← Chapters

သူမ၏ အစီအစဉ်များ

Vol. 009 Ch. 802

သူမ၏ အစီအစဉ်များ

Vol. 009 Ch. 802

“အဲဒီကို နီရဲပျားတွေပို့ထားတယ် မဟုတ်လား၊ သူတို့နောက်ခြေလှမ်းကို သတင်းမရဘူးလား”

“အဲတုန်းက နောက်တစ်နေရာကို သွားမယ်ပဲပြောသွားတာ ဘယ်နေရာလဲဆိုတာ ပြောမသွားဘူး” ရှီမာယူယူ ပြောလိုက်သည် “နီရဲပျားတွေကို လိုက်သွားလို့တော့ အမိန့်ပေးထားတယ်၊ ဒါပေမဲ့ သူတို့ အဆင့်တွေမြင့်ကြတော့ ပျားတွေကို တွေ့သွားကြတယ်၊ အဲတုန်းကပဲ သူတို့ ပျားတွေအကုန်လုံးကို သတ်လိုက်လို့ သတင်းပြတ်သွားတယ်”

“သူတို့က ငါတို့မသိအောင်လို့ နုန်းထဲမှာပုန်းနေနိုင်တယ်၊ မင်းရဲ့နီရဲပျားတွေ တွေ့တယ်ဆိုတာ မအံ့သြတော့ပါဘူး” ဖန်လိုင် ပြောလိုက်သည် “အဲလိုမျိုး သတင်းပြတ်သွားတာတော့ နှမြောစရာကောင်းတယ်”

“ငါတို့နောက်တစ်ဆင့်ကလည်း ခက်တော့မယ်” ဝေကြီးပြောလေသည် “ချီဝိညာဉ်တွေက သင်္ချိုင်းက မထွက်နိုင်ပေမဲ့ သူတို့မှာ အဲဒီအစီအစဉ်ရှိနေတယ်၊ အဲသတ္တဝါတွေကို ထုတ်ဖို့အတွက် နည်းလမ်းရှိမှာပဲ”

“အခုတော့ပြန်ပြီး အဲလူတွေလုပ်မဲ့ဟာကို ဂိုဏ်းကိုအသိပေးပြီး လှုပ်ရှားမှုရှိလားဆိုတာ ရှာရမယ် မဟုတ်ရင် ဒီလိုအဖြစ်ထပ်ဖြစ်လာမယ်” ဖန်လိုင်ပြောလိုက်သည်။

“သူတို့ဒီတစ်ခါကို ကျရှုံးသွားတဲ့အတွက် နောက်တစ်ခါကို မြန်မြန် လှုပ်ရှားလောက်တယ်” ဝေလေး ပြောလိုက်သည်။

“အချိန်ကအရေးကြီးတယ် ပြန်ရအောင်” ဖန်လိုင် ပြောလိုက်သည်။

“ဒုကျောင်းအုပ် ကျွန်တော်နောက်မှ ကိုယ့်ဘာသာကိုယ် ပြန်လာလို့ရလား” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် သူငယ်ချင်းတွေကို ပြောစရာတွေရှိသေးတယ်”

ဖန်လိုင်သည် ကျန်းကျူကျိအားကြည့်ရာ သူမငြင်းသည်ကို တွေ့သည်နှင့် သဘောတူလိုက်သည် “မင်းနေချင်မှတော့သွားပါ၊ ဒါပေမဲ့ ပြိုင်ပွဲ၃ခု ညီလာခံကိုတော့ မလွဲစေနဲ့ မင်းမှာ တခြား ရည်ရွယ်ချက်ရှိလို့ အဆင့်ပြိုင်ပွဲဝင်မယ်ဆိုတာ ငါသိတယ်”

“ဒုကျောင်းအုပ် စိတ်ချပါ၊ ကျွန်တော်မလွတ်စေရပါဘူး” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

“ဒါဆို ငါတို့မင်းမပါနဲ့ ပြန်တော့မယ်”

