← Chapters

ချီဝိညာဉ်

Vol. 008 Ch. 797

ချီဝိညာဉ်

Vol. 008 Ch. 797

“ရွှီး”

သူမထုတ်လွှတ်လိုက်သော လျှပ်စီးမှာ မသန်မာသော်လည်း ထိုနေရာရှိလူများကို ကြောက်သွားစေသည်။

ထိမှန်သွားသော ဝိညာဉ်မိစ္ဆာများသည် သေးငယ်သွားကာ လေထဲတွင် ပျောက်သွားလေသည်။

ဒီတစ်ကြိမ်တွင် တူညီသော ဝိညာဉ်မိစ္ဆာများ ပေါ်ထွက်မလာတော့ပေ။

“ရွှမ်း”

“ရွှမ်း”

ရှီမာယူယူသည် ဝိညာဉ်မိစ္ဆာများနှင့် လူသားများ ထိုင်းမှိုင်းသွားသည်ကို အခွင့်ကောင်းယူကာ နှစ်ကြိမ်ထပ်ပစ်ရာ ဝိညာဉ်မိစ္ဆာနှစ်ကောင် ပျောက်ကွယ်သွားလေသည်။

“လျှပ်စီးအရည်အချင်း သုံးကြ မြန်မြန်” ကုန်ရှန်ယိသည် အော်လေသည်။

ထိုနေရာတွင် လျှပ်စီးအရည်အချင်း ပိုင်ဆိုင်သူမှာ နည်းပါးသည်။ သူတို့ စွမ်းအင်များသည် ရှီမာယူယူလောက် မသန့်စင်သော်လည်း ဝိညာဉ်မိစ္ဆာများကို တိုက်ခိုက်ရာတွင် သက်ရောက်မှုရှိသည်။

သိပ်မကြာခင်တွင် ဝိညာဉ်မိစ္ဆာ တစ်ဝက်လောက်ကို ရှင်းပြီးကာ ကျန်တစ်ဝက်သည် သူတို့လူများ ကျသွားသည်ကိုကြည့်ကာ နောက်ဆုတ်ပြီး ပြန်စုကြလေသည်။

“သူတို့ ... ဆုတ်သွားကြတာလား” ထိုလူများသည် ဝိညာဉ်မိစ္ဆာများ နောက်ဆုတ်သွားသည်ကို မြင်သောအခါ သူတို့မျက်လုံး သူမယုံနိုင် ဖြစ်ကြလေသည်။

“အကြောင်းအရင်းကို မသိပေမဲ့ သူတို့နောက်ဆုတ် သွားတာလည်း ကောင်းတာပဲ”

ဖန်လိုင်သည် ဝိညာဉ်မိစ္ဆာများ နောက်ဆုတ်သွားသည်ကို မြင်သောအခါ လျှပ်စီးကို အရင်ဆုံး သုံးသူမှာ ရှီမာယူယူဖြစ်သည်ကို သတိရသွားသည်။ သူ သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ယူယူ အဲဒီလျှပ်စီးက သူတို့ကို ပြာကျအောင် လုပ်နိုင်မယ်လို့ ဘယ်လိုသိတာလဲ”

“ခန့်မှန်းလိုက်တာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဘယ်လို မှန်းမိတာလဲ” ဖန်လိုင် မေးလိုက်သည်။

“...” ရှီမာယူယူသည် အောက်ခြေအထိ သိချင်စိတ် ပြင်းပြနေသော လူကြီးအား တိတ်တဆိတ် ကြည့်လိုက်သည်။ “သူတို့က တကယ့်ဝိညာဉ်မိစ္ဆာတွေ မဟုတ်လို့လေ”

“တကယ့်ဝိညာဉ်မိစ္ဆာ မဟုတ်ဘူးလား”

