← Chapters

အနောက်မှလူများ

Vol. 009 Ch. 801

အနောက်မှလူများ

Vol. 009 Ch. 801

ထိုလူများသည် အနက်ရောင်များ ဝတ်ဆင်ထားကာ မျက်လုံးများသာ ဖော်ထားသည်။ သူတို့ အကြည့်များသည် ရက်စက်ကြမ်းကြုတ်ပုံပေါ်ကာ သူတို့ဆီမှ အေးစက်သော ရောင်ဝါများထွက်နေသည်။

“အစီအစဉ်တော့ မအောင်မြင်တော့ဘူးထင်တယ်” မျက်လုံးထောင့်တွင် အနာရွတ်နှင့် တာဝန်ကျလူသည် ပြောလေသည်။ သူ၏ မျက်လုံးမှာမှေးနေသော်လည်း သူ့အကြည့်သည် လူအများကို ကြောက်လန့်စေသည်။

“အဲလူတွေ အဲနေရာကနေထွက်နိုင်မယ်လို့ ထင်မထားဘူး” အပြာရောင်ဝတ်ထားသော လူသည် မှတ်ချက်ပေးလေသည်။

“သူတို့က ကောင်းကင်ဂိုဏ်းကပဲ ငါတို့ဒီနေရာမှာ မနေရတော့မှာပဲစိုးတာ”

“ငါတို့သခင်ရဲ့ မစ်ရှင်ကိုမပြီးသေးဘူး၊ ငါတို့ပြန်သွားရင်…”

ထိုအကြောင်းအားပြောလျှင် ထိုလူများသည် ဒေါသနှင့် ကြောက်ရွံ့မှုများ ရောနှောနေသည်။

“အထဲကိုကြည့်ရအောင်၊ ဒီနေရာကို ကယ်လို့မရရင်တောင် ဒီကပစ္စည်းတွေတော့ ရကောင်းပါရဲ့၊ တခြားနေရာပြောင်းပြီး ထားရမယ်”

သူတို့သည် မြေအောက်သင်္ချိုင်းသို့ သွားလေသည်။ ဝင်ပြီးနောက်တွင် သူတို့ထင်ထားသည့် အတိုင်းပင် ဘာမှမတွေ့ရပေ။

“ချီဝိညာဉ်တွေရော” အားလုံး တုန်လှုပ်သွားကြသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ချီဝိညာဉ်တွေအများကြိးကို သူတို့မှာ လျှပ်စီးအရည်အချင်းဝိညာဉ် သခင်လည်းမများဘဲနဲ့၊ အောက်ကနေ ပြန်တက်လာနိုင်တဲ့သူက ရှားတယ်၊ ဘယ်လိုဖြစ်ပြီး သူတို့က ချီဝိညာဉ်တွေအားလုံးကို သတ်နိုင်မှာလဲ” တစ်စုံတစ်ယောက်သည် ချက်ချင်းပင် ပြောလေသည်။

“အကုန်သွားပြီပဲ” တာဝန်ကျလူသည် လေချွန်လိုက်သည်။ ဝိညာဉ်လက်နက်ကြောင့် မဟုတ်ရင် သူ့ကြောင့် ဖျက်ဆီးခံလိုက်ရတာ ဖြစ်မယ်။

“ချီဝိညာဉ်တွေအများကြီးပဲကို သူတို့အကုန်သေကုန်တာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“စံသွေမီးတောက် အနံ့ရတယ်”

“စံသွေမီးတောက်… စံသွေမီးတောက်နဲ့ လျှပ်စီးတွေက ချီဝိညာဉ်တွေရဲ့ ရန်သူတွေပဲ အဲဒါကြောင့်ကိုး…”

“ဒီတစ်ခါ ငါတို့ပြန်ရင်တော့…” ထိုလူ၏ အသားအရေမှာ ဖျော့တော့နေသည်။ သူသည် လုံးဝပင် မှင်တက်နေသည်။

