လောင်ကျွမ်းခြင်း
Vol. 009 Ch. 804
တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ရှီမာယူယူ မှတ်ဉာဏ်ဖတ်ပြီးနောက်တွင် သူမဆီ မုန်းတီးသော ရောင်ဝါထွက်ပေါ်လာသည်။
“မင်းလိုကောင်က… သေသွားမှအေးမှာ” သူမသည် ထိုလူ၏ရင်ဘတ်ကို တွန်းလိုက်ပြီး လက်တွင် မီးတောက်ဖန်တီးကာ မီးမြှိုက်လေသည်။
သူမ တိုက်ခိုက်ပြီးသောအခါ ငှက်ပေါက်စသည် သူမလက်ထဲသို့ ပြန်ပျံလာသည်။ သူမ မီးတောက်ကို သူတို့မြင်သောအခါ ကျန်းကျူကျိ၏ မျက်လုံးများကို ဆွဲဆောင်သွားစေသည်။
ဒီမီးတောက်…
“ဂျူနီယာမောင်လေး ဘာဖြစ်လို့လဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ အခုလိုပုံစံကို ပထမဆုံး မြင်ဖူးသည်ဖြစ်၍ အနည်းငယ် ကြောက်မိသည်။
“သူ့မှတ်ဉာဏ်ထဲမှာက နာမည်မသိတဲ့နေရာတချို့မှာ ရက်စက်တဲ့ လေ့ကျင့်မှုတွေလုပ်တဲ့ဟာ အပြင် သူလုပ်သမျှက သတ်ပြီးရင်းသတ်ပဲ၊ သူတောင် မသိတဲ့အကြောင်းပြချက်တွေ အတွက် တစ်မြို့လုံးကို သတ်တယ်၊ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်” ရှီမာယူယူ ပြောလေသည်။
“ယုတ်မာလိုက်တာ” ဟန့်မြောင်ရွှမ်သည် ထိုစကားကြားသောအခါ ဒေါသထွက်လေသည်။
ဝိညာဉ်သခင်များအနေနှင့် သာမန်လူတစ်ယောက်ကို အလွယ်တကူသတ်မရပေ။ ထိုလူများသည် သာမန်လူများကို အကြောင်းအရင်းမရှိ သတ်ခဲ့ရာ စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်ကြ သည်။
“အခုအဖြစ်အပျက် အကြောင်းရော ဘာရလဲ” ရှီမန်ဖန် မေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းကာ “သူတို့အဖွဲ့ခေါင်းဆောင်က သတင်းရဖို့ခက်တယ်၊ ဒီလူက အဆင့်နိမ့်ဆုံး လူသတ်သမားပဲ၊ အမိန့်အရပဲလုပ်ရတာ၊ သူဘာမှမသိဘူး တခြားသတင်းမရှိဘူး၊ သူတို့က အမြဲ အတူရှိနေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မူလပုံစံကိုမမြင်ဖူးကြဘူး၊ အသုံးဝင်မဲ့ သတင်းတစ်ခုကတော့ သူတို့ခေါင်းဆောင်ရဲ့ မျက်လုံးထောင့်မှာ အနာရွတ်ရှိတယ်” ရှောင်ရှောင်မေးလေသည်။
“သဲလွန်စမရှိဘူး”
“ဒီလူကိုရှာတွေ့တော့ သတင်းရမယ်လို့ထင်နေတာ၊ သတင်းမရဘူးလို့ မထင်မိဘူး” ကုန်ရှန်ယိ ပြောလေသည် “ဘာတွေဖြစ်မှန်းတော့မသိဘူး အပြင်ကနေ သတင်းစုံစမ်းဖို့ ပိုခက်သွားပြီ”
