← Chapters

သင်္ချိုင်းသို့ပြန်သွားခြင်း

Vol. 009 Ch. 803

သင်္ချိုင်းသို့ပြန်သွားခြင်း

Vol. 009 Ch. 803

“သူတို့စိုက်ထုတ်မှုတွေ အလကားဖြစ်မှာလား ဘာလို့လဲ” ကျင်းဟွမ်သည် နားမလည်စွာ မေးလိုက်သည်။

“အဲလူတွေက နေရာတစ်ခုဖန်တီးဖို့အတွက် အချိန်အကြာကြီးသုံးပြီး ချီဝိညာဉ်တွေထုတ်ထားတာ အခုအဲနေရာပျက်စီးသွားပြီ ဆိုတော့ နောက်ဆိုရင် ပိုသတိထားကြတော့မှာပဲ”

“ဟုတ်တယ်” ကုန်ရှန်ယိ ပြောလေသည် “ဒါပေမဲ့ ကောင်းကင်ဂိုဏ်းရဲ့ အားကလည်း မသေးဘူးလေ”

“အင်း ဂိုဏ်းက ကြည့်ပေးမယ်လို့တော့ ယုံတယ်၊ အဲလိုအရာတွေပေါ်လာရင် တိုင်းပြည်ကို သေချာပေါက် ထိခိုက်စေမှာပဲ၊ အဲလိုဆိုရင် ဂိုဏ်းက အရမ်းသပ်ရပ်တယ်၊ ဖြစ်လာသမျှကို ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ခုနက ငါ့ကိုလာရှာတယ်လို့ ပြောတယ်မလား ကိစ္စရှိလို့လား” ရှီမန်ဖန်သည် ရှီမာယူယူ ပြောပြီး သည်အထိ စောင့်ကာမေးလိုက်သည်။

ရှီမာယူယူသည် အားလုံးကိုကြည့်နေရာ ကုန်ရှန်ယိ ပြောလိုက်သည် “ဒီနေရာမှာ စကားပြောလို့ အဆင်မပြေရင် အိမ်ကိုပြန်ပြီး ပြောကြမယ်လေ”

“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါသင်္ချိုင်းကိုပြန်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောမလို့”

“သင်္ချိုင်းကိုပြန်သွားချင်တယ် ဟုတ်လား အဲနေရာက အရမ်းအန္တရာယ်များတယ်” ရှီမန်ဖန်သည် စကားပြောမည်အလုပ်တွင် ကျင်းဟွမ် ဖြတ်ပြောလေသည်။

ကျင်းဝမ်သည် သူမအား သဘောမတူစွာကြည့်ကာ ပြောလေသည် “ငါတို့တောင် ထွက်လာရဖို့ ခက်နေတာ ဘာလို့ပြန်သွားမှာလဲ၊ အဲမှာ အရမ်းအန္တရာယ်များတယ်၊ တည်ဆောက်မှုတွေကို မပြောနဲ့ဦး ဝိညာဉ်ရောင်ဝါ တစ်ခုတည်းနဲ့တင် ရှင်းဖို့ခက်နေပြီ၊ မင်းက လျှပ်စီးအရည်အချင်း ဆိုပေမဲ့ မလောက်သေးဘူး”

“ဝိညာဉ်ရောင်ဝါက ရှင်းပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ရှင်းလိုက်ပြီဟုတ်လား ဘယ်လိုလဲ”

“ကျွန်တော့် စီနီယာတွေလုပ်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့ အဲလိုဆိုရင်တောင် အဲဒီကိုသွားဖို့ မင်းအတွက် အရမ်းအန္တရာယ်များတယ် ဟုတ်တယ်မလား” ကုန်ရှန်ယိသည် စိုးရိမ်စွာပြောလေသည် “ဖန် အဲလိုမထင်ဘူးလား”

“ဖန်” ကုန်ရှန်ယိသည် ရှီမန်ဖန်အား မယုံကြည်စွာ ကြည့်လိုက်သည်။ သူသည် သူမအတွေးကို ဆန့်ကျင်မည်ဟု သူမ တွေးထင်ထားသော်လည်း သူသည် ဖြေရမှာပျင်းသောကြောင့် ဖြစ်သည်။

