စီနီယာအစ်ကို၏ နောက်ဆုံးနည်းလမ်း
Vol. 008 Ch. 800
မိနစ်တိုင်း စက္ကန့်တိုင်းတွင် ဝေကြီး၏ တည်ဆောက်မှုသည် ချီဝိညာဉ်များကြောင့် မတည်ငြိမ်နိုင်တော့ပေ။ ပြိုလဲလုနီးပါး ဖြစ်နေသည်။
ကံကောင်းသည်မှာ ရှီမာယူယူ ပေးသောဆေးများမှာ အသုံးဝင်သည်။ ဒီတစ်ကြိမ်တွင် အားလုံးသည် ဝိညာဉ်စွမ်းအင်များအများစု ပြန်ပြည့်လာပြီဖြစ်သည်။
“အချိန်ကျတော့မယ်” ဝေကြီးသည် မတ်တတ်ရပ်ပြီး လူအုပ်အားပြောလိုက်သည်။
“ငါတို့ အစီအစဉ်အတိုင်း လုပ်ရမယ်” ဖန်လိုင် ပြောလေသည်။
သူတို့စောင့်နေစဉ်တွင် ဖန်လိုင်နှင့် ကုန်ရှန်ယိတို့သည် နည်းဗျူဟာကို ဆွေးနွေးနေကြသည်။ တစ်ဖွဲ့သည် လမ်းဖွင့်ပေးပြီးနောက်တစ်ဖွဲ့မှာ အနောက်မှကာပေးမည်ဟု သူတို့ဆုံးဖြတ်လိုက်ကြသည်။
“ကျွန်တော် နောက်ဆုံးမှသွားမယ်” ရှီမာယူယူ ပြောလိုက်သည်။
အရှေ့မှချီဝိညာဉ်များသည် နည်းကာ အနောက်တွင် အရေအတွက်များသည်။ ထို့နောက် အနောက်မှလူသည် ပိုဖိအားများသည်။
“ယူယူ မင်းအရှေ့က သွားသင့်တယ်” ကုန်ရှန်ယိသည် ရှီမာယူယူအတွက် စိုးရိမ်နေလေသည်။
“ဟုတ်တယ် မင်းအရှေ့ကသွားရင် အန္တရာယ်များတဲ့နေရာ ရောက်မသွားတော့ဘူး”
“ဝေကြီးနဲ့ ဝေလေးတို့က အရှေ့မှာရှိတယ်၊ ပြဿနာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်မှာ လျှပ်စီးရှိတယ်၊ ကျောင်းအုပ်ကြီးဖန်က ရှင်းပေးနိုင်မှာပါ”
ဖန်လိုင်သည် ရှီမာယူယူ ဆိုလိုရင်းကိုနားလည်သည်။ သူမသည် ကောင်းကင်ဘေးသင့်မှုကို ဆင့်ခေါ်နိုင်သည်။ ထို့ကြောင့် သူမ လျှပ်စီးသည် သာမန်လျှပ်စီးမဟုတ်ပေ။
“ကောင်းပြီ မင်းအနောက်ကနေလိုက်” ဖန်လိုင် သဘောတူလိုက်သည်။
“ဒါဆို ကျွန်တော်တို့လည်း အနောက်ကနေလိုက်မယ်” ကျန်းကျူကျိ ပြောလိုက်သည်။
“မင်းတို့အားလုံးလား အနောက်မှာဆိုရင်….” သူတို့အနောက်တွင်နေပါက ဆွဲချသလိုဖြစ်လိမ့်မည်ဟု ဖန်လိုင် ပြောချင်သည်။ ကျန်းကျူကျိ မီးလုံးထုတ်လိုက်သောအခါ သူ နောက်ဆက်ပြောမည့် စကားများ ထွက်မလာတော့ပေ။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့လည်း မီးတောက်လုံးများ ထုတ်လိုက်ကြသည်။
သူသည် စီနီယာမောင်နှမ ၃ယောက်ကိုကြည့်လိုက်သည် “မင်းတို့အားလုံးက စံသွေမီးတောက် ရှိမှတော့ အနောက်မှာနေလေ၊ မှတ်ထား မင်းတို့ တောင့်မခံနိုင်တော့ဘူးဆိုရင် အရှေ့ကိုချက်ချင်းလာခဲ့လိုက်၊ မင်းတို့သေရင် မင်းတို့ဆရာ ဒေါကန်မှာ”
“ကျွန်မတို့သိပါတယ် အဲလောက်မတုံးပါဘူး” ဟန့်မြောင်ရွှမ်သည် မီးတောက်အားပြန်သိမ်းကာ လက်ခုတ်တီးလိုက်သည်။
“အဲလိုဆိုမှာတော့ တခြားသူတွေက အရှေ့လမ်းကိုရှင်းမယ်” ဖန်လိုင်သည် တခြားသူများကို ပြောလိုက်သည် “တခြားသူတွေက အလယ်မှာပဲရှိတယ် အားလုံးပြင်ထားကြမယ်”
“ဆရာဝေကြီး၊ အဲဒီလမ်းကိုသွားမယ်” ရှီမာယူယူသည် ဘယ်ဘက်အကျဆုံးလမ်းကို ညွှန်ပြလိုက်သည်။
ဝေကြီးခေါင်ညိတ်လိုက်သည်။ သူ့တည်ဆောက်မှု ပြိုကွဲသွားသည့်အချိန်တွင် သူသည် ချက်ချင်းပင် ရှီမာယူယူရှာတွေ့ထားသော အက်ကြောင်းကို တိုက်ခိုက်လိုက်သည်။
“ဝေါင်း..”
