← Chapters

ဘယ်တစ်ခုက တည်ဆောက်မှုဗဟိုချက်လဲ

Vol. 009 Ch. 805

ဘယ်တစ်ခုက တည်ဆောက်မှုဗဟိုချက်လဲ

Vol. 009 Ch. 805

“ငါအများကြီးကိုသေအောင် မီးမြှိုက်ပြီးပြီ ဒါပေမဲ့ ဘယ်လောက် ကျန်သေးလဲဆိုတာ မသိတော့ဘူး” စူးရှောင်ရှောင်သည် အနံ့ရသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဘယ်လောက်ပဲကျန်ကျန် ငါတို့ခရီးကတော့ အေးဆေးပါ့မလားလို့” ရှီမာယူယူ ပြောလေသည် “သင်္ချိုင်းထဲမှာ တီကောင်ပဲရှိတာ မဟုတ်ဘူး အထဲမှာတခြားဟာတွေ အများကြီးမရှိဖို့ကို မျှော်လင့်တယ်”

“ငါလည်း သံသယရှိတယ် အဲဒီတီကောင်တွေက အသက်ရှင်ဖို့တိကျတဲ့ အခြေအနေတစ်ခုလိုတယ်” ကျန်းကျူကျိ နိုးကြားနေသည်မှာ ရှားပါးသည်။ နီရဲနေသော မျက်လုံးများသည် ကြည်လင် တောက်ပလာသောအခါ ဆွဲဆောင်မှုရှိသည်။

“ခရမ်းရောင်နုန်းမြေထဲမှာ သင်္ချိုင်းတွေအများကြီးရှိတယ် အကုန်လုံးက ဒီကမြေအနေအထားနဲ့ ဆက်စပ်နေတာ၊ ဒါပေမဲ့ ဒီမှာဆိုရင် ဗဟိုချက်က အကောင်းဆုံးနေရာပဲ” ရှီမာယူယူပြောလေသည် “ဒါပေမဲ့ အကောင်းဆုံးဖြစ်ခဲ့ပေမဲ့ အခုတော့ အဆိုးဆုံးနေရာပဲ”

“သင်္ချိုင်းမှာ တီကောင်တွေအများကြီး တွေ့တယ်၊ ဒါပေမဲ့ ဒီမှာက ချီဝိညာဉ်ကြောင့် တခြား သတ္တဝါတွေကို ခက်ခက်ခဲခဲ မွေးထုတ်နေရတယ်” ကျန်းကျူကျိ ပြောလေသည် “အဲဒီတံလျှပ်တီကောင်တွေက မူမမှန်ဘူး”

“စီနီယာ ဒီလောက်ယုံကြည်ချက်အပြည့်နဲ့ ပြောနေတာ ဒါနဲ့ပတ်သက်ပြီး ရင်းနှီးမှုရှိတာလား” ရှီမာယူယူသည် ခေါင်းမော့ကာ ကျန်းကျူကျိကို ကြည့်လိုက်သည်။

“ငါ နားလည်တယ်လို့ ပြောလို့မရဘူး ဒါပေမဲ့ နည်းနည်းတော့သိတယ်” ကျန်းကျူကျိသည် ပြောရုံသာပြောလေသည်။

ရှီမာယူယူသည် သူ့အားကြည့်လိုက်သည်။ သူက ဒီလိုရှေးဟောင်း ဂူသင်္ချိုင်းတွေနဲ့ ပတ်သက်ပြီး တရင်းတနှီး ပြောနေသလို သူမ ဘာလို့ခံစားရတာလဲ။

ဒါပေမဲ့ ဒီလူအမှန်ပဲ ပြောနေတာလား။ သူမပဲ မှားပြောမိနေတာလား။

“အထဲဆက်ဝင်ရအောင်” ကျန်းကျူကျိသည် အထဲမှ အခြေအနေကို ယုံကြည်ချက်ရှိသည့်ပုံ ပေါ်သည်။ သူသည် အနောက်တွင် လက်ကိုပစ်ထားကာ ယုံကြည်ချက်အပြည့်ဖြင့် လမ်းလျှောက်လေသည်။

သူ၏ စိုးရိမ်မှုမရှိသော ပုံစံကို ရှီမာယူယူမြင်သည်နှင့် သူ့ကိုယုံကြည်ရန် ရွေးလိုက်ပြီး အတူတကွ ဝင်ကြလေသည်။