အားလုံး၏ အာရုံသည် သူမ ရှင်းပြချက်ကို စောင့်နေကြသည်။

“အဲဒီဝိညာဉ်မိစ္ဆာတွေက ရှေးဟောင်းစာအုပ်တွေနဲ့ ကိုက်ညီတယ်၊ တချို့က ရှေးခေတ်က ပြီးတော့ တချို့ကကျ ရှေးကျတဲ့အချိန်တုန်းက” ရှီမာယူယူ ပြောလိုက်သည်။ “ဘယ်ဝိညာဉ်မိစ္ဆာကမှ ဒီလောက်ကြာအောင် မနေနိုင်ဘူး အဲဒါကြောင့် သူတို့လည်း အခုထိနေနိုင်မှာ မဟုတ်ဘူး၊ သူတို့ကိုသာ ဝိညာဉ်ကျောက်တုံးတွေမှာ ချိပ်ပိတ်ပြီး ချိပ်ပြန်ဖွင့်လိုက်တာ မကြာသေးဘူးဆိုရင် သူတို့အားက ဒီလောက်ထိ အားနည်းမှာမဟုတ်ဘူး၊ ပြီးတော့ ဒီသုသာန်ထဲမှာလည်း ဒီလောက်ဝိညာဉ်ကျောက်တုံး အများကြီးရှိမှာ မဟုတ်ဘူး၊ ဒီသုသာန်က ရှေးဟောင်း သတ္တုတွင်းလည်း ဟုတ်မှမဟုတ်တာကို”

“အဲဒီတော့ သူတို့က အတုဆိုတာကို ခန့်မှန်းလိုက်တာပေါ့”

“ဟုတ်တယ်”

“ဒါပေမဲ့ ငါတို့က ထင်ယောင်ထင်မှား တည်ဆောက်မှုထဲမှာ မဟုတ်ဘူးလို့ မင်းပြောတယ်မလား” လူတစ်ယောက်က မေးလိုက်သည်။

“သူတို့က ထင်ယောင်ထင်မှား မဟုတ်ဘူး” ရှီမာယူယူ မှတ်ချက်ပေးသည်။ “သူတို့က ထင်ယောင်ထင်မှား တည်ဆောက်မှုနဲ့ ပတ်သက်မှုမရှိဘူး”

“ဒါဆို သူတို့ကဘာတွေလဲ”

“ချီဝိညာဉ်တွေပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ချီဝိညာဉ်ဟုတ်လား အဲဒါဘာလဲ”

ထိုအရာသည် လူအများအတွက် အထူးတဆန်း ဖြစ်နေသည်။ သူတို့ကြားဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။

“သူတို့က သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်အောက်မှာ ချီဝိညာဉ်ကနေ ဖြစ်လာတဲ့ ဝိညာဉ်မိစ္ဆာတွေပဲ၊ သူတို့ရှိတဲ့အချိန်တုန်းက ဒီလိုဝိညာဉ်မိစ္ဆာတွေကို ဖန်တီးခဲ့တာပဲ၊ ဒါပေမဲ့ သူတို့က အစစ်တွေထက် အားနည်းတယ်” ဝေကြီးရှင်းပြလေသည်။

“ဒီသုသာန်က ဝိညာဉ်လောကရဲ့ အပြင်ဘက်မှာ သီးခြားဖြစ်နေတယ်၊ အဲဒါကြောင့် ပတ်ဝန်းကျင် ပြောင်းလဲတဲ့အချိန်မှာ သူတို့က ချီဝိညာဉ်တွေကို ဖန်တီးလိုက်တယ်” ဝေလေးပြောလေသည်။ “အဲဒါကြောင့် သူတို့အားနည်း နေတာကိုး”

“ချီဝိညာဉ်ရဲ့ စွမ်းအားက ဒီလိုပဲ အားနည်းတာလား”

“မဟုတ်ဘူး သူတို့စွမ်းအားက အချိန်နဲ့လိုက်ပြီးတော့ တိုးလာမှာ၊ သူတို့အရိုက်ခံရတယ် ဆိုရင် ငါတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပြီး ပိုအားကောင်းတဲ့ ချီဝိညာဉ်တွေကို ဖန်တီးမှာ” ဝေကြီး ပြောလေသည်။

“ဟုတ်တယ် သူတို့ကို သတ်လိုက်ပြီးတာနဲ့ ပိုအားကောင်းတဲ့ကောင် ပေါ်လာတာကို သတိထားမိတယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။

“သူတို့အားက နည်းလွန်းတယ် သူတို့ကို ဖန်တီးထားတာ သိပ်မကြာသေးသလိုပဲ၊ ဟိုးအရင် ကတည်းက ဖန်တီးထားတဲ့ အကောင်တွေကိုသာ တွေ့ရင်တော့ ဖြေရှင်းဖို့ လွယ်မှာမဟုတ်ဘူး”

“ဒါပေမဲ့ ... ဝိညာဉ်စွမ်းအင်က ချီဝိညာဉ်တွေကို အားတိုးစေတယ်ဆိုရင် လျှပ်စီး အရည်အချင်းက ဘာလို့လုပ်နိုင်တာလဲ”

