တည်ဆောက်မှု တစ်ခုလောက်ကို ရှာချင်နေကြတယ်၊ ကျွန်တော်က အဲဒီလောက်မတော်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက တည်ဆောက်မှုတွေမှာ တကယ်တော်တယ်မဟုတ်ဘူးလား” ဟန့်မြောင်ရွှမ် မေးလိုက် သည်။
“စီနီယာ ကျွန်တော်က နည်းနည်းလောက်ပဲသိတာ၊ နေရာကျဉ်းတစ်ခုလောက် အတွက်ပဲ ဒီလိုမျိုး ကြီးတဲ့နေရာကျတော့ တွက်ချက်ဖို့အတွက် နည်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။ “မီတာ ရာဂဏန်းလောက်ဆိုရင် လုပ်နိုင်တယ်”
“ဒီနေရာက အဲဒီလောက် ထူးခြားတာလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။ “ငါတို့ အဂ္ဂိရတ်ပညာ လိုပေါ့၊ ငါတို့ပိုပြီး ကျွမ်းကျင်တဲ့ နယ်ပယ်ဆိုတာ ရှိတာပဲလေ”
“အဲဒီလိုမျိုးပဲ”
သူတို့သည် နေ့တစ်ဝက် စောင့်ကြသော်လည်း ဝေကြီးနှင့် ဝေလေးတို့သည် မျက်မှောင်ကြုတ် ထားဆဲဖြစ်သည်။ သူတို့သည် တိုးတက်မှုမရှိသည့်ပုံ ပေါ်သည်။
“ယူယူ လာခဲ့လိုက်” ဝေကြီးသည် ရှီမာယူယူအား လက်ယက်ခေါ်လေသည်။
ရှီမာယူယူ လျှောက်သွားလိုက်သည်။
“ယူယူလာကြည့်လိုက်၊ တည်ဆောက်မှုရဲ့ ဘယ်အပိုင်းက မှားနေတာလဲ ငါတို့ဘယ်လောက်ပဲ တွက်ချက် တွက်ချက် အမှန်မထွက်လာဘူး” ဝေကြီးပြောလိုက်သည်။ “ဘယ်နေရာက ပြဿနာလို့ထင်လဲ”
“တည်ဆောက်မှုက တကယ်ပဲ ရှေးကျတာပဲ တော်တော်သက်တမ်း ကြာနေပြီ” ရှီမာယူယူသည် ဆင်းသက်လိုက်ကာ တည်ဆောက်မှု ကျောက်တုံးများကို ကိုင်ကာ ဆွေးနွေးလေသည်။
“ဂျူနီယာမောင်လေးက အလေးအနက်ထားလိုက်တဲ့ အချိန်ဆိုရင် ကြည့်ကောင်းတယ်” ဟန့်မြောင်ရွှမ် သက်ပြင်းချလေသည်။
သူမသည် မိန်းကလေး ဖြစ်နေသည်မှာတော့ နှမြောဖို့ကောင်းသည်။ မဟုတ်လျှင် သူမ ယူယူ့ကို လိုက်မည်။
“ချောတာတော့အမှန်ပဲ” စူးရှောင်ရှောင်သည် ခေါင်းမော့ကာ ပြန်ဖြေလေသည်။ “ဟုတ်တယ် မလား စီနီယာအစ်ကိုကြီး”
ကျန်းကျူကျိသည် စူးရှောင်ရှောင်၏ ပခုံးအားမှီကာ လျင်မြန်စွာပင် အိပ်ပျော်သွားလေသည်။
“သူတကယ်ပဲ ...” ဟန့်မြောင်ရွှမ်သည် သူ့အား ဆွံ့အစွာ မသဲမကွဲ ပြောသော်လည်း သူတုံ့ပြန်မှု မရှိတော့ပေ။ “ရှောင်ရှောင်ဒီလာခဲ့”
သူမသည် ရှောင်ရှောင်အား ချက်ချင်း ဆွဲလိုက်သော်လည်း သူ့ကိုမှီထားသော ကျန်းကျူကျိ သည် မြေပေါ်ကျမသွားပေ။ သူသည် ထိုအနေအထား အတိုင်းပင် ရပ်ကျန်လေသည်။
ထိုအရာအား ဆရာများနှင့် ကုန်တောင်ကြား မျိုးနွယ်ဝင်များ မြင်သောအခါ ပြုံးကြသည်။
ဟန့်မြောင်ရွှမ်သည် တစ်ခုခုမှားသွားသလို ခံစားရသည့်အနေနှင့် သူမ နဖူးအားပွတ်လေသည်။ သူမသည် ရှောင်ရှောင်အား မူလနေရာသို့ ပြန်တွန်းလိုက်ရာ ကျန်းကျူကျိသည် မှီစရာရသွားသည့် အတိုင်း သူ့အားပြန်မှီကာ ဆက်အိပ်လေသည်။
ရှီမာယူယူသည် ထိုအရာအား မြင်သောအခါ မဲ့ပြုံးပြုံးမိသည်။
အိပ်ရသည်ကို ဒီလောက်ကြိုက်သူသည် သူမအတွက် လိုက်ပေးခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေတတ်သော စူးရှောင်ရှောင်သည် ဒီလိုညစ်ပတ်တဲ့ နေရာကို လိုက်လာတယ်တဲ့လား။ သူ ဒီနေရာကို ဘယ်လိုလိုက်လာပြီး ရပ်နေပြီး နေနေတာလဲ။ သူက ဒီအတိုင်းပဲ စောဒက တက်တာပဲရှိတာ။ ခွဲခွာခြင်းဥယျာဉ်မှာ ဆိုရင်တော့ သူက စိတ်တိုနေလောက်ပြီ။
သူမ နှလုံးသား.. နွေးထွေးသွားသည်။
“တကယ်လို့ ... မျဉ်းကဒီအတိုင်းလား” ဝေလေး၏ စကားတစ်ခွန်းကြောင့် သူမ သတိပြန်ဝင်သွားကာ ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ ဝေလေးသည် တည်ဆောက်မှုကို အနည်းငယ် ပြောင်းကြည့်သော်လည်း မမှန်သည်ကို တွေ့လိုက်ရသည်။
သူသည် မူလနေရာအား ပြန်ထားမည်အပြုတွင် ရှီမာယူယူသည် သူ့အားတားလိုက်သည်။
“ခဏလေး” ရှီမာယူယူသည် နောက်ထပ် တည်ဆောက်မှု ကျောက်တုံးနှစ်ခု ထုတ်ပြီး မြေပေါ်တွင် ထားလိုက်သည်။ ထိုအချိန်တွင် ဝေကြီးနှင့် ဝေလေးတို့၏ မျက်လုံးများ အရောင်တောက်သွားသည်။
***