“ကျောင်းကတော့ တစ်နည်းနည်းနဲ့ အောင်မြင်ဖို့မျှော်လင့်ရတာပဲ” ရှီမာယူယူသည် သတိပြန်ထိန်းကာ ဒေါသကို ချုပ်တည်းလိုက်သည်။ မဟုတ်လျှင် အန္တရာယ်ရှိသော အခြေအနေတစ်ခုတွင် စိတ်ပျံ့လွင့်နိုင်သည်။
“အထဲဝင်ရအောင်” သူမ ပြန်တည်ငြိမ်သွားသည်ကို တွေ့သည်နှင့် ဟန့်မြောင်ရွှမ်ပြောလိုက်သည်။
“အင်း”
အားလုံးသည် အတွေးကိုယ်စီနှင့် အထဲသို့လျှောက်သွားကြသည်။ ဒီတစ်ကြိမ်တွင် သူတို့သည် ချီဝိညာဉ်များနှင့်မတွေ့ပေ။
“ဒီမှာ ဘာသတ္တဝါမှ မရှိဘူးလား” ကုန်ရှန်ယိသည် ရှီမန်ဖန်နောက်လိုက်ရင်း မေးလေသည်။
“မရှိဘူးထင်တယ်” ရှီမန်ဖန် ပြောလေသည် “ဒီသင်္ချိုင်းက အထဲမှာ ဘာမှမရှိတာ အချိန်အတော်ကြာနေပြီ၊ ချီဝိညာဉ်တွေနဲ့ တခြားဟာတွေပေါ်လာဖို့ဆိုတာ ခက်တယ်၊ အပြင်ကနေ တစ်ခုခုက ကာကွယ်ထားတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခုထိ အသက်မရှင်နိုင်ဘူး၊ ရှေးဟောင်းမိစ္ဆာတွေကလည်း အခုအကောင်တွေထက် ပိုအားကောင်းတယ်လို့ ပြောကြတယ်၊ အဲလိုသင်္ချိုင်းတွေက သာမန်သင်္ချိုင်းထက်ပို လုံခြုံတယ်”
စဉ်းစားကြည့်လိုက်သောအခါ မှန်သည်။ သူတို့ဝင်လာသည်မှာ ကြာနေပြီ ဖြစ်သော်လည်း တိုက်ခိုက်လာသည့် ချီဝိညာဉ်မရှိပေ။ သာမန်သင်္ချိုင်းထက် ပိုလုံခြုံသည်။
“ဇီ ဇီ…”
အတောင်ပံခတ်သံသည် သူတို့အရှေ့တွင် ပေါ်ထွက်လာသည်။ အသံကိုနားထောင်ကြည့်ရာ ကြီးမားသော ရိုက်ခတ်သံဖြစ်သည်။
အသံသည် နီးနီးလာသော်လည်း ဝိညာဉ်မိစ္ဆာ၏ ပုံပန်းသဏ္ဌာန်ကို မည်သူမှမတွေ့ရပေ။
“တံလျှပ်တီကောင်လာနေပြီ အားလုံးပဲဂရုစိုက်ကြ” ကျန်းကျူကျိ ပြောလိုက်သည်။
တံလျှပ်တီကောင်သည် လက်သည်းခွံအရွယ်အစားရှိကာ နောက်ချေးထိုးပိုးနှင့် ဆင်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နိုင်ပြီး အတွင်းကလီစာများကိုပင် မမြင်ရပေ။ အရှေ့နှင့်အနောက်တို့တွင် အနက်ရောင်အစက်နှစ်စက် ရှိသည်။ ထို့ကြောင့်ပင် တံလျှပ်တီကောင်အဖွဲ့ ပျံသန်းလျှင် အနက်ရောင်အစက်များကို မြင်တွေ့နိုင်သည်။
အားလုံးသည် အသံကြားသည်နှင့် ချက်ချင်းပင် ဝိညာဉ်စွမ်းအင်သုံးပြီး ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ တံလျှပ်တီကောင်များ လာနေသည်ကိုမြင်သည်နှင့် ချက်ချင်းပင် တိုက်ခိုက်ကြသည်။
အားလုံးသည် ထိုဝိညာဉ်မိစ္ဆာအမျိုးအစားကို တိုက်ခိုက်ရန် မီးကိုအသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။