“ဝီ ဝီ ဝီ…”

ထိုအချိန်တွင် နူးညံ့သောအသံတစ်သံသည် အထဲမှထွက်လာသည်။ ထို့နောက်တွင် အသံသည် ကျယ်လာကာ လိုဏ်ခေါင်းနှင့် သိပ်မဝေးတော့ပေ။

“ဒါဘာအသံလဲ”

“သေစမ်း ဒါက တံလျှပ်တီကောင်ပဲ ပြေး”

လူတစ်စုသည် အမြန်ထွက်ကာ ကာကွယ်ရေးအလွှာ လုပ်လုကိသည်။ သူတို့သည် မိုးပေါ်သို့ ပျံသွားရာ တစ်ယောက်သည် မလှုပ်နိုင်ပဲ ကျန်ခဲ့လေသည်။

“ဘာလုပ်နေတာလဲ မင်း တံလျှပ်တီတောင်တွေ သတ်တာ ခံချင်လို့လား”

မထင်ထားသည်မှာ ထိုလူသည် မျက်နှာဖုံးကိုချွတ်ကာ သူတို့အားပြုံးပြလေသည် “မင်းတို့သွားကြ ငါမသွားဘူး”

“မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ငါတို့မစ်ရှင်ကျရှုံးသွားပြီ၊ ငါတို့ပြန်သွားရင်လည်း အဲဒီမှာဆွဲချခံရမှာပဲ ဒီမှာနေပြီး အသက်ရှင်မဲ့လမ်းကိုရှာတာပဲ ကောင်းတယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတံလျှပ်တီကောင် အကိုက်ခံလိုက်ရရင် သေရင်တောင် မနာတော့ဘူး” ထိုလူသည် စကားဆုံးသည်နှင့် သင်္ချိုင်းဆီသို့ ပြေးသွားလေသည်။

“သွားကြမယ်” တာဝန်ကျလူ၏ မျက်လုံးထဲတွင် တွေဝေမှုများရှိနေသည်။ သို့သော် သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ကျန်လူများကို ခေါ်သွားလေသည်။

ဒီမှာ ဒီလိုမျိုးနာကျင်မှုမရှိ သေမယ်ဆိုပေမဲ့ သူတို့က ပြန်သွားပြီး အသက်ရှင်မဲ့နည်းလမ်းကို ရှာချင်သေးတယ်။

“အခုဘာလဲ ငါတို့ပြန်ပြီး သတင်းပို့မှာလား”

နုန်းမြေမှ ထွက်လာပြီးနောက်တွင် သူတို့သည် စိတ်ဓာတ်ကျနေကြသည်။

တာဝန်ကျလူ၏ မျက်လုံးထဲတွင် ရက်စက်မှုများပြည့်နေသည် “အခုပြန်သွားရင် သေမှာပဲ နောက်တစ်နေရာသွားရအောင် ဒီတစ်ခါတော့ ငါတို့အစီအစဉ်ပြောင်းရမယ်…”

ရှီမာယူယူနှင့် တခြားသူများသည် ကျားလင်းမြို့သို့ပြန်ကာ တည်းခိုရန် တည်းခိုဆောင်အား ရှာကြလေသည်။

တည်းခိုဆောင်သို့ ရောက်သောအခါ ဖန်လိုင်သည် ရှဲရုန်၊ ရှုယွမ်ယွမ်တို့နှင့်အတူ ကျန်းကျူကျိ၊ ရှီမာယူယူတို့ကိုပါ ခေါ်လိုက်သည်။

သူသည် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်ကိုပါ ခေါ်ရန်ဖြစ်သည်။ သို့သော် တစ်ယောက်မှာ အစာစားရန် အလုပ်ရှုပ်နေပြီး နောက်တစ်ယောက်မှာ ရေချိုးနေသည်။

