ထောင်ချောက်
Vol. 008 Ch. 799
အားလုံးသည် သူမ ကြည့်သောဘက်သို့ ကြည့်လိုက်ကြသည်။ မကြာမီတွင် လှုပ်ရှားမှုရှိလာသည်။
“ချီဝိညာဉ်လာနေပြီ” ရှီမန်ဖန်သည် ပြောပြီးနောက် ကုန်ရှန်ယိ ဘေးတွင်ရပ်လိုက်သည်။
“ချီဝိညာဉ်ကဘာလဲ” ကျင်းဟွမ် မေးလိုက်သည်။ သူတို့ဘာလို့ တစ်ခါမှမကြားဖူးတာလဲ။
“ထူးခြားတဲ့သတ္တဝါ တစ်မျိုးပဲ၊ အခုမရှင်းပြနိုင်သေးဘူး” ရှီမန်ဖန် ပြန်ဖြေလိုက်သည် “ဒီလှုပ်ရှားမှုကို နားထောင်ကြည့် ဒီတစ်ခါကို များတယ်၊ လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်တွေလည်း လက်ပမ်းကျနေပြီ အခုထွက်သွားတာ ကောင်းမယ်”
“ဒါပေမဲ့ ငါတို့ထွက်လို့မရဘူး” ဝေကြီးပြောလိုက်သည်။
“ဆရာဝေကြီး ဘာပြောလိုက်တာလဲ”
“ငါတို့ဒီကိုဝင်လာတော့ တည်ဆောက်မှုထဲ ဝင်ပြီးသားဖြစ်နေပြီ” ဝေကြီးပြောလိုက်သည် “ငါတို့ တည်ဆောက်မှုကို မဖျက်ဘဲ ထွက်လို့မရဘူး”
“ဒါဆို ဘာလုပ်ကြမလဲ”
“ဘာလုပ်ရဦးမှာလဲ အရှေ့ကိုပဲဆက်သွားရမှာ” ဟန့်မြောင်ရွှမ် ပြန်ဖြေလေသည်။
“ဒါပေမဲ့ ငါတို့ ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူး သူတို့စုပ်ယူတာပဲရှိမယ်”
“အဲဒါတော့ မဖြစ်သေးဘူး” ဝေကြီးပြောလိုက်သည် “ခဏတော့ တောင့်ခံထားရမယ် ဒီတည်ဆောက်မှုကို ဖျက်ရမယ်”
“ကောင်းပြီ”
ရှီမာယူယူသည် လျှပ်စီးဝိညာဉ်သခင်များကို လိုဏ်ခေါင်းအဝင်ပေါက်သို့ ဦးဆောင်သွားကာ လာနေကြသော ချီဝိညာဉ်များကို တိုက်ခိုက်လေသည်။ ချီဝိညာဉ်ပထမတစ်သက်မှာ အဆုံးသတ်သွားလေသည်။ သို့သော် လျှပ်စီးဝိညာဉ် သခင်နှစ်ယောက်သည် ဝိညာဉ်စွမ်းအင်များ ကုန်ခန်းနေပြီ။
“သွားကူရအောင်”
ဝိညာဉ်သခင်နှစ်ယောက် ပြန်ဆုတ်သွားသည်နှင့် နောက်ထပ် ဝိညာဉ်သခင်နှစ်ယောက် ဝင်လာသည်။ သူတို့သည် ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ချီဝိညာဉ်များကို တိုက်ခိုက်လေသည်။
ဒီတစ်ကြိမ်တွင် သူတို့နှစ်ယောက်သည် အချိန်ကြာအောင် လက်မလျှော့ဘဲလုပ်လေသည်။ သို့သော်ငြား သူတို့သည် ဝေကြီးနှင့် ဝေလေးတို့ တည်ဆောက်မှု ဖျက်သည်အထိ တောင့်မခံနိုင်ကြပေ။
တစ်ချိန်တည်းမှာပင် နောက်လိုဏ်ခေါင်းတစ်ခုမှ လှုပ်ရှားမှုများရှိလာသည်။
“သေစမ်း တခြားလမ်းက ချီဝိညာဉ်တွေလာနေကြပြီ”
“ဘာလုပ်ကြမလဲ သူတို့ကို တိုက်နေလို့လည်း မရဘူး”
