← Chapters

မင်းငါတို့ကိုထပ်ကယ်ပြန်ပြီ

Vol. 008 Ch. 798

မင်းငါတို့ကိုထပ်ကယ်ပြန်ပြီ

Vol. 008 Ch. 798

ဖန်လိုင်၊ ဝေကြီး၊ ဝေလေးနှင့် တခြားသူများလည်း အံ့သြကုန်ကြသည်။ ဒီကောင်လေးက တကယ်ပဲ အသားကင်ဖို့အတွက် နီရဲပျားရည်ကို သုံးခဲ့တာလား။

အဲဒါအရမ်း တန်ဖိုးကြီးတာလေ ...

“ယူယူ မင်းအရမ်းကောင်းတယ် ဆိုတာ ငါအခုသိသွားပြီ ငါအရမ်းပျော်တာပဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား စိတ်လှုပ်ရှားစွာ ခုန်ဖက်လိုက်သည်။ သူမသည် ရှီမာယူယူ၏ မျက်နှာကို နမ်းလိုက်သည်။

အားလုံးသည် သူတို့အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ တကယ့်ကို မကျိုးနွံတတ်တာပဲ။

“တော်ပြီ စီနီယာမရှက်ဘူးလား” ရှီမာယူယူသည် သူမမျက်နှာမှ တံတွေးများကို သုတ်လိုက်သည်။

“ဘာကိုရှက်ရမှာလဲ” ငါတို့နှစ်ယောက်လုံး မိန်းကလေးတွေပဲကို ...

ဟန့်မြောင်ရွှမ်သည် နောက်ဆုံးစာကြောင်းကို မပြောပေ။ မဟုတ်လျှင် အဲကောင်မလေးက သူမ ခေါင်းကိုထုတော့မည်။

“ဒါနဲ့ ဂျူနီယာမောင်လေး ငါတို့ပြန်ရောက်ရင် ငါ့ကိုအိုးကြီး တစ်လုံးစာလောက်ပေး ငါ ဆေးဖော်တာ လေ့ကျင့်ချင်လို့”

ရှီမာယူယူသည် သူမအား မတွန်းလှန်နိုင်တော့ပဲ “အင်း အင်း နောက်ကျရင် ပေးမယ်၊ အခုတော့ လုပ်စရာတွေ ရှိသေးတယ်”

“အင်း ကောင်းပြီ” ဟန့်မြောင်ရွှမ်သည် နီရဲပျားရည် အိုးတစ်လုံးစာ ရတော့မည်ဟု တွေးလိုက်သည်နှင့် ပါးစပ် နားရွက်တက်ချိတ် နေလေပြီ။

အားလုံးသည် ကြောင်နေကြသည်။ သူမကို နီရဲအိုးကြီး တစ်လုံးစာ ပေးဖို့ကို လိုက်လျောလိုက်တာလား။

ဒါက အရမ်းကို ရက်ရောတာပဲ။

“ငါလည်း လိုချင်တယ်” ဟန့်မြောင်ရွှမ် တစ်အိုးရမှာတော့ သူလည်းရမှဖြစ်မည်။

“အင်း တစ်ယောက်ကို တစ်အိုးစီပေးမယ်” ကျန်းကျူကျိသည်လည်း သူမကိုကြည့်နေသည်ကို ရှီမာယူယူ သတိထားမိသည်။ သူ့အကြည့်မှာ သိသာလွန်းသည်။

“အင်း ကျေးဇူးပဲ ဂျူနီယာညီလေး” စူးရှောင်ရှောင်လည်း ပျော်သွားသည်။

ဆရာများ၏ မျက်လုံးများနီရဲသွားသည်။ နီရဲပျားရည် သုံးအိုး ... အကုန်လုံးပေးပစ်တယ်၊ ထပ်ရှိဦးမလား သူတို့မေးချင်သည်။ သူတို့လည်း လိုချင်တယ်လေ ...

ကံမကောင်းစွာပင် သူတို့၏ ဆက်ဆံရေးမှာ မရင်းနှီးသဖြင့် မမေးနိုင်ကြပေ။ သို့သော် နောက်ကို အခွင့်အရေးရှိပါက သူမဆီမှ ဝယ်မည်။

“ယူယူ ဒါက ...”