“တိုက်ကြ”
လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်များသည် ချက်ချင်းပင် ရှီမာယူယူညွှန်ပြသော လမ်းကြောင်းအားတိုက်ခိုက်ရာ အရှေ့ဆုံးမှ ဝိညာဉ်မိစ္ဆာများသည် လျှပ်စီးများ ထိမှန်လေသည်။
“သွားမယ်”
အရှေ့မှဝိညာဉ်သခင်များသည် တိုက်ခိုက်ပြီး လိုဏ်ခေါင်းအားဝင်လေသည်။ တခြားသူများ ဝင်သွားသည်နှင့် ရှီမာယူယူတို့ လေးယောက်အဖွဲ့သည် အနောက်တွင်နေခဲ့သည်။
“ငါ အရင်က စံသွေမီးတောက်သုံးပြီး မတိုက်ဖူးဘူး၊ အခုတော့ သူ့စွမ်းအားကို စမ်းခွင့်ရပြီ” ဟန့်မြောင်ရွှမ်သည် လက်နှစ်ဖက်ကို ခါကာ အားရပါးရပြုံးလေသည်။
“ရယ်မနေနဲ့ တိုက်” စူးရှောင်ရှောင်သည် မီးတောက်စိမ်းထုတ်ပြီး ရှေ့တိုးလာသော ချီဝိညာဉ် အားလုံးကို လောင်ကျွမ်းစေသည်။
ကျန်းကျူကျိသည်လည်း မီးတောက်ထုတ်သည်။ မီးတောက်သည် တခြားသော လမ်းကြောင်းများဆီသို့ ပျံသွားလေသည်။
ဟန့်မြောင်ရွှမ်၏ မီးတောက်သည် အနီရောင် ကျာပွတ်အသွင်ပြောင်းသွားသည်။ သူမ၏ ရှည်လျားသော ကျာပွတ်သည် ရိုက်ခတ်လေသည်။
သူတို့အရင်ဆုံး တိုက်ခိုက်မှုပြီးသည်အထိ ရှီမာယူယူ မလှုပ်ရှားသေးပေ။
“သွား”
ဟန့်မြောင်ရွှမ်သည် လမ်းကြောင်းသို့ဝင်သည်နှင့် ရှီမာယူယူကိုပါ ဆွဲလေသည်။ စူးရှောင်ရှောင် ဝင်ပြီးသည်နှင့် ကျန်းကျူကျိသည် နောက်ဆုံးမှဝင်သည်။
ရှီမာယူယူသည် သူတို့မီးတောက်အားမြင်သောအခါ စိုးရိမ်ရန်မလိုကြောင်း သိလိုက်သည်။
သူမပြောခဲ့သလိုပင် ထိုလူများသည် တည်ငြိမ်လွန်းသည်။ သူတို့တွင် သူတို့ကိုယ်ပိုင် နည်းလမ်းများရှိကြသည်။
သူတို့သုံးယောက်လုံး စံသွေမီးတောက် ပိုင်ဆိုင်လိမ့်မည်ဟု သူမ မထင်ထားမိပေ။ သူတို့သုံးယောက် မထင်ရှားစွာနေလာသည်ကို ကြည့်ပြီး သူမ တကယ်ပင် အံ့သြမိသည်။
ဝိညာဉ်သခင်များ လမ်းဖောက်ခြင်းနှင့် ကျန်းကျူကျိတို့ ကာပေးမှုနှင့်အတူ သူတို့သည် လျင်မြန်စွာပင် လိုဏ်ခေါင်းကို ဖြတ်ပြီးလေသည်။
“ထွက်ပေါက်နဲ့ သိပ်မဝေးတော့ဘူး ထင်တယ်” ကျင်းဝမ်သက်ပြင်းချလေသည်။
“မဝေးတော့ဘူး ဒါပေမဲ့ ဒီမှာ တည်ဆောက်မှုတွေများတယ်၊ အဲဒါတွေကို မရှောင်နိုင်ရင် တခြား နေရာတွေကိုရောက်သွားမယ် ပိုပိုဝေးသွားလိမ့်မယ်” ဝေလေး ရှင်းပြလေသည်။
