သူမ၏ သံသယဝင်မှု
Vol. 009 Ch. 807
“ယူယူ”
“ဂျူနီယာမောင်လေး”
သူမ ကျသွားသည်ကို မြင်သောအခါ အားလုံးသည် ပျာယာခတ်သွားကြသည်။ ရှီမန်ဖန်သည် ခုန်ဆင်းမည်အလုပ်တွင် ကုန်ရှန်ယိမှ တားလိုက်ခြင်းကြောင့် ကံကောင်းသွားသည်။
“ရှင်ပျံလို့မရဘူးလေ ဆင်းသွားလည်း အတူတူပဲဖြစ်လိမ့်မယ် မိစ္ဆာပျံဆင်းလို့ရလားဆိုတာ အရင်ဆုံးကြည့်လိုက်ဦး”
“ငါအဆင်ပြေတယ်” ရှီမာယူယူ၏ အသံသည်အောက်မှထွက်လာမှပင် အားလုံး စိတ်အေးရတော့သည်။
“ဖျပ် ဖျပ်”
သူတို့သည် အတောင်ပံခတ်သံကို ကြားလိုက်ရာ သူတို့မှာ ပျံမရသော်လည်း ငှက်မျိုးနွယ်မှာ ပျံသန်းရသည့်ပုံပေါ်သည်။
ရှီမာယူယူသည် ဟာစွန်၏ကျောပေါ်ထိုင်ကာ အနက်ထဲမှ ဖြည်းညင်းစွာတက်လာပြီး ကမ်းပါး၏ နောက်တစ်ဖက်တွင် ဆင်းသက်လိုက်သည်။
“ယူယူ အဆင်ပြေလား” ကုန်ရှန်ယိမေးလိုက်သည်။
“အဆင်ပြေတယ် ငါ အောက်ခြေမရောက်ခင် ကိုဟာစွန်ကိုခေါ်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းအဆင်ပြေလို့ တော်သေးတယ် လန့်လို့သေတော့မှာပဲ” ဟန့်မြောင်ရွှမ် ပြောလေသည် “မိစ္ဆာပျံတွေ ပျံနိုင်လို့တော်သေးတယ်၊ မဟုတ်ရင် အဲလိုအောက်ခြေတောင် မမြင်ရတဲ့နေရာကို ကျသွားရင် သေမှာပဲ”
“ငါလျှောက်တုန်းက အဆင်ပြေပါသေးတယ် ဂျူနီယာညီလေး လျှောက်မှ ဘယ်လိုဖြစ်ပြီး ကျိုးသွားတာလဲ” စူးရှောင်ရှောင်သည် ပဟေဠိဆန်စွာ ပြောလေသည်။
“ကျွန်တော်လည်းမသိဘူး” ရှီမာယူယူသည် တံတားရှိခဲ့သောနေရာကို ကြည့်ကာ ပြောလေသည် “တံတားကတော့ ကျသွားပြီ သတ်မှတ်ချက်ရှိလို့ ကျွန်တော်နင်းလိုက်တော့ ကျိုးသွားတာနေမှာပါ”
“တကယ်လား”
အားလုံးသည် တစ်စုံတစ်ရာကို ခံစားမိကြသော်လည်း ဂရုမစိုက်ကြတော့ပေ။
“ဆက်လျှောက်သွားရအောင်” ရှီမာယူယူ ဘာမှထပ်မပြောသည်ကို ကျန်းကျူကျိ တွေ့သောအခါ အားလုံးကို ပြောလိုက်သည်။
အားလုံးသည် အနောက်မှတံခါးကို ပြန်လှည့်ကြည့်လိုက်ကြသည်။
“တံခါးကသာမန်လိုပုံပဲ၊ ဒါပေမဲ့ တခြား မှန်ကွက်တံခါးတွေလိုမျိုး ဖွင့်လို့ရမလားမသိဘူး”
“စမ်းကြည့်မယ်” စူးရှောင်ရှောင် ပြောလေသည်။
“ရှောင်ရှောင် မလုပ်နဲ့ မင်းက ထွားတယ်ဆိုပြီး အားကောင်းတယ်လို့ မထင်နဲ့” ဟန့်မြောင်ရွှမ် ပြောလေသည် “မင်း အားတွေကို နောက်မှသုံးဖို့ စုထား”