“ကျွန်တော်တို့ အကုန်ပြန်ရောက်နေပြီကို အိပ်ခွင့်လေးပေးပါဦး၊ ကျောင်းအုပ်ကြီး ဒါတော့ မဟုတ်သေးဘူး” ကျန်းကျူကျိသည် ရှီမာယူယူပေါ်သို့ ပျင်းရိစွာမှီလိုက်သည်။

ဖန်လိုင်သည် သူ့အားကြည့်ပြီး မတတ်သာစွာ ခေါင်းယမ်းလိုက်သည်။ သူ ဘာမှမပြောပေ။

“ကျောင်းအုပ်ကြီး ကျွန်တော်တို့ကိုခေါ်တာ ပြောစရာရှိလို့လား” ရှီမာယူယူ မေးလိုက်သည်။

“တကယ်တော့ မင်းနဲ့တော့မဆိုင်ဘူး ငါမင်းကို တာဝန်ပေးချင်လို့” ဖန်လိုင် ပြန်ဖြေလေသည် “ရှဲရုန် သင်္ချိုင်းကရှာရတာမခက်ပေမဲ့ မြေအောက်ခန်းကတော့ ရှာဖို့မလွယ်ဘူး၊ အဲမှာ သင်္ချိုင်းရှိတယ် ဆိုတာ ဘယ်လိုသိပြီး လူတွေကို အောက်ဆင်းခိုင်းလိုက်တာလဲ”

သူ၏ ထက်မြက်သော မေးခွန်းကြောင့် ရှဲရုန်နှင့် ရှုယွမ်ယွမ်တို့ တုန်လှုပ်သွားကြသည်။

“တခြားသူတွေဆီက ကြားလို့ပါ” ရှဲရုန် ပြန်ဖြေလေသည်။

“တခြားသူတွေဆီက ကြားတယ်ဟုတ်လား၊ အဲလောက်လျှို့ဝှက်တဲ့ကိစ္စကို တခြားသူတွေ ပြောတာ ဘယ်လိုကြားတာလဲ” ဝေကြီးမေးလေသည်။

“အဲနေ့က ကျွန်မတို့ တောင်တွေပေါ်မှာ မစ်ရှင်လုပ်နေတာ၊ နားတဲ့နေရာတစ်ခုကို ဖြတ်သွားတော့ ခရမ်းရောင်နုန်းမြေက သင်္ချိုင်းအကြောင်းကို လူနှစ်ယောက်ပြောနေတာ ကြားလိုက်ရတယ်၊ ဒီမှာ အပြောင်းအလဲတွေ ဖြစ်နေပြီး အတွေ့အကြုံတွေလည်း ရှိတယ်လို့ပြောတယ်၊ အဲဒါနဲ့ အကုန်လုံးလာ ကြည့်ဖို့လုပ်ကြတာ” ရှဲရုန်ဖြေလေသည်။

“ဒီမှာ တကယ်ပဲ အတွေ့အကြုံတွေ ရှိတယ်ဆိုရင် သူတို့က မင်းတို့ကို မတော်တဆကြားခိုင်းတာ ဖြစ်မလား” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့လည်း အဲတုန်းက စဉ်းစားသေးတယ်၊ ဒါပေမဲ့သူတို့က သွားချင်နေကြတာ၊ ယုံတဲ့လူတွေက ဆင်းသွားကြတယ်၊ တချို့ကကျ သူတို့ကိုမစောင့်ကြဘူး၊ ဒါပေမဲ့နောက်ဆုံးကျ ယွမ်ယွမ်တစ်ယောက်ပဲ တက်လာနိုင်တယ်” ရှဲရုန် ပြန်ပြောပြလေသည် “ယွမ်ယွမ်တက်လာပြီးတော့ သူမ တစ်ခွန်းပဲ ပြောနိုင်တယ်… သေသွားပြီ သူတို့အားလုံးသေသွားပြီလို့ ပြောပြီးမေ့လဲသွားတာပဲ၊ အဲဒါနဲ့ ငါတို့ ဂိုဏ်းကိုပြန်လာခဲ့လိုက်တယ်”