သူတို့သည် ရှေ့ဆက်သွားရာ ကျန်းကျူကျိ ပြောခဲ့သောနေရာအား ရောက်လေသည်။ လမ်းမှာ ရိုးရှင်းပြီး အန္တရာယ်ရှိသော အခြေအနေမဟုတ်ပေ။

“ငါတို့ဒီလောက်ကြာအောင် လျှောက်လာတာကို ဘာမှမတွေ့ဘူး၊ ဒီကိုရောက်တဲ့ ဘယ်ဟာမဆို ပျောက်သွားတာလားမသိ” စူးရှောင်ရှောင်ပြောလေသည်။

“တစ်ခုခုရောက်ခဲ့တယ် ဆိုရင်တောင် အချိန်တွေကြာသွားတဲ့အခါမှာ ချီဝိညာဉ်တွေက လုံးဝ စုပ်ယူပြီးနေပြီ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ဒါပေမဲ့ အဲလိုသာ တကယ်ဆိုရင် ငါတို့အတွက် လွယ်လွယ်နဲ့ အမြတ်ရလိုက်တာ မဟုတ်ဘူးလား” ကုန်ရှန်ယိ အားရပါးရ ပြုံးလေသည်။

“အထဲမှာ ပစ္စည်းကောင်းကောင်း မကျန်မှာကိုပဲစိုးတာ” ကျန်းကျူကျိသည် သူမ အပျော်ကို ဖျက်ဆီးလိုက်သည်။

“ဘာလို့လဲ”

“ချီဝိညာဉ်တွေက ဒီမှာနေတဲ့ သက်ရှိတွေကိုပဲ ဖျက်ဆီးနိုင်တာ မဟုတ်ဘူး ဝိညာဉ်စွမ်းအင်တွေကိုလည်း စုပ်ယူနိုင်တယ်” ရှီမာယူယူ ရှင်းပြလေသည် “ဒီမှာသာ ဝိညာဉ်စွမ်းအင်ရှိတယ်ဆိုရင် ဝိညာဉ်စွမ်းအင်က စုပ်ယူခံရပြီးလောက်ပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ လက်ဗလာနဲ့တော့ မပြန်ရလောက်ပါဘူး ကံကောင်းပြီး တစ်ခုခုလောက်တော့ ရမှာပါ”

ကုန်ရှန်ယိသည် ရှီမာယူယူ သိပြီးပုံပေါ်သည်ကိုမြင်သည်နှင့် စမ်းသပ်ကြည့်လေသည် “ယူယူကသိပြီးသားလား”

“ဒါပေါ့ အဲဒါကြောင့်ဒီမှာ အန္တရာယ်မရှိတော့ဘူး ဆိုတာသိတာ” ရှီမာယူယူ ပြောလေသည် “အစတုန်းကတော့ ခန့်မှန်းချက်ပဲရှိတာ၊ ဒါပေမဲ့ ဒီလောက်ရှင်းလိမ့်မယ်လို့ ထင်မထားဘူး”

“ဒီမှာ ပစ္စည်းကောင်းကောင်း မရှိမှတော့ ဒီကိုဘာလာလုပ်တာလဲ”

“အပိုင်းအစတွေ လာကောက်တာ”

“…..”

ကုန်ရှန်ယိ၊ ကျန်းကျူကျိနှင့် တခြားသူများသည် တူညီသော မျက်နှာအမူအရာများဖြင့် ပြောစရာစကားများ ပျောက်ဆုံးသွားလေသည်။ သူမ မသိခဲ့သလိုမျိုးပဲ…

“ကျွန်တော်လည်း မသိဘူးနော်” ရှီမန်ဖန်သည် ပေါ့ပါးစွာ ပြောလေသည်။

ထိုစကားကို ကုန်ရှန်ယိနှင့် တခြားသူများကြားသောအခါ သူမ ရယ်မောလိုက်သည်။ သူတို့ စိတ်ဆိုးမည်ကို သူမ ဂရုစိုက်ပေ။ သူ ပြောလိုက်သော စကားသည် သူမကို စိတ်ပျော်သွားစေသည်။

“သွားရအောင် အထဲမှာ ဘာတွေဖြစ်လဲဆိုတာလည်း စစ်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် လက်ရှိတွင် သင်္ချိုင်း၏ အစွန်အဖျားတွင်ရှိနေသည်။ ထိုနေရာမျိုးသည် မကောင်းပေ။ သူတို့ ထပ်ဝင်သွားလျှင် ပစ္စည်းများ ရနိုင်ချေရှိသည်။