“စမ်းကြည့်မယ်” ဖန်လိုင်သည် လက်ကိုဝေ့ရမ်းလိုက်သည်။ ကာကွယ်မှုဝိညာဉ်သည် ကျောက်အခန်းတစ်ခုလုံးကို ပိတ်လိုက်သည်။
“အသုံးမဝင်ဘူး ပုံမှန်ဆိုရင် ကာကွယ်မှုဝိညာဉ်က သာမန်သတ္တဝါကိုပဲ ကာနိုင်တာ၊ ချီဝိညာဉ်လို သတ္တဝါကို မကာနိုင်ဘူး” ဝေကြီးသည် မတ်တတ်ရပ်ကာ လျင်မြန်စွာတိုက်ခိုက်ပြီးနောက် ဝိညာဉ်စွမ်းအင် စုစည်းပြီး တည်ဆောက်မှုမျဉ်းများကို ဆွဲလေသည်။ ထို့နောက်သူသည် နောက်ဆုံးသော ဝိညာဉ် ကျောက်တုံးကို သူ့ခြေထောက်နားတွင် ချလိုက်သည်။
နောက်ဆုံးကျောက်တုံးကို နေရာချပြီးသောအခါ ပုံစံသည် ရုတ်တရက်ပေါ်လာပြီး အပြင်မှ ချီဝိညာဉ်များကို ကာထားလေသည်။
ရှီမာယူယူသည် ဝေကြီး တည်ဆောက်မှုလုပ်သည်ကို ကြည့်နေသည်။ သူမ မျက်လုံးများ တောက်ပလာသည်။ တည်ဆောက်မှုများကို စီစဉ်သော သူ့နည်းလမ်းမှာ ထူးဆန်းသည်။ တည်ဆောက်မှုသည် ရိုးရှင်းသော်လည်း သက်ရောက်မှုရှိသည်။ သူသည် အချိန်တိုအတွင်း တည်ဆောက်မှုလုပ်နိုင်ရာ ထိုအမြန်နှုန်းသည် သူမအား အံ့သြစေသည်။
“ဒီတည်ဆောက်မှုက ခဏတော့ခံနိုင်မယ်၊ မင်းတို့ ဝိညာဉ်စွမ်းအင်တွေ ပြန်ကောင်းအောင်လုပ်လိုက်၊ ငါတို့ ဖျက်ပြီးရင်တော့ ပွဲကြီးပွဲကောင်းတိုက်ရမယ်” ဝေကြီးပြီးသောအခါ ဝေလေးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တည်ဆောက်မှုအကြောင်း ဆွေးနွေးလေသည်။
“ဒါပေမဲ့ ငါတို့မှာ လျှပ်စီးအရည်အချင်း ဝိညာဉ်စွမ်းအင် ပြန်ကောင်းစေတဲ့ဆေး မရှိဘူး၊ ငါတို့က အဲဒီလို ဆေးအမျိုးအစားကို အများကြီးပြင်ထားလေ့မရှိဘူး” တစ်ယောက်က ပြန်ဖြေလေသည်။
လေ၊လျှပ်စီးနှင့် ရေခဲအရည်အချင်းများသည် တခြားသော အရည်အချင်းများနှင့် ကွဲပြားသည်။ ပုံမှန်ဝိညာဉ်စွမ်းအင် ပြန်ကောင်းဆေးများသည် အခြေခံ အရည်အချင်း၅မျိုးအတွက် အသုံးဝင်သော်လည်း ထိုထူးခြားသော အရည်အချင်းများအတွက် အလုပ်မဖြစ်ပေ။
လျှပ်စီးအရည်အချင်း ဝိညာဉ်စွမ်းအင်ပြည့်ဆေးများသည် အစကတည်းက နည်းပါးသောကြောင့် ပုံမှန်အားဖြင့် လူများသည် ဆောင်ထားလေ့မရှိကြပေ။
ရှီမာယူယူသည် ဆေးတစ်ပုလင်းထုတ်ကာ သူတို့အား လက်ဆင့်ကမ်းပေးလိုက်သည်။ “ကျွန်တော့်ဆေးသောက်လိုက်”
“ကျေးဇူးပဲ”
ဆေးသောက်ပြီးနောက်တွင် ထိုလူများသည် ဘေးသို့သွားကာ တရားထိုင်ပြီး ဝိညာဉ်စွမ်းအင်များကို ဖြည့်လေသည်။
ရှီမာယူယူသည် ဝေကြီးတို့ဘေးတွင်ထိုင်ကာ တည်ဆောက်မှုများအကြောင်း ဆွေးနွေးလေသည်။
ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ ကြိုပြင်ဆင်လာပေးသော အသားကိုစားနေကာ ကျန်းကျူကျိသည် စူးရှောင်ရှောင်အားမှီကာ အိပ်လေသည်။
ကုန်ရှန်ယိ၊ ကျင်းဝမ်နှင့် တခြားသူများသည် ချီဝိညာဉ်အကြောင်း သိသွားကြကာ သူတို့ တိုက်ခိုက်လေ ဝိညာဉ်မိစ္ဆာများ ပိုအားကောင်းလာသည့် အကြောင်းကို နားလည်သွားကြသည်။ ထိုသတ္တဝါများသည် သာမန် ဝိညာဉ်မိစ္ဆာများ မဟုတ်ကြပေ။
သူတို့သည် လျှပ်စီးအရည်အချင်းအပြင် တခြားသော ဝိညာဉ်စွမ်းအင်မှာ အလုပ်မဖြစ်ကြောင်းကိုလည်း သိသွားကြသည်။ သူတို့သည် စိတ်ဓာတ်ကျသွားကြသည်။ သူတို့ ဘယ်လောက်ပင် သန်မာစေကာမူ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။
ရှီမာယူယူသည် မြေပေါ်မှ ဝေကြီး၏ ပုံကိုစစ်ဆေးနေသည်။ ထိုပုံမှာ ရင်းနှီးသည်ဟု ခံစားလိုက်ရသည်။ သူမသည် ဝူလင်းယူပေးသော စာအုပ်တွင် ထိုပုံနှင့်ဆင်တူသည်ကို သတိထားမိသော်လည်း ဘယ်ပုံဖြစ်သည်ကို တွေးမရပေ။
သည်လိုနှင့် သူမသည် ဝိညာဉ်လေးအား စာအုပ်တစ်အုပ်လုံးကို ဖတ်ခိုင်းပြီးမှပင် တူညီသော တည်ဆောက်မှုကို တွေ့လေသည်။
“မဖြစ်နိုင်သေးဘူး” ဝေကြီးသည် တည်ဆောက်မှုအား နောက်တစ်ခေါက် ပြန်သုံးသပ်ကာ သက်ပြင်းချလေသည် “ဒီတည်ဆောက်မှုရဲ့ မှတ်တမ်းအပြည့်အစုံမရှိဘူး၊ ဒီရှေးဟောင်းတည်ဆောက်မှုကို သုံးသပ်လို့မရဘူး”
“အဖြေမရှိဘူးလား” ဖန်လိုင်သည် ဝေကြီးပြောလိုက်သောစကားကို ကြားသောအခါ ဘေးမှ စိတ်ဓာတ်ကျလေသည်။
“မဖြစ်နိုင်ဘူး တခြားနည်းလမ်းရှိမှာပါ” ဝေလေးသည် ရှီမာယူယူအား ကြည့်လေသည်။
ရှီမာယူယူသည် အတွေးထဲတွင် မြောနေဆဲဖြစ်ကာ ဝေလေးကြည့်သည်ကို သတိမထားမိပေ။
“ဘယ်လိုဖျက်ရမလဲဆိုတာ သိတယ်” တည်ဆောက်မှုအား နားလည်သွားသောအခါ သူမ လှည့်ပြီး အခန်းကို ပတ်လျှောက်လေသည်။ သူမသည် ထောင့်မှ အက်ကြောင်းကို ညွှန်ပြလေသည်
“ဒီနေရာက တည်ဆောက်မှုကို ပြိုကွဲနိုင်တယ်”
“ဒီနေရာလား” ဝေကြီးသည် သေးငယ်သော အက်ကြောင်းကိုကြည့်ပြီး တည်ဆောက်မှုကို သုံးသပ်ကာ လျင်မြန်စွာ တွက်ချက်လေသည်။
“ဟုတ်တယ် ဒါပဲ” ဝေလေး အရင်တုံ့ပြန်လေသည်။
“ဒါပေါ့ ဒါပေါ့” ဝေကြီးသည် ရှီမာယူယူအား ပဟေဠိဆန်စွာ ကြည့်လေသည်။
“တည်ဆောက်မှုက မပျက်သေးရင်ရော” ဖန်လိုင် သူတို့အားမေးလေသည်။
“အင်း ပျက်မှာပါ” ဝေလေး ပြောလေသည်။