“ရှုး”

ရှီမာယူယူသည် ကုန်ရှန်ယိ၏ ပါးစပ်ကိုလက်ချောင်းဖြင့် ပိတ်ကာ သေချာနားထောင်ရန် အချက်ပေးလိုက်သည်။

ခဏအကြာတွင် သူမသည် ကုန်ရှန်ယိအား ပြောလိုက်သည်။ “နီရဲပျားတွေက ကျင်းဝမ်တို့အဖွဲ့ကို ရှာတွေ့ပြီ ဒါပေမဲ့ သူတို့အခြေအနေ ဆိုးနေတယ်၊ ကြာကြာတောင့်မခံ နိုင်တော့ဘူး၊ ငါတို့မြန်မြန်သွားမှ ဖြစ်မယ်”

“ဒါဆိုလည်း သွားကြမယ်”

“ဟူး ခဏလေး” ရှီမာယူယူသည် ကုန်ရှန်ယိအား တားလိုက်သည်။ “ဒီမှာ တည်ဆောက်မှုတွေ များကြီး ချီဝိညာဉ်တွေလည်း များတယ်၊ လက်လွတ်စပယ် မလှုပ်ရှားနဲ့”

“ဒါဆို ဘာလုပ်ကြမလဲ”

“ငါ့နောက်လိုက်ခဲ့”

ရှီမာယူယူသည် ဖန်လိုင်အား ကြည့်လိုက်သည်။ သူခေါင်းညိတ်ပြသည်ကို မြင်သောအခါ ရှန်ယိအား ပြောလိုက်သည်။ “သွားမယ်”

သူမသည် လမ်းကြောင်းရွေးလိုက်သည်။ ကုန်ရှန်ယိနှင့် ရှီမန်ဖန်တို့သည် လျင်မြန်စွာပင် လိုက်လာကြသည်။ ဟန့်မြောင်ရွှမ်နှင့် သူမ၏ စီနီယာ အစ်ကိုများလည်း လိုက်လာကြသည်။

ကုန်တောင်ကြား တပည့်များလည်း အကုန်လိုက်လာ ကြသော်လည်း ဂိုဏ်းမှလူများ မလှုပ်ရှားကြပေ။

“အဘိုးကြီးဖန် ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ဝေကြီးမေးလိုက်သည်။

“သွားမယ် ဂိုဏ်းကျောင်းသားတွေ သွားမှတော့ ငါတို့လည်း ဒီမှာဘာမှလုပ်စရာမှ မရှိတာ အဘိုးကြီးရှုရဲ့ ကျောင်းသား၄ယောက်လုံး သွားနေကြတာပဲ ငါတို့မသွားလိုက်လို့ သူတို့တစ်ခုခုဖြစ်ရင် အဘိုးကြီးရှု ပြန်လာရင် စိတ်ပူနေရမယ်” ဖန်လိုင်သည် ခေါင်းယမ်းလိုက်သည်။ သူ ဦးဆောင်ကာ လိုဏ်ခေါင်းထဲသို့ ဝင်လိုက်သည်။

ဝေကြီးနှင့် ဝေလေးတို့သည် ရှုဂျင်း၏ ဒေါသထွက်လွယ်သော ပုံစံကို မြင်ယောင်ပြီး ခေါင်းယမ်းကာ နောက်မှလိုက်ကြတော့သည်။

ဖန်လိုင်၊ ဝေကြီးနှင့် ဝေလေးတို့သွားသည်နှင့် ကျန်ဆရာများလည်း နောက်မှလိုက်ကြသည်။

“သူတို့သွားတဲ့လမ်းက မိုက်တယ်” ဝေကြီးသည် ခဏကြာသောအခါ မှတ်ချက်ပေးလေသည် “ငါတို့ တည်ဆောက်မှုတွေ အားလုံးကိုရှောင်ခဲ့တယ်၊ ကွေ့ပတ်သွားရင် အချိန်ကြာဦးမယ်၊ ဒါပေမဲ့ ဒါက အားကုန် သက်သာတာပဲ”

“သူမ လမ်းကိုဘယ်လို သိတာလဲ” အနောက်မှ ဆရာတစ်ယောက်က မေးလေသည်။

“နီရဲပျားတွေက ရှာတွေ့တာပဲဖြစ်မယ်”

“နီရဲပျားတွေက အဲဒီလောက် အားကောင်းတာလား”

“နီရဲပျားတွေက ဝိညာဉ်ပျားတွေ အားလုံးထဲမှာ အားအကောင်းဆုံးပဲ၊ တခြားသူတွေ ဘယ်လောက်ပဲ ရောင်ဝါတွေ ဖုံးကွယ်ထားပါစေ ရှာဖွေတဲ့နေရာမှာ သူတို့အတော်ဆုံးပဲ” ဝေလေး ပြန် ဖြေလေသည်။