“ငါတို့ ထွက်လာမှတော့ မြန်မြန်သွားကြမယ်” ဆရာတစ်ယောက် အကြံပေးလေသည်။
သူတို့သည် အခြေအနေကို နားမလည်ပဲ ဆင်းလာခဲ့ကြသည်။ လက်ရှိတွင် လျှပ်စီး အရည်အချင်း ဝိညာဉ်သခင်အနည်းငယ်သာ ရှိသည်။ ချီဝိညာဉ်များသာ မီလာပါက အန္တရာယ်ရှိသည်။
ထိုအချိန်တွင် ရှီမာယူယူတို့အဖွဲ့ ထွက်လာသည်။
“တိုင်းပြည်ကိုအရင်ပြန်ကြမယ်” ဖန်လိုင်သည် သူတို့ထွက်လာသောအခါ ပြောလေသည်။
အားလုံးသည် ကာကွယ်ရေးအလွှာထုတ်ပြီး အပေါ်သို့ပျံသန်းကြလေသည်။ ရှီမာယူယူ အနောက်မှလိုက်သည်။ သူမသည် ခေတ္တမျှစဉ်းစားပြီးနောက် မီးတောက်အားပစ်လိုက်သည်။
သူမ ထိုသို့လုပ်သည်ကို ကျန်းကျူကျိနှင့် ဟန့်မြောင်ရွှမ်တို့မြင်သောအခါ မီးလုံးများကို ပစ်ချလေသည်။
“သွားမယ်”
သူတို့လေးယောက် ထွက်သွားသည်နှင့် ချီဝိညာဉ်များသည် ကာကွယ်ရေးဝိညာဉ်နှင့် ပိတ်မိသွားလေသည်။ သူတို့သည် မီးတောက်များမှ ဝါးမျိုခြင်းခံလိုက်ရသဖြင့် ပြန်မဆုတ်နိုင်တော့ပေ။
ငှက်ပေါက်စသည် ကြီးမားသော ငှက်အသွင်ပြောင်းကာ ဝင်ပေါက်မှပျံသွားပြီး မီးတောက် နှစ်လုံးသယ်ကာ သင်္ချိုင်းတစ်ခုလုံးကို ရှင်းလေသည်။ အမီလိုက်လာသော ချီဝိညာဉ်အားလုံးသည် ပြာကျကုန်လေသည်။
ရှဲရှန်နှင့် ရှုယွမ်ယွမ်တို့သည် နုန်းမြေတွင်စောင့်နေကြသည်။ သူတို့ အချိန်အတော်ကြာအောင် ထွက်မလာသောကြောင့် သူတို့နှစ်ယောက်လုံး စိုးရိမ်လာကြသည်။
“ရုန်ရုန် ကျောင်းအုပ်ကြီးတို့ အဆင်ပြေပါ့မလား” ရှုယွမ်ယွမ်၏ အသားအရေမှာ မကောင်းသေးပေ။ အဆိပ်ပြေသွားပြီဖြစ်သော်လည်း လုံးဝပြန်ကောင်းသည်တော့ မဟုတ်ပေ။
“အဆင်ပြေမှာပါ” ရှဲရုန်သည် မသေချာပေ။ သူတို့ သွားသည်မှာ ကြာလှပြီ။
သို့သော် သူတို့နှစ်ယောက်လုံးသည် ဘာမှမလုပ်နိုင်ပေ။ သူတို့တွင် တစ်ခုခုဖြစ်လာပါ သူတို့သည် တပ်ကူခေါ်ရုံသာတတ်နိုင်သည်။
“ဗွမ်း”
ရွှံ့ရေမှ အသံထွက်ပေါ်လာရာ သူတို့နှစ်ယောက်လုံး အာရုံမှာ ထိုနေရာသို့ရောက်သွားသည်။ ပုံရိပ်တစ်ခုသည် ရွှံ့ရေထဲမှ ထွက်ပေါ်လာသည်။
“ဂိုဏ်းဆရာပဲ” ရှုယွမ်ယွမ်သည် အံ့အားသင့်စွာအော်လေသည် “ကောင်းတယ် သူတို့ အဆင်ပြေကြတယ်”