“ဖျက်ကြည့်ပြီးတဲအထိ စောင့်ကြတာပေါ့” ဝေကြီးသည် ဝိညာဉ်စွမ်းအင်ဖြည့်နေသော လူများကို ကြည့်လိုက်သည် “သူတို့ ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးမှ တည်ဆောက်မှုနည်းလမ်းကို သုံးမယ် အဲဒါမှ အလောတကြီး လုပ်တာထက် ပိုအခွင့်အရေးများတယ်”
“ကောင်းတယ်” ဖန်လိုင် ပြောလိုက်သည်။
ရှီမာယူယူသည် ဝိညာဉ်မိစ္ဆာများဖြင့် ပြည့်နေသော လမ်းကြောင်းကို ကြည့်ပြီးနောက် ဝိညာဉ် စွမ်းအင်ဖြည့်နေသော လူများကိုကြည့်လိုက်သည်။ အခုချိန်တွင် အလောတကြီးလုပ်ပါက ခက်ခဲသွားမည်။
တည်ဆောက်မှုကို ဖျက်လိုက်လျှင်တောင် သက်သာမှုမရှိမည်ဟု တခြားသူများလည်း သိကြသည်။
သူမသည် စူးရှောင်ရှောင်တို့ရှိရာသို့ လာပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည် “လိုက်မလာနဲ့လို့ပြောပါတယ်၊ ဒါပေမဲ့ ခေါင်းမာပြီးလာကြတော့ ဒီမှာပိတ်မိနေတယ်မလား”
ဟန့်မြောင်ရွှမ်သည် နောက်ဆုံးလက်ကျန်အသားကို အဆုံးသတ်လေသည်။ သူမသည် လက်ကိုင်ပဝါထုတ်ကာ လက်များကို သုတ်လိုက်သည်။ “ဒီမှာ ဂျူနီယာမောင်လေး ဆရာရဲ့ အုပ်ထိန်းမှုအောက်မှ သွားလာပြီးကတည်းက ဒီလောက်အန္တရာယ်များတာကို ငါကိုယ်တိုင်တွေ့တာ ပထမဆုံးပဲ၊ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလဲ”
“စိတ်လှုပ်ရှားတယ် ဟုတ်လား ထွက်လို့မရမှာကို စိတ်မပူဘူးလား” ရှီမာယူယူသည် သူမအား စကားလုံးမဲ့စွာ ကြည့်လိုက်သည်။
“ဘာတွေ စိုးရိမ်စရာရှိလို့လဲ” ဟန့်မြောင်ရွှမ် ပြန်ချေပလေသည် “အန္တရာယ်များတယ်ဆိုရင်တောင် မင်းက စိုးရိမ်တာရော ပူပန်တာရောမှမရှိတာ၊ မင်းတောင်မကြောက်တာ ငါတို့ကဘာလို့ ကြောက်ရမှာလဲ”
“…” ရှီမာယူယူသည် သူမ၏ တည်ငြိမ်သော မျက်နှာကိုတွေ့လိုက်သည်။ ခဏအကြာတွင် သူမ ပြန်ဖြေလိုက်သည် “ကျွန်တော့်ကို ယုံတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာက ကျွန်တော့်ထက်ပိုပြီး ကျွန်တော့်ကိုယုံနေသလိုပဲ”
“ဒါပဲလေ” ဟန့်မြောင်ရွှမ်သည် သူမ မှော်ဝင်လက်စွပ်အား ခဏကြာအောင် ဆန်းစစ်လိုက်ရာ သူမ စားချင်သော အသားကိုရှာမတွေ့ပေ “ဂျူနီယာမောင်လေး ဝိညာဉ်အသီးရှိလား”
“…” ရှီမာယူယူသည် သူမအား ဝိညာဉ်အသီးများကို ပေးလိုက်သည်။ သူမသည် စိတ်ထဲမှ သက်ပြင်းချရုံအပြင် မရှိတော့ပေ။
သို့သော် သူတို့သည် သူမအား စိတ်မပူဘူးဆိုသည့် စကားကို အပြည့်အဝမယုံသေးပေ။ သူတို့တွင် ကိုယ်ပိုင်နည်းလမ်းရှိရမည်။
******