“သူဆုံးဖြတ်ပြီးသားဆိုရင်… ဝိညာဉ်မိစ္ဆာအကောင် ၉၀၀ ဆိုရင်တောင် သူ့ကိုမတားနိုင်ဘူး၊ ငါ လည်း သူနဲ့လိုက်သွားလိုက်မယ်” ရှီမန်ဖန် ပြောလေသည် “အနည်းဆုံးတော့ အန္တရာယ်ရှိရင် သူနဲ့ ရှိပေးနိုင်တာပေါ့”

ရှီမာယူယူသည် နှာခေါင်းအား ပွတ်လိုက်သည် “ငါ့ကို စကားနားမထောင်တဲ့ကလေး တစ်ယောက်လိုဖြစ်အောင် မပြောပါနဲ့”

“မဟုတ်ဘူးလား” ရှီမန်ဖန် ချေပလေသည်။

“ဘယ်လိုဖြစ်ပြီးတော့လဲ ငါက” ရှီမာယူယူသည် ပြန်ပြောလေသည် “အဲနေရာက ရှေးဟောင်း သင်္ချိုင်းပဲ.. ထားတော့ အဲမှာရတနာတွေ ရှိနိုင်တယ်၊ ငါတို့ထွက်သွားမယ်ဆိုရင် နှမြောစရာ မကောင်းဘူး လား၊ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်လိုက်တာက မိုးကြိုးအပစ်ခံရနိုင်တယ်”

“အဲဒါကြောင့် ငါပြောလည်း အသုံးမဝင်ဘူးဆိုတာ သိနေတာလေ” ရှီမန်ဖန်သည် အစ်မဖြစ်သူကို နားလည်သည် “ဘယ်တော့သွားမယ် စီစဉ်ထားလဲ”

“မနက်ဖြန်မနက်”

“ကောင်းပြီ”

ကုန်ရှန်ယိသည် ရှီမန်ဖန်၏ အင်္ကျီလက်ကိုဆွဲကာ ပြောလေသည် “ရှင်တကယ်ပဲ သွားချင်ရဲ့လား ဒါဆို ကျွန်မလည်းသွားမယ်”

“ဘာအတွက်လဲ” ရှီမန်ဖန်သည် မသိစိတ်မှ ချက်ချင်းပင် ငြင်းလိုက်သည်။

“ရှင်သွားချင်တယ်ဆိုရင် ကျွန်မလည်းသွားမယ်” ကုန်ရှန်ယိ ပြောလိုက်သည် “ရှင်ဘယ်ပဲသွားသွား ကျွန်မသွားချင်တယ်”

“အဲဒီမှာ အန္တရာယ်များလွန်းတယ်”

“အန္တရာယ်များတယ်ဆိုတာ သိရဲ့သားနဲ့ ရှင်တို့လည်း လုပ်နေတာပဲလေ” ကုန်ရှန်ယိ ပြောလေသည် “ကျွန်ဂရုမစိုက်ဘူး ဘာပဲဖြစ်ဖြစ် ရှင်တို့သွားမယ်ဆိုရင် ကျွန်မလည်းသွားမှာပဲ အန္တရာယ်များတယ်လို့ ထင်ရင် မသွားနဲ့”

ရှီမာယူယူသည် သူမအကြည့်အား တွေ့သောအခါ နဖူးကိုပုတ်လိုက်ပြီး ပြောလေသည် “ငါ စီနီယာတွေနဲ့ ဆွေးနွေးစရာရှိသေးတယ် မင်းတို့သွားမလား မသွားဘူးလားဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြ အခုတော့ ငါသွားလိုက်ဦးမယ်”

သူမသည် သူတို့ကိစ္စတွင် ဝင်မပါပေ။ သူတို့ကိုသာ ဆုံးဖြတ်ခိုင်းသည်။

သို့သော် ကုန်ရှန်ယိ၏ ဖျောင်းဖျနိုင်စွမ်းသည် သူမမောင်၏ ရူးသွပ်မှုကိုတော့ ဆန့်ကျင်နိုင်မည် မဟုတ်ဟု သူမ ခံစားရသည်။ ထို့ကြောင့်ပင် ကုန်ရှန်ယိ သူတို့အဖွဲ့ထဲဝင်လာသည်ကို သူမ မအံ့သြတော့ပေ။