“ဟုတ်ကဲ့”

ဟန့်မြောင်ရွှမ် အပြင်ထွက်ပြီး စားစရာရှာအပြီး စူးရှောင်ရှောင်ရေချိုးပြီး ပြန်ရောက်လာသောအခါ ဂိုဏ်းမှလူများသည် ရှီမာယူယူနှင့် ကျန်းကျူကျိကို ထားပြီးထွက်သွားကြလေပြီ။

“ဒုကျောင်းအုပ်နဲ့ ဆရာတွေရော” စူးရှောင်ရှော်သည် ချွေးများခြောက်အောင် ဝိညာဉ်စွမ်းအင် သုံးပြီးမေးလေသည်။

“ပြန်သွားကြပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို ငါ့ကိုဘာလို့မခေါ်တာလဲ”

“ကျွန်တော်တို့က မပြန်ဘူးလေ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

“မပြန်ဘူးလား ဒါဆို ဘာလုပ်မှာလဲ” စူးရှောင်ရှောင်သည် သူမအား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“တစ်ရက်လောက် နားပြီးတော့ သင်္ချိုင်းကိုသွားလည်မယ်”

“ငါတို့ပြန်သွားမှာလား”

“သွားမှာလေ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါက သိတဲ့အတိုင်း ရှေးဟောင်းသင်္ချိုင်းပဲ အထဲမှာဘာရှိလဲဆိုတာ မသိချင်ဘူးလား”

“ဘာပဲဖြစ်ဖြစ် အဲဒါကြီးက အဲလောက်ဟောင်းနေပြီ တခြားကောင်းတာ ရှိပါ့မလားပဲ” စူးရှောင်ရှောင်သည် ထိုနေရာမှပစ္စည်းများကို စိတ်မဝင်စားပေ။

သို့သော် ဟန့်မြောင်ရွှမ်၏ မျက်လုံးသည် တောက်ပလာကာ သူမလက်အားဆွဲပြီး ပြောလေသည် “ငါတို့တကယ်ပဲ အဲဒီကိုပြန်သွားမှာလား၊ အဲဒီမှာ ဘာပစ္စည်းကောင်းတွေ ရှိလဲဆိုတာ ငါသိချင်တယ်၊ ပြန်သွားကြတာပေါ့၊ ဂျူနီယာမောင်လေးကလည်း ငါနဲ့အတွေးတူမယ်လို့ ဘယ်သူထင်မိမှာလဲ”

“ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး စီနီယာအစ်ကိုကြီးလည်း အတွေးတူမှာပဲ” ရှီမာယူယူသည် ပြောပြီးနောက် အိပ်ရာပေါ်တွင် အိပ်နေသော ကျန်းကျူကျိကို ကြည့်လိုက်သည်။

သူသာ ထိုအတိုင်းမတွေးပါက သူမ နေခဲ့ချင်သည်ဟု ပြောသည့်အချိန်က တိတ်နေမည်မဟုတ်ပေ။

“ကောင်းပြီ အကုန်လုံး အဲလိုတွေးမှတော့ သွားကြတာပေါ့” စူးရှောင်ရှောင် ပြောလိုက်သည် “ဒါပေမဲ့ ဒီအတိုင်းသွားလိုက်ရင် ပြဿနာမဖြစ်ဘူးလား၊ ငါတို့က အားကောင်းတာလည်း မဟုတ်ဘူး”

“အစ်ကိုတို့သုံးယောက်က မီးအရည်အချင်းလေ၊ အဲဒီကဘေးတိုက်သွားလည်း ပြဿနာ မဖြစ်လောက်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘေးတိုက်သွားမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ မင်းက ဂဏန်းလား” ဟန့်မြောင်ရွှမ်သည် သူမ အား တံတောင်နှင့် တွတ်လိုက်သည် “အားယား ငါတို့ မနက်ဖြန်သွားချင်တယ်ဆိုရင် ဒီနေ့တစ်နေ့လုံး နားမှဖြစ်မယ်၊ မင်းတို့သွားမဲ့အချိန်ကို ငါ့ကိုခေါ်လိုက်”