သူတို့ ကျောက်တုံးအိမ်သို့ ဝင်သွားသည်နှင့် ကုန်ရှန်ယိသည် အလယ်မှ ဇောက်ထိုးဆီမီးအိမ်ကို ညွှန်ပြကာ ပြောလေသည် “ငါတို့ဒီအခန်းကို ဘယ်လောက်တောင် ဖြတ်လျှောက်လာတာလဲ၊ ဒါက ဆီမီးအိမ်ပဲ၊ ဖြတ်ခဲ့တဲ့အခန်းတွေမှာလည်း ဒါမျိုးအတူတူပဲရှိတယ်”

အားလုံးလမ်းလျှောက်ရာမှ ရပ်သွားကြကာ ဟန့်မြောင်ရွှမ် လျှောက်သွားပြီး ဆီမီးအိမ်အား ယူလိုက်သည်။ သူမသည် တခြားနေရာသို့ရွှေ့လိုက်ပြီး ထိုနေရာတွင် ကျောက်စိမ်းပုလင်းကို ထားလိုက်သည်။

“ထပ်လျှောက်ကြည့်ရအောင်”

သူတို့သည် ဆက်လျှောက်ကြပြီး မတူညီသောထွက်ပေါက်မှ ထွက်ကြသည်။ သူတို့သည် လျှောက်လမ်းအား မီတာအနည်းငယ် လျှောက်ပြီးသောအခါ ကျောက်တုံးအိမ်တစ်အိမ်သို့ ဝင်ကြလေသည်။

ကျောက်တုံးအိမ်အတွင်းတွင် ဆီမီးအိမ်နှင့် ကျောက်စိမ်းပုလင်းတို့သည် မူလနေရာအတိုင်းပင် ရှိနေသည်။

“ငါတို့ထင်ယောင်ထင်မှား တည်ဆောက်မှုထဲ ရောက်နေပြီထင်တယ်” ရှီမာယူယူ ပြောလေသည် “ငါတို့အရှေ့ကို ဆက်သွားနေတယ်လို့ ထင်ရပေမဲ့ အိမ်ထဲမှာပဲလည်နေတဲ့ သဘောပဲ”

“ငါတို့ ဘယ်တုန်းက ထင်ယောင်ထင်မှား တည်ဆောက်မှုထဲ ဝင်လိုက်မိတာလဲ ငါတို့ဘာလို့ သတိမထားမိကြတာလဲ” စူးရှောင်ရှောင်သည် တည်ဆောက်မှုမှားနှင့် ရင်းနှီးမှုမရှိပေ။

“ဒီတည်ဆောက်မှုက သာမန်ထင်ယောင်ထင်မှား တည်ဆောက်မှုထက် ပိုအားကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “ထပ်ပြီးလေ့လာရဦးမယ်”

သူမ အာရုံမခံမိဟူသော အချက်မှာ ထိုတည်ဆောက်မှုသည် သာမန်  ထင်ယောင်ထင်မှား တည်ဆောက်မှုမဟုတ်သောကြောင့်ဖြစ်သည်။  သူမ ဖျက်ချင်ပါက အချိန်အတော်ကြာ သုံးရမည်ဖြစ်သည်။

မည်သူမှ မတွက်ကပ်သည့်အကြောင်းမှာ သူမကို သူတို့ယုံ၍လား၊ ဒီနေရာတွင် ပိတ်မိနေခြင်းကြောင့် မတတ်သာ၍လားဆိုသည်ကို သူမ သိချင်မိသည်။ တစ်ယောက်မှာ စားသောက်နေကာ နောက်တစ်ယောက်မှာ အိပ်နေသည်။ တခြားသူများမှာ စကားလက်ဆုံကျနေသည်။ ထွက်သွား၍ရမလားဆိုသည်ကို သူမကို မေးမည့်သူမရှိပေ။

ရှီမာယူယူသည် အချိန်အတော်ကြာအောင် တစ်အိမ်လုံးကို ရှာဖွေသော်လည်း တည်ဆောက်မှု၏ အရိပ်အမြွက်တစ်ခုမှ မတွေ့ပေ။ သူမ တည်ဆောက်မှုကိုတောင် ရှာမတွေ့ရင် ဘယ်လိုလုပ် ဖျက်နိုင်မှာလဲ။

“ဂျူနီယာမောင်လေး မင်းနေ့တစ်ဝက်လောက် စဉ်းစားနေတာ ဗိုက်လေးဖြည့်လိုက်ဦးလေ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ မေးလေသည်။