“အမှန်တော့ မီးကလည်းဖြစ်နိုင်တယ် ဒါပေမဲ့ သာမန်မီးတောက်နဲ့ကတော့ အသုံးမဝင်ဘူး စံသွေမီးတောက်မှ ရမယ်” ရှီမာယူယူ ရှင်းပြလေသည်။ “ပြီးတော့ ဒီချီဝိညာဉ်က သာမန်ပစ္စည်း မဟုတ်ဘူး၊ လျှပ်စီး အရည်အချင်းမှပဲ အလုပ်ဖြစ်လိမ့်မယ်”

“အာ ...”

အော်သံတစ်သံသည် သုသာန်အနက်ပိုင်းမှ ထွက်လာရာ အားလုံးလန့်သွားကြသည်။

“မိန်းကလေး ဒါ ကျွန်တော်တို့ တောင်ကြားညီအစ်ကိုပဲ” ကုန်ရှန်ယိဘေးမှ လူတစ်ယောက်သည် ပြောလေသည်။

“သွားကြည့်ရအောင်” ကုန်ရှန်ယိသည် သူမသိသော လူတစ်ယောက်၏ အသံကိုမှတ်မိသည်။ သူမသည် လူများကိုခေါ်ကာ သွားလေသည်။

“ငါတို့လည်း သွားကြည့်ကြမယ်” ဖန်လိုင်သည် ဂိုဏ်းမှလူများကို အမိန့်ပေးကာ လိုက်သွား လေသည်။

သူတို့သည် ရှည်လျားသော လျှောက်လမ်းကို ဖြတ်ကျော်ရသည်။ လျှောက်လမ်းမှ ထွက်ပြီး နောက်တွင် အပြင်မှ ဘာသံမှ မကြားရတော့ပေ။ သူတို့သည် တိတ်ဆိတ်သော ကမ္ဘာတစ်ခု ရောက်သွားသလိုပင်။

“ဒီနေ့ ငါတို့က တည်ဆောက်မှုထဲမှာပဲ” ဝေကြီးသည် ပြာမသွားဘဲ ဝေလေးနှင့်အတူ လက်တွဲကာ တည်ဆောက်မှုအား အမြန်ဖြိုခွဲလေသည်။

သူတို့သည် ဒီတစ်ကြိမ်တွင် ကြီးမားသော ဂူတစ်ဂူ ရောက်သွားသလိုပင်။ ဘက်ပေါင်းစုံတွင် လိုဏ်ခေါင်းများ ရှိနေပြီး ဘယ်နေရာကို သွားရမည်ကို မသိနိုင်တော့ပေ။

တည်ဆောက်မှုမှာ ပျက်သွားပြီဖြစ်သော်လည်း ကျင်းဝမ်၏ အသံကိုမကြားရတော့ပေ။ သို့သော် အရင်ကကဲ့သို့ တိတ်ဆိတ်နေသည်လည်း မဟုတ် ...

“ခုနတုန်းက သူတို့အသံကို ကြားလိုက်ပါတယ်၊ အခုဘာလို့ မကြားရတော့တာလဲ” ကုန်ရှန်ယိ နားမလည်နိုင်ပေ။

“ငါတို့ ဝင်လာတုန်းက သူတို့နဲ့လမ်းလွဲနေပြီ ထင်တယ်” ဝေလေးပြောလိုက်သည်။ “ဒီမှာက တည်ဆောက်မှုတွေ များလွန်းတယ် နေရာတကာပဲ၊ မတူညီတဲ့ တည်ဆောက်မှုတွေက နေရာစုံကို ငါတို့ကိုပို့လိုက်တာ ထင်တယ်”

“ဘာလုပ်ကြမလဲ အခု သူတို့ဘယ်မှာလဲ ဆိုတာကိုတောင် မသိနိုင်တော့ဘူး” ကုန်ရှန်ယိသည် စိုးရိမ်စွာ ပြောလေသည်။

“မပြာနဲ့ ရှန်ယိ” ရှီမာယူယူ နှစ်သိမ့်လေသည်။ “ဒီမှာ တည်ဆောက်မှုတွေ အများကြီးပဲ၊ သူတို့ သိပ်မဝေးလောက်ဘူးလို့ ငါထင်တယ်၊ သူတို့က ငါတို့အနားမှာပဲ၊ သူတို့ရှိတဲ့နေရာကို ရှာဖို့ပဲလိုတယ်”

