← Chapters

ရှေးခတ်က နောက်ဆုံးဧကရာဇ်

Vol. 009 Ch. 806

ရှေးခတ်က နောက်ဆုံးဧကရာဇ်

Vol. 009 Ch. 806

လက်တစ်ဖက်ဖြင့် ဆီမီးအိမ်ကိုကိုင်ကာ နောက်တစ်ဖက်ဖြင့် သံချေးတက်နေသော ဓားကို ကိုင်လိုက်သည်။

“အဲနှစ်ခုက တည်ဆောက်မှုဗဟိုချက်လား” ဟန့်မြောင်ရွှမ် မေးလေသည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “စီနီယာအစ်ကိုကြီးပြောတာ မှန်တယ်၊ ဒီလူက အသက်ရှင်နေရတာကို ကြိုက်တဲ့လူပဲ၊ သူက ဝိုင်ခွက်နဲ့ ပုလင်းတွေကို သပ်သပ်ရပ်ရပ်ထားထားပေမဲ့ ဆီမီးအိမ်နဲ့ သံချေးတက်နေတဲ့ ဓားကိုဂရုမစိုက်ဘူး ဒါပေမဲ့…”

“ဘာလဲ” ကုန်ရှန်ယိလည်း ပြေးလာသည်။

“လူအများစုက ဒီလိုပစ္စည်းတွေကို တည်ဆောက်မှုဗဟိုချက်အဖြစ် မသုံးဘူး၊ ဒါပေမဲ့ ဒီလူက ဆန့်ကျင်ဘက်လုပ်သွားတယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဆီမီးအိမ်နှင့် ဓားကိုချလိုက်သည်။ သူမသည် ဝိုင်ကရားကိုယူကာ ကျောက်စားပွဲနှင့် ရိုက်ခွဲလိုက်သည်။ ကျောက်စားပွဲ၏အတွင်းမှာ ချက်ချင်းပင် ပြောင်းသွားသည်။

အခန်းထဲရှိ ဝိုင်ကရားသည် ဘာမှမဖြစ်သလိုပင် ထိုနေရာတွင်ပင် ရှိနေသေးသည်။

“ဝိုင်ကရားက ဗဟိုချက်လား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ယူယူ အဲဒါကိုဘယ်လိုစဉ်းစားလဲ” ဟန့်မြောင်ရွှမ်သည် ကရားကိုကောက်ယူကာ ကြည့်လေသည်။ ရှီမာယူယူခွဲလိုက်သော ကရားပင် ဖြစ်လေသည်။

“အဲလိုထင်ရတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဟုတ်သားပဲ တည်ဆောက်မှုက ပြိုကွဲသွားပြီ မြန်မြန်လမ်းရှာရအောင်”

“မင်းသာ ငါတို့နဲ့ရှိနေရင် ဘာပြဿနာမှမရှိပါဘူးလို့ ပြောသားပဲ” ဟန့်မြောင်ရွှမ်သည် ယုံကြည်မှုအပြည့်ဖြင့်ပြောလေသည်။

“စီနီယာတို့က ကျွန်တော့်ကို တကယ်ယုံကြတာပဲ ကျွန်တော့်ကိုယ် ကျွန်တော်ယုံတာထက်တောင် ပိုသေးတယ်” ရှီမာယူယူ ပြုံးလိုက်သည်။

ဝူလင်းယူ သူမကိုပေးခဲ့သော တည်ဆောက်မှုစာအုပ်ကောင့်သာ မဟုတ်လျှင် သူမက ဘယ်လိုလုပ် တည်ဆောက်မှုအကြောင်းတွေ သိမှာလဲ။

ထိုအကြောင်းပြောမှပင် သူ့ကိုမတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူမ ပုံစံမဲ့ ကမ္ဘာသို့ဝင်ခဲ့စဉ်က သူသည် သူမကို တွေ့ရန် အလျင်စလိုပြန်လာခဲ့သည်။ ထိုအချိန်က သူပျာယာခတ် နေသည်ကို သူမ သိခဲ့သည်။

အရင်ကဆိုလျှင် သူသည် သူမ ဒဏ်ရာရသည် သို့မဟုတ် ဝမ်းနည်းစရာတစ်ခုခုရှိလျှင် အာရုံရကာ သူမဆီသို့ အမြန်ပြေးလာခဲ့သည်။ သို့သော် မကြာသေးခင်ကပင် သူမဆီတွင် ကိစ္စများစွာ ဖြစ်ခဲ့သော်လည်း သူ ပေါ်မလာခဲ့ပေ။ သူမကိုလည်း ပြန်မဖြေခဲ့ပေ။ သူ့ကိုနားလည်သလောက်ဆိုလျှင် သူသည် အရိပ်အယောင်မရှိ ပျောက်သွားမည့် လူမဟုတ်ပေ။ သူမကြောင့် မဟုတ်လျှင်တောင် သူသည် ရောက်လာပြီး စာချုပ်ကိုကြည့်လေ့ ရှိသည်။