“ငါက မင်းထက် ပိုအားကောင်းတယ်” စူးရှောင်ရှောင် ပြန်ချေပလေသည်။
“ငါသိပါတယ်” ဟန့်မြောင်ရွှမ်သည် ထိုအကြောင်းနှင့်ပတ်သက်ပြီး အငြင်းမပွားပေ “ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင်အသိရှိသလို မင်းလည်းတံခါးဖွင့်ဖို့ မစဉ်းစားနဲ့ ဟုတ်ပြီလား”
စူးရှောင်ရှောင်သည် သူမအား မုန်းတီးစွာကြည့်ကာ မေးလေသည် “ဒါဆို အခုဘာလုပ်ရမှာလဲ”
“ငါတွေ့ဖူးတဲ့ အတွေ့အကြုံတွေအရ…” ဟန့်မြောင်ရွှမ်သည် သူမ မေးစေ့အားထိကာ “ဒီမှာ ရတနာတစ်မျိုး သေချာပေါက်ရှိမှာပဲ ဒါပေမဲ့ ဘယ်လောက်ပဲလှည့်လှည့် ဒီသင်္ချိုင်းက အံ့သြဖို့ကောင်းတာမျိုး ပေးမှာမဟုတ်ဘူး၊ ဒီတံခါးကိုဖွင့်ဖို့ နည်းလမ်းတစ်ခုခုရှိမယ်လို့ ထင်တယ်”
“တံခါးက ဒီလောက်အချိန်ကြာအောင် ရပ်တည်နိုင်တယ်ဆိုတဲ့ သဘောက သူ့ရဲ့ အခြေခံ တည်ဆောက်ပုံက သာလွန်တာဖြစ်မယ်” ရှီမန်ဖန် ပြောလိုက်သည် “အဲဒါကြောင့် နည်းလမ်းရှာပြီး တံခါးဖွင့်မှ ဝင်တာကောင်းမယ်”
“ရှန်ယိ လာပြီးစမ်းကြည့်” ရှီမာယူယူ ပြောလိုက်သည် “မင်းအတွက် မခက်လောက်ဘူးမလား”
ကုန်ရှန်ယိသည် မငြင်းဆန်ပေ “အကောင်းဆုံးကြိုးစားမယ်လို့ ကတိပေးနိုင်ပါတယ်၊ အလုပ်တော့ဖြစ်မှာပါ”
“မင်းက အမြဲတမ်း ဝိညာဉ်ပစ္စည်းကိရိယာတွေနဲ့ ပတ်သက်ပြီး လေ့လာနေတာပဲ ဒီလိုပစ္စည်းမျိုးကို ပိုပြီးအကျွမ်းဝင်မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “လုပ်လိုက်ပါ ငါမင်းကိုယုံတယ်”
ကုန်ရှန်ယိသည် ထိုစကားလုံးများကို ရင်းနှီးသည်ဟု ခံစားရသည်။ တည်ဆောက်မှုများ လေ့လာစဉ်က သူမ ရှီမာယူယူကို ပြောခဲ့သည့်စကားများ အတိုင်းပင်။ ဒီစကားများကို သူမကို ပြန်ပြောလာမည်လို့ ဘယ်သူထင်မိမှာလဲ။
မှောင်ပြီးဖိအားများတယ်… သူမသည် တံခါးကိုစစ်ဆေးနေဆဲပင်။ ကုန်ရှန်ယိသည် ဝိညာဉ် လက်နက်များတွင် အထူးကျွမ်းကျင်သော စွမ်းအားရှင်တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ ကျန်ခဲ့သော ရှေးဟောင်းပစ္စည်းများသည် သူမအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။
ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ ဘေးလာကာ ပြောလေသည် “သူမ ကိုင်တွယ်နိုင်ပါ့မလား”
“ကိုင်တွယ်နိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဖန်လေးက သူမကို ယုံကြည်မှုအပြည့်နဲ့ ကြည့်နေတာကို မြင်လိုက်တယ် အဆင်ပြေမှာပါ၊ စောင့်ကြည့်ကြတာပေါ့၊ သူမ မလုပ်နိုင်ဘူးဆိုရင် ဝင်လို့ရမဲ့ နည်းကို ထပ်စဉ်းစားရမှာပဲ”
ပြောပြီးနောက်တွင် သူမ ကျန်းကျူကျိကို ကြည့်လိုက်သည်။ သူသည် စူးရှောင်ရှောင်ပေါ်တွင် မှီကာ အိပ်မောကျနေသည်။
နေ့တစ်ဝက်ကျော် ကြာပြီးနောက်တွင် အားလုံးသည် အိပ်ပျော်သွားကြလေသည်။ ကုန်ရှန်ယိ၏ အသံသည် ရုတ်တရက် ထွက်လာသည်။
“ရပြီ ဒီတံခါးကို ဘယ်လိုဖွင့်ရမလဲဆိုတာ သိပြီ”
ရှီမာယူူယူသည် ထိုင်ပြီးနားနေရာ သူမအသံကိုကြားသည်နှင့် မျက်လုံးပွင့်လာသည်။ တစ်ချိန်တည်းမှာပင် တခြားသူများလည်း မျက်လုံးပွင့်လာကြသည်။
“နည်းတွေ့ပြီလား” ဟန့်မြောင်ရွှမ်သည် ထရပ်ကာ စိတ်လှုပ်ရှားစွာ ပြောလေသည်။
“အင်း အင်း”
ကုန်ရှန်ယိသည်လည်း စိတ်လှုပ်ရှားနေသည့်ပုံ ပေါ်သည်။ အားလုံးထလာသည်နှင့် သူမသည် ရှီမန်ဖန်၏ အကူအညီဖြင့် တံခါး၏ ထောင့်လေးထောင့်သို့ ဝိညာဉ်စွမ်းအင်များ ထည့်လေသည်။ သူမသည် အလယ်သို့လာကာ သော့ကို နာရီလက်တံအတိုင်း၊ နာရီလက်တံပြောင်းပြန်အတိုင်း အကြိမ်ရေအနည်းငယ် လှည့်ကြည့်လေသည်။ ထောင့်လေးထောင့်မှ ဝိညာဉ်စွမ်းအင်များသည် စတင်လှုပ်ရှားလာကာ တံခါးတွင် အရစ်ကြောင်းများပေါ်လာပြီး အလယ်မှလယ်နေသော အဝိုင်းသည် အသံများ ထွက်လာသည်။
အားလုံးသည် အသက်ရှူရန် မေ့လောက်အောင် ကြည့်နေကြသည်။ အလယ်မှ သော့သည် အကြိမ်ပေါင်းများစွာ လည်ပြီးနောက်တွင် ‘ကလစ်’ ဟုအသံထွက်လာရာ သော့ပွင့်သွားသည့်အသံနှင့် တူလေသည်။
“ရပြီ” ကုန်ရှန်ယိသည် လျှောက်လာကာ ရှီမန်ဖန်ကူညီလေသည်။ သူတို့သည် တံခါးကို တစ်ဖက်တီတွန်းလိုက်ရာ တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် တံခါးပွင့်သွားသည်ကိုကြည့်ပြီး အချိန်မရွေး အတိုက်ခံရနိုင် သည်ကို ပြင်ဆင်ထားလေသည်။ သို့သော် ဘာမှမရှိပေ။
“ဝါး”