တံလျှပ်တီကောင်များ မီးမြှိုက်ခံရသောအခါ ကြမ်းပြင်တွင် အကောင်သေများ ပြည့်သွားတော့သည်။
“တံလျှပ်တီကောင်ရဲ့ အခွံက တကယ်ကြမ်းတာပဲ၊ သာမန်မီးတောက်က သူတို့ကို မသေစေဘူး” ဟန့်မြောင်ရွှမ်သည် အကောင်သေများကို ကြည့်ကာ ပြောလေသည်။
“တံလျှပ်တီကောင်တွေ ရှင်းတာကိုပဲ အာရုံစိုက်ထား မကိုက်မိအောင်ဂရုစိုက်” စူးရှောင်ရှောင်သည် မီးကွင်းထုတ်ကာ မီးမြှိုက်လေသည်။ သူမ သက်ပြင်းချနေသည်ကို တွေ့သောအခါ မှတ်ချက်ပေးရုံမှတစ်ပါး မတတ်နိုင်ပေ။
“ငါ့ရဲ့ ရှောင်ရှောင်ပဲကောင်းတယ် ငါ့ကို အကိုက်မခံစေချင်ဘူး ဟုတ်တယ်မလား” ဟန့်မြောင်ရွှမ်သည် တံလျှပ်တီကောင်များကို တိုက်ရင်း ပြောလေသည်။
တံလျှပ်တီကောင် ပထမအသုတ်သည် မီးမြှိုက်ခံရလေသည်။ ထို့နောက် ဒုတိယအသုတ်မှာ ပိုလျင်လာသည်။ သူတို့ကို မရောက်ခင်တွင် အဝေးမှတိုက်ခိုက်ကြသည်။
ထိုအဝေးမှ တိုက်ခိုက်မှုသည် ဝိညာဉ်သခင်များအတွက် ပြဿနာ မဖြစ်နိုင်သည်မှာတော့ နှမြောဖွယ်ကောင်းသည်။ သည်လိုနှင့် သူတို့သည် အဝေးမှနေသော်လည်း ဝိညာဉ်တိုက်ခိုက်မှုကြောင့် တစ်သုတ်ပြီးတစ်သုတ် သေကြလေသည်။
“သူတို့ထုတ်လိုက်တဲ့ အဝါရောင်အငွေ့တွေကို သတိထား၊ မရှူမိစေနဲ့” ရှီမာယူယူသည် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့ကို ပြောလိုက်သည်။
ကုန်ရှန်ယိကို တံလျှပ်တီကောင်များ ဝိုင်းထားရာ အဝါရောင်အငွေ့များကို မြင်သည်နှင့် အသက်ရှူအောင့်ထားလိုက်သည်။ သူမ ရှူမသွင်းတော့ပေ။
“မီးအရည်အချင်းမရှိတဲ့ ငါတို့ကိုအနိုင်ကျင့်တယ် ဟုတ်လား”
သူမသည် ခေါင်းလောင်းအသေး တစ်လုံးထုတ်ပြီး ဝိညာဉ်စွမ်းအင် ထည့်လိုက်ရာ အနည်းငယ် လှုပ်ယမ်းလာသည်။ ထိုခေါင်းလောင်းမှ ကြည်လင်သောအသံ ထွက်လာသည်။
အသံလှိုင်းများသည် ဘက်ပေါင်းစုံမှထွက်လာရာ တံလျှပ်တီကောင်များသည် အသံကြားသော အခါ နှေးကွေးသွားပြီး တိုက်ပွဲစွမ်းရည်မှာ နှေးသွားသည်။
ဟန့်မြောင်ရွှမ်သည် တံလျှပ်တီကောင်များ၏ တုံ့ပြန်မှုကိုမြင်သောအခါ မချီးကျူးပဲမနေနိုင်ပေ “အားကောင်းလိုက်တဲ့ တိုက်ချက်”
သူမ၏ ဝိညာဉ်စွမ်းအင်ကို မပျက်စီးအောင် ထိန်းသိမ်းနိုင်ရန် သူတို့သည် စံသွေမီးနောက်ကို သုံးရန် ပြောင်းလဲလိုက်ကြသည်။ သူတို့သည် တစ်ချက်တည်းနှင့် တီကောင် သောင်းချီကို လောင်ကျွမ်းစေသည်။