“ဒါပေမဲ့ ဒီမှာ အန္တရာယ်များလွန်းတယ် သူတို့ကိုဘယ်လို ရှာရမှာလဲ” ဟန့်မြောင်ရွှမ်သည် သူမ ပခုံးကိုဆုပ်ကိုင်ကာ “လျှောက်မသွားနဲ့၊ မင်း ထောင်ချောက်တည်ဆောက်မှုနဲ့ တွေ့သွားရင် ဘယ်လောက် အန္တရာယ်များလိုက်မလဲ၊ ဒါက ရှေးဟောင်းသင်္ချိုင်းပဲ အထဲမှာဘာရှိလဲ ဆိုတာ ဘယ်သူမှ မသိဘူး”

ရှီမာယူယူသည် ဟန့်မြောင်ရွှမ် မျက်လုံးထဲမှ စိုးရိမ်မှုကို မြင်သောအခါ ပြုံးလိုက်သည်။ “ကျွန်တော် လျှောက်မသွားပါဘူး၊ စုံစမ်းဖို့အတွက် လူလွှတ်လိုက်မှာပါ”

“မင်းက ဘယ်သူ့ကို ခိုင်းမလို့လဲ”

ရှီမာယူယူသည် နီရဲပျား ရာချီကို ဆင့်ခေါ်လိုက်သည်။ သူတို့ကို ရှင်းပြပြီးနောက်တွင် သူတို့သည် မတူညီသော လိုဏ်ခေါင်းများဆီသို့ ပျံသွားကြလေသည်။

လက်ရှိတွင် ဝိညာဉ်စေတီ အတွင်းတွင် နီရဲပျား အရေအတွက်မှာ မရေတွက်နိုင် လောက်အောင်ပင်။ ရာချီသော အရေအတွက်မှာ သူမအတွက် ဘာမှမဟုတ်သလိုပင်။ ထိုနှုန်းအတိုင်း ဆိုလျှင် နီရဲပျားများသည် အတိုင်းအတာ ကျော်လွန်သွားမည်မလား မသိပေ။

နီရဲပျားဘုရင်မက သူမ ထုတ်လုပ်နိုင်စွမ်းကို ထိန်းချုပ်နိုင်ပါ့မလား။

“ဂျူနီယာမောင်လေး မင်းမှာဘာလို့ နီရဲပျားတွေ ဒီလောက်များနေတာလဲ၊ ရာချီပြီးတောင် ထုတ်နိုင်တယ်ဆိုတော့” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား တောက်ပသော မျက်လုံးများဖြင့် ကြည့်လေသည်။ သူမသည် စိတ်လှုပ်ရှားစွာ အော်လေသည်။ “မင်းမှာ နီရဲပျားတွေ ရှိနေမှတော့ နီရဲပျားရည်လည်း ရှိမှာပဲ”

“ရှိတယ်”

“ရှိတယ်လား ငါ့ကိုနည်းနည်းလောက် ပေးပါလား ဂျူနီယာမောင်လေး မင်းက ကပ်စေးကုပ် လိုက်တာ” ဟန့်မြောင်ရွှမ်သည် သူမ ခေါင်းအားပုတ်လေသည်။

“အရင်က စားခဲ့တယ်လေ” ရှီမာယူယူသည် သူမလက်ချောင်းအား ဆုပ်ကိုင်ပြီး “ကျွန်တော် အသားကင်တိုင်းကို ပျားရည်သုတ် ...”

“အဲဒါက နီရဲပျားရည်လို့ မင်းပြောလိုက်တာလား” ဟန့်မြောင်ရွှမ် အော်လေသည်။

“ဟုတ်တယ်လေ ကျွန်တော့်မှာ နီရဲပျားရည်ပဲရှိတာ တခြား ဘာဖြစ်ဦးမှာလဲ”

“ထင်တော့ထင်သားပဲ ပျားရည်အရသာက အရင်နဲ့ မတူပါဘူးလို့ အာ ... ငါ နီရဲပျားရည်စား လိုက်တာတောင် မသိဘူး”

ကျန်းကျူကျိနှင့် စူးရှောင်ရှောင်တို့သည် အံ့သြသွားသော်လည်း သူမကဲ့သို့ ရှက်စရာကောင်းသော အပြုအမူကိုမလုပ်ကြပေ။

***

All Chapters