တံခါးလုံးဝပွင့်သွားသောအခါ သေးငယ်သော အိမ်များဝန်းရံထားသော ကြီးမားသော ကျောက်တုံးအိမ်တစ်အိမ်ကို တွေ့လိုက်လေသည်။ အိမ်တစ်အိမ်ဆီတွင် ပစ္စည်းများပြည့်နေကာ အများစုမှာ ပုလဲများ၊ ကျောက်မျက်ရတနာများ ဖြစ်ကြသည်။ ဝိညာဉ်ကျောက်များလည်း အနည်းငယ်ရှိသည်။ သို့သော် ထိုပစ္စည်းများသည် စွမ်းရည်များပျောက်ဆုံးကာ အသုံးမဝင်သော ကျောက်များ ဖြစ်သွားကြသည်။
အားလုံးသည် ထိုပစ္စည်းများကို နှမြောစွာ ကြည့်မိလေသည်။ ချီဝိညာဉ်များသာ ထိုနေရာမှ ဝိညာဉ် စွမ်းအင်များကို စုပ်ယူခြင်းမရှိခဲ့ပါက ထိုရတနာများကို မျှဝေယူလိုက်ပါက သူတို့အတွက် ကံကောင်းမှု ဖြစ်သည်။
“နှမြောစရာကောင်းလိုက်တာ တကယ်နှမြောဖို့ ကောင်းတယ်” ဟန့်မြောင်ရွှမ်သည် ထိုပစ္စည်းများကိုကြည့်ပြီး ရေရွတ်နေလေသည်။
ရှီမာယူယူလည်း သက်ပြင်းချရုံမှတစ်ပါး မရှိတော့ပေ။ ဒီမှာသာ ချီဝိညာဉ်တွေမရှိရင် ဘယ်လောက်ကောင်းမလဲ။
သူမသည် အစပိုင်းက အပိုင်းအစများကို ကောက်မည်ဟု တွေးထားခဲ့သော်လည်း အခုတော့ အဖတ်ဆယ်စရာပင် ဘာမှမရှိသည်ကို သေချာသွားလေပြီ။ အချိန်ဖြုန်းသည်ဟုပင် ပြောလို့ရသည်။
“သင်္ချိုင်းထဲသွားပြီး ကြည့်ရအောင်” ကျန်းကျူကျိနှင့် စူးရှောင်ရှောင်တို့သည် ပတ်ကြည့်ပြီးနောက် အသုံးဝင်မည့်ပစ္စည်း မရှိသည်ကို တွေ့သောအခါ ရှီမာယူယူတို့ကို ပြောလိုက်သည်။
ဟန့်မြောင်ရွှမ်သည် စိတ်ဓာတ်ကျစွာ လက်ကိုယမ်းပြီး ပြောလိုက်သည် “ဒီကပစ္စည်းတွေ အကုန်လုံးက အသုံးမဝင်ဘူး၊ သင်္ချိုင်းထဲဝင်တော့လည်း ဘာအကျိုးရှိမှာလဲ၊ အထဲမှာ တစ်ခုခုက စောင့်နေမလား မသိနိုင်ဘူး”
ကျန်းကျူကျိသည် ရှီမာယူယူအား ကြည့်ကာမေးလေသည် “မင်းလည်းအဲလိုထင်လား”
“ဒီသင်္ချိုင်းက သေသွားတဲ့လူအတွက် ရည်စူးတာပဲ၊ ဒီမှာသက်ရှိဆိုတာလည်းမရှိ ရတနာလည်း မရှိနဲ့၊ ကျွန်တော်တို့ ဆက်လျှောက်သွားမယ်ဆိုရင် ဘာမှရှာတွေ့မှာ မဟုတ်ဘူး” ရှီမာယူယူ ပခုံးတွန့်လေသည်။
သူမသည် ကျန်းကျူကျိအားကြည့်ရာ သူ၏ အမြဲတမ်း ခံစားချက်မဲ့သော မျက်လုံးများသည် မရင်းနှီးသော အကြည့်များ ဖြစ်သွားလေသည်။ ဘာကြောင့်လဲတော့မသိပေ… တစ်စုံတစ်ခုကို ခံစားမိလေသည်။ သို့သော် ထိုအရာမှာ ဘာဖြစ်သည်ဟု ညွှန်ပြစရာမရှိပေ။
****