ရှီမန်ဖန်တွင်လည်း မီးအရည်အချင်း စွမ်းရည်ရှိသော်လည်း ကျန်းကျူကျိနှင့် တခြားသူများထက် အားနည်းသည်။ ထို့ကြောင့်ပင် တံလျှပ်တီကောင်များသည် သူတို့ဆီသို့ အသွားများခြင်းဖြစ်သည်။
တံလျှပ်တီကောင်များ ရှီမန်ဖန်ဆီသို့ သွားသည်ကို ကုန်ရှန်ယိမြင်သောအခါ သူ့ဆီသို့ပြေးသွားပြီး ခေါင်းလောင်းကို လှုပ်ယမ်းလိုက်သည်။
သူမအကူအညီနှင့် ရှီမန်ဖန်၏ ဖိအားမှာလျော့နည်းသွားပြီး ကိုင်တွယ်ရန် လွယ်ကူသွားသည်။
“ဒီမှာတံလျှပ်တီကောင်တွေ ဘယ်လိုများလာတာလဲ၊ ဒီလောက်အများကြီးဆိုရင် သင်္ချိုင်းကိုတောင် ပြည့်နေပြီ မဟုတ်ဘူးလား” ဟန့်မြောင်ရွှမ်သည် တစ်သုတ်ပြီးတစ်သုတ် တိုက်ခိုက်ပြီးနောက်တွင် ကျိန်ဆဲလေသည်။
ရှီမာယူယူသည်သည်း ထိုအတိုင်းပင်။ သူတို့တွေ ဘာလို့ ဒီလောက်များနေတာလဲ။ အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး။
တကယ်တော့ တံလျှပ်တီကောင်များသည် ချီဝိညာဉ်များ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသောကြောင့် သူတို့ ကြိုက်သလို လှုပ်ရှားခွင့်မရှိခဲ့ပေ။ အခု ချီဝိညာဉ်များမရှိတော့သော အချိန်တွင် နေရာတစ်ခုလုံးသည် သူတို့နယ်မြေ ဖြစ်နေလေပြီ။
သူတို့သည် နာရီဝက်မျှ မီးလောင်တိုက်သွင်းပြီးနောက် နေရာတစ်ခုလုံးသည် တီကောင်များ ညှော်နံ့ဖြင့် ပြည့်နှက်သွားလေသည်။
ဟန့်မြောင်ရွှမ်သည် မီးတောက်ကိုပြန်သိမ်းကာ ပြောလေသည် “ငါတို့ သူတို့ကိုဒီလောက် အကြာကြီး မီးလောင်တိုက်သွင်းပြီးပြီ၊ ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်ကိုသာ သုံးပြီးလုပ်မယ်ဆိုရင် ပင်ပန်းနေပြီ”
“အဲဒီတံလျှပ် တီကောင်တွေကလည်း တုံးလွန်းပါတယ်၊ သူတို့အပေါင်းအဖော်တွေ အသတ်ခံနေရတာကို မြင်နေရတာတောင် တစ်သုတ်ပြီးတစ်သုတ် လာနေကြတယ်”
“လူသားတွေက တံလျှပ်တီကောင်ကို နားမလည်နိုင်ဘူးလေ၊ အရင်ကရေးခဲ့တဲ့ အကြောင်းတွေကလည်း အရင်ကလူတွေပဲ နားလည်ကြတယ်၊ တွေ့ဖူးတဲ့လူဆိုတာလည်း နည်းနည်းရယ်” ရှီမာယူယူ ပြောလေသည် “သူတို့က သူတို့အပေါင်းအဖော်တွေနဲ့ နေချင်တယ်လို့ ရိုးရိုးရှင်းရှင်းပဲ တွေးတယ်လို့ ထင်တယ်၊ အဲဒါကြောင့် သူတို့အပေါင်းအဖော်တွေ သေတာကို မြင်နေရတာတောင် ဆက်တိုက်လာနေကြတာပဲ၊ ထွက်မပြေးကြဘူးလေ၊ အဲဒါကလည်း တခြားတိရစ္ဆာန်တွေနဲ့ တူတာပဲ”
******