သည်လိုနှင့် သူတို့၆ယောက်သည် ခရမ်းရောင်နုန်းမြေသို့ လာလိုက်ကြသည်။

ရှီမာယူယူသည် သတ္တဝါတစ်ကောင်၏ ကိုယ်ပေါ်တွင် နီရဲပျားတစ်ကောင်ကို တွေ့လိုက်သည်။

“ဒါက လွန်ခဲ့တဲ့၂ရက်က မင်းထားခဲ့တဲ့ ပျားမလား” ဟန့်မြောင်ရွှမ် မေးလေသည်။

“ဟုတ်တယ်” ရှီမာယူယူသည် ပျားအား ဝိညာဉ်စေတီထဲထည့်ကာ လိုက်သည် “ဆင်းသွားရအောင်”

တခြားသူများသည် ခေါင်းညိတ်ကာ အားလုံးသည် ကာကွယ်မှုအလွှာ လုပ်ပြီးနောက် နုန်းမြေ၏ အောက်ခြေအထိ ဝင်သွားလေသည်။

နုန်းမြေ၏ ဝင်ပေါက်သို့ နောက်တစ်ခေါက် ရောက်လာပြန်သည်။ သူတို့၆ယောက်သည် ပထမဆုံးအကြိမ် လာရောက်သော ခံစားချက်နှင့် မတူကြပေ။

“ဒီမှာ တံလျှပ်တီကောင်အသေတွေ ရှိနေတယ်” ရှီမာယူယူသည် အနက်ရောင် အကောင်သေများကိုမြင်ပြီး ကောက်ယူရင်း ပြောလေသည်။

“တံလျှပ်တီကောင်တွေက အသက်ရှင်တုန်းဆိုရင် ဖောက်ထွင်းမြင်ရတယ်၊ သူတို့သေတာနဲ့ အနက်ရောင် ပြောင်းသွားတယ်ထင်တယ်၊ အရင်ကနဲ့မတူတော့ဘူး” ဟန့်မြောင်ရွှမ် ပြောလေသည်။

“တံလျှပ်တီကောင်တွေ အဲနေ့က မထွက်လာခဲ့ဘူး” ကုန်ရှန်ယိ ပြောလေသည် “ဒီအကောင်တွေက ကျွန်မတို့ထွက်သွားပြီးမှ ပေါ်လာတာပဲ”

“သူတို့က အရေးကြီးတဲ့အချက်တွေ ချန်မထားခဲ့တာတော့ နှမြောစရာပဲ” စူးရှောင်ရှောင်သည် အနည်းငယ် စိတ်ပျက်နေလေသည်။ အသုံးဝင်သော သတင်းသာရထားပါက တရားခံကို သူတို့ခန့်မှန်းနိုင်မည် ဖြစ်သည်။

“မလိုပါဘူး” ရှီမာယူယူသည် မဲ့ပြုံးပြုံးကာ လက်ထဲမှ တံလျှပ်တီကောင်ကို ပစ်လိုက်သည်။

“ဒီကနေ အသုံးဝင်မဲ့ သတင်းကို ရှာနိုင်တယ်လား”

“အခုတော့ အသုံးဝင်မဲ့ သတင်းမရှိသေးဘူး ဒါပေမဲ့ မကြာခင်ရတော့မှာ” သူမသည် ပြောပြီးနောက် လျှောက်သွားရာ ခဏအကြာတွင် အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် မြေပေါ်လဲနေသည်ကို တွေ့လိုက်ရသည်။

မြေပေါ်မှအမျိုးသားသည် ပြုံးယောင်သန်းနေသည်။ သူသည် ချိုသာသော အိပ်မက်မက်နေသည့်ပုံပင်။

“သူက ငါတို့လာပြီးမှ ရောက်လာတဲ့လူလား”

“အဲလိုပုံပဲ၊ သူ့အဝတ်ကို ကြည့်ရတာတော့ အဲလူထဲက တစ်ယောက်ထင်တယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။

“သူ့ကြည့်ရတာ ရှုယွမ်ယွမ်လို့ အဆိပ်မိတာထင်တယ်၊ ဒီတံလျှပ်တီကောင်တွေ ရောက်လာပြီးတော့ ဘယ်ဝိညာဉ်မိစ္ဆာမှပေါ်မလာတာ ကံကောင်းတယ်၊ ဒီလူက အန္တရာယ်ကျနေပေမဲ့ မျှော်လင့်ချက်မရှိတာမဟုတ်ဘူး” ရှီမာယူယူ ပြောလေသည်။