ရှီမာယူယူ ခေါင်းမော့ပြီး သူမကိုကြည့်ကာ ခေါင်းယမ်းပြလိုက်သည် “စီနီယာတို့စားနှင့်ပါ”

ပြောပြီးနောက်တွင် သူမ ခေါင်းပြန်ငုံ့သွားကာ စတင်တွက်ချက်လေသည်။

ဟန့်မြောင်ရွှမ်သည် စားလက်စ စားစရာကိုယူပြီး သူမဘေးတွင် ထိုင်ကာ ပြောလေသည် “ဂျူနီယာမောင်လေး နေ့တစ်ဝက်ကုန်ခါနီးပြီ ဘာတွေ့ပြီလဲ”

“တွေ့တာတော့တွေ့တယ် ဒါပေမဲ့ တည်ဆောက်မှုရဲ့ ဗဟိုချက်ကို ရှာနေတုန်းပဲ” ရှီမာယူယူ ပြောလေသည် “ဗဟိုချက်ကိုရှာတွေ့လို့ ဖျက်နိုင်ပြီဆိုရင် တည်ဆောက်မှုကို ဖျက်ပစ်မယ်”

“ဗဟိုချက်က ဘယ်ဟာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

ရှီမာယူယူသည် အိမ်၏ ပြင်ဆင်မှုများကိုညွှန်ပြကာ “ဒီပစ္စည်းတွေ”

ဆီမီးအိမ်၊ သံချေးတက်နေသော ဓားမြောင်၊ ဖုန်ပြည့်နေသော လင်ဗန်း၊ ဝိုင်ကရားနှင့် ခြစ်ရာများပါနေသော ဝိုင်ခွက်တို့ဖြစ်ကြသည်။ ကျောက်တုံးအနည်းငယ်လည်း ရှိသည်။

“ဒါဆိုလည်း အကုန်လုံးကို ဖျက်ဆီးလိုက်လေ အဲဒါဆိုရင် စိတ်ရှုပ်စရာ မရှိတော့ဘူး”

“လုပ်လို့မရဘူး” ရှီမာယူယူသည် အလျင်စလိုတားလိုက်သည် “ဒီထင်ယောင်ထင်မှား တည်ဆောက်မှု တခြားဟာတွေနဲ့မတူဘူး၊ ဗဟိုချက်တစ်ခုတည်း ရှိတယ်၊ ဒါပေမဲ့ အတုအယောင်တွေရှိတယ်၊ ဗဟိုချက်အတုကို ဖျက်ဆီးမိရင် ထင်ယောင်ထင်မှားထဲ ပိုနက်ဝင်သွားမယ်၊ အဲကျရင်ထွက်ဖို့ ပိုခက်သွားမယ်၊ အဲဒါကြောင့် တကယ့်ဗဟိုချက်ကို ရှာရမယ်၊ အဲဒါမှ ဒီထင်ယောင်ထင်မှား တည်ဆောက်မှုကို ဖျက်နိုင်မှာ”

ဟန့်မြောင်ရွှမ်သည် နှုတ်ခမ်းကိုတွန့်ကာ “ကထိကယများလိုက်တာ”

“အမှန်ပဲ” ရှီမာယူယူသည် မျက်ခုံးကြားနေရာကိုပွတ်ကာ ကျောက်တုံးအိမ်ထဲမှ ပစ္စည်းများကို နောက်တစ်ခါ ပြန်ကြည့်လေသည်။ ကျောက်တုံးအိမ်သည် ဗလာဖြစ်နေသည်။ ထိုပစ္စည်းအနည်းငယ်မှ လွဲပြီး တခြားဘာမှမရှိပေ။

ကျောက်တုံးလေးတွေကို ဖယ်လိုက်… ဆီမီးအိမ်၊ ဓား၊ လင်ဗန်း၊ ဝိုင်ကရား၊ ဝိုင်ပုလင်း… ဘယ်ဟာက တကယ့်ဗဟိုချက်လဲ။

သူမသည် ပစ္စည်းအားလုံးကို သူမအရှေ့ယူကာ ကြည့်လေသည်။ သူမ တစ်ခုချင်းစီ ထိကြည့်သော်လည်း မသေချာသေးပေ။

“ဒီလူက ဘဝကိုဘယ်လိုပျော်အောင် နေရမလဲဆိုတာ သိတဲ့လူပဲ” ကျန်းကျူကျိသည် နိုးလာသည်နှင့် ပြောလေသည်။

သူပြောလိုက်သောစကားကို ကြားသောအခါ ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်လာသည်။

****

All Chapters