သူမသည် ပြောပြီးနောက် ပြေးထွက်သွားလေသည်။

“ငါ မနားခင်ကို အိမ်ကိုရှင်းချင်တယ်” စူးရှောင်ရှောင်လည်း ထွက်သွားလေသည်။

ရှီမာယူယူသည် အိပ်ရာပေါ်တွင်အိပ်နေသော ကျန်းကျူကျိကို လှည့်ပတ်ကြည့်ပြီး သူ့ကိုနှိုးရမည် မဟုတ်သည်ကို သိသောကြောင့် ခေါင်းယမ်းပြီး ထွက်သွားလိုက်သည်။

သူမသည် ကျန်းကျူကျိအခန်းသို့ မသွားဘဲ ရှီမန်ဖန်နှင့် ကုန်ရှန်ယိကိုသွားရှာလေသည်။ သို့သော် သူတို့အခန်းထဲတွင် သူတို့ကိုရှာမတွေ့ပေ။

“သခင်လေးရှီမာ မိန်းကလေးနဲ့ တခြားသူတွေကို ရှာနေတာလား” ကုန်တောင်ကြားမှ တပည့် တစ်ယောက်သည် ဖြတ်သွားရာ သူမတံခါးခေါက်နေသည်ကို တွေ့သည်နှင့် ပြောလေသည် “မိန်းကလေးနဲ့ ရှီမန်ဖန်က သခင်လေးကျင်းရဲ့ အခန်းကိုသွားကြတယ်၊ သူတို့ခဏနေ ပြန်လာမယ်လို့ ထင်တယ်”

“သြော် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ကိုပြုံးပြပြီးနောက် ကျင်းဝမ်၏အခန်းရှိရာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ သူမသည် ထိုနေရာတွင် ရှီမန်ဖန်ကို ရှာတွေ့လေသည်။

ထိုအချိန်တွင် ကုန်ရှန်ယိ၊ ရှီမန်ဖန်နှင့် ကျင်းဝမ်တို့ ညီအစ်ကိုနှစ်ယောက်သည် ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောနေကြသည်။ ရှီမာယူယူ တံခါးခေါက်သံကို ကြားသောအခါ ရှီမန်ဖန် လာဖွင့်ပေးလေသည်။

“မင်းလည်းဒီမှာလား” ရှီမာယူယူသည် ဝင်လာရာ ကျင်းဝမ်သည် ဖျော့တော့နေဆဲဖြစ်သည်ကို တွေ့လိုက်ပြီး မေးလိုက်သည် “မင်းဒဏ်ရာဘယ်လိုနေလဲ”

“ကောင်းလာပါပြီ” ကျင်းဝမ်သည် သူမအားခေါင်းညိတ်ပြလေသည် “ဒီမှာဘာလုပ်နေတာလဲ”

“ဖန်လေးကိုပြောစရာရှိလို့၊ မင်းကိုလည်း မေးစရာရှိတာနဲ့” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဘာမေးမလို့လဲ မေးလေ”

“ခရမ်းရောင်နုန်းမြေအောက်ထဲမှာ သင်္ချိုင်းရှိတယ်ဆိုဘာ မင်းဘယ်လိုသိလဲဆိုတာ သိချင်တာ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီမှာ သင်္ချိုင်းတစ်ခုတည်းတင်ရှိတာ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိတယ် ချီဝိညာဉ်တွေနဲ့ဟာကို ဘာလို့ ရွေးလိုက်တာလဲ”