“ဒါဆိုလည်း မြန်မြန်စမ်းကြည့်လေ၊ သူ့ကိုကုလိုက်ရင် တစ်ခုခုများသိရမလား မသိဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။

ရှီမာယူယူသည် ခေါင်းယမ်းကာ ပြောလေသည် “သူ့ကိုကယ်ရင် စွမ်းအင်ဖြုန်းတီးတာပဲ ရှိမယ်၊ ကျွန်တော်တို့သိချင်တဲ့ သတင်းရရင်ကိုဖြစ်ပြီ”

“ဒါဆိုရင် သူ့ကိုမကယ်ဘဲ သတင်းက ဘယ်လိုရမှာလဲ” ကုန်ရှန်ယိ မေးလိုက်သည်။

“ဝိညာဉ်စုပ်ယူတဲ့ နည်းလမ်းဆိုတာသိလား” ရှီမာယူယူ သူမအား စမ်းသပ်သလို မေးလိုက်သည်။

“ဝိညာဉ်စုပ်ယူတဲ့ နည်းလမ်းဟုတ်လား အဲဒါဘာလဲ တစ်ခါမှမကြားဖူးဘူး” ကုန်ရှန်ယိသည် သူမကို ယုံကြသည်။

“လူတစ်ယောက်ရဲ့ ဝိညာဉ်ကိုစုပ်ယူနိုင်တဲ့ ဝိညာဉ်အရည်အချင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ဝိညာဉ်ကို ထုတ်လိုက်တာနဲ့ စုပ်ယူပြီး သူတို့သိသမျှကို သိနိုင်တယ်”

ကုန်ရှန်ယိသည် ရှီမာယူယူအား ကြောက်လန့်သော မျက်နှာဖြင့်ကြည့်ကာ “ယူယူ အဲလို မသတီစရာကောင်းတဲ့ အရည်အချင်းကို ဘယ်လိုသိတာလဲ”

လူတစ်ယောက်ရဲ့ ဝိညာဉ်ကိုစုပ်ယူတယ်… မသတီစရာကောင်းတယ်။

ရှီမာယူယူ မျက်နှာပျက်သွားကာ ပြောလေသည် “ဘယ်လိုလုပ် မသတီစရာကောင်းရမှာလဲ၊ မြင်လိုက်ရင် ရွံစရာမကောင်းဘူးဆိုတာ သိလိမ့်မယ်”

ကုန်ရှန်ယိသည် ခေါင်းယမ်းကာ “မဖြစ်နိုင်ဘူး အဲဒါကြီးကို မကြည့်ချင်ဘူး”

“ရွှတ်” ရှီမာယူယူသည် သူမအမူအရာအား မြင်သောအခါ ရယ်မောလေသည်။

“သူမပြောတာကိုသာ ယုံလိုက်ပါ၊ အဲဒါက သာမန်ဝိညာဉ်စုပ်ယူတဲ့နည်းလမ်း မဟုတ်ဘူး” ရှီမန်ဖန်သည် ကုန်ရှန်ယိ၏ ခေါင်းကိုပုတ်ကာ နူးညံ့သောစကားလုံးများ ပြောလေသည်။

“ဝိညာဉ်စုပ်ယူတာ မဟုတ်ဘူး ဒါဆိုရင် သူဘာလုပ်မှာလဲ” ကုန်ရှန်ယိသည် နားမလည်စွာမေးလေသည်။

ရှီမာယူယူသည် ပြုံးကာ မြေပေါ်သို့ ဒူးထောက်လေသည်။ သူမသည် ထိုလူ၏ နဖူးပေါ်လက်တင်ကာ မျက်လုံးမှိတ်လိုက်သည်။

ကုန်ရှန်ယိသည် ရှီမာယူယူအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူမလုပ်နေသည့်အရာကို နားမလည်သော်လည်း သူမအား မနှောင့်ယှက်တော့ပဲ သိချင်စိတ်ဖြင့် ကြည့်နေလိုက်သည်။

****

All Chapters