ထို့ကြောင့် သူ့တွင် တစ်ခုခုဖြစ်နေပြီလားဟု သူမ အနည်းငယ်စိုးရိမ်မိသည်။ ပညာရှိစံအိမ်တော်က အဘိုးကြီးက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ကြည့်နေတာလား။ အဲဒီအဘိုးကြီးက သူ့ခန္ဓာကိုယ်ထဲ ဝင်သွားလိုက်ပြီလား။

သူသည် သူမကို အမြဲအကူအညီပေးခဲ့သည်။ သူမ ထွက်သည်နှင့် သူ့ကို သွားကြည့်ရမည့်ပုံပင်။

သူတို့သည် ရှေ့ဆက်လျှောက်သွားရာ နောက်ထပ်ကျောက်တုံးအိမ် အနည်းငယ်ကိုတွေ့လေသည်။ ထူးခြားမှုတော့မရှိပေ။ နောက်ဆုံးအိမ်သို့ ရောက်ပြီးသောအခါ သူတို့သည် မြေအောက်လိုဏ်ဂူသို့ ရောက်သွားကြသည်။

မြေအောက်လိုဏ်ဂူသည် မီတာ၁၀ဂဏန်းအကျယ်အဝန်းရှိကာ အနက်ကိုမမြင်ရပေ။ အမှောင်လိုဏ်ခေါင်းဖြစ်နိုင်သည်။

ဂူ၏ ထိပ်ပိုင်းတွင် သတ္တုခုံးတံတားရှိသည်။ ထိုတံတား၏ မျက်နှာချင်းဆိုင်တွင် တံခါးကြီးတစ်ချပ် ရှိသည်။ ထိုတံခါးကို မည်သည့်သတ္တုနှင့် လုပ်ထားသည်ကိုတော့ ဘယ်သူမှမသိကြပေ။ အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက်တွင် ဥတုလည်းရှိသည့်ပုံ မပေါ်ပေ။

“ငါတို့ ဆက်လျှောက်သွားမယ်ဆိုရင် ဂူသင်္ချိုင်းရောက်ပြီ” ကျန်းကျူကျိသည် ကမ်းပါးဆီသို့ လက်ယမ်းပြကာ ထိုနေရာသို့ ငေးမောစွာ ကြည့်လေသည်။

“ကျန်းကျူကျိ…လူကြီး ဂူသင်္ချိုင်းတွေကိုအများကြီး ရောက်ဖူးပြီးသားလား အရမ်းတရင်းတနှီးရှိနေတယ် မင်းတို့မျိုးနွယ်က အထူးပြုဘာသာရပ်ကို ပြောင်းပြီး လိုဏ်ခေါင်းတွေတူးနေပြီလား” ဟန့်မြောင်ရွှမ်သည် သူ့အနောက်မှ လျှောက်ရင်း စနောက်လေသည်။

ကျန်းကျူကျိသည် သူမအား ကြည့်ကာပြောလေသည် “ရှေးခေတ်တုန်းက ဧကရာဇ်မင်းကြီးဆိုတာ ကြားဖူးလား၊ တိကျတဲ့ စွမ်းအားတစ်ခုကြောင့်မို့လို့ ဝရမ်းပြေးအနေနဲ့ မြို့ကနေ ထွက်ပြေးရတာလေ”

“အဇူရာဧကရာဇ်ကို ပြောတာလား” သူ ရုတ်တရက် ဘာကြောင့် ထိုလူအကြောင်းပြောလိုက်သည်ကို ဟန့်မြောင်ရွှမ်သည် သိချင်သွားသော်လည်း သိသမျှကို ပြောပြလေသည်။ “အဇူရာဧကရာဇ်က ရှေးခေတ်က နောက်ဆုံးဘုရင်လို့ပြောကြတယ်၊ သူက တခြားဘုရင်တွေထက် အများကြီးအချစ်ခံရတယ်၊ နောက်တော့ တခြားဘုရင်တွေ ပေါ်ထွက်လာပေမဲ့ သူ့အဆင့်ကိုတော့ မမီကြဘူးဆိုပဲ”