ရှဲရုန်သည် စိတ်သက်သာရာရသွားသည်။ ဂိုဏ်းဆရာများ အဆင်ပြေလျှင် တခြားသူများလည်း အဆင်ပြေမည်။
မကြာမီတွင် အောက်မှလူများ ထွက်လာကြသည်။
“ကျောင်းအုပ်ကြီး” ရှဲရုန်တို့သည် သူတို့အား နှုတ်ဆက်ကြလေသည်။ ထိုလူများသည် ဒဏ်ရာ ပြင်းထန်စွာရခြင်းမရှိဘဲ အဝတ်များပြဲခြင်းနှင့် သွေးစွန်းများရှိသည်ကိုသာ တွေ့လိုက်ရသည်။
ထပ်ပေါင်းပြောရလျှင် မရင်းနှီးသော မျက်နှာများလည်းရှိသည်။ သူတို့သည် ကယ်လာသည့်လူများ ဖြစ်နိုင်သည်။
“မြို့ကိုအရင်သွားရမယ်” ဖန်လိုင် ပြောလိုက်သည်။
“ကျောင်းအုပ် ငါတို့ အောက်ကစာတွေကို ဒီအတိုင်း လျစ်လျူရှုလိုက်မှာလား၊ သူတို့ထွက်လာပြီး လူတွေကို ထိခိုက်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ” ဆရာတစ်ယောက်က မေးလိုက်သည်။
“ချီဝိညာဉ်တွေက သင်္ချိုင်းမှာပဲ လှုပ်ရှားနိုင်ကြတယ်၊ သူတို့ထွက်မသွားနိုင်ပါဘူး” ဝေကြီး ပြန်ဖြေလိုက်သည် “ပြီးတော့ ငါတို့ အပြင်မှာလည်း တည်ဆောက်မှု အသက်သွင်းထားခဲ့သေးတယ်၊ မြေအနေအထားကလည်း မူလအခြေအနေပြန်ဖြစ်သွားရင် အဲဒီချီဝိညာဉ်တွေ အလိုလိုပျောက်သွားမှာပါ”
ထိုရှင်းပြချက်ကြားမှပင် ဆရာများ စိတ်ချသွားကာ ဘာမှမပြောကြတော့ပေ။
သူတို့ထွက်မလာနိုင်ပဲ လူတွေကို အန္တရာယ်မပေးသရွေ့တော့ ဂိုဏ်းသည် စိုးရိမ်ရန်မလိုပေ။ ဝင်သွားသည့်လူများ အတွက်ကတော့ သူတို့တာဝန်မဟုတ်ပေ။
ရှီမာယူယူ၊ ကျန်းကျူကျိနှင့် တခြားသူများသည် ကောင်းကင်သို့ ကြည့်လိုက်သည်။ သူတို့သည် သူတို့မီးရှို့ခဲ့သည့်အကြောင်းကို မပြောကြပေ။
“ပြန်ကြမယ် ငါနောက်မှ မင်းကိုမေးစရာရှိတယ်” ဖန်လိုင်သည် ရှဲရုန်အား ကြည့်ကာ ပြောလေသည်။
ကုန်ရှန်ယိသည် ကုန်တောင်ကြားမှလူများကို မြို့သို့ပြန်ရန် အမိန့်ပေးလေသည်။
သူတို့အဖွဲ့သည် မိစ္ဆာပျံများဖြင့် ထိုနေရာမှ ထွက်ခွာလေသည်။ ခဏအကြာတွင် လူများသည် နုန်းမြေမှထွက်လာပြီး သူတို့ထွက်သွားသောဘက်သို့ ကြည့်နေလေသည်။
သူတို့နေရာသည် ဖန်လိုင်တို့အဖွဲ့နှင့် သိပ်မဝေးပေ။ သို့သော် ထိုလူများနုန်းမြေထဲတွင် ပုန်းနေသည်ကို သူပင် မသိလိုက်ပေ…
*****