ရှီမာယူယူ စဉ်းစားလေသည် “ကျင်းဝမ်နဲ့အဖွဲ့က အနီးမှာရှိတယ်လို့ ရှန်ယိ ပြောတယ်၊ သူတို့ သတင်းတစ်ခုခု ကြားလိုက်တော့ ဝင်သွားတာပဲ”

“အကုန်ပြန်ကြားကြတယ် ဒါဆို တိုက်ဆိုင်လွန်းတယ်” မှေးနေသော ကျန်းကျူကျိသည် ရုတ်တရက် ထအော်လေသည်။

“တစ်ယောက်ယောက်က သတင်းလွှင့်တာပဲ” ဝေကြီးပြောလေသည်။

“သတင်းလွှင့်လိုက်တော့ လူတွေဝင်သွားကြပြီး အဲချီဝိညာဉ်တွေကို စွမ်းအင်တွေပေးကြတော့ သူတို့ အပိုအားကောင်းလာကြတာလား” ရှဲရုန် သုံးသပ်လေသည်။

“အဲလိုဖြစ်နိုင်တယ်” ဖန်လိုင် မှတ်ချက်ပေးလေသည်။

“အဲလိုဆိုရင် တစ်ယောက်ယောက်က ဒီကိစ္စကို ထိန်းချုပ်နေတာပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည်။

“ဘာလို့ အဲလောက်သေချာနေတာလဲ” ဝေလေး မေးလေသည်။

“ကျွန်တော်မထွက်လာခင် ပျားတွေကို နောက်မှာထားခဲ့တယ် ကျွန်တော်တို့ပြန်လာတာနဲ့ နုန်းမြေကနေ လူတွေထွက်လာတယ်လို့ သူတို့သတင်းပို့တယ် သူတို့ပြောပုံအရ သတင်းလွှင့်တာသူတို့ပဲ” ရှီမာယူယူ ပြောလေသည် “ဒါပေမဲ့ အဲလူတွေက အသုံးမဝင်တာတွေပေးတာကို ဖုံးထားတယ်”

“အဲတုန်းက ငါတို့ နုန်းမြေကတခြားလူတွေ မတွေ့ဘူး၊ အဲလူတွေရဲ့ အားကလည်း လျှော့တွက်လို့မရဘူး” ဖန်လိုင်သည် တည်တံ့စွာ ပြောလေသည်။

“သူတို့အောက်ကို ခဏဆင်းသွားကြသေးတယ် ထွက်လာတော့ တခြားနေရာတွေ ဆက်သွားမယ်လို့ပြောကြတယ်၊ ကျွန်တော်ထင်တာတော့ အဲလိုမျိုးနေရာတချို့ ရှိဦးမယ်ထင်တယ်” ရှီမာယူယူ ထပ်ပြောလေသည်။

“သူတို့အဲဒီနေရာကို လက်လျှော့လိုက်ပြီလား”

“သူတို့လက်လျှော့ရုံပဲ ရှိတော့တာလေ၊ အောက်မှာ ချီဝိညာဉ်တွေမှမရှိတော့တာ၊ သူတို့ အားထုတ်လည်း အသုံးမဝင်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ချီဝိညာဉ်တွေကရော”

“ကျွန်တော်တို့ တက်မလာခင်ကို စီနီယာတို့က စံသွေမီးတောက်ထားခဲ့တယ်၊ အခုဆို ပြာကျနေလောက်ပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။

ကျန်းကျူကျိသည် သူမအား စွေကြည့်သော်လည်း ဘာမှမပြောပေ။

“စဉ်းစားတတ်တာပဲ စံသွေမီးတောက်ထားခဲ့ပြီး ချီဝိညာဉ်တွေကို ရှင်းပစ်တယ်”

“ဘယ်လိုလူမျိုးတွေက ဒီကိစ္စကိုလုပ်ချင်တာလဲ မသိဘူး နောက်ကိုဘယ်သွားကြမှာလဲ”

***

All Chapters