“အဇူရာဧကရာဇ်ရဲ့ တည်ရှိမှုက ပဟေဠိဆန်နေတုန်းပဲ၊ သူ့အကြောင်းတွေ ပြောကြတာက ဟိုဟိုဒီဒီ နည်းနည်းလောက်ပဲ၊ ဒါပေမဲ့ အဲဒီပုံပြင်တွေကို ဆက်စပ်ကြည့်မယ်ဆိုရင်တော့ လူတွေရဲ့ မျှော်လင့်ချက်ပဲ” ကျန်းကျူကျိသည် ရှေးခေတ်ဧကရာဇ်အကြောင်း ပြောရာတွင် မျက်လုံးများသည် လေးစားမှုဖြင့် ပြည့်နေသည်။

ရှီမာယူယူသည် ရှေ့မှလျှောက်သွားကာ သူတို့ပြောသမျှကို နားစွင့်နေသည်။

သူမ ရှေးဟောင်းကမ္ဘာဦးနယ်မြေသို့ ရောက်ပြီးကတည်းက ဧကရာဇ်အကြောင်းကို ကြားရသည်မှာ သူမအတွက် ဒုတိယအကြိမ်ဖြစ်သည်။ ပထမတစ်ခေါက်မှာ လေလံပွဲတွင် ဧကရာဇ်ရှင်းဒေါင်း အကြောင်းဖြစ်သည်။ အခုတစ်ကြိမ်မှာ အဇူရာဧကရာဇ်အကြောင်း ဖြစ်သည်။

“ရုတ်တရက်ကြီး အဇူရာဧကရာဇ်အကြောင်း ဘာလို့ပြောတာလဲ” ဟန့်မြောင်ရွှမ် မေးလေသည်။

“မင်းတို့သိကြလား အပြင်ပိုင်းဧရိယာတွေက အရင်က အခုလိုမဟုတ်ဘူး၊ ကျင့်ကြံဖို့အတွက် သင့်တော်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပြီး ရှေးဟောင်းပြည်သူတွေကလည်း ငါတို့ထင်ထားတာထက် ပိုပြီးဟန်ရှိတယ်” ကျန်းကျူကျိ ပြောလေသည် “ပြီးတော့ အဲဒီမှာနေတဲ့လူတွေလည်း များခဲ့တယ်”

“ရှေးလူတွေက သူ့ကိုအဲလောက်တောင် ချစ်ကြတာလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။

ဝိညာဉ်စေတီအတွင်းမှ ရှေးဟောင်းစာအုပ်များတွင် ထိုအကြောင်းမပါသဖြင့် သူမအတွက် ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်သည်။

“ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ” ကျန်းကျူကျိ ပြောလေသည် “ကြာလွန်းလို့ လူတွေတောင် မသိကြတော့ဘူး”

“စီနီယာက ဘယ်လိုသိတာလဲ”

“ရှေးဟောင်း စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်” ကျန်းကျူကျိ ပြောလေသည်။

“ကျန်းကျူကျိ သိထားတာရှိတာလား” ဟန့်မြောင်ရွှမ်သည် သူ့အား မျက်လုံးမှေးကာ ကြည့်လေသည်။

“ရှေးဟောင်းစာအုပ်မှာတော့ ရေးထားတာရှိတယ်လေ” ကျန်းကျူကျိ ပြောလေသည်။

“ဘာတဲ့လဲ”

“အဇူရာဧကရာဇ်မှာ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်တဲ့၊ သူမသေသွားတော့ သူက ဝမ်းနည်းပက်လက်ဖြစ်ပြီး သူမခန္ဓာကိုယ်ကို ဖန်ရွှိများတဲ့နေရာမှာ သင်္ဂြိုဟ်ခဲ့တယ်၊ အဲနေရာက မီးနဂါးနဲ့တူပြီး ပုလဲထွက်တယ်” ကျန်းကျူကျိသည် တိုးညင်းစွာပြောလေသည်။

“မဟုတ်လောက်ပါဘူး ဒီနေရာက ဧကရာဇ်ကြီး သူမကိုသင်္ဂြိုဟ်ခဲ့တဲ့နေရာလို့ ပြောလိုက်တာလား” စူးရှောင်ရှောင် ထအော်လေသည်။

“သေစမ်း တကယ်ကြီးလား” ဟန့်မြောင်ရွှမ်သည် ကျိန်ဆဲမိတော့သည်။

ထိုသတင်းမှာ သတင်းကြီးဖြစ်သည်။ အားလုံးသည် ထုံထိုင်းလွန်းသည်။

“ပြီးတော့ရှိသေးတယ်” ကျန်းကျူကျိ ပြောလေသည် “အဇူရာဧကရာဇ်က ကျင့်စဉ်နဲ့ပတ်သက်ပြီး ပေါက်ရောက်တာ အများကြီးမရှိပေမဲ့ အရမ်းအားကောင်းတယ်လို့ စာအုပ်တွေမှာ ပြောထားတယ် အဲမိန်းကလေးအတွက် သူက အံ့ဖွယ်ပညာကိုတောင် ထားပစ်ခဲ့တာ”