“ငါတို့လည်း တခြားသူတွေဆီက ကြားလိုက်တာ” ကျင်းဝမ်ပြောလိုက်သည် “ကျင်းဟွမ်နဲ့ ငါတို့ အပြင်မှာ သတင်းထောက်လှမ်းနေတုန်းကို လူနှစ်ယောက်ပြောတာ ကြားလိုက်တာ၊ တကယ်သာဖြစ်မယ်ဆိုရင် အခွင့်အရေးကောင်းပဲဆိုပြီး တွေးခဲ့ကြတယ်၊ အဲဒါကြောင့် အတည်ပြုဖို့လာကြတာ အဲတုန်းက ဘယ်လောက်ပဲ အန္တရာယ်များများ ဖြတ်ကျော်နိုင်မယ်လို့ တွေးခဲ့ကြတယ်၊ အဲဒီမှာ အဲလိုမျိုး တွေပေါ်လာမယ်လို့ ဘယ်သူထင်မိမှာလဲ”

“အဲဒီသတင်းကို ဘယ်သူပြောလဲဆိုတာ မှတ်မိလား”

ကျင်းဝမ်သည် ခေါင်းယမ်းကာ ပြောလေသည် “မင်းကိုပြောတဲ့အချက်ပဲလေ အဲလူနှစ်ယောက်က သာမန်အဝတ်ပဲဝတ်ထားပြီး ပုံစံကလည်း သာမန်ပဲ၊ သူတို့က အမှတ်ရလောက်တဲ့ပုံ မဟုတ်ဘူး အဲဒါကြောင့် သူတို့ဘယ်လိုပုံလဲဆိုတာ မမှတ်မိဘူး”

“တစ်ခုလေးတောင် မမှတ်မိဘူးလား” ရှီမာယူယူသည် အာရုံစိုက်စွာမေးလေသည်။

“တစ်ခုမှတောင်မရှိဘူး” ကျင်းဝမ်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

“အဲဒါဆိုရင် အဲသတင်းပြောတဲ့လူက သူတို့ဘယ်လိုပုံစံရှိလဲဆိုတာကို မေ့သွားအောင် တစ်ခုခုကိုသုံးထားတာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါမှ သူတို့သတင်းဖြန့်လိုက်လည်း ပြဿနာမဖြစ်မှာ”

“ကျွန်မတို့လည်း အဲလိုတွေးတယ်” ကုန်ရှန်ယိ ပြောလေသည် “ဘာလဲ အစ်ကို့ရဲ့လူတွေလည်း အဲသတင်းရလို့ လာကြတာလား”

“ဟုတ်တယ် မင်းတို့လိုပဲ အဲလူတွေဘယ်လိုပုံစံရှိလဲ ဆိုတာကို လုံးဝမမှတ်မိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဆိုလိုတာက တကယ်ပဲ တစ်ယောက်ယောက်က ရည်ရွယ်ချက်နဲ့လုပ်တာပဲ” ကျင်းဟွမ်သည် တအံ့တသြအော်လေသည်။

“ဟုတ်တယ် ငါတို့ထွက်လာကြတော့ နုန်းမြေထဲကနေ ထွက်လာတဲ့လူတွေရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ…” ထိုစကားကြားလိုက်သောအခါ သူတို့လေးယောက်သည် မှင်တက်သွားကြသည်။

ရှီမာယူယူသည် နီရဲပျားများပြောပြသည့် အကြောင်းများကို ပြောပြလေသည်။

“အဲလူတွေက နောက်ကနေ ထိန်းချုပ်ထားပြီး နောက်တစ်ဆင့်ကိုလည်း တက်မဲ့ပုံပဲ ငါတို့ တစ်ခုခု လုပ်ဖို့လိုနေပြီ”

“ဒုကျောင်းအုပ်နဲ့ တခြားသူတွေ ပြန်သွားကြပြီ၊ သူတို့ပြန်တာနဲ့ လိုအပ်တာတွေ လုပ်ထားမယ်လို့ပြောတယ် ငါတို့ ဘာပြဿနာမှ မရှိလောက်ပါဘူး ဂိုဏ်းက အလကား အားတွေကုန်မှာကိုပဲ စိတ်ပူတာ”

****

All Chapters