“နီရဲပျားတွေ အများကြီးပဲ၊ လမ်းအားလုံးကိုစစ်ဖို့က မခက်ခဲဘူး”

ရှီမာယူယူသည် အချိန်တစ်ခုကြာအောင် သူတို့အား ဦးဆောင်သွားရာ တိုက်ခိုက်သံများနှင့် အော်သံများကို ကြားလာရသည်။

ကုန်တောင်ကြားမှ လူများသည် စိတ်ပူလာကာ ရှီမာယူယူသည် မလောဘဲ ဆက်သွားလေသည်။ သူတို့သည် အလောတကြီး မလုပ်ရဲပေ။

သူတို့ လမ်းခွရောက်သောအခါ တိုက်ခိုက်သံများသည် လိုဏ်ခေါင်းမှ ဖြတ်လာသည်ကို ကြား ရသည်။ ရှီမာယူယူသည် လမ်းဆုံတွင်ရပ်ပြီး သူတို့အား ညာဘက်သို့ ဦးဆောင်လာခဲ့သည်။

“ယူယူ အသံတွေက ဘယ်ဘက်ကလာတာ မဟုတ်ဘူးလား” ကုန်ရှန်ယိ မေးလိုက်သည်။

“ငါ့နောက်လိုက်တာ မမှားနိုင်ပါဘူး” ရှီမာယူယူသည် လမ်းကြောင်းပေါ်တွင် အာရုံစိုက်ထားကာ သူမအား ရှင်းပြရန် အချိန်မရှိပေ။

ကံကောင်းစွာပင် ကုန်ရှန်ယိသည် သူမအား အလုံးစုံယုံကြည်သည်။ သူမသည် မေးခွန်းဆက် မမေးတော့ပဲ ဆက်သွားလေသည်။

ထိုအရာအား ကြည့်ပြီးနောက် ကုန်တောင်ကြားမှ လူများလည်း လိုက်ကြသည်။ သူတို့သည် အစ ပိုင်းတွင် လမ်းမှားနေပြီဟု ထင်ထားကြသော်လည်း ထိုလမ်းကျော်သွားသောအခါ တိုက်ခိုက် နေကြသော ကျင်းဝမ်နှင့် တခြားသူများကို တွေ့ရလေသည်။

“သွားကူညီရအောင်” ကုန်ရှန်ယိသည် လျှပ်စီးဝိညာဉ် သခင်ကို ပြောလိုက်သည်။

ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်သည်။ ကုန်ရှန်ယိ စကားဆုံးသည်နှင့် သူမ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

“ရွှီး”

လျှပ်စီးသည် ကျင်းဟွမ်ခေါင်းပေါ်မှ ဝိညာဉ်မိစ္ဆာကို မှန်သွားလေသည်။ ထိုမိစ္ဆာပျောက်ကွယ် သွားသည့်အချိန်မှာ သူ့လက်သည်းများသည် ကျင်းဟွမ်၏ နှလုံးသားနှင့် စင်တီမီတာ အနည်းငယ်သာ ကွာလေသည်။

ကျင်းဟွမ်သည် မြေပေါ်လဲကျသွားသည်။ သူသည် ဝိညာဉ်မိစ္ဆာ၏ လက်သည်း သူ့နှလုံးသားသို့ နီးကပ်လာသည်ကို ကြည့်နေရသည်။

“ငါတော့သွားပြီ ...”

သူ သေဆုံးခြင်းနှင့် ရင်ဆိုင်ရချိန်တွင် ခေါင်းထဲတွင် ဗလာကျင်းနေသည်။ ထိုစကားများသာ ပြောနိုင်သည်။ သေဆုံးတော့မည့် အချိန်မှာ ဘာတွေးနိုင်ဦးမှာလဲ။

သို့သော် သူမျှော်လင့်ထားသလို သေဆုံးခြင်း ရောက်မလာပဲ ဝိညာဉ်မိစ္ဆာသည် လျှပ်စီးဖြင့် အပစ်ခံလိုက်ရသည်။

“ရွှမ်း”

သူ့ခန္ဓာကိုယ်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် သူ လှုပ်မရသည်တော့ မဟုတ်ပေ။ သူ နောက်ထပ် ချီဝိညာဉ်ကျလာသည်ကို မြင်သည်နှင့် ရှောင်လိုက်သည်။