“ဧကရာဇ်ကြီးတစ်ပါး ပေါ်ထွက်လာခဲ့တာ အတော်ကိုကြာနေပြီ၊ ငါတို့သာ အဲထဲက တစ်ယောက်ဆီက ညွှန်ကြားချက်ရမယ်ဆိုရင် အမြတ်ပဲ” ကုန်ရှန်ယိ သုံးသပ်လေသည်။ “ငါတို့ထဲက တစ်ယောက်လည်း နောက်ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး”

ရှီမာယူယူသည် အဇူရာဧကရာဇ်၏ အံ့ဖွယ်ပညာကို လုံးဝစိတ်ဝင်စားမှုမရှိပေ။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက်တွင် ပြောင်းလဲမှုများပြားခဲ့သည်။ အံ့ဖွယ်ပညာသာ ထိုနေရာတွင် ရှိခဲ့ဖူးပါက ထိုနေရာတွင်ပင် ရှိနေနိုင်တော့မည် မဟုတ်ပေ။

သူမသည် သူထားခဲ့သော ပစ္စည်းများကို ပိုစိတ်ဝင်စားသည်။

သို့သော် ထိုနေရာတွင် ချီဝိညာဉ်များရှိခဲ့သဖြင့် ပစ္စည်းကောင်းများ ကျန်ရန်မဖြစ်နိုင်ကာ အလဟဿဖြစ်သွားနိုင်သည်။

“ဟူး…”

ထိုအကြောင်း စဉ်းစားမိသောအခါ သက်ပြင်းချမိလေသည်။

သူမ၏ သက်ပြင်းချမှုသည် သူတို့၏ တက်ကြွနေသောစိတ်ကို ငြှိမ်းသက်လိုက်သလိုပင်။ သူတို့လည်း ထိုအတိုင်းပင်တွေးကြသည်။ ထိုနေရာတွင် ပစ္စည်းကောင်းရှိပါသော်ငြား ကျန်ခဲ့ရန်မဖြစ်နိုင်ပေ။

“ဒါပေမဲ့ ကောင်းတာမကျန်ဘူး ဆိုရင်တောင် အဇူရာဧကရာဇ်ရဲ့ သင်္ချိုင်းက ကြည့်ဖို့တန်ပါတယ်” ဟန့်မြောင်ရွှမ်သည် အကောင်းမြင်တတ်သူဖြစ်ရာ ပြုံးလေသည်။ သူမသည် စိတ်ပျက်သွားခြင်း မရှိပေ။

“ဒါဆိုလည်း ရှေ့ဆက်ပြီး ကြည့်ကြတာပေါ့” ကုန်ရှန်ယိ ပြောလေသည်။

“အင်း”

သူတို့သည် ကမ်းပါးကို ပျံသန်းလိုသော်လည်း မပျံနိုင်ကြသဖြင့် တံတားကိုသာ သုံးရလေသည်။

“ဒီလောက်ဟောင်းနေတဲ့ တံတားကြီး  တစ်ယောက်ကိုတောင် ခံနိုင်ပါ့မလားပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“စမ်းကြည့်မှပဲသိမှာပဲ” ကျန်းကျူကိသည် စိုးရိမ်မှုမရှိပဲ ခြေလှမ်းကျဲများဖြင့် အရှေ့မှသွားလေသည်။ သူသည် နောက်ဆုံးတွင် ဘေးကင်းစွာ ရောက်သွားလေသည်။

သူအဆင်ပြေသည်ကို တွေ့ပြီးနောက်တွင် ဟန့်မြောင်ရွှမ်နှင့် တခြားသူများလည်း လိုက်ကူးကြသည်။

ရှီမာယူယူသည် နောက်ဆုံးဖြစ်ရာ အားလုံးရောက်သွားချိန်တွင် သူမတံတားပေါ် ခြေလှမ်းလိုက်သည်။ သို့သော် သူမ တံတားအလယ် မရောက်ခင်တွင် လုံးဝအဆင်ပြေခဲ့သော တံတားသည် ရုတ်တရက် ကျိုးလေသည်။ သူမသည် တံတားနှင့်အတူ အမှောက်ချောက်ထဲသို့ ကျသွားလေတော့သည်…..

****

All Chapters