“ဝိညာဉ်မိစ္ဆာနဲ့ သူတစ်လှည့် ကိုယ်တစ်လှည့် တိုက်တယ်၊ မင်းက သတ္တိရှိတဲ့ ဝိညာဉ်သခင်ပဲ”

သူ ရင်းနှီးသောအသံ ကြားသောအခါ ခေါင်းမော့ကြည့်ရာ ရှီမာယူယူသည် ဝိညာဉ်မိစ္ဆာ လက်သည်းကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

“ယူယူလား” သူသည် အံ့သြစွာ အော်လိုက်သည်။

ရှီမာယူယူသည် မီးတောက်စုလိုက်ကာ ကြက်သွေးရောင်မီးတောက် ထည့်လိုက်သည်။ ထို ချီဝိညာဉ်သည် လုံးဝလောင်ကျွမ်းသွားသည်။

ကျင်းဟွမ်သည် မြေပေါ်မှထလာသည်။ သူသည် ကျေးဇူးတင်စွာ ပြောလေသည်။ “ငါ့ကို ထပ်ကယ်တဲ့အတွက် ကျေးဇူးပဲ”

“ပြန်ဆပ်ဖို့ မှတ်ထား” ရှီမာယူယူ ပြုံးလိုက်သည်။ “ဒီပွဲကို အဆုံးသတ်လိုက် ရအောင်”

ထိုသို့ပြောပြီးနောက် အားလုံးသည် ပါဝင်ကြရာ ချီဝိညာဉ်များသည် လျင်မြန်စွာ ဖျက်ဆီးခံလိုက် ရပြီး တချို့မှာ ထွက်ပြေးသွားကြသည်။

“သူတို့ပြေးတာ မြန်လိုက်တာ” ရှီမာယူယူသည် သူမရောင်ဝါကို ပြန်ရုပ်သိမ်းလိုက်ပြီး ဆက်မလိုက်တော့ပေ။

ကုန်ရှန်ယိနှင့် တခြားသူများလည်း မလိုက်ကြပေ။ အားလုံးသည် ပြန်ဖွဲ့စည်းလိုက်သည်။ သူမသည် ကျင်းဝမ်အား ကြည့်လိုက်သည်။ “ဘယ်လိုနေလဲ”

“အဟွတ် အဟွတ် ...” ကျင်းဝမ်သည် ပြင်းထန်စွာ ထိခိုက်ထားသည်။ သူသည် ချောင်းနှစ်ချက် ဆိုးကာ ပြန်ဖြေလေသည်။ “ငါတို့က အဆင်ပြေပါတယ် ဒါပေမဲ့ သူတို့က ...”

ရှီမာယူယူသည် သူ့အကြည့်နောက် လိုက်ကြည့်လိုက်သည်။ အခန်းထဲတွင် အလောင်းများစွာ ရှိနေကာ ခြေစုံလက်စုံရှိသော အလောင်းများမှာ အနည်းငယ်သာရှိကာ တခြားအလောင်းများမှာ တစ်စစီပင်။

ကုန်ရှန်ယိသည် တိတ်သွားပြီးမှ ပြောလေသည်။ “သူတို့ အကုန်လုံးက ကုန်တောင်ကြားက တပည့်တွေပဲ၊ သူတို့ကို အလောင်းကောက်ပြီး တောင်ကြားကိုယူသွားပြီး သင်္ဂြိုဟ်ရမယ်၊ ကျင်းဝမ် မင်းတို့ ဆေးသောက်လိုက်ကြဦး”

ကုန်တောင်ကြားမှ လူများသည် အလောင်းကောက်ကာ ကျင်းဝမ်တို့အဖွဲ့သည် ဆေးသောက် လိုက်ကြသည်။

“ယူယူ ငါတို့ ဒီလောက်မြန်မြန် ပြန်တွေ့မယ်လို့ ထင်မထားဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျင်းဟွမ်ကို မင်းကယ်လိုက်တယ်လို့ ပြောတယ်၊ မင်းကို ကျေးဇူးတင်စကားတောင် မပြောရသေးဘူး ထပ်ကယ် လိုက်ပြန်ပြီ” ကျင်းဝမ်သည် ရှီမာယူယူအား ပြောလေသည်။

ရှီမာယူယူသည် ပြန်မဖြေပေ။ သူမသည် ထိုလိုဏ်းခေါင်းများကို ပြန်အာရုံစိုက်ကာ “သူတို့လာနေပြီ ...”

***

All Chapters